အောက်တိုဘာ ၇ရက် ၂၀၂၆

ဟာမာ့စ်နဲ့ ပါလက်စ်တိုင်းလက်နက်ကိုင်အုပ်စုတွေ အစ္စရေးတောင်ပိုင်းက ဂီတပွဲတော် ကျင်းပတဲ့နေရာကို ဝင်တိုက်ပြီး မိန်းမ၊ ကလေး၊ လူအိုတွေအပါအဝင် ၁၂၀၀ခန့်ကို သတ်ခဲ့တဲ့ ၃နှစ်မြောက် နှစ်ပတ်လည်ဖြစ်တဲ့ ဒီနေ့မှာ နိုင်ငံခြားရေးဝကမာကိုက အနောက်တိုင်းယဥ်ကျေးမှု မြစ်ဖျားခံတဲ့ နိုင်ငံရေးအတွေးအခေါ်တွေ အစပြုခဲ့ပြီး ဒီမိုကရေစီကျတဲ့ ညီလာခံတွေ ကျင်းပခဲ့တဲ့ ဂရိနိုင်ငံ အေသင်မြို့မှာ အရေးကြီးတဲ့ မိန့်ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။

သူပြောခဲ့တဲ့ထဲမှာ ပါးရှန်းတွေ အေသင်ကို ဖျက်ဆီးခဲ့တာလည်းပါသလို အနောက်တိုင်းတန်ဖိုးတွေနဲ့ ရန်သူတွေရဲ့ တန်ဖိုးတွေ ယှဥ်ကြည့်ဖို့၊ ဥရောပမဟာမိတ်တွေအနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီကျတဲ့ စနစ်တွေကို ပြန်လည် အင်အားကောင်းအောင်လုပ်ဖို့၊ ပထဝီနိုင်ငံရေးခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံတွန်းလှန်ဖို့တွေ ပြောသွားပြီး အနောက်တိုင်းယဥ်ကျေးမှုဟာ ကမ္ဘာကို ဦးဆောင်မှုပေးတဲ့ အခန်းကဏ္ဍမှာ ဆက်နေမလား၊ အဖက်ဖက်က ကျဆင်းပြီး ခိုင်းဖတ်လိုဖြစ်နေတဲ့ သိမ်ငယ်စရာ အနာဂတ်ကို သွားမလား ရွေးရမယ့်လမ်းခွကို ရောက်နေပြီလို့ သတိပေးသွားပါတယ်။

ပလိပ်ရောဂါပိုးနဲ့ ပတ်သက်ပြီး ရုရှားဖက်က အသိပေး မျှဝေတာတွေ သိပ်မရှိနေတဲ့အတွက် အမေရိကန်အစိုးရက ရုရှားမှာရှိနေတဲ့ အမေရိကန်တွေကို အမြန်ဆုံးထွက်ခွာကြဖို့ တိုက်တွန်းလိုက်ပြီး ရုရှားကို သွားလာလည်ပတ်ခြင်းမပြုဖို့ သတိပေးထားပါတယ်။

ရုရှားဘက်က ဒေသန္တရသတင်းတခုမှာ လူသေမှုနောက်တခု ထပ်ဖြစ်ခဲ့တဲ့သတင်း တက်လာပြီး ခဏအတွင်း ပြန်ဖျက်သွားတယ်လို့ သတင်းကြားပေမယ့် အတည်ပြုထားတာ မရှိပါဘူး။ ဒါရီယာသေဆုံးအပြီးမှာ သူအလုပ်လုပ်တဲ့ လက်ဘ်ရှိတဲ့ Irkutsk ဒေသက အရာရှိတွေက အနားက သူသေဆုံးသွားတဲ့ဆေးရုံရှိတဲ့ Shelekhov မြို့ကို မသွားဖို့ သတိပေးထားတာကိုလည်း နာရီပိုင်းအတွင်း ပြန်ဖြုတ်ချထားပါတယ်။

တရုပ်နဲ့ ရုရှားတို့ဟာ ဩဂုတ် ၂၄-၂၇အထိ နယ်ခြားဖြတ်ကျော် ကူးစက်ရောဂါအတွက် အရေးပေါ် ပူးတွဲလေ့ကျင့်မှုကို ရုရှားနယ်စပ်နားက ဟေလုံကျန်ပြည်နယ် ဖူယွမ်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့ကျင့်ပွဲမှာ ဒါရီယာအလုပ်လုပ်တဲ့ လက်ဘ်/အင်စတီကျုက ဒါရိုက်တာ ဆာဂေဘာလာ့ခနော့ဗ် ပါဝင်နေပါတယ်။ အဲဒီပွဲကို တရုပ်ဘက်ကတင် နယ်စုံက လူ၃၀၀ကျော် တက်ခဲ့ပြီး imported plague outbreak, tick-borne “Disease X” တို့ ပြန့်ပွားလာရင် ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာရယ်၊ ဘာပိုးလဲဆိုတာ စီစစ်ဖို့ရယ်၊ ကပ်ရောဂါဖြစ်လာရင် အသိပေးဖို့ရယ်၊ အန္တရာယ်ကို ပူးတွဲချိန်ဆဖို့ရယ်၊ နယ်စပ်တွေကို ဘယ်လိုထိန်းချုပ်ကြမယ်ဆိုတာတွေရယ်ကို လေ့ကျင့်ခဲ့ကြတာပါ။

ပလိပ်ရောဂါကို ကုသတဲ့ ပဋိဇီဝဆေးတွေရဲ့ အာနိသင်ကို နည်းအောင်လုပ်တဲ့ သုတေသနစာတမ်း တခုထဲမှာ ဒါရီယာရဲ့နာမည် ပါဝင်နေတာကို တွေ့ရှိထားကြပါတယ်။ tick ဆိုတာက ကြမ်းပိုးအရွယ် ပင့်ကူအသေးတမျိုး ဖြစ်ပြီး အသက်အန္တရာယ်အထိ ပေးနိုင်တဲ့ရောဂါပိုး ဖြန့်ဖြူးနိုင်တဲ့အကောင်ပါ။

၂၀၁၉ စက်တင်ဘာ ၁၈တုန်းကလည်း ဝူဟန်အကောက်ခွန်က ဝူဟန်တျန့်ဟေလေဆိပ်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အရေးပေါ်လေ့ကျင့်ရေးတခု လုပ်သွားသေးတာဆိုတော့ လေ့ကျင့်ရေးလုပ်တဲ့အချိန်နဲ့ သူတို့လေ့ကျင့်တဲ့ပိုး စ(ပြန့်)တာ ၁လခွဲ ၂လလောက်ပဲ ကွာတာ တူနေပြန်ပါတယ်။

အောက်တိုဘာ ၁ရက်နေ့က CDC က ထုတ်ဝေတဲ့ သုတေသနစာစောင်တခုမှာ ၂၀၂၅ ဇူလိုင်တုန်းက အဆုပ်ရောင်ပလိပ်ရောဂါနဲ့ သေဆုံးခဲ့တဲ့ လူတဦးအကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။ အဲဒီလူငယ်က မဆုံးပါးခင်မှာ အလုပ်အကိုင်အရ ပလိပ်ပိုးကူးထားတယ်လို့ သံသယရှိတဲ့ နာမကျန်းဖြစ်နေတဲ့ ကြောင် ၂ကောင်နဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် CDC က အမေရိကန် အနောက်တောင်ပိုင်းပြည်နယ်တွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အဆုပ်ရောင်ပလိပ်ရောဂါ အကြောင်း သတိပေးချက် ထုတ်ပြန်လိုက်တာပါ။ ဒါရီယာသေဆုံးတာက အောက်တိုဘာ ၂ရက် ဖြစ်ပါတယ်။

 ၂၀၁၁တုန်းက ဒါရိုက်တာ စတီဗင်ဆိုဒါဘတ်ဂ်ရဲ့ medical thriller ဖြစ်တဲ့ Contagion ရုပ်ရှင်ဟာ တကယ့် ကဗ-၁၉ပန်ဒဲမစ်က အဖြစ်တွေနဲ့ တော်တော်လေး နီးနီးစပ်စပ် ထင်ဟပ်တယ်လို့ ပြောကြပေမယ့် ကဗ-၁၉ပိုးက ရုပ်ရှင်ထဲကထက် သေနှုန်းအများကြီးနိမ့်ပါတယ်။ ၂၀၁၀တုန်းက ဒါရိုက်တာ ခရစ္စတိုဖာစမစ်သ်ရဲ့ action horror ဖြစ်တဲ့ Black Death ရုပ်ရှင်ကားကလည်း ၁၄ရာစုမှာဖြစ်တဲ့ ပလိပ်ရောဂါ ဒုတိယပန်ဒဲမစ်ပေါ်မှာ အခြေခံထားတာပါ။ အဲဒီ ဘလက်ခ်ဒက်သ်က ယူရေးရှနဲ့ မြောက်အာဖရိကက လူသန်းပေါင်း ၇၅-၂၀၀ အထိ ဇီဝိန်ခြွေခဲ့ပါတယ်။ ဥရောပတခုတည်း ကတင် လူသန်းပေါင်း ၂၅-၅၀ သေဆုံးခဲ့ပြီး ရာခိုင်နှုန်းအရဆိုရင် စုစုပေါင်းလူဦးရေရဲ့ ၃၀-၆၀% ဖြစ်ပါတယ်။ ပဋိဇီဝဆေးတွေက ၂၀ရာစုမှပေါ်တာပါ။ ပဋိဇီဝဆေးတွေ ပေါ်လာပြန်တော့လည်း ဆေးမတိုးတဲ့ဗားရှင်းရဖို့ သုတေသနတွေ လုပ်ကြတာပါပဲ။

ဒီနေ့ ပြင်သစ်တနိုင်ငံလုံးမှာ ဆန္ဒပြသူပေါင်း ၂သိန်းခွဲကနေ ၄သိန်းခွဲအထိ ရှိနိုင်ပြီး ရဲအင်အား ၈သောင်းခန့် ချထားမယ်လို့ မှန်းထားကြပါတယ်။ ဆန္ဒပြသူတွေ အများစုက ပုံမှန်ပြည်သူတွေ ဖြစ်နိုင်ပေမယ့် ထုံးစံအတိုင်း အလံကိုင်သူ၊ ဖျက်လိုဖျက်ဆီးလုပ်ကြသူတွေအများစုက အမဲဝတ်တွေပါ။

အမဲဝမ်းဆက်နဲ့ မျက်နှာပါအမဲစည်းထားတဲ့သူတွေက အန်တီဖာတွေလို့ ပြောကြပြီး ဖရီးဂါဇာ ဆိုင်းဘုတ်တွေ ကိုင်လာကြတာ၊ ပါလက်စ်တိုင်းအလံ ကိုင်လာကြတာတွေက တရုပ်ပြည်မှာနေတဲ့ အမေရိကန်ဆိုရှယ်လစ်တက်ကြွလှုပ်ရှားသူ စီးပွားရေးသမား နယ်ဗေးလ်ရွိုင်ဆင်ဂမ်ပေးကမ်း ထောက်ပံ့ထားတဲ့ လက်ဝဲစွန်းအဖွဲ့တွေ လှုပ်ရှားနေပုံ/ လေသံတွေနဲ့ အတူတူပဲ ဖြစ်နေပါတယ်။ ဆင်ဂမ်က သူဟာ ဘယ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေတာမှ မဟုတ်ဘူးဆိုပေမယ့် တရုပ်အစိုးရရဲ့ စောင့်ရှောက်ကာကွယ်မှုအောက်မှာ ရှိနေတာက တကယ့်အဖြေပဲဖြစ်ပါတယ်။    

အဆင်အခြင်နည်းတဲ့ လူဝင်မှုပေါ်လစီကြောင့် ယူကေမှာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ NHS ဟာ ငွေကြေးအခက်အခဲနဲ့ အကြီးအကျယ် ရင်ဆိုင်နေရသလိုပဲ ပြင်သစ်မှာလည်း ပိုလျော့လျဲတဲ့ လူဝင်မှုပေါ်လစီကြောင့် ဘတ်ဂျက်အကြပ်အတည်းက ဆိုးသထက်ဆိုးလာနေပါတယ်။ ဆိုရှယ်ကလည်း လစ်ချင်သေးတာဆိုတော့ တိုင်းပြည်ဝင်ငွေတိုးမယ့် ဖွံ့ဖြိုးရေးအလုပ်တွေမှာ အားမစိုက်ပဲ အားလုံးအခမဲ့ပဲ လိုချင်ကြတဲ့အတွက် ဝင်ငွေတိုးမလာတဲ့အပြင် ထွက်ငွေက အများကြီးတက်လာနေတာပါ။

အခုလိုအခြေအနေမှာ ပြင်သစ်သမ္မတမက်ခရွန်က ဆန္ဒပြသူတွေရဲ့ မကျေနပ်ချက်တွေအပေါ် ဘာတွေ လုပ်ပေးမယ်ဆိုတာမျိုး ထွက်မပြောပေမယ့် အမေရိကန်ရဲ့ လွတ်လပ်စွာပြောဆိုရေးသားဖော်ထုတ်ခွင့် ကိုတော့ ဖရီးစပိချ်ရဲ့ ပြောင်းပြန်ပါလို့ ပြောနေပါတယ်။ မက်ခရွန်က “ငါ့ရဲ့လွတ်လပ်ခွင့်က အကန့်အသတ်မရှိဘူးဆိုရင် ဒါက လွတ်လပ်ခွင့်မရှိတာပါပဲ၊ ငါ့ရဲ့ လွတ်လပ်ခွင့်က သူများတွေရဲ့ လွတ်လပ်ခွင့်မှာ အစပြုပြီး ဘုံမူဘောင်တခုကို အလေးထားတာပါ၊ ငါလမ်းသွားတဲ့အခါ မင်းကို ရိုက်လို့၊ ဆဲလို့၊ အများပြည်သူသုံးတဲ့နေရာကို အမှိုက်ဖွလို့ မရဘူးလေ”လို့ ဆင်ခြေပေးပါတယ်။ လစ်ဗြဲပီပီ ပြောတဲ့စကားက ဟုတ်မယောင်နဲ့ အနှစ်ကင်းပြီး အဓိပ္ပါယ်လည်း မရှိပါဘူး။ လွတ်လပ်စွာ ပြောဆိုရေးသားဖော်ထုတ်ခွင့်က သူပြောတာတွေနဲ့ ဘာမှမဆိုင်တာကို မက်ခရွန်က ဆိုင်သယောင်ပြုပြီး ဟိုလူစုကို မကောင်းပြောတာမရှိအောင် ကာပေးနေတာပဲ ဖြစ်ပါတယ်။

အီရန်က တီဟီရန်က ဆန္ဒပြပွဲနှိမ်နှင်းတာ ကြမ်းတယ်ဆိုပြီး ပြင်သစ်သံအမတ်ကို ခေါ်ကြိမ်းသလိုပဲ ပြင်သစ်ကလည်း ပဲရစ်က အီရန်သံအမတ်ကို ဆင့်ခေါ်ပြီး ကျောင်းသားဆန္ဒပြပွဲနဲ့ ပတ်သက်လို့ သတင်းမှားတွေဖြန့်နေတာတွေအပေါ် သတိပေးလိုက်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးရဲ့ အီရန်စစ် စပြီးနောက်ပိုင်း နေတိုးနိုင်ငံတချို့က သံအမတ်ကြီးတွေ ပြန်ခေါ်ခဲ့ကြတဲ့ထဲမှာ ယူကေနဲ့ ပြင်သစ် ပါပါတယ်။ ယူကေက ခုထိ သံရုံးပိတ်ထားပြီး အွန်လိုင်းကပဲ ဆက်လုပ်နေပေမယ့် ပြင်သစ်က တိတ်တိတ်လေး သံအမတ်ကြီးပြန်ပို့ထားတာ ခုလိုဖြစ်တော့မှ ပေါ်သွားတော့ အဲဒီတုန်းက ပြန်ခေါ်တာက ပုံမှန်အပြောင်းအလဲလုပ်တာပါလို့ ဖာပါတယ်။ ဂျာမဏီသံအမတ်လည်း တီဟီရန်မှာ ကျောက်ချနေဆဲပါ။ အဲဒီလိုကုပ်ကပ်နေတဲ့အကျိုးက ခုလို အကြမ်းဖက်အစိုးရက ခေါ်ခေါ်ကြိမ်းတာ ခံရတာပါပဲ။

Leave a comment