အမေရိကန်က ကမ္ဘာမှာ တနေ့ကို ဒီဇယ်စည် ၁.၂သန်းတင်ပို့ရာကနေ အခုဆို ၁.၅သန်းအထိ တင်ပို့ပြီး အမြင့်ဆုံးတင်ပို့သူ ဖြစ်ပါတယ်။ ဒုတိယလိုက်တဲ့ ရုရှားက တနေ့ကို စည် ၇၈၃,၀၀၀နဲ့ ဆော်ဒီက ၆၇၈,၀၀၀ စည်နဲ့ တတိယပါ။ အိန္ဒိယနဲ့ တောင်ကိုးရီးယားတို့ကလည်း တနေ့ ဒီဇယ်စည် ၅သိန်းကျော် တင်ပို့နေကြပါတယ်။ ယူကရိန်းက ရုရှားရဲ့ ဒီဇယ်ချက်စက်ရုံတွေကို တိုက်ခိုက်တာရယ်၊ ဆော်ဒီနဲ့ ဟူသီပြဿနာရယ်၊ အီရန်စစ်ရယ်အပြင် စက်တွေ ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်တွေကြောင့် ဈေးကွက်ထဲမှာ နည်းသွားပေမယ့် စိုက်ပျိုးရေး/ ရိတ်သိမ်းရာသီ၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး စသည်တွေမှာ လိုအပ်ချက်က လျော့မသွားလို့ ဒီဇယ်ဈေးတက်ကုန်တာပါ။
ရုရှားက ဒီနှစ် မေ-ဇွန်အထိ တင်ပို့မြဲပမာဏအတိုင်းပဲ ပို့နေပါသေးတယ်။ ဇူလိုင် ၈-၃၁မှာ ဒီဇယ်ချက် စက်ရုံတွေ အတိုက်ခိုက်ခံရပြီး ပြည်တွင်းပြတ်လပ်မှုတွေ ဖြစ်ခဲ့လို့ ပြည်ပကို အပို့ရပ်ထားခဲ့ပါတယ်။ ဩဂုတ်လရောက်တော့ မေလတုန်းက ပို့ခဲ့တာရဲ့ ၅ပုံ ၁ပုံပဲ ပို့နိုင်ပါတော့တယ်။ အခုဆို ရုရှားက ဒီဇယ်တင်ပို့မှုကို အောက်တိုဘာလကုန်အထိ ရပ်ဆိုင်းထားလိုက်ပါပြီ။ တရုပ်ကလည်း ရုရှားလိုပဲ အောက်တိုဘာအတွက် ဆီ/ဒီဇယ်တင်ပို့မှု ရပ်ထားလိုက်ပြီလို့ ကြေငြာပါတယ်။ အီရန်ကတော့ အရင်ကတည်းက တရုပ်ကိုပဲ ၉၀%လောက် ရောင်းတာဖြစ်လို့ ရှိတာကုန်ရင် တရုပ်ဘာဆက်လုပ်မလဲ ကြည့်ရပါဦးမယ်။
သမ္မတထရမ့်က ယူကရိန်းကို ရုရှားရဲ့ ဒီဇယ်ချက် စက်ရုံတွေကို မတိုက်ဖို့ သတိပေးထားပြီးပါပြီ။ ဥရောပက G-7 နိုင်ငံတွေကိုလည်း အရံဒီဇယ်တွေ ထုတ်သုံး/ရောင်းကြဖို့ တိုက်တွန်းတဲ့အတွက် အဆိုပါနိုင်ငံတွေက ဒီဇယ်စည် သန်း၁၀၀ ဈေးကွက်ထဲ ရောက်လာတော့မှာဖြစ်ပါတယ်။
သမ္မတထရမ့်သာ တကိုယ်ကောင်းဆန်/ အမြင်တိုပြီး မစ်တမ်းမဲရဖို့သက်သက်ပဲ ကြည့်မယ်ဆိုရင် ဒီဇယ်တင်ပို့မှု ပိတ်လိုက်လို့ ရပါတယ်။ အဲဒါဆို ပြည်တွင်းမှာ ဈေးကျသွားမှာပါ။ ဒါပေမယ့် မဟာမိတ်တွေအပါအဝင် တကမ္ဘာလုံး အများကြီး အကြပ်အတည်း ဖြစ်ကုန်ပါလိမ့်မယ်။ အခုလည်း G-7 က အရံရေနံတွေ ထုတ်မပေးရင် တင်ပို့မှု ပိတ်လိုက်မယ်လို့ ခြိမ်းခြောက်တော့မှ ထုတ်ပေးမယ်လို့ ဖြစ်သွားတာပါ။ အဲဒီတော့လည်း ဈေးကျသွားတာပါပဲ။ ရေရှည်ဈေးကျဖို့ဆိုရင် ရုရှားဘက်ကဆီတွေ ဈေးကွက်ထဲ ပြန်ဝင်လာဖို့ လိုပါလိမ့်မယ်။
ယူကရိန်းစစ်သက် ရှည်စေချင်တဲ့ ဥရောပမဟာမိတ်တွေအနေနဲ့ သူတို့ရဲ့ ယူကရိန်းပေါ်လစီကို ပြန်သုံးသပ်သင့်ပါပြီ။ ဘယ်တော့ပြီးမယ်မှန်းလည်းမသိ၊ ဘယ်လိုအဖြေကို ရချင်မှန်းလည်း မပြောနိုင်ပဲ နိုင်ငံတည်ဆောက်ရေး ဖွံ့ဖြိုးရေးမှာ ပါဝင်သင့်တဲ့ လူငယ်တွေအသက်နဲ့ ရင်းမြစ်တွေကို စတေးနေတာ ကောင်းမွန်တဲ့ရလာဒ် မျှော်လင့်စရာ သိပ်မရှိနေပါဘူး။ ပူတင်က မကောင်းဆိုးဝါးကောင်မို့လို့ မုန်းလို့ ဆက်တိုက်မယ်ဆိုရင်တော့ စစ်ပွဲကျယ်ပြန့်လာခဲ့ရင် ကြုံတွေ့လာနိုင်တဲ့ ကိုယ့်ပြည်သူတွေရဲ့ ဒုက္ခတွေကို ထည့်စဥ်းစားသင့်ပါတယ်။
အခုလည်း ကနေဒါက ဂလိုဘယ်လစ် မာ့ခ်ကာနေက ယူကရိန်းစစ်ဆက်တိုက်နိုင်ဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ ၈၄၁သန်း ချေးယူနိုင်အောင် အာမခံပေးထားပါတယ်။ ဒါပါဆိုရင် ကမ္ဘာ့ဘဏ်က ယူကရိန်းကို ချေးထားတာ ၅၄.၃ဘီလီယံ ရှိပြီဖြစ်လို့ Peace in Ukraine project က ကမ္ဘာ့ဘဏ် သမိုင်းမှာ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုပရောဂျက်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်က စစ်ဖြစ်နေတဲ့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုတာက တကယ်ကို နားလည်ရခက်ပါတယ်။ ငြိမ်းချမ်းရေးရမှ ရင်းနှီးမြှုပ်နှံနိုင်မှာ ဖြစ်လို့ ငြိမ်းချမ်းရေးရဖို့အတွက် စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်အောင် ဖိအားပေးရမှာပါ။
စွမ်းအင်က ကမ္ဘာမှာ အရေးအပါဆုံးကဏ္ဍမှာ ရှိနေဆဲဖြစ်ပြီး ဆက်လက်ပြီးလည်း အရေးပါနေဦးမှာပါ။ SI ခေတ်မှာ စွမ်းအင်အလျံပါယ်မရှိပဲ ဘယ်လိုမှ ရှေ့မရောက်နိုင်ပါဘူး။ အီလွန်တို့ ဂျန်ဆန်တို့က SI ခေတ်မှာ စွမ်းအင် ၁% ပိုထုတ်နိုင်ရင် GDP ၁%နဲ့အထက် တက်နိုင်ကြောင်း ပြောသွားပါတယ်။ SI က လူ့လောကကို အန္တရာယ်ဖြစ်စေသလားဆိုရင် ဘယ်လိုဒေတာတွေ ထည့်ပေးထားသလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဘယ်လိုလေ့ကျင့်ပေးထားသလဲ၊ မှားနေတာရှိရင် ဘယ်လိုလုပ်ဖို့ စီမံထားသလဲ စတာတွေပေါ်မှာ မူတည်မှာပါ။
ဒီလောက်အရေးပါတဲ့ စွမ်းအင်ကို ဒီမိုကရက်အစိုးရ (ဖက်ဒရယ်/ပြည်နယ်) တွေ၊ အမတ်တွေနဲ့ သူတို့မိတ်ဆွေ ကမ္ဘာ့ရွာမဟာမိတ်တွေက ပြည်တွင်းစွမ်းအင်အပေါ် နည်းမျိုးစုံနဲ့ တင်းကြပ် ကန့်သတ်နေတာက လူ့အသက်နဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ နိုင်ငံက SI မှာ အသာရအောင် ပင်းပေးနေသလိုပါပဲ။ ကဗရဲ့ လက်သည်ကြီးတွေသာ SI မှာ ဦးသွား နိုင်သွားခဲ့ရင် ဘယ်လောက် အဆိုးတွေနဲ့ ကြုံရမယ်ဆိုတာ အမှတ်ရှိရင် သိကြမှာပါ။
အခုဆို ပြင်သစ်မှာ ဆူပူမှုတွေ ဖြစ်နေပါတယ်။ တက်နေတဲ့သတင်းတွေအရ မြို့ပေါင်း ရာကျော်မှာ ဖြစ်နေကြတာပါ။ ဗီဒီယိုတွေမှာ မြင်ရသလောက် ဒီမှာ ၂၀၂၀တုန်းက ဂျော့ဖလွိုက်ကိစ္စနဲ့ ကိုဗစ်ကာလကြီးမှာ နှာခေါင်းစည်းတွေကို ကာဗာယူပြီး ခိုးကြ လုကြလုပ်နေကြသလိုပါပဲ။ လက်ဝဲယိမ်းဂူဂယ်ကိုမေးတော့ ကျောင်းသားဆန္ဒပြပွဲပါလို့ ဖာပါတယ်။ စတာကတော့ ကျောင်းသား မှန်မှာပါ။ ဒါပေမယ့် ခုဟာက ဂျော့ဖလွိုက်ဆူပူမှုလိုပဲ ဘယ်သူဘယ်ဝါမှန်းမသိအောင် အမဲတွေဝတ်၊ မျက်နှာတွေဖုံး၊ ဆူပူ၊ မီးရှို့၊ လုယက်နဲ့ ဒီကအဖွဲ့တွေ ဟိုရောက်သွားသလား ထင်ရအောင်ပါပဲ။ ရဲတွေထက် အများကြီးအင်အားတောင့်လို့ ရဲတွေတောင် ထိထိရောက်ရောက် မကာကွယ်နိုင် ဖြစ်နေကြတာဆိုတော့ ဆန္ဒပြတဲ့ကျောင်းသားလို့ ပြောဖို့ ခက်သွားပြီလေ။ လက်ဝဲစွန်းမြို့ဝန် တယောက်တောင် ကျောင်းတကျောင်းကို မီးရှို့တဲ့ထဲ ဝင်ပါလိုက်ပါသေးတယ်။
ပြင်သစ်မှာ မွတ်ဦးရေက ၁၉၈၀နှစ်တွေတုန်းက ၁% တောင် မရှိတတ်တာကနေ ခုဆို ၁၀% ဖြစ်နေပါပြီ။ ၁၈နှစ်အောက်က ၂၀%ပါ။ ကလေး ၅ဦးမှာ ၁ဦးက မွတ်ဆိုပါတော့။ မြိ့ကြီးတွေမှာ ဒီထက် အများကြီးပိုမှာပါ။ အပြန်အလှန်လေးစားမှုနဲ့ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေဖို့ဆိုတာ အိမ်ရှင်မှာပဲ တာဝန်ရှိတာမဟုတ်သလို အိမ်ရှင်ရဲ့ ယဥ်ကျေးမှုနဲ့ အစဥ်အလာတွေကို လိုက်နာဖို့ လူမျိုး ဘာသာမရွေး လာနေတဲ့လူတိုင်းမှာ တာဝန်ရှိပါတယ်။
တလက်စထဲ ဂူဂဲဘက်လိုက်တာပြောရရင် ဆရာဝန်အသစ်တွေ ကျမ်းကျိမ်ရတဲ့ ၁၉၄၈ က မူရင်း ဂျနီဗာကြေငြာချက်နဲ့ ၂၀၁၇မှာ ပြင်ထားတဲ့ ဆရာဝန်အားလုံးအတွက် ဆိုတာ ၂ခုရဲ့ ကွာဟချက်ကို ယှဥ်ပြခိုင်းတာ ဂူဂယ်AIက မူရင်းတွေမပြပဲ နိုင်ငံရေးသမားတယောက်ရဲ့ အဖြေလိုပဲ ခပ်ဖျော့ဖျော့ သုံးသပ်ချက်မျိုးပဲ ပေးပါတယ်။ အဲဒီမေးခွန်းကိုပဲ ကော်ပီကူးပြီး အီလွန်ရဲ့ Grok မှာ မေးကြည့်တော့ ၂ခုလုံးကို မူရင်းအတိုင်း ပြပြီးတော့မှ ယှဥ်သုံးသပ်ပြပါတယ်။ အဟောင်းမှာက မိခင်ဝမ်းထဲမှာ စတည်ခါစ သန္ဓေသားရဲ့အသက်ကို တန်ဖိုးထား စောင့်ရှောက်ပါ့မယ်လို့ပါတာ၊ အသစ်မှာကျ အဲဒါဖြုတ်ပြီး တခြား BS တွေထည့်ထားပါတယ်။
ပြောချင်တာက ဂူဂယ်တို့ SI တို့အပါအဝင် အင်တာနက်ပေါ်က တွေ့ရှိတာတွေမှာ ဘက်လိုက်မှု ရှိနိုင်ပါတယ်။ အမေရိကန်ရဲ့ လက်ရှိ SI ထိပ်သီးတွေထဲမှာလည်း အနည်းဆုံး တဝက်လောက်က လက်ဝဲယိမ်းပါတယ်။ သမ္မတထရမ့်နဲ့ နည်းပညာထိပ်သီးတွေ အိမ်ဖြူတော်မှာ လက်မှတ်ထိုးထားကြတဲ့ ကြေငြာချက်ထဲမှာ တဦးရဲ့ ပစ္စည်းကို ကျန်လူတွေက ပြန်စစ်ကြဖို့ အချက်တခုပါပါတယ်။ အမေရိကန်ရဲ့ ခြေ/ဥနဲ့ နိုင်ငံရေးစနစ်မှာ check and balance ရှိသလိုပဲ SI ခေတ်မှာလည်း အပြန်အလှန် စစ်ပေးနေကြမယ်၊ တရားရေးဌာနကလည်း တရုပ်/ အကြမ်းဖက်/ ရာဇဝတ်ကောင် တွေဖက် မပင်းပဲ မျှတရဲရင့်မယ်ဆိုရင် အမေရိကန်ရဲ့ SI ဦးဆောင်မှုက လူသားထုအတွက် အများကြီး အကျိုးရှိပါလိမ့်မယ်။
မစ်တမ်းမှာ ဒီမိုကရက်တွေက အမေရိကန်ရဲ့ ရန်သူတွေ အမေရိကန်ကို ပျက်စီးယိုယွင်းဆင်းရဲ စေလိုကြတဲ့ အင်အားစုတွေအကုန်လုံးရဲ့ ထောက်ခံပံ့ပိုးမှုနဲ့ တက်ကုန်ဖွင့်နေကြပါပြီ။ နယ်စပ်မှာလည်း ခိုးဝင်မယ့်သူတွေ အင်နဲ့အားနဲ့ ချီတက်လာနေကြပါပြီ။ သူတို့က ဟွန်ဒူးရပ်စ်ကနေ လူ ၂၀၀-၄၀၀ လောက်နဲ့ စထွက်လာကြတာဖြစ်ပြီး ဂွါတီမာလာကိုဖြတ်ကာ မက္ကဆီကိုထဲ ဝင်လာတဲ့အချိန်မှာ အယ်လ်ဆာဗေးဒိုး၊ အီကွေဒေါ၊ ဟေတီ၊ ကျူးဘန်းနဲ့ ဗင်နီဇွဲလန်း တွေပါ ပေါင်းလိုက်တော့ ၆၀၀ ကျော်သွားပါပြီ။
အဲဒီလူတွေ/ စီစဥ်သူတွေက မစ်တမ်းပြီးလောက်မှ အမေရိကန်နယ်စပ်ကို ရောက်ဖို့ မှန်းထားပုံ ရပါတယ်။ စီစဥ်သူတွေလို့ ပြောရတာက လူစုလူဝေးနဲ့ လမ်းလျောက်ပြီး နိုင်ငံအများကြီးကို ဖြတ်ကျော်လာဖို့ဆိုတာ စီစဥ်ပေးသူရှိမှ အဆင်ပြေမယ့်ကိစ္စမို့လို့ပါ။ ဘိုင်ဒန်လက်ထက်တုန်းကတော့ ခိုးဝင်ဖို့ ယူအန်နဲ့ တြုပ်က စီစဥ်ပေးတာပါ။ မိုးတွေ မုန်တိုင်းတွေ ရှိတဲ့အပြင် ပိုဆိုးတဲ့ လူ/လိင်/ကလေး မှောင်ခို/အမြတ်ထုတ်တာတွေက ဖြစ်နေကျ ဆိုတော့ စိတ်မကောင်းစရာပါပဲ။
ဒီမိုကရက်တွေအနိုင်ရဖို့ ဘယ်သူတွေက တိတ်တိတ်/ ပေါ်တင် ကြိုးစားပေးနေသလဲဆိုတော့ အီရန်၊ တရုပ်၊ မူးယစ်ရာဇာတွေ၊ ဆိုရှယ်လစ်တွေ၊ အကြမ်းဖက်တွေ၊ လက်ဝဲမီဒီယာတွေ၊ ကမ္ဘာမှာ လူတွေ သိပ်များလို့ လူလုပ်ကပ်အမျိုးမျိုးနဲ့ လျော့သင့်တယ်လို့ ယုံကြည်ကြတဲ့ ကမ္ဘာ့ရွာအဖွဲ့သားတွေ၊ အရင်းရှင်စနစ်ကို မုန်းတယ်ဆိုပြီး အရင်းရှင်ထုတ်ကုန်လေးတွေကိုမှ ကြိုက်ကြတဲ့ လူငယ်လေးတွေ၊ ဥရောပက မွတ်ချစ်သူတွေ၊ ဂျူးမုန်းသူ ဟစ်တလာလက်သစ်တွေ၊ TDS သမားတွေ၊ နဲဗားထရမ့်ဆိုတဲ့ ရိုင်နိုတွေ၊ အများကြီးပဲနော်။ သူတို့အားလုံးရဲ့ တူညီချက်က အမေရိကန်ကို မုန်းကြ၊ ရှက်ကြတာနဲ့ မပြိုင်ခင်က တရုပ်နဲ့မွတ်ကို အနိုင်ပေးချင်ကြတဲ့ သူတွေပါပဲ။
သမ္မတထရမ့်အစိုးရနဲ့ DoGE တို့ရဲ့ ကြိုးပမ်းမှုကြောင့် အမေရိကန်ဖက်ဒရယ်လုပ်သားအင်အားဟာ အနှစ် ၆၀အတွင်း အနိမ့်ဆုံးကို ရောက်ရှိလာပါပြီ။ အစိုးရဝန်ထမ်းအင်အား တိုးတယ်ဆိုတာ ကုန်ထုတ်လုပ်မှုမှာ တိုးလာတာမဟုတ်ပဲ ပြည်သူ့အခွန်ဘဏ္ဍာကုန်ကျမှုသာ တိုးလာတာဖြစ်ပြီး အစိုးရယန္တရားမှာ အဆင့်ပို/ ကြန့်ကြာ/ လေလွင့်တာပဲ ဖြစ်တာများပါတယ်။ ဘိုင်ဒန်လက်ထက် အလုပ်အကိုင်ဖန်တီးမှုများဟာ ပုဂ္ဂလိကကဏ္ဍမှာမဟုတ်ပဲ အစိုးရဝန်ထမ်းအင်အားမှာ ဖြစ်နေတာက ယိုပေါက်တွေ ခိုးခွင်တွေ အများကြီးဖြစ်တာတာနဲ့ လက်တွဲနေတာ ဖြစ်ပါတယ်။
သမ္မတထရမ့်က အစိုးရဘတ်ဂျက်ထဲက ဒီအီးအိုင်နဲ့ ခိုးဝင်တွေအတွက် သန်း၈၁၀ကို ဖယ်ထုတ်လိုက်တဲ့အတွက် ပြည်သူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့နေရာတွေမှာ ပိုသုံးနိုင်တော့မှာ ဖြစ်ပါတယ်။ နယူးယောက်မှာလည်း ပျောက်ဆုံးနေတဲ့ ကလေးတွေထဲက ၃၄ဦး ရှာတွေ့ထားပြီလို့ သိရပါတယ်။
ဖလိုင်းဒူဘိုင်းလေယာဥ်ကို ထိုးဆင်းအောင်လုပ်ဖို့ ကြိုးစားခဲ့တဲ့ အသက် ၂၉နှစ်ရှိ အိုမန်နိုင်ငံသား တွဲဖက်လေယာဥ်မှူးဟာ Hamam Al Hammami ဖြစ်ပြီး ဖလိုင်းဒူဘိုင်းမှာ စလုပ်ခဲ့တာ ၈-၉လခန့်သာ ရှိပါသေးတယ်။ အဲဒီမတိုင်ခင်က အိုမန်အဲမှာ လုပ်ခဲ့ပြီး ၂၀၂၄တုန်းက အစွန်းရောက်အမြင်တွေ၊ ပိုင်ဆိုင်မှုတွေ တွေ့ရှိခဲ့လို့ ပျံသန်းခွင့်မပေးပဲ ရုံးအလုပ်ပဲ ပြောင်းခိုင်းခဲ့တာကနေ ဖလိုင်းဒူဘိုင်းကို ရောက်သွားတာလို့ သိရပါတယ်။
တချို့သတင်းတွေမှာ ဟာမမ်က လေယာဥ်ကို အစ္စရေးပေါ် စိုက်ဆင်းချဖို့ ရည်ရွယ်ချက် ရှိကြောင်း ပြောတာ ကြားဖူးသူတွေရှိတယ်လို့ ဆိုပါတယ်။ အိုမန်နဲ့ အစ္စရေးက သံအဆက်အသွယ် မရှိတဲ့အတွက် အစ္စရေးကိုသွားမယ့် လေယာဥ်မှာ သူ့ကို ဘာကြောင့်ပျံခွင့်ပေးတာလဲဆိုပြီး မေးခွန်းထုတ် နေကြပါတယ်။ ဟာမမ်ဟာ ယူအေအီးမှာ ထိန်းသိမ်းခံထားရပြီး တာဝန်ရှိသူတွေ စစ်မေးသမျှ ကောင်းကောင်းမွန်မွန် ဖြေဆိုလျက်ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်က ၁၉၇၉ ငြိမ်းချမ်းရေးစာချုပ်အရ ၁၉၈၀နှောင်းပိုင်းကစလို့ အီဂျစ်ကို စစ်ရေးအထောက်အပံ့အဖြစ် တနှစ် ၁.၃ဘီလီယံ ပေးနေခဲ့တာပါ။ ၂၀၂၅မှာ ကာလရှည်ကြာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ certification requirement ကို မပြည့်မီတဲ့အတွက် သန်း ၃၂၀ကို ပေးဖို့ကျန်နေပါတယ်။ အခုတော့ အီရန်စစ်မှာ အမေရိကန်ဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် မာကိုက အဆိုပါလိုအပ်ချက်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ အီဂျစ်က ဟာမာ့စ်တွေကိုလည်း အပစ်ရပ်သဘောတူညီဖို့၊ အကျဥ်းသားလဲလှယ်ဖို့၊ သမ္မတထရမ့်ရဲ့ ငြိမ်းချမ်းရေးအစီအစဥ်တွေကို လက်ခံဖို့ ဖိအားပေးတိုက်တွန်းခဲ့ပါတယ်။