Xavier Becerra နဲ့ ကလေးပျောက်မှုများ

ဘိုင်ဒန်ခေတ်က Health and Human Services Dept ဝန်ကြီး ဖြစ်ခဲ့ပြီး အခု ဒီမိုကရက်ဖက်က ကာလီဖိုးနီးယားဂါဗာနာ ဝင်အရွေးခံမယ့် Xavier Becerra ဟာ သူ့လက်ထက်မှာ နယ်စပ်က မိဘမပါပဲ​ဝင်လာတဲ့ကလေး ၃သိန်းကျော် ပျောက်ဆုံးနေတာအတွက် တိုက်ရိုက်တာဝန်ရှိသူဖြစ်ကြောင်း အဲဒီအချိန်က HHS လက်အောက်က ကလေးတွေကိုယာယီထားတဲ့နေရာတခုက site supervisor တဦးဖြစ်သူ၊ ကလေးတွေစပွန်ဆာကို စစ်ပေးရတဲ့ ကန်ထရိုက်တာနဲ့ နောက်ထပ်ဖွင့်ချသူတွေက သူတို့တွေ့ကြုံခဲ့ရတာတွေကို ရှင်းပြထားပါတယ်။

နယ်စပ်ကနေ မိသားစုမပါပဲ ဝင်လာတဲ့ ကလေးတွေကို HHS အောက်က Office of Refugee Resettlement (ORR)က လက်လွှဲယူပြီး အဲဒီအောက်က Unaccompanied Alien Children Program (UAC) ကို ပို့ပါတယ်။ အဲဒီကနေ အမေရိကန်တလွှားက ယာယီစခန်းတွေကို ပို့ပါတယ်။ အဲဒီမှာ သူတို့ကို တာဝန်ယူမယ့် “အရွယ်ရောက်ပြီး စပွန်ဆာ” ဆိုသူတွေဆီကို ဆက်သွယ်ပေးပါတယ်။ စပွန်ဆာက မိဘ/ ဆွေမျိုးတွေဖြစ်နိုင်သလို ဘာမှတော်စပ်မှု မရှိသူတွေလည်း ဖြစ်နိုင်ပါတယ်။ လိုအပ်ချက်က ကလေးအတွက် လုံခြုံပြီး တည်ငြိမ်တဲ့ နေစရာ ပေးနိုင်ရမှာဖြစ်ပြီး ဆွေမျိုးမတော်သူဆိုရင် ဘက်ဂရောင်းချက်ရမှာ ဖြစ်ပါတယ်။

အဲဒီကလေးတွေ ဘာလို့လာကြတာလဲဆိုတဲ့ အကြောင်းက အမျိုးမျိုးရှိပါတယ်။ အလယ်ပိုင်းနဲ့ တောင်ပိုင်းအမေရိကတိုက်မှာ အမေရိကန်ပြည်ထောင်စုကို ကလေးတွေသွားရင် မွေးစားခံရမယ်၊ ပညာသင်ပြီး ကောင်းကောင်းနေရမယ်ဆိုတဲ့ ကြော်ငြာတွေ ဖြန့်ထားတဲ့အတွက် တချို့က ကလေးတွေကြီးလာပြီး အဆင်ပြေရင် မွေးမိဘပြန်ခေါ်နိုင်မယ်လို့ တွက်ကြသလို တချို့က မိဘကိုယ်တိုင်က ရောင်းစားတာ ခံလိုက်ရတာပါ။ တချို့ကတော့ လမ်းက ဖမ်းလာတာတွေ ပြန်ပေးဆွဲလာတာတွေ ဖြစ်ပါတယ်။ ခေါ်သွင်းလာတဲ့ မှောင်ခိုဂိုဏ်းတွေက အဲဒီကလေးတွေရဲ့ လက်တွေမှာ ဖုံးနံပါတ်တွေပါတဲ့ လက်ပတ်တွေ ပတ်ပေးထားကြပါတယ်။

ဘာစေးရာ HHS ဝကဖြစ်ပြီး ၁၂ရက်အကြာမှာ ORR Field Guidance 11 ကို ထုတ်ပြန်ပြီး ကလေးတွေကိုပို့တဲ့အိမ်မှာ အတူတူနေတဲ့ ဆွေမျိုးမတော်တဲ့လူတွေကို ဘက်ဂရောင်းချက်ရတဲ့ လိုအပ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။ ၂၀၂၁တုန်းက တက္ကဆက်စ်ပြည်နယ် Fort Bliss မြို့က Emergency Intake operation လုပ်တဲ့နေရာကို သွားကြည့်ခဲ့သူတဦးက ကလေးတွေကို စပွန်ဆာလုပ်တဲ့ သူတွေအပေါ် ရဲတပ်ဖွဲ့နဲ့ပေါင်းပြီး ဘက်ဂရောင်းချက်တာမျိုး လုံးဝမရှိပဲ အင်တာနက်ပေါ်မှာ လူတိုင်း အခမဲ့ရှာနိုင်တဲ့ public record check လောက်ပဲ အဖြစ်စစ်ကြတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကလေးတွေကို စပွန်ဆာဆီမပို့ခင် စီစစ်တဲ့နေရာမှာ ဘာစေးရာက ORR ကို sponsor transfer တွေ အမြန်ဆုံးလုပ်ပေးဖို့ ဖိအားပေးခဲ့ပါတယ်။ သူက “ဟင်နရီဖို့ဒ်သာ ခုလိုနှေးနေတာတွေကိုခွင့်ပြုခဲ့ရင် ဘယ်တော့မှ ချမ်းသာ/နာမည်ကြီးလာမှာ မဟုတ်ဘူး၊ assembly line က ဒီလိုနှေးနှေးကွေးကွေး လုပ်ရတာမဟုတ်ဘူး” လို့ ဆိုပါတယ်။ လူ့ဘဝ/ အသက်တွေနဲ့ ပတ်သက်နေတာကို assembly line လိုသဘောထားတာက နယ်စပ်ကဝင်လာတဲ့ ကလေးတွေအပေါ် သူ့ရဲ့ သဘောထားကို ပြတာပါပဲ။

အဲဒီလို မစစ်ကြတဲ့အတွက် မိဘမပါပဲ နယ်စပ်က ဝင်လာတဲ့ကလေးတွေရဲ့ ၇၅-၈၀% က လူ/လိင်မှောင်ခိုတွေလက်ထဲ ရောက်သွားပါတယ်။ HHS က စပွန်ဆာဆိုတဲ့လူတွေဆီ ပို့ပြီးတာနဲ့ follow-up လုပ်ရမယ့်အပိုင်းတွေကို မလုပ်တော့လို့ ကလေးတွေက သေသလား ရှင်သလားတောင် မသိရတော့တာပါ။ ဘာစေးရာလက်ထက်မှာ နယ်စပ်ကလာတဲ့ ကလေး ၄၄၈,၀၀၀ ခန့်ကို UAC က လက်ခံခဲ့ပေမယ့် အဲဒီထဲက ၃၂၃,၀၀၀ ခန့်က ပျောက်ဆုံးနေတာပါ။ သူတို့က လဝကတရားရုံးကြားနာမှုရုံးချိန်းတွေကို မလာကြသလို အစကတည်းက ရက်ချိန်းမရတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အစစ်အမှန်ဆိုရင် စပွန်ဆာတွေက ရုံးချိန်းတွေမှာ အဲဒီကလေးတွေကို ခေါ်လာရမှာဖြစ်ပါတယ်။

LA အရှေ့ပိုင်း Pomona မြို့ Fairplex က Temporary Child Intake Center ဆိုရင် ဘာစေးရာကိုယ်တိုင် သွားကြည့်ခဲ့တဲ့ နေရာပါ။ အဲဒီက case manager တဦးက သူ့အနေနဲ့ ဒီကလေးတွေနဲ့ ပတ်သက်လို့ ကန်ထရိုက်ရထားတဲ့ Maxim ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းက case တခုမှာ  ၁၃နှစ်ကလေးရဲ့ သူ့မိခင်ဟာ အယ်လ်ဆာဗေးဒိုးမှာ နှိပ်စက်ညှင်းပန်းခံနေရတယ်လို့ ဆိုပါတယ်။ အယ်လ်ဆာဗေးဒိုးမှာ ပြည်သူ့အစိုးရ ဘူကလေး တက်လာတာ ၂၀၁၉ ကတဲကဖြစ်တော့ မသင်္ကာတာနဲ့ စပွန်ဆာရဲ့နောက်ခံကို စစ်ကြည့်တော့ ကမ္ဘာ့အကြီးဆုံး အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ဖြစ်တဲ့ အင်တာပိုက အလိုရှိနေသူ ဖြစ်နေပါတယ်။ အဲဒါနဲ့ ဒီကလေးကို သူ့စပွန်ဆာဆီ မရောက်အောင် ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ အဲဒီနောက်တော့ သူတို့ကန်ထရိုက်လည်း အဖျက်ခံလိုက်တယ်လို့ ဆိုပါတယ်။

ကလေးတွေကို ယာယီထားရှိတဲ့နေရာက ဆိုက်ကြီးကြပ်သူတဦးက ဖွင့်ချရာမှာတော့ ကလေးတွေဟာ စပွန်ဆာဆီ သွားရမှာမို့လို့ တက်ကြွမှုရှိနေရမယ့်အစား ကြောက်လန့်နေတဲ့ပုံ ပေါက်နေတဲ့အတွက် မေးကြည့်ရာမှာ သူတို့ကိုပို့မယ့်နေရာကလူတွေကို မသိဘူးလို့ ပြောကြပါတယ်။ အဲဒါနဲ့ သူတို့ပို့ပေးရမယ့် စပွန်ဆာ/ ဆွေမျိုးတွေကို မှန်ကန်ကြောင်း ဘယ်လိုအတည်ပြုသလဲဆိုတော့ ဖုံးတချက်ခေါ်ပြီး မေးလိုက်တာပဲ၊ ဘာအိုင်ဒီမှ ဘာတော်စပ်မှုမှ ဘာစာရွက်စာတမ်း ဘာဝင်ငွေမှ မစစ်တာတွေ့ရတယ်လို့ ဆိုပါတယ်။ (ဝင်ငွေထည့်ပြောတာက ဒီတိုင်းပြည်ကို စပွန်ဆာအနေနဲ့ ဘယ်သူ့ကိုခေါ်ခေါ် ဝင်ငွေတို့ အလုပ်အကိုင်တို့ ပြရလို့ပါ။) လူ့ဘဝတခုကို ဘာအထောက်အထားမှ မရှိပဲ ဖုံးတကောနဲ့ဆုံးဖြတ်၊ ပြီးတော့ follow up စစ်ဆေးတာမျိုး မလုပ်တဲ့အတွက် ကလေးများစွာဟာ ပျောက်ဆုံးနေခဲ့ကြတာပါ။

ကက်ရှ်ပတဲလ်လက်ထက် FBI က ပျောက်ဆုံးကလေးပေါင်း ၁၁၀၈၁ ကို ပြန်တွေ့ခဲ့တာကြောင့် ဘိုင်ဒန်ခေတ်နဲ့ စာရင် ၂၁% တက်သွားပြီး အက်ဖ်ဘီအိုင်သမိုင်းမှာ ပျောက်ဆုံးကလေး အများဆုံး ပြန်ရှာနိုင်တာ ဖြစ်ပါတယ်။ ငရဲခန်းက လွတ်လာတဲ့ကလေးတယောက်တိုင်းဟာ ဝမ်းသာစရာဖြစ်သလို ဒုစရိုက်ဂိုဏ်းတွေ ကာကွယ်ပေးနေတဲ့ ပေါက်ရောက်သူတွေရဲ့ အန္တရာယ်တွေ အဟန့်အတားတွေ ပုဂ္ဂိုလ်ရေးခြိမ်းခြောက်မှုတွေ အများကြီးထဲက စွန့်စားရတဲ့အလုပ်ဖြစ်လို့ တော်ရုံလူ မလုပ်နိုင်ပါဘူး။ လုပ်ရပ်ကို မကြည့်ပဲ မဟုတ်တဲ့အတင်းတွေပဲဖတ်ရင်တော့ သတင်းမသိပဲ​အတင်းအဖျင်းပဲ သိမှာပါ။

ပြန်ရှာတွေ့တဲ့ ကလေးတွေမှာ တချို့က ကျွန်တွေလို အခမဲ့အခိုင်းခံကြရပြီး တချို့က လိင်အမြတ်ထုတ်တာ ခံကြရတာပါ။ တချို့ကို အဆိုးရွားဆုံးလို့ သတ်မှတ်ထားတဲ့ MS-13 ဂိုဏ်းဝင်တွေအိမ်မှာ တွေ့ကြရတာပါ။ ဒီကိစ္စကို လွှတ်တော်မှာမေးတော့ ဘာစေးရာက ငါတို့က အဲဒီအိမ်တွေက ရာဇဝတ်မှုနဲ့ ပတ်သက်နေတာ မသိလို့ပို့တာလေ လို့ လွယ်လွယ်ပဲ ပြောပါတယ်။ သူသာ vetting တကယ်လုပ်ခဲ့ရင် ဒါတွေမပေါ်စရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် ဘာစေးရာက ပိုသေချာအောင်မလုပ်ပဲ မြန်မြန်လုပ်ဖို့တွန်းခဲ့တာကြောင့် ပုံမှန်လုပ်နေကျအဆင့်တွေတောင် မလုပ်နိုင်ခဲ့ ကြတာပါ။

HHS ဝကမတိုင်ခင်က ဘာစေးရာက ကာလီဖိုးနီးယားမှာ ရှေ့နေချုပ် လုပ်ခဲ့ပါတယ်။ သူအဓိက မောင်းတင်ပြီး လုပ်သွားတာတွေက ပြည်သူလုံခြုံဖို့၊ တရားဥပဒေ စိုးမိုးဖို့၊ ရာဇဝတ်မှု လျော့ကျဖို့တွေ လုံးဝမဟုတ်ပဲ ထရမ့်အစိုးရကို တရားစွဲဖို့ ပြည်သူ့ဘဏ္ဍာ သန်းဆယ်ချီသုံးတာရယ်၊ အီလီဂဲတွေကို ကာကွယ်ဖို့ရယ်၊ ကလိုင်းမိတ်အကြောင်းပြပြီး လေဆိပ်တိုးချဲ့တာ၊ ဘိလပ်မြေစက်ရုံ၊ ရေနံပိုက်လိုင်း/ ရေနံချက်စက်ရုံတွေကို ကြပ်တာရယ်ပါ။ သူလုပ်ခဲ့တဲ့ထဲမှာ ကောင်းတာတခုက ကာလီဖိုးနီးယားက ရဲ/ရဲဟောင်း ၁၂၀၀၀နီးပါးရဲ့ အရင် ၁၀နှစ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုတွေကို စာရင်းပြုစုတာပါပဲ။ အကြပ်ကိုင်ချင်လို့လားတော့ မသိပါ။ ဒါပေမယ့် ဂျာနယ်လစ်တွေက အဲဒီစာရင်းကို ရသွားတော့ မရည်ရွယ်ပဲ ထုတ်မိလိုက်တာပါဆိုပြီး ပြန်တောင်းပါတယ်။

နယ်စပ်ကနေ တရားမဝင်ဝင်လာတဲ့လူတွေကို စာနာကြသူများအနေနဲ့ ကလေး ၃သိန်းကျော် ကျားဖြန့်လို ငရဲတွင်းထဲ ရောက်နေနိုင်တာကိုလည်း အလေးထား စာနာကြစေချင်ပါတယ်။ တောင်အမေရိကက ကလေးပဲဖြစ်ဖြစ် အာဖရိကက ကလေးပဲဖြစ်ဖြစ် မြန်မာပြည်က ကလေးပဲဖြစ်ဖြစ် ကလေးတွေကို အလွဲသုံးစားပြုသူတိုင်းက လူမပီသတာဖြစ်လို့ ဒီလိုလူမျိုးကို ခေါင်းဆောင်တင်သင့်သလားဆိုတာ စဥ်းစားစေချင်ပါတယ်။

တလက်စတည်း ပြောရရင် သမ္မတထရမ့်က ဆေးနီဆိုးထားတဲ့ အခွန်လွတ်ဒီဇယ်ဆီတွေကို လမ်းတွေပေါ်သွားလာနေတဲ့ ယာဥ်တွေမှာ သုံးခွင့်ပြုလိုက်ပေမယ့် ကာလီဖိုးနီးယားမှာတော့ လက်ရှိဂါဗာနာ နျူဆမ်က ထရပ်ကားတွေအတွက် ပေးမသုံးလို့ ဒီဇယ်ဈေးက မကျပဲဖြစ်နေပါတယ်။ ဆေးနီဆိုးထားတဲ့ဒီဇယ်က လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေမှာ သုံးဖို့ဖြစ်လို့ အခွန်မကောက်ပါဘူး။ ပြည်သူချောင်ချိမှာကို မလိုလားတာက ဒီမိုကရက်ထုံးစံပါ။ တနှစထဲမှာတင် ရေနံချက်စက်ရုံ ၂ခုပိတ်ရအောင် လုပ်ခဲ့ပြီး ရေနံပိုက်လိုင်းပိတ်ခဲ့လို့ ရေနံဈေးက အနီပြည်နယ်တွေရဲ့ ၂ဆနီးပါးဖြစ်နေပါတယ်။

နာမည်ကြီးနေတဲ့ ကာလီဖိုးနီးယားက အမြန်ရထားလမ်းပရောဂျက်က ဒီနှစ် ဇွန်လကုန်အထိ ၁၅.၆၂၂ဘီလီယံ ကုန်ကျပြီးပေမယ့် ခုထိ ပြစရာမယ်မယ်ရရ မရှိသေးတာကို သိကြမှာပါ။ အဲဒီ ရထားလမ်းကို အဓိကကန်ထရိုက်ရထားတဲ့ ကုမ္ပဏီက Tutor-Perini ဖြစ်ပြီး ကာလီဖိုးနီးယားက ခုကွယ်လွန်သွားပြီဖြစ်တဲ့ ဆီနိတ်တာ ဒိုင်ယန်းဖိုင်းစတိုင်းရဲ့ ယောက်ျားက အဲဒီဘုတ်အဖွဲ့မှာ ပါနေခဲ့တာပါ။ အဲဒီလူသေသွားတော့ သူတို့သမီးက ဘုတ်မှာ ဆက်ထိုင်ပါတယ်။ အဲဒီတမိသားစုလုံးမှာ ရထားလမ်းဆောက်တာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရာဇဝင် လုံးဝမရှိဘူးလို့ လိမ်ညာမှုတွေကို ဖော်ထုတ်နေသူ နစ်ခ်ရှာလီက တွေ့ရှိထားပါတယ်။

အဲဒါအပြင် ကျန်းမာရေးကဏ္ဍ လဝကကဏ္ဍ စတာတွေပါဝင်တဲ့ လိမ်လည်မှုပေါင်းစုံကို တကိုယ်တော် ဖော်ထုတ်နေတဲ့ နစ်ခ်ရှာလီကို အကြောင်းပြုပြီး ကာလီဖိုးနီးယားလွှတ်တော်က AB-2624 နဲ့ Stop Nick Shirley Act ဆိုပြီး အင်မီဂရေးရှင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဝန်ဆောင်မှုပေးတဲ့သူတွေကို သွားမစုံစမ်းဖို့၊ ဓါတ်ပုံ ဗီဒီယိုမရိုက်ဖို့ မဖြန့်ဖို့၊ ကျူးလွန်ရင် ဒဏ်ရိုက်ဖို့ ဥပဒေ ပြဌာန်းလိုက်ပါတယ်။

နစ်ခ်ရှာလီက ဆိုမာလီလိမ်လည်မှုတွေကို ဖော်ထုတ်ရာက နာမည်ကြီးလာသူဖြစ်ပြီး သူလုပ်သမျှဟာ ပါတီနိုင်ငံရေး ပုဂ္ဂိုလ်စွဲနိုင်ငံရေးမဟုတ်ပဲ တိုင်းပြည်ဘဏ္ဍာကို လိမ်လည်နေကြတာကိုပဲ ဖော်ထုတ်တာ ဖြစ်လို့ နစ်ခ်ရှာလီကို ကန့်သတ်တာဟာ အိုးမလုံအုံပွင့်တာပဲ ဖြစ်ပါတယ်။ နစ်ခ်ရှာလီက အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတာဖြစ်လို့ ဘော်ဒီဂတ်တွေ ငှားထားရတဲ့အထိပါပဲ။ မီဒီယာကြီးတွေက ဝင်ငွေကောင်းနေ ပလက်ဖောင်ရော ရင်းမြစ်ပေါနေသူတွေက ဒါမျိုးတွေ မတင်ကြလို့သာ Nick Shirley တို့ Nate Friedman တို့က အဲဒီကွက်လပ်တွေ ဝင်ဖြည့်နေရတာပါ။

Leave a Reply