စက်တင်ဘာ ၂၈ရက် ၂၀၂၆

ရှီရဲ့ အမေရိကန်ခရီးစဥ်မှာ တရုပ်က ၂နှစ်အတွင်း ကျောက်မီးသွေး မက်ထရစ်တန် သန်း၂၀ ဝယ်ယူဖို့နဲ့ အမေရိကန် လယ်ယာထွက်ကုန်၊ ပင်လယ်စာ၊ သစ်၊ အလှကုန်နဲ့ ဆေးပစ္စည်း စတဲ့ ဘီလီယံ ၃၀ဖိုး ကုန်စည်တွေ ပေါ်မှာ ကုန်သွယ်ခွန်လျော့ချဖို့ သဘောတူညီလိုက်ပါတယ်။ တရုပ်က ၂၀၂၅မတိုင်ခင်က အမေရိကန်ရဲ့ ကျောက်မီးသွေးအများဆုံး ဝယ်ယူသူ ၅ နိုင်ငံထဲမှာ ပါဝင်ခဲ့ပြီး ၂၀၂၅မှာ အဝယ်ရပ်သလောက် ဖြစ်သွားခဲ့တာကနေ ခုမှ ပြန်ဝယ်ဖို့ လုပ်တာဖြစ်ပါတယ်။ အခုပြန်ဝယ်တာကလည်း သူ့တိုင်းပြည် အခြေအနေအရ တင်းမခံနိုင်တော့လို့ပါ။

သမ္မတထရမ့်က ကုန်သွယ်မှုမျှတစေချင်တာကို မာနနဲ့တင်းခံနေတဲ့ အကျိုးဆက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၆၈ဘီလီယံ လျော့သွားပြီး၊ အိမ်ခြံမြေဈေးကွက်လည်း ဆက်လက် ကျဆင်းနေတဲ့အပြင် လူငယ်အလုပ်လက်မဲ့နှုန်းက စံချိန်တင် မြင့်တက်နေတာပါ။ အမေရိကန်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထရီလီယံနဲ့ချီပြီး လှိမ့်ဝင်လာသလို တိုင်းပြည်ဖွံ့ဖြိုးဖို့ အဓိကကျတဲ့ ပုဂ္ဂလိကကဏ္ဍမှာ အလုပ်အကိုင်တွေ ဆက်လက်တိုးတက်နေပါတယ်။

အမေရိကန်ဘက်ကလည်း အိမ်သုံးစက်ပစ္စည်းအသေးလေးတွေ၊ ကလေးကစားစရာ၊ ဟောလီးဒေး အိမ်အလှဆင်ပစ္စည်း၊ ကလေးကားထိုင်ခုံ၊ စောင်၊ မီးရှူးမီးပန်း၊ အိပ်ယာခင်း စတဲ့ ကုန်စည် ၇၇မျိုးပေါ်မှာ ကုန်သွယ်ခွန် လျော့ချပေးမှာ ဖြစ်ပါတယ်။

တရုပ်သမ္မတရှီက တိုင်ဝမ်ကိစ္စအပေါ် အမေရိကန်လက်ရှောင်ဖို့နဲ့ လက်နက်မရောင်းဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် သမ္မတထရမ့်က တိုင်ဝမ်ကိုလက်နက်ရောင်းတာက တကမ္ဘာလုံးကိုရောင်းတဲ့ထဲက အပိုင်းတခုပဲဖြစ်လို့ ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်သလို ပြောသွားပြီး ရှီကိုလည်း အမေရိကန်က လက်နက်ဝယ်ဖို့ စိတ်ဝင်စားသလားလို့ စကားအဖြစ် မေးသွားသေးတယ်လို့ တရုပ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောသွားပါတယ်။ ခရီးစဥ်အတွင်းပြောသွားတာလားဆိုတာကိုတော့ တိတိကျကျ မဖော်ပြထားပါဘူး။  

ဒီတခါ လူ့အခွင့်အရေးကိစ္စ ဘာပြောလဲမသိရသေးပေမယ့် မေလမှာ သမ္မတထရမ့် တရုပ်ပြည်သွားတုန်းက တရုပ်ပြည်မှာ နာမည်အကြီးဆုံး ယူဂျီ ချာ့ချ်ကျောင်းရဲ့ ခေါင်းဆောင် Pastor Ezra Jin ကို တရုပ်အစိုးရက ထိန်းသိမ်းထားတဲ့ ကိစ္စကို ရှီနဲ့ တိုက်ရိုက်ပြောခဲ့တဲ့အတွက် အဲဒီခရစ်ယာန်ဘုန်းကြီးကို ရှီက ပြန်လွှတ်လိုက်ပြီး ဇူလိုင် ၄ရက်နေ့မှာ LA က သူ့မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။

သမ္မတထရမ့်က ဟောင်ကောင်က လုပ်ငန်းရှင်နဲ့ နိုင်ငံရေးအကျဥ်းသား Giordano တည်ထောင်သူ Jimmy Lai ကိုလွှတ်ပေးဖို့လည်း တပါတည်းပြောခဲ့ပေမယ့် အဲဒါကိုတော့ ရှီက “ဒါကနဲနဲခက်တယ်”လို့ ပြန်ပြောခဲ့ကြောင်း သိရပါတယ်။ ရှီက အာဏာရှင်ဆိုပေမယ့် လက်နက်နဲ့အာဏာသိမ်းထားတာ မဟုတ်တဲ့အပြင် ပါတီတွင်း အုပ်စုကွဲတွေ​ ရှိတဲ့အတွက် သူတဦးတည်း သဘောနဲ့ လုပ်မရတာတွေလည်း ရှိပုံရပါတယ်။

အမေရိကန်စွမ်းအင်ဝန်ကြီး Chris Wright က လွန်ခဲ့တဲ့အနှစ် ၂၀အတွင်း ကမ္ဘာကြီးက လေအားလျှပ်စစ်၊ ဆိုလာနဲ့ ဘက္ထရီ စတဲ့ renewable စွမ်းအင်တွေအတွက် ၁၀ထရီလီယံ သုံးခဲ့ကြောင်း၊ ဒါတွေက ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ရဲ့ ၃% ကိုတောင် မရခဲ့ပေမယ့် စွမ်းအင်ဈေးတွေ ကတော့ အများကြီးတက်သွားခဲ့ကြောင်း ပြောသွားပါတယ်။

အီရန်စစ်ကြောင့် ဆီဈေးတက်၊ ကုန်ဈေးနှုန်း တက်ရတယ်လို့ ပုံဖော်ချင်တဲ့ ဒီမိုကရက်တွေက ဆီဈေးမကြီးကြီးအောင် နည်းမျိုးစုံ သုံးနေကြတာကို ကာလီဖိုးနီးယားနဲ့ အီရီဇိုးနား ကပ်လျက်မြို့နှစ်မြို့မှာ တဂါလံကို ၃ဒေါ်လာကျော်အထိ ကွာတာနဲ့ ချိန်ကြည့်သင့်ပါတယ်။ ကာလီဖိုးနီးယားမှာ ရေနံချက်စက်ရုံတွေ ပိတ်သိမ်းရအောင်၊ ရေနံတွေ ဈေးသက်သက်သာသာ လုံလုံခြုံခြုံပို့နိုင်တဲ့ ရေနံပိုက်လိုင်းတွေ ပိတ်ရအောင် ဥပဒေမျိုးစုံနဲ့ ကြိုးပမ်းကြလို့ ဈေးတက်တာပါသလို အခွန်အခတွေ များလို့ ဈေးကြီးသွားတာလည်း ပါပါတယ်။

ပို့ဆောင်ရေးဝန်ကြီးကလည်း လေကြောင်းထိန်းစနစ်နဲ့ လေကြောင်းထိန်းတာဝါတွေဟာ တိုးလာတဲ့ လေယာဥ်ခရီးစဥ်တွေ၊ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ မကိုက်ညီနေတဲ့အတွက် ခရီးစဥ်တွေ လုံခြုံမြန်ဆန်ဖို့အတွက် မွန်းမံဖို့ လိုနေကြောင်း၊​ လေဆိပ်ကြီးတွေက ပိုက်ဆံရတာလည်းများလို့ မွန်းမံဖို့ပြဿနာမရှိပေမယ့် အလတ်စား လေဆိပ်တွေက လေကြောင်းထိန်းတာဝါတွေကိုတော့ သူတို့ဌာနက ကူညီပြီး မွန်းမံပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒီမိုကရက်တွေတက်လာတိုင်း သူတို့မဲရဖို့အတွက် ခိုးဝင်တွေ ရာဇဝတ်သားတွေကို ပြည်သူ့အခွန်နဲ့ အခွင့်အရေးပေါင်းစုံပေးပြီး ဖားကြ မ-ကြပေမယ့် ပြည်သူအတွက် အကျိုးရှိမယ့်ကိစ္စ ဘာမှမလုပ်သွားကြတာ ထုံးစံလို ဖြစ်နေပါပြီ။

သမ္မတထရမ့်ကို တရုပ်ကြောက် မွတ်မြှောက် မီဒီညာတွေက မုသားမှိုင်းတိုက်ပြီး ရှီကို ရိုကျိုး၊ ဘီဘီကြိုးဆွဲတာ ခံနေသလို ပုံဖျက်နေကြတွေ၊ မိသားစုအကျိုးစီးပွားတွေ နိုင်ငံခြားမှာ ရှိနေသလိုလိုတွေ ဖွနေကြတာက ကြားဖြတ်ရကပနီးပြီဆိုတော့ အရှိန်အမြင့်ဆုံး ဖြစ်နေပါပြီ။ ဒါပေမယ့် သမ္မတထရမ့်ရဲ့ လုပ်ရပ်တွေကိုကြည့်ရင် တိုင်းပြည်နဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကလွဲလို့ ဘာကိုမှ ဦးစားမပေးတာ တွေ့ရပါလိမ့်မယ်။  

ဆော်ဒီမင်းသား MBS ဆို အမေရိကန်မှာ ၁ထရီလီယံလောက် ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုထားပြီး သမ္မတထရမ့်ကို အခမ်းနားဆုံးဆက်ဆံပေမယ့် အမေရိကန်ပြည်သူတွေရဲ့ သွေးသားတွေဖြစ်တဲ့ တပ်တွေသုံးပြီး ဆော်ဒီဖက်က ဟူသီတွေကို ကူမတိုက်ပေးပါဘူး။ တူရ်ကီသမ္မတအာဒိုဝမ်ဆိုလည်း သမ္မတထရမ့်ကို ရအောင်ဖိတ်ပြီး အခမ်းနားဆုံးကြိုဆိုခဲ့ပေမယ့် သမ္မတထရမ့်က အာဒိုဝမ်ရဲ့ ရွေးကောက်ပွဲမှာ မမျှမတ လုပ်ခဲ့တာတွေကိုသိတဲ့အတွက် ရကပမသမာမှုအကြောင်းပြောရင် ဒါမျိုး သူကကျွမ်းတယ်လို့ အာဒိုဝမ်ကို ညွှန်ပြီး ပြောခဲ့သလို မွတ်ဘရားသာဟုရဲ့ ပင်မလော်ဘီ ကာတာက ဇိမ်ခံလေယာဥ်ကြီး လက်ဆောင်ပေးတော့ အဲဖို့စ်ဝမ်းလုပ်ဖို့ ယူလိုက်ပေမယ့် ဘာတခုမှ မွတ်ဘရားသာဟုဖက်က မပင်းခဲ့တာ အများအသိပါ။ နေတန်ယာဟူကိုလည်း ပြောမရရင် ကြမ်းကြမ်းတမ်းတမ်းကို ဆဲပစ်လိုက်တာပါပဲ။

သမ္မတထရမ့်အပေါ် သူတို့စွပ်စွဲကြတာတွေ တကယ်သာမှန်ခဲ့ရင် ၂၀၁၅ကတည်းက ထရမ့်ကို မိုက်ခရိုစကုပ်နဲ့ ပြူးပြဲကြည့်ပြီး အပြစ်ရှာ တရားစွဲ ဖြုတ်ချဖို့ နည်းမျိုးစုံနဲ့ အားထုတ်နေကြတဲ့ ဒီမိုကရက်နဲ့ ကမ္ဘာ့ရွာအဖွဲ့သားတွေ၊ သူတို့လက်ကိုင်ဒုတ်မီဒီယာတွေက ငြိမ်မနေဘူး ဆိုတာလောက်တော့ နားလည်သင့်ပါတယ်။

လက်တွေ့မှာ မီဒီညာတွေ မဖော်ပြကြတာတွေကမှ ပြည်သူတွေ သိသင့်တဲ့ သတင်းတွေ ဖြစ်နေပါတယ်။ US Center for Medicare and Medicaid Services ရဲ့ အုပ်ချုပ်ရေးမှူး ဒေါက်တာမာမက်အော့ဇ်က အိုဘမကဲမှာ စာရင်းသွင်းထားသူတွေထဲက ၁.၁သန်းကျော်ဟာ SSN နံပါတ်မရှိသူတွေဖြစ်လို့ အဲဒီထဲက ၇သိန်း၆သောင်းကျော်ကို စာရင်းထဲက ထုတ်ပယ်လိုက်ပြီး ၄၁၉၀၀၀ကို နေထိုင်မှု၊ ဝင်ငွေစတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ/မရှိ ပြန်စစ်နိုင်ခဲ့လို့ ပြည်သူ့ဘဏ္ဍာထဲက ၂.၂ ဘီလီယံ သက်သာခဲ့တယ်လို့ ဆိုပါတယ်။ ဒါက အမြဲလုပ်နေကျထဲက နောက်ဆုံးသတင်းတခုကိုပဲ နမူနာပြတာပါ။

ခြစားတဲ့သတင်းအစစ်ကိုလည်း မီဒီညာတွေ မဖော်ပြကြပါဘူး။ ကာလီဖိုးနီးယားဂါဗာနာ ဝင်ပြိုင်မယ်လုပ်ပြီးမှ တရုပ်စပိုင်မလေး ဖန်းဖန်းနဲ့ ရှုပ်ခဲ့တဲ့ကိစ္စတွေ ကျယ်လောင်လာပြန်လို့ ပါတီက ပြန်ရုပ်ခဲ့တဲ့ ဒီမိုကရက်အမတ်ဟောင်း အဲရစ်ဆွဲဝဲလ်သတင်းမှာ ဖန်းဖန်းရဲ့ အဆက်အသွယ်ဖြစ်တဲ့ ယင် မိသားစုက နျူဆမ်၊ ကမလာ၊ ရိုခန်နာတို့ရဲ့ ရကပတွေမှာ ဒေါ်လာ ၄.၄သန်းသုံးပြီး အရွေးခံရဖို့ ကြိုးပမ်းပေးတာကို တွေ့ရပါလိမ့်မယ်။

ဆွဲဝဲလ်က အမတ်ဘဝတုန်းက လွှတ်တော်ထောက်လှမ်းရေး ကော်မီတီမှာပါပြီး ထလရ အမြင့်ဆုံးကင်းလွတ်ခွင့် ရထားတာဖြစ်လို့ တရုပ်တွေ ဘယ်လောက်အထိ သတင်းရမလဲဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဖန်းဖန်းကိစ္စပေါ်သွားတော့ ရီပါဘလစ်ကန်တွေက ထလရကော်မီတီမှာ ဆက်မထားဖို့ ကြိုးပမ်းကြပေမယ့် အဲဒီတုန်းက စပီကာနန်စီပလိုးစီက အတင်းကို ကာကွယ်ပေးနေခဲ့လို့ ဘာမှ လုပ်မရခဲ့ကြပါဘူး။

ကိုယ်ကျင့််တရားနဲ့ ပတ်သက်ရင်လည်း ဟေလာရီငယ်စဥ်က ချိန်ဘာဆင်းခဲ့တဲ့ House Judiciary Committee က chief counsel ဒီမိုကရက် Jerry Zeifman (နစ်ဆင်အင်မ်ပိချ်မန့်ကို စစ်ဆေးခဲ့သူ)က ဟေလာရီဟာ ကိုယ်ကျင့်တရားပျက်ယွင်းသူ၊ လိမ်ညာသူ၊ ခြေ/ဥကို ဖောက်ဖျက်ချင်သူ၊ လွှတ်တော်ရဲ့ လုပ်ထုံး၊ ကျင့်ထုံး၊ စောင့်စည်းရမယ့် ဝတ္တရား စတာတွေအကုန်လုံးကို ချိုးဖောက်ဖို့ ဝန်မလေးသူ၊ အထောက်အထားတွေကို ဖုံးဖိထားတတ်သူအဖြစ် တွေ့ရှိခဲ့တဲ့အတွက် ချိန်ဘာဆင်းအပြီးမှာ ဟေလာရီကို ထောက်ခံချက်ရေးပေးဖို့ ငြင်းဆိုခဲ့တဲ့အထိပါပဲ။

ဟေလာရီနိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့တုန်းက ဆော်ဒီနဲ့ အခြားနိုင်ငံတွေက သန်းနဲချီအလှူငွေတွေ လက်ခံထားပြီး လှူသူတွေ ဖြစ်စေချင်တာ လုပ်ပေးတာရော ဘန်ဂါဇီကိစ္စ ကိုင်တွယ်တာရော၊ အီးမေးလ် ၃သောင်းဖျောက်ဖျက်ပစ်တာရော ကလည်း ပြောစရာတွေပါပဲ။ ဟေလာရီအကြောင်း ဝီကီလိခ်က အာဆန့်ချ်တွေ့ရှိထားတဲ့ထဲမှာ ဆော်ဒီကို ၈၀ဘီလီယံဖိုး လက်နက်ရောင်းပေးတာ၊ ISIS က ငွေလှူတာတွေရောပါပဲ။ ထရမ့်ကို စွပ်စွဲ အင်မ်ပိချ်လုပ်ခဲ့တဲ့ ရုရှား hoax ကလည်း သူပဲစတာပါ။ အဲဒါကြောင့် ဟေလာရီက အာဆန့်ချ်ကို ဒရုန်းနဲ့ ရှင်းပစ်လို့ မရဘူးလားလို့ မေးခဲ့ကြောင်း သတင်းထွက်နေတာပါ။

အိုဘမတို့ရော ကလင်တန်တို့ရောက တခြားဒီမိုကရက်ခေါင်းဆောင် အများစုလိုပဲ အရင်က ဘာမှမရှိပေမယ့် ရာထူးရပြီးမှ သူဌေးကြီးတွေလို နေလာကြပြီး ဝါရှင်တန်ကနေ မခွာနိုင် ဖြစ်နေကြတာပါ။ အိုဘမဆိုလည်း ခုထိ နိုင်ငံတကာလှည့်သွားပြီး တရားဝင် လူထုရွေးထားတဲ့ သမ္မတကို ခြေထိုးတဲ့အလုပ် ဆက်လုပ်နေဆဲပါ။ သူတို့က အရွေးချယ်ခံမဟုတ်ပေမယ့် ဒီမိုကရက်ဘက်မှာ ဩဇာအာဏာရှိသူတွေအဖြစ် ရှိနေဆဲဖြစ်ကြပါတယ်။

စီအိုင်အေက နောက်ဆုံးတွေ့ထားတယ်ဆိုတဲ့ သတင်းမှာ ရုရှားက ပြင်သစ်၊ စပိန်နဲ့ အီတလီတို့ကို ပင်လယ်ဖက်ကနေ ဒရုန်းတွေနဲ့ လှမ်းပစ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ဒရုန်းကို သင်္ဘောတင်ကွန်တိန်နာတွေထဲထည့်ပြီး ဖွက်လာနိုင်တယ်လို့ စီအိုင်အေက ဥရောပက နိုင်ငံခြားရေးဌာနတွေကို သတင်းမျှဝေထားပါတယ်။

အဲဒီဒရုန်းတွေဟာ တခုကို ဝန် ၄-၅ကီလိုလောက် တင်ဆောင်နိုင်တဲ့ ဈေးချိုတဲ့ Gerbera ဒရုန်းတွေဖြစ်ပြီး ကီလို ၃၀၀-၆၀၀အထိ အကွာအဝေးကို တနာရီ ၁၆၀ကီလိုအရှိန်နဲ့ နိုင်ငံတကာရေပိုင်နက်ကနေ ပစ်ခတ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီဒရုန်းတွေက အကြီးအကျယ်ပျက်စီးမှုတွေ ဖြစ်စေဖို့ထက် လေဆိပ်လို သင်္ဘောဆိပ်လိုနေရာတွေကို နှောက်ယှက်ဖို့၊ မီးလောင်စေဖို့၊ ယူကရိန်းဘက်က ထောက်ခံသူတွေကို စိတ်ဓါတ်ရေးရာအရ ဖိအားပေးဖို့လို့ တွက်ဆကြပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေ တကယ်ဖြစ်လာခဲ့ရင် မဟာမိတ်တွေကို ကာကွယ်ပေးနိုင်တာ သမ္မတထရမ့်ပဲ ရှိပါတယ်။ ဒါကလည်း လွှတ်တော်မှာ ကန့်လန့်တိုက်တဲ့အင်အားစုတွေ အားကောင်းမနေမှ ဖြစ်မှာပါ။

ထရမ့်က မီဒီယာရှေ့မှာ နေလာတာ အနှစ် ၅၀နီးပါး ရှိနေပြီဖြစ်လို့ အပုတ်သတင်းရှိရင် ပေါ်တာ ကြာပါပြီ။ အဲဒီနှစ်တွေမှာ မပြောင်းမလဲ တွေ့ရတာက တိုင်းပြည်ကို တိုးတက်စေချင်တဲ့ သူ့ရဲ့ စေတနာပါပဲ။ ဒီမစ်တမ်းက သူ့ရကပ မဟုတ်ပေမယ့် နောက် ၂နှစ်သာသာပဲကျန်တဲ့ သူ့ရဲ့ သမ္မတသက်တမ်းမှာ တိုင်းပြည်အတွက် ကမ္ဘာအတွက် လုပ်နိုင်တာတွေ လုပ်သွားပေးဖို့ ကန့်လန့်တိုက်သူတွေ၊ ရန်သူအားပေးတွေ မနိုင်ပဲ တိုင်းပြည်ချစ်သူတွေ နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။

Leave a comment