သမ္မတထရမ့်ရဲ့ လက်နက်ထိန်းချုပ်ရေးအထူးသံတမန် Marshall Billingslea က ရုရှားဟာ ပဋိဇီဝဆေးမတိုးတဲ့ ပလိပ်ပိုးနဲ့ ပသိုဂျင်/ပိုး ၂ခုနဲ့အထက် ပေါင်းစပ်ထားတဲ့ plague chimeras ပိုးမျိုးကို လတ်တလောသေဆုံးသွားတဲ့ လက်ဘ်ဝန်ထမ်းအလုပ်လုပ်တဲ့ Irkutsk Anti-Plague Research Institute မှာ လျို့ဝှက်စမ်းသပ်နေခဲ့တယ်လို့ ၁၉၉၂မှာ အမေရိကန်ကို ခိုလှုံလာတဲ့ ဆိုဗီယက်ခေတ် ဇီဝလက်နက်အစီအစဥ်က ထိပ်ပိုင်းအရာရှိတဦးက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတန်ကြာတုန်းက သူ့ကို ပြောဖူးကြောင်း သတိပေးသွားပါတယ်။
ရုရှားက အဲဒီလက်ဘ်ဝန်ထမ်းက ပုလိပ်ရောဂါနဲ့ သေတာပါလို့ မပြောပဲ သူ့ကိုယ်ထဲက microorganisms တွေကို စစ်ကြည့်တာမှာ သူ့အလုပ်နဲ့ ဆက်စပ်တာမတွေ့ရဘူးလို့ပဲ ပြောပါတယ်။ WHO ကလည်း ရုရှားဘက်က အဲဒီလိုပြောတယ်ဆိုတာကိုပဲ ပြန်ပြောပါတယ်။ ဒါပေမယ့် ဘာလို့ ဘာက သူမကို သေလောက်တဲ့အထိ အဆုပ်ရောင်တာဖြစ်စေသလဲဆိုတဲ့ အတည်ပြုချက်ကို စောင့်နေဆဲပဲလို့ ဆိုပါတယ်။ ခုထိ သေဆုံးသူနဲ့ ထိစပ်မိတဲ့ ၁၈၉ဦးထဲက ၆၀%ကို စစ်ဆေးပြီးဖြစ်ပြီး အဲဒီထဲမှာ ကဗ-၁၉ပိုးတွေ့တာ ၂ဦးနဲ့ rhinovirus infection ရှိတာ နှစ်ဦးလို့ ဆိုရပါတယ်။ ပုံမှန် အဆုပ်ရောင်ပလိပ်ရောဂါက ပဋိဇီဝဆေးနဲ့ ကုလို့ရတာဖြစ်ပေမယ့် ဒီအမျိုးသမီးက ဆေးရုံတက်ပြီး ၂ရက်အကြာမှာ ဆုံးသွားတာရယ်၊ ခုထိ ဘာကြောင့်ဆုံးတယ်ဆိုတာ မပြောနိုင်သေးတာရယ်ကို ဇီဝလုံခြုံရေးပညာရှင်တွေက ဝေဖန်နေကြတာဖြစ်ပါတယ်။
MIT က ဇီဝလုံခြုံရေးနဲ့ ကပ်ဘေးအန္တရာယ်ကို လေ့လာခဲ့သူ ပါမောက္ခ Kevin Esvelt က ရုရှားအာဏာပိုင်တွေရဲ့ စကားအသွားအလာကိုကြည့်ရင် ပလိပ်ကြောင့် သေတာမဟုတ်ဘူး၊ ပသိုဂျင်ပိုးတွေမပါပဲ အဆုပ်ရောင်ရုံနဲ့က သေတဲ့အထိ ဖြစ်နိုင်ခဲတာ၊ ခုလို ငယ်ရွယ်သူဆို ပိုပြီးဖြစ်နိုင်ခဲပါတယ်၊ ဘာကြောင့်သေရတယ်ဆိုတာ သူတို့မသိဘူးဆိုတာကိုက အံ့ဩစရာ ဖြစ်ပါတယ် လို့ ရေးသားသွားပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေဆိုတာ ဖြစ်နိုင်ခြေသက်သက်ပဲဖြစ်သလို ပိုပြီး စိုးရိမ်စရာ ရှင်းလင်းချက်တွေကလည်း ယူဆချက်တွေပါပဲလို့ ပြန်ထိန်းသွားပါတယ်။
ဆိုဗီယက်ပြည်ထောင်စုက ၁၉၇၅မှာ ဇီဝလက်နက်ကွန်ဗန်းရှင်းကို အတည်ပြုလက်မှတ်ထိုးခဲ့ပေမယ့် ပြုပြင်ထားတဲ့ ပလိပ်ရောဂါပိုးအပါအဝင် ဇီဝလက်နက်တွေကို လျို့ဝှက်ထုတ်လုပ်နေခဲ့တဲ့ မှတ်တမ်းရာဇဝင် ရှိခဲ့ပြီး ရုရှားဖက်ဒရေးရှင်းခေတ်မှာလည်း ဆက်လက်လုပ်ဆောင်နေခဲ့တာပါ။ ဇီဝလက်နက်တွေကို တိုက်ခိုက်ဖို့ ပြုပြင်ထုတ်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ရုရှားက အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
ရုရှားက ၂၀၂၂ ယူကရိန်းစစ်မတိုင်ခင်အထိ ကဗစတဲ့ ဝူဟန်အင်စတီကျု of virology လိုပဲ ဖောက်ချီတို့ရဲ့ NIAID က ထောက်ပံ့ကြေး ရနေခဲ့တာပါ။ ဖောက်ချီနဲ့ ဒီမိုကရက်ခေါင်းဆောင်တွေရဲ့ Gain of Function သုတေသနဆိုတာကလည်း အခု ရုရှားလက်ဘ်က လုပ်သလိုပဲ သဘာဝအတိုင်း ရှိနေတဲ့ ပိုးတွေကို ပိုပြင်းထန်အောင်၊ ပိုကူး/ပိုပြန့်အောင်၊ ပိုသေအောင်၊ မြန်မြန်သေအောင်၊ ဆေးမတိုးအောင် စမ်းသပ်တဲ့ သုတေသန လုပ်ငန်းတွေ ဖြစ်ပါတယ်။ ကဗမလာခင်ကတည်းက အိုဘမတို့ ဘေလ်ဂိတ်စ်တို့က ပန်ဒဲမစ်ဆိုတဲ့ စကားလုံးကို သုံးနှုန်းနေခဲ့ကြတာကို မှတ်မိကြဦးမှာပါ။
ကဗတုန်းကလည်း အစပိုင်းမှာ လင်းနို့ကလာတဲ့ ပိုးလိုလို၊ အဲဒါတွေကို အစားသောင်းကျန်းတဲ့ တရုပ်တွေကြောင့် ပိုးပြန့်သလိုလိုတွေ သတင်းလွှင့်၊ တရုပ်မှာ လော့ဒေါင်းချနေပြီး သမ္မတထရမ့်က တရုပ်ကလေယာဥ်တွေ အဝင်ပိတ်တာကို ပလိုးစီက တရုပ်ခရီးသွားတွေ အမေရိကန်ကို လာပါလာပါလို့ တမင်ကို ဖိတ်ခေါ်နေခဲ့တာ မမေ့လောက်ကြသေးဘူးထင်ပါတယ်။
အရေးကြီးတာက ဘာ(ပိုး)ကြောင့်သေတယ်ဆိုတာ အမှန်အတိုင်း သိရဖို့ပါ။ အဲဒါကလည်း တဖက်က ရိုးသားမှုရှိဖို့ လိုပါတယ်။ ခုထိတော့ ရိုးသားပွင့်လင်းမှု မမြင်ရသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က ပူတင်ဆီ မကြာမီ ဖုံးခေါ်ဖို့ စီစဥ်ထားကြောင်းနဲ့ လိုအပ်ရင် အကူအညီပေးမယ်လို့ ကမ်းလှမ်းမှာဖြစ်ကြောင်း ပြောထားပါတယ်။ အမေရိကန်ထောက်လှမ်းရေးကလည်း နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ထပ်မံအစီရင်ခံဖို့ ရှိပါတယ်။ မာကိုကတော့ ရုရှားတွေကို ပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းထားပါတယ်။
ပြင်သစ်က ကျောင်းတွေမှာ ကျောင်းသားတွေ တိုးလာသလောက် ဘတ်ဂျက်က တိုးမလာတဲ့အတွက် စာသင်ခန်းတခန်းတခန်းကို ကျောင်းသားအယောက် ၃၀ကျော်အထိ ရှိနေပြီး ဆရာ/မ လျော့နည်း/ ပျက်ကွက်တွေများနေကာ စာသင်ခန်းတွေကလည်း ညစ်ပတ် ယိုယွင်းနေတဲ့အတွက် ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံး အထက်တန်းကျောင်းသားဆန္ဒပြပွဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ကျောင်းတွေဆောက်ချိန်မှာ အဲဒီဒေသက လူဦးရေ၊ ကလေးမွေးနှုန်းတွေကို တွက်ချက်ပြီး ဖွင့်ကြတာဖြစ်လို့ အခုလို ကလေးမွေးအားကောင်းတဲ့ နိုင်ငံခြားသားအများအပြားကို အချိန်တိုအတွင်း ပေးဝင်လိုက်တာက ပညာရေး၊ ကျန်းမာရေးကစလို့ ကဏ္ဍတိုင်းမှာ သက်ရောက်မှု ကြီးမားလာပါတယ်။ မကျေနပ်တာက တပိုင်းဆိုပေမယ့် ဗီဒီယိုတွေထဲမှာ ဆန္ဒပြသူတွေ ဆူပူသူတွေထဲမှာ အထက်တန်းကျောင်းသားအရွယ် မဟုတ်တာတွေကိုလည်း တော်တော်လေး တွေ့ရပါတယ်။
ခုထိ ဖမ်းထားသူပေါင်း ခြောက်ထောင်ကျော်သွားပါပြီ။ ၁၈၀၀ကျော်က တရားစွဲခံရမှာဖြစ်ပြီး အဲဒီထဲက ၁၄၈၃ဦခန့်က ၁၈နှစ်အောက် ဖြစ်ပါတယ်။ အထက်တန်းကျောင်းပေါင်း ၆၀၀ခန့်ကနေ ၉၀၀ခန့်ကို ပိတ်ထားလိုက်ရပြီး ဒဏ်ရာရသူတွေထဲမှာ ကျောင်းသား ၂၁၅ဦးခန့်၊ ကျောင်းဝန်ထမ်း ၈၅ဦးခန့်နဲ့ ရဲ ၇၀၀-၇၁၅ဦးခန့်ဖြစ်ပါတယ်။ ရဲထဲက ဒဏ်ရာရသူ ပိုများနေပေမယ့် လူ့အခွင့်အရေးသမားတွေကတော့ ရဲတွေကိုပဲ အပြစ်တင်ကြပါတယ်။ အမေရိကန်က ဆန္ဒပြပွဲတွေလိုပဲ ပြင်သစ်မှာလည်း လက်ဝဲစွန်းတွေရဲ့ လက်ချက်မကင်းဘူးလို့ သုံးသပ်ကြပါတယ်။
အီရန်အစိုးရက ပြင်သစ်အစိုးရဟာ ကျောင်းသားဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တယ်ဆိုပြီး
တီဟီရန်က ပြင်သစ်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။ ဆန္ဒပြပြည်သူ ၄သောင်းကနေ ၇သောင်းလောက်အထိ သတ်ထားတဲ့လူတွေက အခုလိုဆင့်ခေါ်တာဆိုတော့ ငါးဖယ်က ပြောင်းပြန်လို့ ပြောရမလားပါပဲ။