Operation Epic Fury/ Operation Economic Outcast (118)

ဒီနေ့မှာ ယီမင်အစိုးရတပ်တွေက အရေးပါတဲ့ရေလက်ကြားဖြစ်တဲ့ Bab al-Mandeb ရေလက်ကြားနဲ့ Perim ကျွန်းကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီလို့ ဆော်ဒီနောက်ခံပေးထားတဲ့ ယီမင်အစိုးရက ကြေငြာသွားပါတယ်။ အဲဒီလို ပြန်ရယူနိုင်ဖို့ ဆော်ဒီက ယီမင်အစိုးရတပ်နဲ့ ဒေသန္တရလက်နက်ကိုင်တပ် တွေကို လေကြောင်းပစ်ကူ အကြီးအကျယ် ပေးခဲ့တာပါ။ တချို့သတင်းတွေက ထလရဒေတာတွေ၊ ပစ်မှတ်နေရာတွေ တိုက်ခိုက်မှုအစီအစဥ်ပိုင်းတွေမှာ အမေရိကန်က ကူညီပြောပြခဲ့တဲ့အပိုင်းတွေ ရှိတယ်လို့ ဆိုကြပြီး တချို့ကတော့ ဆော်ဒီနဲ့ မက္ကာစာချုပ် ချုပ်ဆိုထားတဲ့ ပါကစ္စတန်က တိုက်လေယာဥ်တွေ ယီမင်ထဲက ဟူသီပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တယ်လို့ ဖော်ပြကြပေမယ့် ပါကစ္စတန်က ငြင်းဆိုထားပါတယ်။

အီရန်ကတော့ ဒီကိစ္စမှာ ပါကစ္စတန်တပ်တွေ ပါနေတဲ့သတင်း မမှန်ဖို့ မျှော်လင့်နေကြပါတယ်။ အီရန်က သူတို့ထောက်ပံ့ထားတဲ့ ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေအပေါ် တာဝန်မယူပေမယ့် ဟူသီတွေ ပြန်အတိုက်ခံရတော့မှ ထကန့်ကွက်ကြတာပါ။ ဒါပေမယ့် ဟူသီတွေရဲ့ သူတို့ရဲ့ ပရောက်ဆီတွေ ဆိုတာကို အီရန်တွေက ငြင်းဆိုကြပါတယ်။

လန်ဒန်အနောက်မြောက်ဖက်က RAF အမေရိကန်လေတပ်စခန်းနားမှာ မသင်္ကာစရာ ဗင်ကား ၃စီးနဲ့ အကြမ်းဖက် ၅ဦးကို ဖမ်းမိခဲ့ပြီးနောက် ပင်တဂွန်က အဲဒီစခန်းမှာရှိတဲ့ B-1 အသံထက်မြန်တဲ့ တာဝေးဗုံးကြဲလေယာဥ်တွေ အားလုံးကို မိခင်စခန်းတွေထံ ပြန်ကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။ အဲဒီမှာ B-1 တဒါဇင်ရှိပြီး ပြန်ခိုင်းရတဲ့အကြောင်းကို မကြေငြာပါဘူး။

သူတို့ကိုဖမ်းမိတဲ့နားက ဗင်ကားတွေထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ မတွေ့ပေမယ့် ဓါတ်ဆီပုံးတွေ ပါလာတဲ့အတွက် မီးရှို့ဖို့ ကြံစည်ထားပုံရပါတယ်။ ဖမ်းမိပြီး နာရီပိုင်းအတွင်း ပြန်လွှတ်လိုက်တဲ့ ၅ဦးအနက် တဦးက ယူကေနဲ့ အီရန် နှစ်နိုင်ငံသား ခံယူထားတာပါ။ အာရာ့ချီက အဲဒီလူတွေကို ပြန်လွှတ်လိုက်တာကို တွေ့လား၊ ယူကေက သူတို့ဘက်ကပါဆိုပြီး ဝမ်းသာအားရ ကြွားနေသလောက် သမ္မတထရမ့်က အီရန်ပါဝင်ပတ်သက်နေရင် ပြင်းထန်စွာ တိုက်ခိုက်ခံရမယ်လို့ ပြောထားပါတယ်။

အာရာ့ချီက နယူးယောက်မှာ ယူအန်ညီလာခံပြီးပေမယ့် မပြန်သေးပဲ​ အမေရိကန်ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံနေခဲ့တာဟာ ဆူပရင်းမ်လီဒါရဲ့ ခွင့်ပြုချက်မပါတဲ့အတွက် အီရန်ရဲ့ တွေ့ဆုံဆွေးနွေးရေး စည်းကျော်တယ်၊ အကျိုးစီးပွားတွေ ထိခိုက်နိုင်တယ်ဆိုပြီး အမတ်တချို့က လွှတ်တော်မှာ အင်မ်ပိချ်လုပ်ဖို့ အဆိုတင်သွင်းထားပြီဖြစ်ပါတယ်။ အီရန်ဘက်က ဆွေးနွေးသူတွေကို ပြည်တွင်းက အမာလိုင်းသမားတွေက အမြဲဝေဖန်နေကြသလို အဲဒီဆွေးနွေးသူတွေကလည်း စားပွဲဝိုင်းမှာတမျိုး၊ မီဒီယာမှာတမျိုး အမျိုးမျိုးပြောနေကြတာပါ။ ၂၈ရက်ညနေက မာကိုက နှင်ထုတ်တယ်လို့ဆိုပြီး တချို့ကလည်း အာရာ့ချီက အဲဒီည သန်းခေါင်ကျော်လေယာဥ်နဲ့ ပြန်ဖို့ စီစဥ်ပြီးသားလို့ ဆိုပါတယ်။ အီရန်အဖွဲ့တခုလုံးကို တင်းတင်းကြပ်ကြပ် ကန့်သတ်/ စောင့်ကြည့်နေတာဖြစ်လို့ ပြန်ဖို့ စီစဥ်ထားပြီးသားဆိုရင် မာကိုတို့ဌာနက သိနေမှာပါ။ တဖက်မှာလည်း သမ္မတထရမ့်က အီရန်က တချို့လူတွေနဲ့ ဆွေးနွေးတာ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ မာကိုကတော့ ဘယ်သူဆိုတာကို ပြောပြလို့ မဖြစ်ဖူးလို့ သတင်းထောက်တွေရဲ့ အမေးကို ပြန်ဖြေသွားပါတယ်။

အီရန်တွေက စစ်ရေးဌာနရဲ့ OEF ထက် ဘဏ္ဍာရေးဌာနရဲ့ OEO ကို ပိုကြောက်ကြတယ်လို့ ဆိုပါတယ်။ စစ်ရေးအရ သူပစ် ကိုယ်ပစ်နဲ့ အမေရိကန်ကပစ်ရင် သူတို့ဘက်က အရပ်သားပစ်မှတ်တွေ အပါအဝင် နီးရာလှမ်းမဲပြီး အရှက်ပြေ ပြန်ပစ်လို့ရပေမယ့် OEO မှာ သူတို့ ဘာမှမတုန့်ပြန်နိုင်ပဲ ကားနေအောင် ခံနေရတာပါ။ လက်နက်နဲ့ဆို သူတို့ခေါင်းဆောင်ပိုင်းတွေ ပုန်းနေလို့ ရပေမယ့် OEO မှာ ခေါင်းဆောင်ပိုင်းတွေ ခိုးထား ဝှက်ထားတဲ့ ပိုင်ဆိုင်မှုတွေ ဘယ်မှာ၊ ဘယ်လိုရွေ့နေ/ ထိုင်နေတာ ဘဏ္ဍာရေးက အကုန်မြင်နေရပါတယ်။ အားလုံးပြီးသွားရင် မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူကို ပြန်ပေးမှာပါ။

အီရန်က ရှားဘုရင်လက်ထက်က အရှေ့အလယ်ပိုင်းမှာ အချမ်းသာဆုံး၊ အတိုးတက်ဆုံးနိုင်ငံ တခုပါ။ အခုတော့ လက်နက်နဲ့ အကြမ်းဖက်ပေါများ၊ ခေါင်းဆောင်တွေ ထားစရာမရှိ၊ ပြည်သူတွေ စားစရာမရှိတဲ့နိုင်ငံ ဖြစ်နေပါပြီ။​ အခုလိုအခြေအနေမှာတောင် မိန်းမတွေ ခေါင်းမြှီးခြုံရတဲ့ ဥပဒေကို ကြပ်ကြပ်မတ်မတ် မကိုင်တွယ်လို့ အမာလိုင်းတွေက ခေါင်းဆောင်တွေကို အပြစ်တင်နေကြတာပါ။

ခေါင်းမြှီးခြုံတာက အာရပ်ယဥ်ကျေးမှုဖြစ်ပြီး ပါးရှန်းဓလေ့ မဟုတ်လို့ မွတ်မတိုင်း ခြုံရမယ်ဆိုတာကို အီရန်အများစုက လက်မခံချင်ကြပါဘူး။ မခြုံတဲ့သူကို အဓမ္မပြုရင် ပြုသူကိုအပြစ်မပေးပဲ ခံရသူကို အပြစ်ပေးတဲ့ ဓလေ့ကို  ယုံကြည်သူတွေက သူတို့မိန်းမ/သမီးတွေကို ပိစိကွေးကတည်းက မျက်လုံးပါမမြင်ရအောင်ခြုံစေပါတယ်။

ခြုံထားကြသူတွေမှာ လတ်ဆတ်တဲ့ သဘာဝလေလည်း ရှူခွင့်မရှိ၊ ကျန်းမာရေးအတွက် အရေးကြီးတဲ့ နေရောင်ခြည်နဲ့လည်း မထိတွေ့ရ၊ identify လည်းပျောက်၊ အိမ်ထဲက မထွက်ရတော့ မိတ်ဆွေလည်းမရှိ၊ ထွက်ပြန်ရင်လည်း ဘယ်သူဘယ်ဝါမှန်း မသိတော့ အသိ/ အမျိုးတွေ့ရင်တောင် မနှုတ်ဆက်နိုင်ဆိုတော့ မခြုံရင် ကျောပုတ်လောက်တဲ့ ကြိမ်ဒဏ် အချက်ပေါင်းများစွာ အချခံကြရတဲ့ ကြားက သတ္တိခဲအမျိုးသမီးတွေဟာ မတရားတဲ့အာဏာကို ဖီဆန်ပြီး ခြုံဖို့ ငြင်းဆန်လာနေကြပါတယ်။ အမျိုးသမီးအခွင့်အရေး အော်နေတဲ့ လစ်ဘရယ်တွေ feminist တွေက အဲဒီလို အမျိုးသမီးတွေဘက် ခံစားနေရတာကို ဘာစာနာမှုမှ မပြကြပဲ အဲဒီအမျိုးသမီးတွေကို ဖိနှိပ်တဲ့လူတွေဖက်က ရပ်ကြတာပါ။

ဆော်ဒီစတဲ့ အာရပ်နိုင်ငံအများစုမှာ အမျိုးသမီးလက်ထပ်နိုင်တဲ့ အသက်ဟာ ၁၈နှစ်ဖြစ်ပေမယ့် အီရန်မှာတော့ ၁၃နှစ်ဖြစ်ပါတယ်။ ဖခင်/အဘိုးနဲ့ တရားရုံးကခွင့်ပြုရင် အဲဒီထက် ငယ်နိုင်ပါတယ်။ အဲဒီလောက်ငယ်တဲ့ မိန်းကလေးတွေ လက်ထပ်ကြရတဲ့ အဓိကအကြောင်းက ဆင်းရဲမွဲတေမှု ဖြစ်ပါတယ်။

ပြည်သူနဲ့ တိုင်းပြည်ဖွံ့ဖြိုးမှုကို အလေးမထားတဲ့ အာဏာရှင်နိုင်ငံတွေမှာ အလုပ်အကိုင်ရှားပါးသလို အတိုင်းအဆမရှိ ငွေစက္ကူရိုက်ထုတ်နေကြလို့ ကုန်ဈေးနှုန်းနဲ့ လုပ်ခက လိုက်လေဝေးလေဖြစ်ပြီး စားမလောက်ကြတဲ့အပြင် ကလေးတွေ များကြတော့ သမီးလေးတွေ အရွယ်မရောက်ခင် ရောင်းစား/ (လက်ထပ်ပေး) ကြပါတယ်။ ဒီလို တရားဝင် ကလေးလိင်ကျွန်/ အိမ်ကျွန်ပြုခွင့် ရနေတာကလည်း အဲဒီအစွန်းရောက်စနစ်ကြီးကို သက်ဆိုးရှည်စေတဲ့ အကြောင်းတခု ဖြစ်နေပြန်ပါတယ်။ အခုဆို အီရန်မှာ ငွေလဲနှုန်းက တဒေါ်လာကို ၂.၇သန်း ဖြစ်သွားပါပြီ။ မကြာခင် ၃သန်းဖြစ်ပါတော့မယ်။

အီရန်ရဲ့ ဆီဝန်ကြီးကတော့ လုပ်သက် ၂နှစ်အကြာမှာ နှုတ်ထွက်သွားပါပြီ။ နှုတ်ထွက်ဖို့ ကြိုးစားခဲ့တာ  ကြာပြီဖြစ်ပေမယ့် သမ္မတက ငြင်းဆန်ခဲ့ပြီး ခုမှ လက်ခံလိုက်တာပါ။ အီရန်က ရေနံစထုတ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ရေပြင်ပေါ်မှာ အီရန်ဆီသယ်ဆောင်ထားတဲ့ သင်္ဘော တစီးမှ မရှိတော့ပါဘူး။ စက်တင်ဘာလမှာ အီရန်ဆိပ်ကမ်းက ထွက်ခွာလာတဲ့ သင်္ဘော လုံးဝမရှိလို့ ရေနံတင်ပို့မှု သုညဖြစ်ပါတယ်။

ဒီနေ့မှာ မာကိုက ICC ကို ဆန်ရှင်လုပ်လိုက်ပါတယ်။ ဂျူလိုင်လကတည်းက လိုအပ်လာရင် ICC ကို တစစီ ဖြိုပစ်မယ်လို့ ကြိမ်းထားခဲ့တာပါ။ ICC တို့ ICJ တို့ တကယ်ပဲ တော်တည့်မှန်ကန်သလား သိချင်ရင် ရိုတွေနဲ့ပတ်သက်ပြီး မြန်မာကို ဂျီနိုဆိုက်လို့ စွဲသလိုပဲ ပါလက်စ်တိုင်းကိစ္စနဲ့ အစ္စရေးကို ဂျီနိုဆိုက်လို့ စွဲပါတယ်။

နိုဘယ်ဆုပေးတဲ့အဖွဲ့က ဒီနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ICC မှာ ၂၀၀၃-၂၀၀၈အထိ judge လုပ်ခဲ့တုန်းက အစ္စရေးကို အသည်းအသန်တိုက်ခိုက်ခဲ့တဲ့ ဂျူးဆန့်ကျင်ရေးသမား အသက် ၈၅နှစ်ရှိ နာဗီပီလေးကို ပေးလိုက်ပြီး နာရီပိုင်းအတွင်းမှာ ရူဘီယိုက ICCကို ဆန်ရှင်ချထားလိုက်တာပါ။  

နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ယူအန်တို့ ကမ္ဘာ့ဘဏ်တို့ ကမ္ဘာ့စီးပွားဖျက်ဖိုရမ် စတာတွေအပြင် ကမ္ဘာအရပ်ရပ်က မွတ်၊ ကွန်မီနဲ့ ကမ္ဘာ့ရွာ လစ်ဗြဲတွေအားလုံးက ဟာမာ့စ်ရဲ့ ရက်စက်မှုတွေကို မမြင်ချင်ယောင်ဆောင်နေကြပြီး အစ္စရေးကိုပဲ ပစ်မှတ်ထားဖြိုဖျက်ချင်နေကြတော့ အဲဒါကမှ ဟစ်တလာလုပ်ခဲ့တဲ့ တကယ့်ဂျီနိုဆိုက် ဖြစ်မနေဘူးလား။ အစ္စရေးနဲ့အတူ အမေရိကန်ကိုပါ ပျက်စီးစေချင်ကြတဲ့ထဲမှာ အမေရိကန်က ဒီမိုကရက်တွေပါ ပါဝင်နေကြတာ ကိုယ့်အမြှီးကိုယ် မီးနဲ့ရှို့တဲ့ ပုံပြင်ထဲကလိုပါပဲ။

အီရန်စစ်ကြောင့် ဒီဇယ်ဈေးတက်ပါတယ်ဆိုသူကို ဒီဇယ်ဈေးက ဟော်မုဇ်/ အီရန်နဲ့ မဆိုင်ကြောင်း ရှင်းပြပြီးပါပြီ။​ ဒါပေမယ့် ဒီဇယ်ဈေးကျဖို့အတွက် သမ္မတထရမ့်က ပူတင်ကို ဒီဇယ်ရောင်းပေးဖို့ ပြောခဲ့တာကို ပူတင်ကသဘောတူခဲ့ပါတယ်။ အခုချက်ချင်း တန် ၃သိန်း၊ နိုဝင်ဘာမှာ တန် ၅သိန်းနဲ့ နိုဝင်ဘာကုန်ပြီးတာနဲ့ တန် ၁သန်း ရောင်းပေးမှာဖြစ်လို့ ဒီဇယ်ဈေးကျပြီး လယ်သမား၊ ခြံသမား၊ ထရပ်မောင်းသူတွေနဲ့ အမေရိကန်ပြည်သူတွေ အသက်ရှူချောင်ပါလိမ့်မယ်။ ရောင်းပေးမှာက အမေရိကန်ကိုရော ကမ္ဘာ့ဈေးကွက်ကိုပါဖြစ်လို့ ကမ္ဘာမှာလည်း ဈေးကျနိုင်ပါတယ်။ ဒီလိုရောင်းပေးတဲ့အတွက် ရုရှားမှာ ဘာအကျိုးရှိသလဲဆိုတော့ သူတို့က သူတို့ရဲ့ ရေနံချက်စက်ရုံတွေရဲ့ အခြေအနေပေါ်မူတည်ပြီး ရောင်းပေးမယ်လို့ စကားခံထားတဲ့အတွက် ယူကရိန်းက ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို မတိုက်ဖို့ အာမခံသဘောမျိုး ဖြစ်စေတာပါ။  

Leave a Reply