ဧပြီ ၃ရက်နေ့က အီရန်ပခုံထမ်းလောင်ချာကြောင့် F-15E Strike Eagle ပျက်ကျရာမှာ ပါဝင်ခဲ့တဲ့ လေသူရဲ ၂ဦးအနက် တဦးဖြစ်ပြီး ရန်သူ့နယ်မြေထဲမှာ နာရီ ၅၀နီးပါး ကျန်ခဲ့လို့ လိုက်ရှာ ကယ်ခဲ့ရတဲ့ Weapon System Officer လေတပ် ဗိုလ်မှူးကြီးက သူ့အတွေ့အကြုံကို CBS ရဲ့ 60 Minutes အစီအစဥ်မှာ ပြောပြထားပါတယ်။ Dude 44 Bravo လို့ပဲ သိကြတဲ့ အဆိုပါအရာရှိက သူ့လေယာဥ်ကို ပခုံးထမ်းဒုံးကျည်နဲ့ အပစ်ခံရတဲ့အရှိန်က ကုန်အပြည့်နဲ့ရထားကြီး ဖြတ်တိုက်သွားသလောက်ကို ပြင်းပါကြောင်း၊ ဒါ့အပြင် လေယာဥ်ထိုင်ခုံက အပြင်ကို ကန်ထုတ်ပေးလိုက်တဲ့ အချိန်မှာလည်း အပစ်ခံလိုက်ရတဲ့အရှိန်ကပြင်းတော့ လေထီးကပွင့်မလာပဲ အလွတ်ပြုတ်ကျလာတာဖြစ်ကြောင်း၊ ကျတဲ့အရှိန်က တနာရီကို မိုင် ၇၀-၁၀၀လောက်ထိ ရှိနိုင်ကြောင်း၊
အဲဒီအချိန်မှာ သူအရင်ဆုံး ဖြေရှင်းဖို့လိုတဲ့ ပြဿနာက လေထီးကို အစတွေ ဆွဲထုတ်ပြီး ဖြည်လိုက်ဖို့ဖြစ်တဲ့အတွက် အဲဒါကိုပဲ အာရုံစိုက်လုပ်ဆောင်ခဲ့ကြောင်း၊ ကျတဲ့အရှိန်ကြောင့် ကျောရိုး၊ လက်မောင်းတဖက်နဲ့ ပခုံးရိုးတွေ ကျိုးခဲ့တဲ့အပြင် ခြေကျင်းဝတ်ခေါက်သွားပြီး ခေါင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေ ရခဲ့ကြောင်း၊ အဲဒီဒဏ်ရာတွေနဲ့ ဒေါ်လာ ၆သောင်း ဆုငွေထုတ်ထားလို့ သူ့ကို လိုက်ရှာနေကြတဲ့ လူတွေမတွေ့အောင် ပေ ၇၀၀၀မြင့်တဲ့ Zagros တောင်ကြောပေါ်ကို တတ်နိုင်သလောက် အမြန်ဆုံးတက်ပြီး ရေမရှိ အစာမရှိပဲ ကယ်သူတွေ ရောက်လာတဲ့အထိ နာရီ ၅၀ခန့် ပုန်းအောင်းနေခဲ့ရကြောင်း၊
သူ့မှာ ဒဏ်ရာတွေရပြီး နာကျင်နေတာဖြစ်ပေမယ့် သူတို့လေ့ကျင့်ထားတာက ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရသည်ဖြစ်စေ ရှိတဲ့အနေအထား ရောက်တဲ့နေရာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေပြီး အခက်အခဲတွေကို ကျော်လွှားဖို့ဖြစ်ကြောင်း၊ အဲလိုလုပ်ဖို့ စိတ်ဓါတ်ပြင်းပြမှု မရှိဘူးဆိုတာကို (အဖမ်းခံရတယ်ဆိုရင် အဲဒီအရှုံးသမားပုံကို) အီရန်တီဗီမှာ ပြသခံရမှာ ကို ဘယ်လိုမှ ခွင့်မပြုနိုင်ပါကြောင်း၊ သူတောင်ကြောထဲက ပုန်းလို့ရတဲ့ အက်ကွဲကြောင်းတခုကို ရောက်တဲ့နေ့ရဲ့ ညဖက်ကျမှ မိခင်တပ်ရင်းကို ရေဒီယိုနဲ့ စာတိုပို့ခဲ့ပါကြောင်း၊ ပထမပိုင်းမှာ အမေရိကန်အရာရှိတွေက အဲဒီမက်ဆေ့ချ်ဟာ (ရန်သူက) သူတို့ကို ထောင်ဖမ်းမယ့်အကွက်လို့ ထင်ခဲ့ကြကြောင်း၊ နောက်ပိုင်း သူဖြတ်သန်းလာရတဲ့လမ်းတလျောက်လုံးကို ပြန်ဆန်းစစ်ကြည့်နိုင်တဲ့အချိန်ရောက်တော့မှ ဘုရားသခင်ကို ကျေးဇူးတင်မိပါကြောင်း၊
စစ်ရေးဝန်ကြီး ဟက်ဆက်သ်က ညသန်းခေါင်ကြီး အိပ်ပျော်နေတုန်း ပျက်ကျတဲ့ လေသူရဲ ၂ဦးအကြောင်းကို သတင်းပေးမှုရောက်လာခဲ့ကြောင်း၊ ဟက်ဆက်သ်က သူတို့တွေ အသက်ရှိနေသေးသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ ငါတို့ရအောင်ပြန်ကယ်/ယူမယ်လို့ ပြောခဲ့ကြောင်း၊ လေယာဥ်မှူးဖြစ်တဲ့ Alpha သက်ဆင်းခဲ့တဲ့နေရာက Bravo သက်ဆင်းတဲ့နေရာနဲ့ ၅မိုင်အကွာမှာဖြစ်ကြောင်း၊ Alpha က ဒဏ်ရာအနည်းအကျဥ်းရခဲ့ပြီး နေ့ဝက်အတွင်း ကယ်နိုင်ခဲ့ကြကြောင်း၊ Bravo ကို လိုက်ရှာတဲ့ရဟတ်ယာဥ်တွေကို အီရန်တွေက ပစ်ခတ်ခဲ့တဲ့အတွက် နောက်တရက်မှာ ဆက်ရှာခဲ့ရကြောင်း၊
ဟက်ဆက်သ်က Bravo ကို ရအောင်ရှာဖို့ ဆုံးဖြတ်ချက်က အတော့်ကို ခက်ခဲပါကြောင်း၊ ညအထိ စောင့်ရတာနဲ့ဆိုရင် (ဒဏ်ရာရထားနိုင်သူ ရန်သူ့နယ်မြေထဲမှာ) နောက်ထပ် ၂၄နာရီ ဆက်ရှိနေမှာဖြစ်ကြောင်း၊ နောက်ဆုံးတော့ ဒါဇင်နဲ့ချီတဲ့ လေယာဥ်/ ရဟတ်ယာဥ်တွေ၊ MQ-9 Reaper ဒရုန်းတွေနဲ့အတူ စစ်သည် ၉၂ဦးဟာ အီစတာမနက်အာရုဏ်တက်မှာ ခက်ခက်ခဲခဲ ရှုပ်ရှုပ်ထွေးထွေး ကယ်နိုင်ခဲ့ပါကြောင်း၊ ကယ်ဆယ်ရေးအတွက် ရှာဖွေကယ်ဆယ်လေယာဥ်ကြီး ၂စီး အသုံးပြုထားပြီး အဲဒီပေါ်က ရဟတ်ယာဥ် အငယ်လေးတွေနဲ့ တောင်ကြောပေါ်က Bravo ကို ကယ်နိုင်ခဲ့ကြောင်း၊
Bravo က ကယ်ဆယ်ရေးသမားတွေကို မြင်လိုက်ရတဲ့ အခိုက်အတံ့ဟာ သူ့ဘဝမှာ အကောင်းဆုံးအချိန် တွေထဲက တခုဖြစ်ကြောင်း၊ ပျက်ကျပြီး နာရီ ၅၀အကြာမှာ သူ့ဇနီးကို ဖုံးခေါ်ပြီး သူလုံခြုံရာရောက်ပြီ လို့ ပြောနိုင်ခဲ့ကြောင်း၊ သူ့ဇနီးရဲ့ ခိုင်မာတဲ့စိတ်ဓါတ်နဲ့ အားပေးမှုအတွက် ကျေးဇူတင်ဂုဏ်ယူမိကြောင်း၊ သူ့ကို ကယ်နိုင်ခဲ့တာဟာ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာရော၊ လေ့ကျင့်သား ပြည့်ဝတာရော၊ ယုံကြည်မှုကြောင့်ရော၊ အမေရိကန်က သူ့တပ်သားတွေကို လုံးဝ ပစ်မထားဘူး/ မထားခဲ့ဘူးဆိုတဲ့ “leave no man behind” ကတိကဝတ်ကို ဘယ်လောက်အထိ စောင့်ထိန်းမလဲဆိုတဲ့ အထက်ကခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်က သမိုင်းမှာ အမြဲရှင်သန်နေမှာဖြစ်ကြောင်း ပြောသွားပြီး သူ့နဲ့ လေယာဥ်တစီးထဲပါလာတဲ့ လေယာဥ်မှူး Alpha ကို ကျေးဇူးတင်ကြောင်းပြောသွားပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အစ္စရေးက ဟူသီသူပုန်တွေကို Bab el-Mandeb ရေလက်ကြားကို မအုပ်စီးနိုင်အောင် ဒေသန္တရကမ်ပိန်းတခု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားနိုင်တယ် လို့ ဆိုကြပါတယ်။ ဒေသတွင်းအာရပ်နိုင်ငံတွေ အထူးသဖြင့်ဆော်ဒီက ဒေသက အားထားနေရတဲ့ ရေလမ်းကြောင်းတွေနားမှာ ဟူသီတွေသောင်းကျန်းနေတာကို စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ ဆော်ဒီကလည်း ဟူသီသူပုန်တွေကို နှိမ်နှင်းဖို့အတွက် အစ္စရေးကို CENTCOM ကတဆင့် ထလရနဲ့ အခြားအကူအညီတွေပေးဖို့ တောင်းခံထားတယ်လို့ သိရပါတယ်။
အီရန်က ဟော်မုဇ်မှာ ပနားမာအလံတင် ရေနံတင်သင်္ဘောကြီးတစင်းက ရေမြှုပ်မိုင်းထိပြီး မီးလောင်သွားခဲ့တယ်လို့ ဖွနေပေမယ့် CENTCOM ကတော့ အဲဒီသတင်းက အမှားပါလို့ ဆိုပါတယ်။ အဆိုပါသင်္ဘောက ပြီးခဲ့တဲ့လတုန်းက အီရန်ဒုံးကျည်ထိမှန်ထားလို့ သွားမရတော့ပဲ အိုမန်ကမ်းလွန်မှာ ပစ်ထားခဲ့ရတာပါ။ အခုတော့ အဆိုပါသင်္ဘောကို ဒေသတွင်းပါ့တနာတွေက tow ဆွဲသွားနေပြီ ဖြစ်ပါတယ်။ အီရန်က ကမ္ဘာ့ရေနံဈေး တက်စေချင်လို့ မသွားရဲအောင် ချောက်လှန့်နေတာပါ။
ယီမင်မှာ လက်စွမ်းပြနေတဲ့ ဟူသီတွေက အီရန်တပည့်တွေထဲမှာ လက်ဘနွန်က ဟဇ်ဘိုလာတွေထက် ပိုအားကိုးရတယ်လို့ ယီမင်က သုံးသပ်သူ မိုဟာမက်အယ်လ်ဘာရှာက ဆိုပါတယ်။ ဟဇ်ဘိုလာတွေနဲ့ မတူတာက ဟူသီသူပုန်တွေက ၂၀၁၄တုန်းက ယီမင်မြို့တော်ကို သိမ်းပိုက်ခဲ့ဖူးပြီး de facto အစိုးရ ဖြစ်ခဲ့ဖူးတဲ့အတွက် သမားရိုးကျစစ်တပ်ကို ရရှိခဲ့သလို ပြည်သူအများစုကို အုပ်စီးထားနိုင်တာ ဖြစ်ပါတယ်။ (ဒါက လက်နက်နဲ့ အုပ်စီးထားလို့ပါ၊ တကယ့်ပြည်သူထောက်ခံမှုကတော့ အတော်လေး နဲတယ်လို့ သိရပါတယ်။) ဒါ့အပြင် တောင်ထူတဲ့ဒေသက လှိုဏ်ခေါင်းတွေထဲမှာ နေရာယူထားကြတာ ဖြစ်လို့ နှိမ်နှင်းဖို့ခက်တာကလည်း သူတို့အတွက် တပန်းသာနေတာပါပဲ။ မကြာသေးမီက မြို့နဲ့ ကျွန်း တချို့ကို ဟူသီတွေ သိမ်းလိုက်တော့ ပြည်သူတွေက အိမ်နီးချင်း ဂျီဘူတီကို ပြေးဝင်ခိုလှုံကြရပါတယ်။ ဟဇ်ဘိုလာကတော့ အစ္စရေးနဲ့ ကပ်နေတဲ့အတွက် အစ္စရေးနဲ့နှိမ်နှင်းမှုကို ပိုခံရတာပါ။
ဟူသီတွေ လက်စောင်းထက်လာတာက အီရန်အတွက် ကောင်းတယ်လို့ မြင်ကြသူတွေရှိသလို ဆော်ဒီက ငြိမ်နေမှာမဟုတ်ပဲ စစ်ရေးအရ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်နိုင်တာကို ထောက်ပြကြသူတွေလည်း ရှိကြပါတယ်။ အခုအချိန်မှာ အီရန်က ဒုံးနဲ့ ဒရုန်းကလွဲရင် လေတပ် ရေတပ်တွေနဲ့ သူကိုယ်သူကာကွယ်နိုင်တဲ့အနေအထား မရှိနေပါဘူး။ ဆော်ဒီရဲ့ သူ့ရဲ့ လုံခြုံရေးအတွက် အာရပ်နိုင်ငံတွေကို အားကိုးလို့မရမှန်း သိသွားတာကလည်း အစ္စရေးဘက်ကို လှည့်လာနိုင်တာ ဖြစ်ပါတယ်။ အခုတောင် ဆော်ဒီအနေနဲ့ ဟူသီတွေကို ပြန်တိုက်ဖို့ CENTCOM ကတဆင့် အစ္စရေးက ကူညီပေးဖို့ လုပ်နေပါပြီ။ ဒုသမ္မတဗန့်ကတော့ ဟူသီတွေနဲ့ တိုက်ရိုက်စကားစပြောနေပြီလို့ ဆိုပါတယ်။
အရင်ပို့စ်မှာ ရေးခဲ့တဲ့ အီရန်နဲ့ ဟူသီက Claude AI ကို သုံးပြီး အမေရိကန်ကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့သလိုပဲ တရုပ်ကလည်း Claude AI နဲ့ ဘာသာရေးပစ်မှတ်တွေ၊ ဖ-လုံဂုန်းတို့ NTD News တို့အပါအဝင် ပြည်ပရောက် သဘောထား ကွဲလွဲသူတွေကို စုံစမ်းထောက်လှမ်းဖို့ အသုံးပြုနေကြောင်း၊ အကောင့်တခုက Claude AI ကိုသုံးပြီး တလအတွင်း စုံစမ်းရှာဖွေမှုပေါင်း ၂၄၇၅ ခု ပြုခဲ့ကြောင်း Anthropic ရဲ့ စက်တင်ဘာ ၁၀ရက် ထလရခြိမ်းခြောက်မှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သမ္မတထရမ့်ကတော့ ဒါက သူသူကိုယ်ကိုယ် လုပ်ကြတာပါပဲ၊ ပြောရရင် ရှီက အများကြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ပါတယ်လို့ မှတ်ချက်ပြုသွားပါတယ်။
ရှီက အမေရိကန်အနေနဲ့ တိုင်ဝမ်ကို လက်နက်ရောင်းချမှု အသစ်ပြုလုပ်မယ်ဆိုရင် ဝါရှင်တန်ကို သူမလာတော့ဘူးဆိုတဲ့အပေါ် သတင်းထောက်တွေက မေးမြန်းရာမှာ သမ္မတထရမ့်က ရှီက လာမှာပါ၊ ငါတို့ချင်း အဆင်ပြေပါတယ်၊ အဲဒီအတွက် ငါစိတ်မပူပါဘူးလို့ ပြန်ဖြေသွားပါတယ်။ တရုပ်က ဘိုင်ဒန်တို့ အိုဘမတို့တုန်းက အမေရိကန်အပေါ် မတရားအမြတ်ထုတ်ခဲ့ပေမယ့် ငါတက်နေတဲ့ ကာလအတွင်းမှာတော့ အမေရိကန်အပေါ် မျှမျှတတ ရှိပါတယ်လို့ သမ္မတထရမ့်က ဆိုပါတယ်။
အီရန်တောင်ပိုင်း ဟော်မုဇ်နားက Sirik မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ဘာကြောင့် ပေါက်ကွဲတာလဲ၊ ဘယ်လောက်ပျက်စီး/ ဒဏ်ရာရကြသလဲဆိုတာ မသိရသေးပါဘူး။ အရင်သတင်းတခုမှာတော့ အီရန်တောင်ပိုင်းမှာ IRGC တပ်တွေနဲ့ အခြားတပ်တွေ တိုက်ပွဲဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။ တချို့က IRGC နဲ့တိုက်နေတာ ပါလာဗီမင်းသားကို သစ္စာခံတဲ့ အုပ်စုတွေလို့ ဆိုပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။