စက်တင်ဘာ ၃၀ရက် ၂၀၂၆

မနေ့က အိမ်ဖြူမှာ သမ္မတထရမ့်နဲ့ နည်းပညာလောကက ထိပ်သီးတွေ တွေ့ဆုံခဲ့ကြပြီး Super Intelligence SI နဲ့ပတ်သက်တဲ့ ကြေညာချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အရင်က ဉာဏ်ရည်တု AI လို့ခေါ်ပြီး အခု SI လို့ပြောင်းခေါ်တဲ့ နည်းပညာဟာ စက်မှုတော်လှန်ရေးထက်ရော အင်တာနက်စပေါ်တုန်းကထက် အများကြီးကြီးမားတဲ့ အပြောင်းအလဲကို ဆောင်ကျည်းလာမှာဖြစ်ပြီး သန်းနဲ့ချီတဲ့ အလုပ်အကိုင်အသစ်တွေကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

ဘာနေဆန်းဒါးစ်တို့ ဒီမိုကရက်တွေကတော့ SI က လူရဲ့ထိန်းချုပ်မှုကို ကျော်လွန်တော့မယ်၊ နျူလက်နက်ထက် ဆိုးတာတွေ လာတော့မယ်ဆိုပြီး တလောက လူသားထုကြီး ပျက်သုဉ်းတော့မယ်ဆိုတဲ့ ခြောက်လှန့်မှုမျိုးကို အားဖြည့်ကြပါတယ်။ သူတို့ရဲ့ အဖြေက ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ဖို့ပါ။ တကယ်တမ်း အဲဒီလို ခြောက်လှန့်တာတွေက လူ့အသက်နဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားပဲ ဥပဒေကို လိုသလို အသုံးချနေတဲ့ အာဏာရှင်တိုင်းပြည်တွေမှာ ပိုပြီးဖြစ်နိုင်ခြေရှိတာပါ။ မျှတတည့်မတ်တဲ့ ဥပဒေနဲ့ ကိုယ်ကျင့်တရားကို အလေးထားတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်နိုင်ခြေ နည်းပါတယ်။

၅.၅ထရီလီယံနဲ့ ကမ္ဘာမှာ တန်ဖိုးအရှိဆုံးကုမ္ပဏီကို ဦးဆောင်နေတဲ့ ဂျန်ဆန်ဟွမ်းက SI ဘေးကင်းရေးဟာ တီထွင်ဆန်းသစ်မှု နှေးကွေးအောင် မလိုအပ်တဲ့ စည်းမျဥ်းတွေနဲ့ ချုပ်နှောင်တာထက်စာရင် ဖြေရှင်းလို့ရတဲ့ အင်ဂျင်နီယာနဲ့ ထိန်းချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုတခုဖြစ်ကြောင်း အလေးအနက်ထား ပြောသွားပါတယ်။ SI လုံခြုံရေးဆော့ဖ်ဝဲတွေလည်း ရှိနေပြီဖြစ်သလို ဥပဒေနဲ့ ထိန်းချုပ်ရင် အလျင်အမြန် ပြောင်းလဲနေလို့ ဘာတွေနဲ့ ကြုံတွေ့လာမယ် ခန့်မှန်းရခက်တဲ့အနေအထားမှာ ဥပဒေတွေက အသုံးဝင်ဖို့ထက် အနှောက်အယှက် အဟန့်အတား ဖြစ်နေမှာက ပိုသေချာနေတာပါ။

SI မှာ ဘေးကင်းတာ သေချာဖို့အတွက် ထဖောက်လာနိုင်တဲ့ကိစ္စတွေကို အင်ဂျင်နီယာတွေက ပြုပြင်ထိန်းကျောင်းဖို့နဲ့ လုံခြုံရေးစိတ်မချရတဲ့ဟာဆိုရင် ဈေးကွက်ထဲမတင်ဖို့ အရေးကြီးပါတယ်။ သမ္မတထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြတဲ့ နည်းပညာထိပ်သီးတွေက ကိုယ့်ကုမ္ပဏီက ထုတ်လုပ်တဲ့နည်းပညာအပေါ် ကိုယ်တိုင်တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒါက ဥပဒေရဲ့ ဖွဲ့နှောင်မှုထက် ကိုယ်ကျင့်တရားအရ ဖွဲ့နှောင်မှုတခုဖြစ်တဲ့သဘောပါ။

နည်းပညာကုမ္ပဏီကြီးတွေ တွင်ကျယ်ခါစက သူတို့ဝက်ဘ်ဆိုက်တွေပေါ်မှာ တင်သမျှတွေက သူတို့နဲ့မဆိုင်တဲ့အတွက် တရားစွဲလို့မရအောင် သန်းပေါင်းများစွာသုံးပြီး အမတ်တွေကို လော်ဘီလုပ်ကြလို့ ဆက်ရှင် ၂၃၀ ထွက်လာပါတယ်။ ရလာဒ်က ကလေးပွန်းတွေ ကလေးတွေကို လိင်အမြတ်ထုတ်တဲ့ အုပ်စုတွေ၊ အကြမ်းဖက်တွေအုပ်စုတွေ စတာတွေကို ဖဘတို့ တွဒ်တာတို့ စတာတွေက သေချာအရေးမယူကြတာပါပဲ။ ဒါကိုကြည့်ရင် အမတ်တွေကို လော်ဘီလုပ်ပြီး ဥပဒေထုတ်တယ်ဆိုတာက ပြည်သူကို ကာကွယ်ဖို့မဟုတ်တာ သိနိုင်ပါတယ်။ ၂၀၂၁ကာလမှာ အကြမ်းဖက်တွေ ကွန်မီတွေ ရေးချင်တာရေး တင်ချင်တာတင်လို့ရပေမယ့် ကဗနဲ့ပတ်သက်တဲ့ အမှန်သတင်းတွေ၊ ထရမ့်ကို ထောက်ခံတဲ့ကွန်ဆာဗေးတစ်တွေ ခရစ်ယာန်တွေ နှိပ်ကွပ်ခံရတာပါပဲ။ နောက်ဥပမာကတော့ ကလိုင်းမိတ်ဥပဒေတွေပေါ့။

အီလွန်က ပင်တဂွန်မှာ တာဝန်သစ်တခု ရထားကြောင်း စစ်ရေးဝန်ကြီးက ပြောသွားပါတယ်။ အီလွန်က လာမယ့်ဆယ်စုနှစ်တွေမှာ အမေရိကန်စစ်သည်တွေ လိုအပ်လာနိုင်မယ့် လက်နက်တွေနဲ့ နည်းပညာတွေကို Project Meridian မှာ ကာကွယ်ရေးနည်းပညာသမား ဘီလျံနာ Palmer Luckey လွှတ်တော်စပီကာဟောင်း Newt Gingrich တို့နဲ့အတူ ပူးတွဲဦးဆောင်သူတဦးအနေနဲ့ ကူညီဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးအောက်ကနေ လကမ္ဘာအလွန်အထိ ကျယ်ပြန့်နိုင်တဲ့ အနာဂတ်စစ်ရေးအနေအထားကို သုံးသပ်မယ့် သူတို့အဖွဲ့ကို ရက် ၁၂၀အချိန်ပေးထားပြီး ဇန်နဝါရီ ၂၈ရက်နေ့မှာ အဆိုပြုချက် တင်ပြရမှာပါ။

လောလောဆယ်မှာ အီလွန်ရဲ့ SpaceX နဲ့ Luckey ရဲ့ Anduril တို့က ပင်တဂွန်နဲ့ အလုပ်တွဲလုပ်နေဆဲ ဖြစ်လို့ သူတို့ကို အခုလိုအကူအညီတောင်းတာဟာ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မလားလို့ သုံးသပ်ကြသူတွေလည်း ရှိပေမယ့် ၃ဦးစလုံးက နိုင်ငံကို ချစ်တဲ့လူတော်တွေ ဖြစ်ကြတဲ့ သမိုင်းရှိကြတာကြောင့် သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။ Palmer Luckey က ဆယ်ကျော်သက်အရွယ်မှာ Oculus VR ကို သူ့မိဘတွေရဲ့ ကားဂိုထောင်မှာ တီထွင်ခဲ့ပြီး ၂၀၁၄မှာ ဖဘ Meta က ၂ဘီလီယံနဲ့ ဝယ်သွားတာပါ။ ၂၀၁၆မှာ ထရမ့်ကို ထောက်ခံတဲ့အုပ်စုတွေကို ငွေလှူခဲ့လို့ ၂၀၁၇မှာ ဇကာဘတ်က အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

Project Meridian မှာ BIS Innovation Hub London center က စမ်းသပ်နေတဲ့ the Bank for International Settlement နဲ့ the Bank of England တို့ရဲ့ ငွေကြေးအပေးအယူ အရောင်းအဝယ်တွေမှာ ရာဇဝတ်မှုကင်းရှင်းလုံခြုံအောင် လုပ်မယ့်ကဏ္ဍ၊ အကြမ်းဖက်တွေကို ထောက်လှမ်းမယ့်ကဏ္ဍနဲ့ ဒေတာစင်တာတည်ဆောက်ဖို့ကဏ္ဍတွေလည်း ပါဝင်ပါတယ်။

အမေရိကန်က ကမ္ဘာမှာ ဓါတ်ငွေ့ရည်အများဆုံးတင်ပို့သူဖြစ်ပြီး တနှစ်ကို မက်ထရစ်တန်ချိန် ၁၀၂သန်းနဲ့ ကမ္ဘာ့ဈေးကွက်ရဲ့ ၂၆% ကို ဖြည့်စည်းပေးနေတာဖြစ်ပါတယ်။ ဒီနေ့မှာ တောင်ကိုရီးယားက အလက်စ်ကားမြောက်ဖက်တောင်စောင်းကနေ တောင်ဖက်ကမ်းခြေအထိ ၈၀၇မိုင်ရှည်တဲ့ ဓါတ်ငွေ့ရည်ပိုက်လိုင်းဆောက်ဖို့ ၅၄ဘီလီယံ မြှုပ်နှံကြောင်း သမ္မတထရမ့်က ကြေငြာသွားပါတယ်။ အဲဒီပိုက်လိုင်းက နေ့စဥ် ၃.၉ဘီလီယံ ကုဗပေ ပို့ဆောင်ပေးနိုင်မှာဖြစ်ပြီး တနှစ်ကို မက်ထရစ်တန် သန်း၂၀ အထိ ဖြစ်ပါတယ်။ ပိုက်လိုင်းဆောက်ပြီးရင် ဂျပန်က တနှစ်ကို မက်ထရစ်တန် ၂သန်းဝယ်ယူဖို့ ကနဦးအဆင့် သဘောတူလက်မှတ်ထိုးထားပါပြီ။

တောင်ကိုရီးယားက အမေရိကန်မှာ စုစုပေါင်း ဒေါ်လာဘီလီယံ ၃၅၀ ရင်းနှီးမြှုပ်နှံဖို့ စီစဥ်ထားတာမှာ ဘီလီယံ ၁၅၀က သင်္ဘောဆောက်တဲ့ကဏ္ဍမှာဖြစ်ပြီး ဘီလီယံ ၂၀၀က ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ဓါတ်ငွေ့ရည်ပိုက်လိုင်းဆောက်တာမှာ ၅၄ဘီလီယံ၊ တက္ကဆက်စ်က ဒေတာစင်တာတွေအတွက် ၂၂ဘီလီယံတန် ၆ဂီဂါဝပ်ဓါတ်အားပေးစက်ရုံနဲ့ နျူဓါတ်ပေါင်းဖိုကြီး ၈ခုတို့ ဖြစ်ကြပါတယ်။

တနေ့ကလည်း အိန္ဒိယအခြေစိုက် Essar Group ပိုင် Mesabi Metallics က အမေရိကန်သမိုင်းမှာ အကြီးဆုံးစတီးလ်စက်ရုံကို အိုင်အိုဝါမှာ ၁၅ဘီလီယံ အကုန်အကျခံ ဆောက်လုပ်မယ်လို့ ကြေညာသွားပါတယ်။ အဲဒီပရောဂျက်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်အကိုင် ၆၀၀၀အထိနဲ့ ကုန်ထုတ်လုပ်ငန်းမှာ အလုပ်အကိုင် ၁၇၅၀ ပေါ်ထွက်လာမှာ ဖြစ်ပြီး အချိန်ပြည့်လုပ်သားတွေက တနာရီကို ပျှမ်းမျှ $49 ကျော် ရကြမှာပါ။ ဆောက်လုပ်ဆဲနဲ့ ဆောက်ပြီး ၁၀နှစ်အတွင်း တနှစ်ကို ၉၅ဘီလီယံ ထုတ်လုပ်ဖို့ မျှော်မှန်းထားပါတယ်။ အဆိုပါစက်ရုံအတွက် ကုန်ကြမ်းကို Mesabi Metallics ရဲ့ မင်နီဆိုးတားက iron ore မိုင်းကနေ ရမှာဖြစ်ပါတယ်။ ကာကွယ်ရေးကဏ္ဍအတွက် လိုအပ်တဲ့ အဆင့်မြင့်စတီးလ်ပစ္စည်းတွေ ထုတ်လုပ်ပေးနိုင်ဖို့ ဒီဇိုင်းလုပ်ထားတယ်လို့ သိရပါတယ်။

ဒီအီးအိုင်နဲ့ မည်းမှ ခြောက်မှ နေရာပေးမယ်၊ အမုန်းမှိုင်းပဲ တိုက်နေမယ်၊ သဘာဝ/ ကလိုင်းမိတ်ကြောင်ပြီး စွမ်းအင်ထုတ်တာတွေ လိုက်ကန့်သတ်နေမယ်ဆိုရင် ဘာရင်းနှီးမြှုပ်နှံမှုမှ ဝင်မလာဘူးဆိုတာကိုတော့ သိစေချင်ပါတယ်။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူးမဟုတ်လား။

ဒီနေ့မှာ သမ္မတထရမ့်က ပြည်နယ် ၃၀ရှိ အမေရိကန် ၁သန်းနီးပါး (၉သိန်းခွဲ) ဆီကို ဒေါ်လာ ၅၀၀ rebate ချက်လက်မှတ်တွေ စတင်ပေးပို့နေပြီလို့ ဆိုပါတယ်။ ဘယ်သူတွေရမလဲဆိုတော့ ဘိုင်ဒန်လက်ထက်က HealthCare.gov အတွက် ပိုက်ဆံလုံလောက်အောင် အိုဘမကဲ အာမခံဝယ်ယူသူတွေကို user fee အများကြီး ပိုကောက်ထားတာကို ဖော်ထုတ်တွေ့ရှိတဲ့အတွက် ပိုကောက်ထားတာကို ပြန်ပေးတာဖြစ်ပါတယ်။ အိုဘမကဲဆိုတဲ့ Affordable Care Act မှာ လူပေါင်း ၁၉.၂သန်း စာရင်းသွင်းထားကြပြီး ကာလီဖိုးနီးယားလိုအပြာပြည်နယ်တွေက သပ်သပ်အာမခံရောင်း ထားကြတဲ့အတွက် အဲဒီလိုလူတွေ ရကြမှာ မဟုတ်ပါဘူး။

ဒီနေ့ဖြစ်သွားတဲ့ ဒူဘိုင်းလေကြောင်း အကြမ်းဖက်မှုအပေါ် အမြဲလိမ်မီဒီညာဖြစ်တဲ့ နယူးယောက်တိုင်းမ်စ်က လေယာဥ်မှူးတဦးက အကြမ်းဖက်တာလို့ မဖော်ပြပဲ လေယာဥ်မှူး ၂ဦး ရန်ဖြစ်ကြတာလို့ ဖော်ပြပါတယ်။ အကြမ်းဖက်သူ တွဲဖက်လေယာဥ်မှူးက အိုမန်နိုင်ငံသားဖြစ်ပေမယ့် တကယ်က အကြမ်းဖက် ဂျီဟတ်အယူရှိတဲ့ ဘယ်နိုင်ငံသားမဆို ဖြစ်နိုင်တာကို သတိပြုစေချင်ပါတယ်။ အမေရီကန်ရကပတွေမှာတောင် အကြမ်းဖက်အယူရှိသူတွေ၊ ရှရီယာလောကြိုက်သူတွေ ဒီမိုကရက်ဘက်က ဝင်အရွေးခံနေကြပြီဆိုတာ သတိပြုကြဖို့ပါ။

Leave a comment