ဒီနေ့မှာ ဟူသီတွေက ဆော်ဒီမြို့တော် ရီယာ့ဒ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်က ပြည်တွင်းခရီးစဥ်တွေအတွက် ထားရှိတဲ့ တာမီနယ် ၃ နဲ့ ၄ ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး အရပ်သား ၁၂ဦး (ဆော်ဒီ ၄ဦး၊ ဘင်္ဂါလီ ၂ဦး၊ အမေရိကန်၊ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ဆူဒန်နဲ့ ပါလက်စ်တိုင်း တဦးစီ) သေဆုံးပြီး ၃၀၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုအပေါ် နိုင်/ဝန် မာကိုက အပြစ်မဲ့အရပ်သားတွေရဲ့အသက်ကို ပြောင်ပြောင်တင်းတင်း လစ်လှူရှုမှုအဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒီလ ၈ရက်နေ့ကမှ အမေရိကန်နိုင်ငံခြားရေးက အရှေ့အလယ်ပိုင်းက ပဋိပက္ခဖြစ်ပွားမှုမြင့်တက်နေတဲ့ နိုင်ငံတွေကို သွားရောက်ဖို့ မသင့်ကြောင်း၊ ကျန်နေရာတွေကို သွားမယ့်အစီအစဥ်တွေရှိရင်လည်း ပြန်စဥ်းစားဖို့ တိုက်တွန်းကြောင်း၊ သွားရောက်ခဲ့ရင် လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ ဒုံးကျည်အန္တရာယ်တွေနဲ့ လေယာဥ်ခရီးစဥ် ဖျက်သိမ်းမှုတွေ ကြုံတွေ့နိုင်ကြောင်း ကြေငြာချက်ထုတ်ထားတာပါ။
နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရက အီရန်နောက်ခံပေးထားတဲ့ ဟူသီတွေရဲ့ ဆိုဗီယက်လက်ကျန်နဲ့ အီရန်လေကြောင်းကာလက်နက်တွေကို မြေပြင်က မြေပြင်ပစ် ဒုံးကျည်တွေ၊ သင်္ဘောပစ်လက်နက်တွေနဲ့ အပူကို နောက်ယောင်ခံပြီး လိုက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေအဖြစ် ပြန်ပြုပြင်မွန်းမံထားတာတွေကို ပင်လယ်နီတောင်ဖက်နားက နိုင်ငံတကာလေယာဥ်လမ်းကြောင်းတွေ နားမှာ အသုံးပြုနေတာဟာ အရပ်ဖက်လေယာဥ်တွေနဲ့ ခရီးသွားတွေရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ ကုလကို သတိပေးထားပါတယ်။
ပြုပြင်မွန်းမံထားတဲ့ ဟူသီတွေရဲ့ ဒုံးကျည်တွေဟာ လေထဲမှာ မိနစ် ၂၅လောက်အထိ ရှိနေနိုင်ပြီး အပူကိုသာ နောက်ယောင်ခံတာ ဖြစ်လို့ အရပ်ဖက်နဲ့ စစ်ဖက်လေယာဥ်ကြား ခွဲခြားနိုင်မှုမရှိတဲ့အပေါ် စိုးရိမ်တဲ့အတွက် ဟူသီတွေကို လက်နက်ပိတ်ဆို့မှုလုပ်ဖို့ ကုလနိုင်ငံတွေကို တိုက်တွန်းထားသလို International Civil Aviation Organization အပါအဝင် လေကြောင်းအဖွဲ့အစည်းတွေကိုလည်း ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ထည့်တွက်ဖို့ တိုက်တွန်းထားပါတယ်။ သင်္ဘောပစ် မြေပြင်က ဝေဟင် ဒုံးတွေကိုလည်း အီရန်ရဲ့ လမ်းပြဒီဇိုင်း ထည့်ထားတာပါ။ အဲဒီလို ပြုပြင်မွန်းမံဖို့ ဟူသီတွေကို IRGC က ပညာရှင်တွေက ကူညီပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ပူတင်က အမေရိကန်နဲ့ ကမ္ဘာ့ဈေးကွက်အတွက် ဒီဇယ်ရောင်းပေးဖို့ သဘောတူလိုက်တဲ့အပေါ် ဇယ်လင်းစကီးက မခံမရပ်နိုင်ဖြစ်ပြီး နာရီပိုင်းအတွင်း ရုရှားဒီဇယ်ချက်စက်ရုံတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ သမ္မတထရမ့်က ယူကရိန်းက သမ္မတအသစ် ရသင့်နေပြီလို့ တုန့်ပြန်သွားပါတယ်။ ခုလို ဒီဇယ်ဝယ်ဖို့ သဘောတူလိုက်တာက ရုရှားအပေါ် ချထားတဲ့ ဆန်ရှင်တွေနဲ့ မဆိုင်ပါဘူး။ ဆန်ရှင်တွေက ရေနံစိမ်းရောင်းတာကိုပဲ ကန့်သတ်ထားတာပါ။ ဒီဇယ်က ကုန်ချောဖြစ်ပြီး ကမ္ဘာ့လိုအပ်ချက် ကြီးတဲ့အတွက် အစကတည်းက ပိတ်ထားတာမဟုတ်သလို မဝယ်ကြဖို့လည်း မပြောထားပါဘူး။ အခုလို ဝယ်ဖို့ သဘောတူလိုက်တာဟာ မနေ့က ပြောသလိုပဲ ကမ္ဘာမှာ စိုက်ပျိုးရေးနဲ့ ပို့ဆောင်ရေးစားရိတ်တွေ သက်သာစေဖို့ပါ။
ဇယ်လင်းစကီးက ရုရှားမှာတိုက်စရာအများကြီးရှိတဲ့ထဲက ဒီဇယ်ထုတ်တဲ့စက်ရုံတွေကိုပဲ ရွေးတိုက်တာက သမ္မတထရမ့်က ဒီဇယ်စက်ရုံတွေကို ရှောင်တိုက်ဖို့ ပြောထားတာကို မထေမဲ့မြင် ပြုလိုက်တာပါပဲ။ သမ္မတတဖြစ်လဲ သရုပ်ဆောင် ဇယ်လင်းစကီးဟာ သမ္မတထရမ့်ကို မလွှဲသာလို့ အလိုက်အထိုက် ဆက်ဆံနေရပေမယ့် စစ်ကြိုက်ကြတဲ့ ကမ္ဘာ့ရွာ၊ နီယိုလစ်ဘ်နဲ့ နီယိုကွန် အားလုံးရဲ့ အသည်းစွဲတဦးပါ။
ပြင်သစ်မှာ ကျောင်းသားဆန္ဒပြပွဲတွေ ဆက်လက်ပြင်းထန်နေစဥ်မှာ ဘယ်လ်ဂျီယံနဲ့ ဂျာမဏီမှာလည်း အရှိန်ရလာနေပါတယ်။ ဘယ်လ်ဂျီယံကျောင်းသားတွေ ဆန္ဒပြရတဲ့အကြောင်းကတော့ ပြင်သစ်နဲ့ တူတူပါပဲ။ ဂျာမဏီကတော့ ၁၈နှစ်အထက် အမျိုးသားတိုင်းအတွက် စစ်မှုထမ်းဥပဒေအပေါ် ဆန္ဒပြကြတာပါ။ အမေရိကန်က ကောနယ်လ်တက္ကသိုလ်မှာ မုဒိမ်းကိစ္စအတွက် ဆန္ဒပြကြပေမယ့် ကိုလိုရာဒိုမှာတော့ အရှေ့အလယ်ပိုင်းကိစ္စနဲ့ လူဝင်မှု/နယ်ခြားကိစ္စတွေအတွက် ဆန္ဒပြတာတွေ လုပ်လာကြပါတယ်။
ကျောင်းသားတွေ ဆန္ဒပြတာက ပညာရေးအတွက်/ ကျောင်းအတွက်ဖြစ်သင့်ပြီး ဘာလတ်တလောအကြောင်းမှ မရှိပဲ အခုလို နိုင်ငံရေးနွှယ်လာတာတွေက ရကပနီးတာနဲ့ ပတ်သက်နေနိုင်ပါတယ်။ အဲဒီလိုဆန္ဒပြကြသူတွေက လူ့အခွင့်အရေး အကြီးအကျယ် ဆုံးရှုံး/ ချိုးဖောက်ခံနေရတဲ့ အရှေ့အလယ်ပိုင်းက အမျိုးသမီးတွေနဲ့ အောက်တိုဘာ ၇တုန်းက ကမ်းကုန်အောင် ရက်စက်ခံခဲ့ကြရတဲ့ အစ္စရေးက အမျိုးသမီးတွေ ကလေးတွေအတွက် ဘယ်တော့မှ ဆန္ဒမပြကြပဲ အကြမ်းဖက်တွေဖက်ကပဲ နာပေးကြတာကို တွေ့ရမှာပါ။ တခုသိထားဖို့က အစ္စရေးကို မုန်းတဲ့ အဖွဲ့တိုင်းက ထုတ်မပြောသည့်တိုင် အမေရိကန်ကိုပါ မုန်းတီးကြပါတယ်။ ဒက်သ်တူအမေရိက အော်နေတဲ့သူတွေကို အားပေးနေတဲ့ အမေရိကန်တွေက chickens for KFC နဲ့ တူတူပါပဲ။