စက်တင်ဘာ ၂၂ ရက် ၂၀၂၆

ဒီနေ့မှာ သမ္မတထရမ့်၊ ဒိန်းမတ်ဝကခ Mette Frederiksen, ဂရင်းလန်ဝကခ Jens-Frederik Nielsen တို့ဟာ ဂရင်းလန်သဘောတူညီချက်ကို တရားဝင်လက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်ပါတယ်။ အဲဒီစာချုပ်အရ အမေရိကန်က စစ်အခြေစိုက်စခန်းအသစ် ၂ခု ဖွင့်လှစ်မှာဖြစ်ပါတယ်။ တောင်ဘက်စွန်းကတခုက စစ်အေးတိုက်ပွဲတုန်းက အမေရိကန်တွေ သုံးခဲ့ကြတာဖြစ်ပြီး အရှေ့ဖက် ကမ်းခြေကတခုက လောလောဆယ် ဒိန်းမတ်က စွပ်ဖားခွေးတွေနဲ့ ကင်းလှည့်တဲ့စခန်း ဖွင့်ထားတာပါ။ လက်ရှိအနေနဲ့ အမေရိကန်က ဂရင်းလန် အနောက်မြောက်ဖက် ယခင် Thule Air Base နေရာမှာ the Pituffik Space Base တခုပဲ ရှိပါတယ်။ အဲဒီစခန်းမှာလည်း လူမလိုတဲ့စက်တွေနဲ့ ခေတ်မီအောင် ပြုလုပ်သွားနိုင်ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့တုန်းက မြောက်ကာရိုလိုင်းနားက Greenland Mines ဆိုတဲ့ NASDAQ မှာ တင်ထားတဲ့ ကုမ္ပဏီက အနောက်တောင်ဂရင်းလန်က the Sarfartoq Rare Earth Project ကို ဝယ်ယူလိုက်ပြီး လျှပ်စစ်ကားတို့ လေအားလျှပ်စစ်တာဘိုင်တို့မှာသုံးကြသလို စစ်ဘက်မှာလည်း အသုံးပြုကြတဲ့ သံလိုက်တွေ ထုတ်တဲ့ neodymium နဲ့ praseodymium ကွန်ပေါင်းတမျိုးဖြစ်တဲ့ NdPr oxide ကို ထုတ်လုပ်ဖို့ စီစဥ်ထားကြောင်း ကြေငြာထားပါတယ်။ ကုမ္ပဏီက တရုပ်ပြည်ပြင်ပမှာ ထုတ်သမျှရဲ့ ၃ပုံ၁ပုံကို ထုတ်လုပ်မှာဖြစ်ပြီး ပရောဂျက်ရဲ့တန်ဖိုးက ၂.၀၅ဘီလီယံလို့ ခန့်မှန်းထားပါတယ်။ မေလမှာ ဝယ်ဖို့ စလုပ်တုန်းက the Sarfartoq ရဲ့ တန်ဖိုးက ၃၅သန်းပဲ ရှိပါသေးတယ်။ အပြင်မှာ မီဒီညာက ဂရင်းလန်သည် ရောင်းဖို့မဟုတ်လို့ ညာသံပေးနေလည်း အထဲမှာက ဖြစ်သင့်တာတွေဖြစ်လာအောင် မနားမနေ လှုပ်ရှားနေတာပါ။

ဂရင်းလန်နဲ့ သဘောတူညီချက် ရလိုက်တာဟာ သမ္မတထရမ့်လုပ်ချင်နေတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် အရေးပါတဲ့ golden dome လုပ်ဖို့ အဆင်ပြေသလို ဂရင်းလန်ပြည်သူတွေအတွက်လည်း ဒိန်းမတ်ရဲ့ လက်ဝေခံဘဝကနေ ကိုယ့်ပြည်သူ ကိုယ့်မြေကိုယ့်ရေအတွက် ကိုယ်တိုင်ရွေးချယ်မှု ပြုလာနိုင်တာက အလွန်ကောင်းတဲ့ အရွေ့တခုလို့ ဆိုရမှာပါ။ သမ္မတထရမ့်ကြောင့်မဟုတ်ရင် အခုလို အနေအထား ရောက်လာဖို့ လုံးဝမလွယ်ပါဘူး။ မီဒီညာက သမ္မတထရမ့်ကို ဂရင်းလန်ကို အမေရိကန်ပိုင်သွားပြီလားလို့ မေးပါသေးတယ်။ ထူလွန်းတော့လည်း ရှင်းပြနေစရာကို မလိုတော့တာပါ၊

သမ္မတထရမ့်က မြို့တော်ဒီစီမှာ ထားရှိမယ့် ပေ ၂၅၀မြင့်တဲ့ အောင်ပွဲခံမုခ်ဦး Triumphal Arch ကို အမျိုးသား လုံခြုံရေးအတွက် အမေရိကန်စစ်တပ်ရဲ့ ပြင်းပြတဲ့တောင်းဆိုချက်ကြောင့် the Arlington National Cemetery နားမှာ တည်ဆောက်သွားမှာဖြစ်ပြီး ဒရုန်းတွေ၊ စနိုက်ပါတွေ နေရာယူလို့ရအောင်နဲ့ လက်နက်ခဲယမ်း သိုလှောင်လို့ ရအောင်ပါ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ အဆိုပါမုခ်ဦးဟာ ပြင်သစ်က the Arch of Triumph ကို မှီငြမ်းထားတာဖြစ်ပြီး ပြည်တွင်းစစ်ကာလ ကတည်းက တည်ဆောက်ဖို့ ရည်ရွယ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်က ထိပ်တန်းမြို့ကြီး/ မြို့တော် ၅၉ခုမှာ ဒီစီတခုတည်း အောင်ပွဲခံမုခ်ဦး မရှိသေးတာပါ။

ကြာသပတေးနေ့ အိမ်ဖြူမှာပြုလုပ်မယ့် တရုပ်သမ္မတရှီကို ဧည့်ခံမယ့် ညစာစားပွဲမှာ သမ္မတထရမ့်က အီလွန်၊ ဂျန်ဆန်ဟွမ်း၊ မိုက်ကယ်ဒဲလ်၊ ဂျက်ဖ်ဘေဇို၊ ဆမ်အော့တ်မန်၊ ဆန်ဒါပီချေးနဲ့ တင်မ်ကွတ်ခ်တို့ အပြင် သမ္မတရဲ့ သိပ္ပံနဲ့ နည်းပညာအကြံပေးကောင်စီ ပူးတွဲဥက္ကဋ္ဌ ဒေးဗစ်ဆက်စ်တို့ကို ဖိတ်ကြားထားပါတယ်။ သမ္မတထရမ့် တရုပ်ပြည်သွားတုန်းကလည်း အီလွန်တို့ ဂျန်ဆန်တို့ တင်မ်တို့ ပါတာပါပဲ။ ဒါက နည်းပညာသမားတွေ နိုင်ငံအတွက် ဘယ်လောက် အရေးပါတယ်၊ သမ္မတက ဘယ်လောက်အရေးထားတယ်ဆိုတာကို ပြတာပါပဲ။

ရှီကို Joint Base Andrews မှာ သမ္မတထရမ့်က ကြိုမယ်ဆိုတာလည်း အလက်စ်ကားမှာ ပူတင်ကို ကြိုခဲ့သလိုပါပဲ၊ B-2 Spirit Strategic Bomber ကိုယ်ပျောက်ဗုံးကြဲလေယာဥ်ကြီးတွေနဲ့ F-22 Raptors တွေက အစွမ်းပြကြမှာ ဖြစ်ပါတယ်။ ပူတင်တုန်းကတော့ ကြိုဆိုနေတဲ့အခမ်းအနားကြီးနဲ့ ဘေးက သမ္မတထရမ့်ကိုမေ့ပြီး ကမ္ဘာမှာ အတုမရှိတဲ့ ကိုယ်ပျောက်လေယာဥ်တွေကို ပါးစပ်အဟောင်းသားနဲ့ မော့ကြည့်နေခဲ့ရတာပါ။ ကိုယ်တိုင်ကြိုချင်တယ်ဆိုတာထက် အခုလိုပါဝါတွေ ပြဖို့အတွက် အကွက်ဆင်တယ်လို့ ပြောရပါမယ်။

ဒီတခါလည်း လွန်ခဲ့တဲ့ ၁၁နှစ်ကလိုပဲ ရှီက ဇနီးဖြစ်သူနဲ့ အတူလာလည်မှာ ဖြစ်ပါတယ်။ မေလတုန်းက သမ္မတထရမ့် တရုပ်ပြည်သွားတုန်းက သမ္မတကတော်မပါသွားပါဘူး။ ၂၀၁၇တုန်းကတော့ ပါပါတယ်။

ပင်တဂွန်က ဗိုလ်ချုပ်ကြီးအဆင့်ကိုရာထူးတက်ဖို့ စစ်ဆေးချက်တွေထဲမှာ the Joint Warfighting Evaluation ဆိုတဲ့ အေအိုင်နဲ့ တိုက်ပွဲအခြေအနေတွေ ဖန်တီးပေးထားတဲ့ စမ်းသပ်ချက်ကို အသစ် ထည့်သွင်းထားပါတယ်။ အခုလို လုပ်ရတဲ့အကြောင်းရင်းက တချို့လူတွေဟာ ဗျူရိုကရက်စနစ်ထဲမှာ လည်လည်ဝယ်ဝယ်နဲ့ ရာထူးတက်အောင် လုပ်တာကို ကျွမ်းကျင်ပေမယ့် တကယ့်တိုက်ပွဲမှာကျတော့ ထိရောက်တဲ့ ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေတတ်တာကြောင့်ပါ။ တိုက်ပွဲတွေမှာ ဘယ်လိုဆုံးဖြတ်ချက် ချမယ်ဆိုတဲ့အချက်က အရေးကြီးပေမယ့် လက်ရှိစွမ်းဆောင်ရည်အစီရင်ခံစာကတော့ ရာထူးတိုး ဆုံးဖြတ်ရာမှာ အမာခံစံနှုန်း ဖြစ်နေဦးမယ်လို့ ပင်တဂွန်အကြံပေး Stu Scheller က ဆိုပါတယ်။

နိုင်ငံခြားရေးဝက မာကိုရူဘီယိုဟာ သူယာယီတာဝန်ယူထားတဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရာထူးကို တရားဝင် ရရှိသွားပြီဖြစ်ပါတယ်။ အခုလို နိုင်ငံခြားရေးဝန်ကြီးရာထူးနဲ့ အမျိုးသားလုံခြုံရေး အကြံပေးရာထူးနှစ်ခုကို တပြိုင်တည်းရတာ အမေရိကန်သမိုင်းမှာ ဟင်နရီကစ်ဆင်ဂျာနဲ့ မာကိုပဲ ရှိပါသေးတယ်။ မာကိုနဲ့ ကစ်ဆင်ဂျာကွာတာက ကစ်ဆင်ဂျာက အမေရိကန်ကဆိုပေမယ့် ယူကေကို အထင်ကြီးလေးစားတဲ့ အုပ်စုကဖြစ်ပြီး မာကိုက အမေရိကပထမဆိုတဲ့ အုပ်စုကပါ။

အပေါ်ယံကြည့်ရင် အမေရိက ပထမဆိုတာကို မီဒီညာတွေ ဒီမိုကရက်တွေက မှိုင်းတိုက်ထားလို့ မကောင်းသလို တကိုယ်ကောင်းဆန်သလို ဖြစ်နေပေမယ့် တကယ်တမ်းမှာ သမ္မတထရမ့်က နိုင်ငံတိုင်းဟာ သူ့တိုင်းပြည်အကျိုးစီးပွားကို ပထမထားရမယ်လို့ ပြောထားပါတယ်။ တိုင်းပြည် အကျိုးစီးပွားနဲ့ အုပ်ချုပ်သူအကျိုးစီးပွား မတူတာကိုတော့ သတိပြုဖို့ လိုပါမယ်။ အမေရိကန်ကို တည်ထောင်ခဲ့တဲ့ ဖခင်ကြီးများရဲ့ အမြင် အမေရိကန်မူအစစ်မှာ အမေရိကန်ဟာ နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာကို လေးစားတယ်၊ ကိုလိုနီပြုတာ နယ်ချဲ့တာ မရှိဘူး၊ ပြည်တွင်းဖူလုံမှုကို အလေးထားတယ်၊ ပြည်တွင်းထုတ်လုပ်မှုကို ကာကွယ်ပေးတယ်။

အင်္ဂလိပ်မူကကျတော့ အရင်းရှင်တွေ အကျိုးအမြတ်ရရှိဖို့က အဓိကဖြစ်လို့ နယ်ချဲ့တယ်၊ ကိုလိုနီပြုတယ်၊ လုပ်ငန်းတွေကို လုပ်ခသက်သာတဲ့ဆီ ရွှေ့တယ်၊ အလားအလာရှိတဲ့နိုင်ငံတွေ တက်မလာအောင် အထဲမှာ အချင်းချင်းခွပ်နေဖို့ တို့မီးရှို့မီး လုပ်ပေးတယ်၊ ကမ္ဘာမှာ လူသိပ်လေးစားတဲ့ ခေါင်းဆောင် (သို့) သူတို့စနစ်မှာ ကန့်လန့်ဖြစ်နေတဲ့ ခေါင်းဆောင်ပေါ်လာရင် လုပ်ကြံတယ်၊ နိုင်ငံတွေ စစ်ဖြစ်ကြပြီး အလုပ်ရှုပ်နေကြအောင် အခြေအနေတွေ နည်းမျိုးစုံနဲ့ ဖန်တီးတယ်။ အီရန်ဟာ ပါးရှန်းခေတ်တုန်းက အလွန်ထက်မြက်ခဲ့လို့ အခုလို ခေါင်းမြှီးခြုံနိုင်ငံ ဖြစ်လာအောင် လုပ်ခဲ့တာနဲ့ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေမှာ အကွဲအပြဲ အချင်းချင်း သတ်ကြတာများတာတွေက သာဓကတွေပါပဲ။

အမေရိကန်က အင်္ဂလိပ်မူကို မကြိုက်လို့ သီးသန့်နိုင်ငံထူထောင်ထားတာဖြစ်တော့ သူ့ရဲ့မူက အင်္ဂလိပ်မူနဲ့ ကွဲကိုကွဲပါတယ်။ တဖက်မှာလည်း အမေရိကန်ကူညီခဲ့လို့ ဥရောပမဟာမိတ်တွေ စစ်နိုင်ခဲ့သလို ဂျပန်၊ တောင်ကိုရီးယားတို့လည်း အမေရိကန်ရဲ့ အကူအညီရခဲ့တာက အခုလိုအခြေအနေ ရောက်လာခဲ့တဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။

နောက်ပိုင်းမှာ စီအိုင်အေကိုပါ အိတ်ထဲထည့်နိုင်ခဲ့လို့ အမေရိကန်သမ္မတတွေ ဘယ်ပါတီကဖြစ်ဖြစ် စီအိုင်အေ/ ဗြိတိသျှစနစ်ရဲ့ ကြိုးကိုင်ရာကိုပဲ ကနေခဲ့ကြတာပါ။ အင်္ဂလိပ်အုပ်စုက ကမ္ဘာ့စီးပွားရေး ဖိုရမ်တို့ ယူအန်တို့ကနေ တကမ္ဘာလုံးကို ချုပ်ကိုင်ဖို့ ဆက်လက်ကြိုးစားနေဆဲ ဖြစ်ပါတယ်။

သူတို့နဲ့ အကျိုးတူပေါင်းမိသွားတာက တရုပ်/ကွန်မြူနစ်တွေနဲ့ မွတ်အကြမ်းဖက်တွေပါ။ ပန်းတိုင်ချင်း မတူကြလို့ သူတို့တွေပေါင်းတာ ဘာအဓိပ္ပါယ်မှ မရှိပေမယ့် အမေရိကန်လိုအင်အားကို ဖြိုနိုင်ဖို့ ကျန်တဲ့အင်အားစုအားလုံး အကျိုးတူပူးပေါင်းကြတဲ့ သဘောပါပဲ။

အဲဒီ ကမ္ဘာ့ရွာ အဖျက်အင်အားစုရဲ့ ကျေးဇူးနဲ့ အရင်လပေါ်သွားခဲ့တဲ့နာဆာက အိုဘမခေတ်မှာ အာကာသစခန်းကို လူပို့ဖို့ ပြိုင်ဖက်ဟောင်း ရုရှားကို အားကိုးခဲ့ရပြီး ပြင်သစ်/ ဥရောပ ဆိုလည်း အသံထက် မြန်တဲ့ ကွန်းကော့လေယာဥ်ကြီးတွေ ထုတ်နိုင်ခဲ့တဲ့ ခေတ်ကနေ ခုဆို လေအေးပေးစက်တောင် မဖွင့်နိုင်လို့ အပူလှိုင်းဖြတ်ချိန် လူအများ သေကုန်ကြတဲ့အထိပါပဲ။ လျှပ်စစ် ထုတ်လုပ်မှုမှာဆိုရင် တရုပ်က ၂၀၀၀ပြည့်နှစ်ကထုတ်လုပ်မှုရဲ့ 830% ထုတ်နိုင်နေပြီး အမေရိကန်က ၂၀၀၀ ပြည့်နှစ်ထက် 118% ပဲ ထုတ်နိုင်ပါတယ်။ ခုဆို တရုပ်က အမေရိကန်ရဲ့ ၂ဆကျော် ထုတ်လုပ်နေပါပြီ။ သမ္မတထရမ့်သာ မတက်လာခဲ့ပဲ ဒီတိုင်းဆက်သွားရင် အေအိုင်ခေတ်မှာ တရုပ်ကို ဒူးထောက်ဖို့ပဲ ကျန်ပါတော့တယ်။

ဒါကြောင့် ဒီနေ့ UN မှာ သမ္မတထရမ့်က တခြားခေါင်းဆောင်တွေက ဖွံ့ဖြိုးရေးအကြောင်းငြိမ်းချမ်းရေး စကားပြောတယ်၊ ငါက လက်တွေ့ငြိမ်းချမ်းရေးရအောင်လုပ်တယ်၊ တခြားခေါင်းဆောင်တွေက ခြိမ်းခြောက်မှုတွေကို လစ်လျူရှုတယ်၊ ငါက ရင်ဆိုင်ပစ်လိုက်တယ်၊ တခြားခေါင်းဆောင်တွေက သတ္တိအကြောင်းပြောတယ်၊ အမေရိကန်က ကမ္ဘာကို သက်သေပြတယ်၊ တခြားခေါင်းဆောင်တွေက အင်အားရှိဖို့ ကတိတွေပေးနေချိန်မှာ ငါက အမေရိကန်ကို ကမ္ဘာမှာ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာအောင် လုပ်နေတယ်လို့ ပြောသွားတာပါ။

Leave a comment