အောက်တိုဘာ ၅ရက် ၂၀၂၆

ပြီးခဲ့တဲ့အပတ်က ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားအရှေ့ပိုင်းက ပလိပ်ရောဂါအကြောင်း လေ့လာတဲ့ the Irkutsk Anti-Plague Research Institute မှာ အသက် ၂၈နှစ်ရှိ လက်ဘ်ဝန်ထမ်း Daria Shipilova ဟာ pneumonic plague ပိုးတွေ ပါဝင်တဲ့ test tube တခုကို မှားယွင်းပြီး ခွဲလိုက်မိတယ်လို့ ဆိုပါတယ်။ အဆုပ်ရောင်လက္ခဏာတွေ ပြနေတဲ့ Daria ကို စက်တင်ဘာ ၂၉မှာ အနားက Shelekhov မြို့ဆေးရုံမှာ တင်ခဲ့ပြီး အသက်ရှုစက် ventilator ပေါ်မှာ ထားခဲ့ရင်းနဲ့ ၂ရက် အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ Institute က ဝန်ထမ်းတွေ အပါအဝင် သူနဲ့ ထိတွေ့မှု ရှိနိုင်ခဲ့တဲ့ လူ ၁၈၉ဦးကို ကွာရင်တိုင်း လုပ်ထားပြီဖြစ်ပါတယ်။ ခုထိတော့ သေဆုံးသူ Daria ကလွဲလို့ ကျန်တဦးမှ ဖျားနာမှု မရှိသေးပါဘူး။

တချို့သတင်းတွေမှာ Daria က test tube ကြောင့်ဖြစ်တာမဟုတ်ပဲ Buryatia ကိုသွားရင်း အဲဒီမှာ ပြန့်နေတဲ့ ပိုးကူးလာတာလို့ ဆိုပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက Buryatia မှာ ဘာပိုးမှ ပြန့်မနေဘူးလို့ ငြင်းဆိုပါတယ်။ သတင်းလွတ်လပ်ခွင့်မရှိတဲ့ ရုရှားမှာ ဘယ်ဟာအမှန် ဆိုတာ ပြောဖို့ခက်ပါတယ်။

မွန်ဂိုးလီယားမြောက်ဖက်က Irkutsk ဒေသအစိုးရက ပြီးခဲ့တဲ့စနေ တနင်္ဂနွေတုန်းက ဒီပိုးနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့တယ်ဆိုတာကလွဲလို့ အသေးစိတ်ဘာမှ မသိရတဲ့အတွက် အမေရိကန်အစိုးရက ရုရှားကို သူတို့သိထားသမျှ အမြန်ဆုံးနဲ့ အပွင့်လင်းဆုံး မျှဝေဖို့ အကြောင်းကြားထားပါတယ်။ အမေရိကန်နဲ့ ရုရှားကြား ကူးသန်းသွားလာမှု နည်းပါးပေမယ့် တမင်ပြန့်စေချင်သူတွေရှိရင် တနည်းနည်းနဲ့ ပြန့်လာနိုင်တာဖြစ်လို့ တာဝန်ရှိသူတွေက စောင့်ကြည့်နေကြပါတယ်။  

ပလိပ်ရောဂါက ရောဂါပိုးသယ်ဆောင်ထားတဲ့ ကြွက်၊ လှေးစတဲ့သတ္တဝါတွေ အင်ဆက်တွေ ကိုက်ရာကရော အသက်ရှူလမ်းကြောင်းကထွက်တဲ့ အရည်မှုန်တွေ ရှူမိတာကတဆင့်ပါ ကူးနိုင်ပေမယ့် အဆုပ်ရောင်ပလိပ်ရောဂါကတော့ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အရည်မှုန်တွေနဲ့ secondary lung infection ကနေ ကူးတတ်တယ်လို့ ဆိုပါတယ်။

ပိုးကူးပြီးရင် ၁-၄ရက်အတွင်း အဖျားကြီး၊ ချမ်းတုန်၊ ခေါင်းကိုက်၊ အားနည်း/နုံးချိ၊ ကြွက်သားနာ၊ နှလုံးခုန်မြန် စတာတွေ အရင်ဆုံး ဖြစ်လာတတ်ပြီး ၂၄နာရီလောက်ကြာလို့ အဆုတ်ထဲ ပိုးရောက်သွားရင် အသက်ရှူမဝ/ခက်ခဲ၊ ရင်ဘတ်အောင့်၊ ချောင်းဆိုး၊ သွေးစပါတဲ့ သလိပ်မြှုပ်ထွက်၊ အသက်ရှူစနစ်ပျက်/ ရှော့ခ်ရ စတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒါက ကြောက်ဖို့မဟုတ်ပါဘူး၊ သတိထားနိုင်အောင် ဗဟုသုတပေးတာသက်သက်ပါပဲ။ ဖြစ်လာရင် စဖြစ်ဖြစ်ချင်း ၂၄နာရီအတွင်းမှာ ပဋိဇိဝဆေးတွေနဲ့ ကုသရင် ပျောက်ကင်းနိုင်ပါတယ်။

သမ္မတထရမ့်က ဟော်မုဇ်ရေလက်ကြားမှာ ရေနံရွေ့လျားမှုက စစ်မတိုင်ခင်ကထက် ကျော်နေပြီဖြစ်ပြီး အမေရိကန်၊​ ဗင်နီဇွဲလားနဲ့ ရုရှားတို့က ရေနံစိမ်းတွေ တိုးမြှင့်တင်ပို့နေကြတဲ့အတွက် ဆီဈေး တက်တာက အီရန်စစ်ကြောင့်လို့ ပြောလို့မရတော့ကြောင်း၊ ဆီဈေးတက်တာက ရုရှားက ရေနံချက်စက်ရုံတွေကို ယူကရိန်းက ပစ်ခတ်ဖျက်ဆီးတာကြောင့်နဲ့ ကာလီဖိုးနီးယားလို အပြာပြည်နယ်တွေမှာ (ဒီမိုကရက်တွေရဲ့ မလိုအပ်ပဲ တင်းကြပ်လွန်းတဲ့ ဥပဒေတွေကြောင့်) ပိတ်သိမ်းကုန်ကြရလို့ ဖြစ်ကြောင်း ပြောသွားပါတယ်။ ဒီမိုကရက်တွေကတော့ ဆီဈေးတက်တာ အီရန်စစ်ကြောင့် ထရမ့်ကြောင့်လို့ မဲဆွယ်နေကြတာပါ။

ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အဓိကကျတဲ့ ဒီဇယ်ဈေး ကျဆင်းစေဖို့ သမ္မတထရမ့်က အဝေးပြေးလမ်းတွေမှာ ဆေးဆိုးထားတဲ့ အခွန်လွတ်ဒီဇယ်အသုံးပြုမှုကို ယာယီ ခွင့်ပြုလိုက်သလို ဖက်ဒရယ်ဒီဇယ်ခွန်ကိုလည်း ခုနှစ်ကုန်အထိ ရွှေ့ဆိုင်းထားမှာဖြစ်ပြီး အတိုး၊ ဒဏ်ကြေး စတာတွေ ပေးစရာမလိုဘူးလို့ ဆိုပါတယ်။

မနေ့က သမ္မတထရမ့်က အမေရိကန်ရဲ့ SI ဗျူဟာကို စုစည်းစီစဥ်ဖို့နဲ့ ကမ္ဘာမှာ နည်းပညာပိုင်း ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ဖက်ဒရယ်အဆင့် Super Intelligence Force (SIF) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေငြာသွားပါတယ်။ အဆိုပါအဖွဲ့မှာ အမျိုးသားထောက်လှမ်းရေးဒါရိုက်တာ Jay Clayton က ဥက္ကဋ္ဌ/ SI Czar ၊ Federal Trade Commission ဥက္ကဋ္ဌ Andrew Ferfuson၊ Office of Personnel Management က ဒါရိုက်တာ Scott Kupor ၊ ပင်တဂွန်က CTO/ စစ်ရေးဝကဌာန သုတေသနနဲ့အင်ဂျင်နီးယားရင်းဒုဝက Emil Michael တို့က အဖွဲ့ဝင်တွေအဖြစ် ပါဝင်မှာဖြစ်ပြီး သမ္မတထရမ့်နဲ့ ဝန်ထမ်းချုပ် ဆူဇီဝိုင်းလ်စ်တို့ထံ အစီရင်ခံရမှာဖြစ်ပါတယ်။ SIF က ရက် ၁၂၀အတွင်း နည်းပညာနဲ့ဆိုင်တဲ့ အခွင့်အလမ်းတွေ၊ အကျိုးတူပါဝင်ဆောင်ရွက်မှုနဲ့ အန္တရာယ် စီမံမှုတို့ကို  ရှုပ်ထွေးလေးလံတဲ့ စည်းမျဥ်းသစ်တွေ ကြိုးနီတွေ မပါပဲ ပြည့်ပြည့်စုံစုံ တင်ပြရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က တိုင်ဝမ်သမ္မတရဲ့ သားအကြောင်းကို ထလရလုပ်ပြီး တရုပ်ပြည်ကို သတင်းပို့ပေးနေတဲ့ LA က အိမ်ပွဲစား/စပိုင်မနဲ့ တရုပ်ပြည်ကို မပို့ရလို့ တားမြစ်ထားတဲ့ Nvidia SI servers သန်း ၃၀၀ကျော်ဖိုးကို တရုပ်ပြည်ကို ခိုးပို့နေတဲ့ LA က တရုပ်စီးပွားရေးသမားတဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရုပ်စပိုင်နဲ့ တရုပ်ကို နည်းပညာခိုးပို့နေတာ ခုမှမဟုတ်ပါဘူး။ ဟန်းတားနဲ့ ဂျိုးဘိုင်ဒန်ကလွဲရင် ပေါ်သမျှထဲမှာ ဖန်းဖန်းနဲ့ ဆွဲဝဲလ်လောက် တိုင်းပြည်လုံခြုံရေး ထိခိုက်နိုင်တာလည်း မရှိပါဘူး။ ဒါပေမယ့် ဒီမိုကရက်တွေက ဟန်းတားနဲ့ ဂျိုးဘိုင်ဒန်ကိစ္စရော ဖန်းဖန်းနဲ့ ဆွဲဝဲလ်ကိစ္စမှာရော ဘာမှ မဟုတ်သယောင်လုပ်ပြီး အမေ့ခံကြပါတယ်။ ဒါပေမယ့် ထရမ့်နဲ့ ဆူဇီဝိုင်းလ်တို့ ရှေ့နေတွေ၊ ဂျာနယ်လစ်တွေနဲ့ ဖုံးပြောသမျှ မှတ်ထားတဲ့အပြင် မီလာနီယာနဲ့ ဘာရွန်တို့ကိုပါ ဘိုင်ဒန်ရဲ့ အက်ဖ်ဘီအိုင်က တရားမဲ့ ထောက်လှမ်းနေခဲ့တာဖြစ်ပါတယ်။ ရန်သူကိုဖော့ ပြည်သူကိုဖိတာ ဒီမိုကရက်ဗျူဟာလို့ ပြောရင် မမှားနိုင်ပါဘူး။

မီရှီဂန်မှာ ဒီမိုကရက်ပါတီကိုယ်စားလှယ်အဖြစ် ဆီးနိတ်နေရာ ဝင်ပြိုင်မယ့် Abdul El-Sayed ဟာ ၂၀၀၉ ခုနှစ်တုန်းက သူသေတဲ့အထိ သူလုပ်သမျှဟာ ရှရီးယား(ဥပဒေ)အရပဲ ဖြစ်ရမယ်/ လိုက်နာမယ် လို့ ပြောခဲ့ပါတယ်။ ရှရီးယားသမားအတွက် ဟူစိန်အိုဘမက မဲဆွယ်ပေးဦးမှာပါတဲ့။ အောက်လွှတ်တော်မှာ မွတ် အမတ် ၄ဦးရှိပြီး အားလုံးက ဒီမိုကရက်တွေပါ။ အားလုံးက အမေရိကန်တွေ တိုးတက်ဖို့၊ ကောင်းဖို့၊ သက်သာဖို့ဆိုရင် အမြဲဆန့်ကျင်မဲ ပေးကြသူတွေ ဖြစ်ပါတယ်။ အမေရိကန်ကိုမုန်းတဲ့ သူတို့တတွေကို ဘယ်ဒီမိုကရက်ကမှ မဝေဖန်ရဲကြပဲ သူတို့ကသာ ဒီမိုကရက်တွေကို ဦးဆောင်နေသလို ဖြစ်နေတာ တွေ့ရပါတယ်။

အသက်အငယ်ဆုံးနဲ့ အတော်ဆုံး အိမ်ဖြူတော် ပြန်/ဝန်လုပ်ခဲ့သူ Karoline Leavitt ဟာ ကလေးငယ်နှစ်ဦးကို အချိန်ပေးနိုင်ဖို့ ပြန်/ဝန်အဖြစ်က နှုတ်ထွက်ပြီး New Hampshire က အိမ်မှာ ပြန်နေခဲ့ပါတယ်။ အခုတော့ Fox News မှာ on-air contributor အဖြစ် လုပ်ကိုင်ဖို့ လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁ရက်မှာစမယ့် ကဏ္ဍသစ်မှာ အိုးမကွာအိမ်မကွာ အလုပ်လုပ်နိုင်ဖို့အတွက် Fox News က ကာရိုလိုင်းရဲ့ အိမ်ကိုလာပြီး ပြင်ဆင်ပေးမှာပါ။ ကာရိုလိုင်းက မှတ်ချက်ပေးတာတွေနဲ့ သုံးသပ်ချက်တွေ ပေးရမယ်လို့ ဆိုပါတယ်။

Leave a comment