အောက်တိုဘာ ၁၇ရက် ၂၀၂၆

ပြင်သစ်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ပြင်းထန်နေရာမှာ ဒီနေ့ ဆန္ဒပြသူ ၈သိန်းခန့်ရှိတယ်လို့ ဆိုပါတယ် အစိုးရသတင်းကတော့ တနိုင်ငံလုံးမှာ ၅သိန်းခွဲ၊ ပဲရစ်မှာ ၁.၁သိန်းပါ။ အရင်က ကျောင်းသားဆန္ဒပြပွဲ ကနေ အခုတော့ ပညာရေးကိစ္စအပြင် လူနေမှုစားရိတ် မြင့်မားတာကိုပါ ဆန္ဒပြလာကြပြီး ကျောင်းသား၊ ဆရာ၊ အလုပ်သမားသမဂ္ဂတွေ၊ ဆန္ဒပြသူ ၈သိန်းဆိုပေမယ့် ဖျက်လိုဖျက်ဆီး လုပ်ကြတာက အမဲဝတ်အန်တီဖာတောကြောင်တွေရော ပါလက်စ်တိုင်းတွေခေါင်းမှာဆောင်းတဲ့ ကက်ဖ်ဖီရာဆောင်းထားတဲ့သူတွေ ဖြစ်နေပါတယ်။ လူ ၁၂၀၀ကျော် အဖမ်းခံထားရပြီး ရဲ ၆၀-၁၅၀ခန့် ဒဏ်ရာရရှိထားတာမှာ တချို့က တော်တော်လေးပြင်းထန်တယ်လို့ ဆိုပါတယ်။

ဆူပူသူတွေက သမ္မတမက်ခရွန်ဆင်းပေးဖို့ တောင်းဆိုကြတာရှိသလို တချို့က နှစ်ပေါင်း ၁၄၃နှစ် သက်တမ်းရှိ Limoges မြို့က သမိုင်းဝင်မြို့တော်ခန်းမကို ဒီနေ့ မီးတင်ရှို့လိုက်ကြပါတယ်။ ပြင်သစ်ရဲ့ သက်တမ်းအရှည်ဆုံး (နှစ်၄၀၀ကျော်) စားစရာရောင်းတဲ့ဈေးဖြစ်တဲ့ Le Marche des Enfants Rouges လည်း မီးရှို့/ဖျက်ဆီးခံလိုက်ရသလို Lyon မြို့က ခရီးသွားလာရေးရုံးနဲ့ ပဲရစ်မြို့လယ်က La Barrique Bar တို့လည်း ပါဝင်သွားပါတယ်။

ပြင်သစ်က သမိုင်းအမွေအနှစ်တွေ ဆုံးရှုံးရတာက ယဥ်ကျေးမှု မတူတဲ့အပြင် လွတ်လပ်တဲ့ အနောက်တိုင်းယဥ်ကျေးမှုနဲ့ နိုင်ငံရေးကို စပ်ဆုပ်မုန်းတီးသူတွေကို မဲလိုချင်တာနဲ့ သန်းနဲ့ချီပြီး ခေါ်သွင်းလာတာက အဓိကပါပဲ။ အန်တီဖာတို့ဘာတို့က တခုနဲ့တခု အားဖြည့်ထားကြတာပါ။ အခုလိုထိ ဖြစ်ရတာက ပြင်သစ်က ခါလီပြာလီနဲ့ ဘိုင်ကျနေလို့လို့ သုံးသပ်ကြပါတယ်။ ဆိုရှယ်လစ်လည်း လုပ်ချင်တယ်၊ ပြည်ပက ကိုယ့်ယဥ်ကျေးမှုကို မုန်းတီးစပ်ဆုပ်သူတွေကို သန်းနဲ့ချီသွင်းလာတော့လည်း အလုပ်လုပ်တဲ့ အခွန်ထမ်းပြည်သူကို ဘယ်လောက်တိုးကောက်ကောက် ဘယ်လောက်ပါ့မလဲလေ။ အဲဒီလူတွေက ဒီက ဆိုမာလီတွေလိုပဲ လာကတည်းက ဒေသခံတွေတောင်မသိတဲ့ တဆုံးနှိုက်လို့ရမယ့် လမ်းကြောင်းတွေ ဥပဒေရဲ့ ဟာကွက်တွေ လုပ်ကွက်တွေ အကုန်သိထားတော့ စနစ်ကြီးကို ဝိုင်းပြီး -င်ချကြတာပါပဲ။

အမေရိကန်မှာလည်း ဒီမိုကရက်နဲ့ မီဒီညာရဲ့ အမုန်းမှိုင်းကြောင့် ထရမ့်ထောက်ခံသူနဲ့စာရင် မွတ်အစွန်းရောက်တွေကိုပဲ မဲပေးကြဖို့ ဒီမိုကရက်တွေ တက်ကြွနေကြပါတယ်။ ကိုယ်ပိုင်ယဥ်ကျေးမှု အထင်အရှားရှိခဲ့တဲ့ အီဂျစ်တို့ အော်တိုမန်အင်ပါယာရှိခဲ့တဲ့ တူရ်ကီတို့ ပါးရှန်းတို့အားလုံးကို မွတ်ဝါးမြိုသွားတဲ့နောက်ပိုင်း ကိုယ့်စာပေ ကိုယ့်ယဥ်ကျေးမှုအစဥ်အလာတွေက နောက်ရောက်ပြီး မိန်းမတွေဟ တိရိစ္ဆာန်သာသာဘဝနဲ့ ခေါင်းမြှီးခြုံတိုင်းပြည်တွေ ဖြစ်လာကြတာ မမေ့သင့်ပါဘူး။

ဟိုတုန်းက ဒီမိုကရက်ပါတီနဲ့ ခုဒီမိုကရက်ပါတီ မတူရေးချမတူပါ။ အရင်က အိုဘမတို့ ဟေလာရီတို့တောင် နယ်စပ်လုံခြုံဖို့ တရားမဝင်ဝင်တာကို အားမပေးခဲ့တာ ဘာမှမကြာသေးပါဘူး။ ထရမ့်တက်လာပြီးမှ သူတို့ရဲ့အရှုပ်ထုတ်တွေ အကုန်ပေါ်တော့ စဥ်းစားတတ်တဲ့ပြည်သူက မဲမပေးကြတော့လို့ နယ်စပ်ဖွင့်ပြီး လူ/လိင်ကုန်ကူး မူးယစ်ဆေး ကလေးမှောင်ခိုတွေအားလုံး အတိုင်းအဆမရှိ ခွင့်ပြုခဲ့တာပါ။

ကဗကာလ ပြည်သူကိုသာ ကျောင်းတွေပိတ် အိမ်ထဲကမထွက်ရဆိုပေမယ့် နယ်စပ်က ဝင်လာသူတွေ၊ ဆန္ဒပြအန်တီဖာတွေနဲ့ သူတို့ခေါင်းဆောင်ပိုင်းတွေကျတော့ ဘာဆိုရှယ်ဒစ်စတန့်စင်းမှမရှိ ဘာတင်းကြပ်မှုမှမရှိတာ ဦးနှောက်လေးနဲ့စဥ်းစားရင် ဘာကြောင့်လဲ သိပါလိမ့်မယ်။ ရာထူးအာဏာနဲ့မှ သူဌေးဖြစ်တဲ့လူတွေဆိုတော့ ခိုးစား လိမ်စားလို့ မရကြတော့ ရာထူးအာဏာ ပြန်ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားမှာ သံသယမရှိပါဘူး။ သူတို့ရာထူးပြန်ရအောင်လည်း ကမ္ဘာ့ရွာ၊ မွတ်နဲ့ ကွန်မြူနစ်အုပ်စုတွေက ပုံအောပြီး ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။

ဒါကြောင့် ဥရောပက ဘယ်လ်ဂျီယံ၊ အီတလီ၊ ပေါ်တူဂီနဲ့ အယ်လ်ဘေးနီးယားနိုင်ငံတွေမှာလည်း ဆန္ဒပြပွဲတွေကူးစက်နေပြီဖြစ်သလို အမေရိကန်က မြို့ကြီးတွေ အတော်များများမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်နေပါပြီ။ ဆန္ဒပြတာက နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးပါ။ ဒါပေမယ့် အမေရိကန်မှာ ဆန္ဒပြစရာ အထွေအထူးအကြောင်းမရှိတော့ နိုးကင်းဆိုပြီး ပြည်သူရဲ့ ခြေ/ဥပါ အခွင့်အရေးတွေကို အကာအကွယ်ပေးဆုံး၊ ရွေးကောက်ပွဲကတိအတည်ဆုံး သမ္မတကို ဆဲပွဲကြီး ဆင်နွဲကြတာပါ။ အဓိကက မုန်းဖို့၊ ဒေါသဖြစ်ဖို့ပဲလေ။ မုန်းမှ ဒေါသဖြစ်မှ ဒေါသထွက်နေတဲ့လူအုပ်ကြီးဆိုပြီး အန်တီဖာတောကြောင်တွေနဲ့ ရောင်ပြန်ရောလွှတ်လိုက်ရင် ဆူပူအုံကြွတာတွေ လုပ်လို့ ရမှာပေါ့။ ဆူပူဖျက်ဆီးလို့ နှိမ်နှင်းရပြီဆိုရင် မျက်ရည်ခြူလို့ ပိုဒေါသထွက်အောင်လုပ်လို့ ရပြီလေ။ တခုရှိတာက အကြောင်းရှိလို့ ပြည်သူရင်ထဲမှာ အခြေတည်တဲ့ ဆန္ဒပြမှုနဲ့ သေချာအကွက်ချစီစဥ်ပြီး ဆန္ဒပြမှု မတူတာကို ရောထွေးမပစ်ဖို့ လိုပါတယ်။

အောက်တိုဘာ ၁၄ရက်နေ့ဝန်းကျင်က ယူကရိန်းတပ်တွေက starshield terminal တွေမှာ အမြန်နှုန်း တနာရီမိုင်၁၀၀ထက် ပိုလို့မရတာကို ရုတ်တရက်တွေ့ရကြောင်း၊ အဲဒီထက်ပိုလိုက်တာနဲ့ ဆက်သွယ်မှု ပြတ်တောက်သွားကြောင်း၊ အဲဒါမျိုးက ဒရုန်းတွေမှာ ပုံမှန်ဖြစ်တတ်ပေမယ့် ရုရှားရဲ့ ရှာဟက်ဒရုန်းနဲ့ အလားတူပစ်ခတ်မှုတွေကို ဖျက်ချဖို့ လမ်းကြောင်းပေးတာမျိုးကို အနှောက်အယှက်ဖြစ်စေတယ်လို့ ယူကရိန်းဘက်က သတင်းထွက်လာပါတယ်။ ဇယ်လန်းစကီးက အမေရိကန်နဲ့ SpaceX တို့က ယူကရိန်းကို Starshield ထဲ ဝင်မရအောင် တမင်သက်သက်ကန့်သတ်ထားတာကြောင့် ယူကရိန်းတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေထိခိုက်သလို ပြည်သူအသက်တွေကို အန္တရာယ် ရှိစေပါတယ်လို့ စွပ်စွဲထားပါတယ်။။ Starshield ဆိုတာက Starlink ဂြိုလ်တုအင်တာနက်ကို စစ်ဖက်သုံးအဆင့် မြှင့်ထားတာကို ပြောတာပါ။

ဇယ်လန်းစကီးရဲ့ စွပ်စွဲချက်ကို နိုင်/ဝန်မာကိုက “ဇယ်လန်းစကီးက သူဘာပြောနေတာတောင် သူ့ဖာသူ သိရဲ့လား၊ ဒါက ငါတို့နဲ့မဆိုင်ဘူး၊ ငါတို့အမိန့်ပေးတာလည်းမဟုတ်ဘူး၊ ဖြစ်သွားတယ်လို့တော့ သိလိုက်တယ်၊ ဒါပေမယ့် ပြန်ရသွားခဲ့တယ်လို့ နားလည်ထားတယ်၊ ဒါပေမယ့် StarSheid ဆိုတာ လျို့ဝှက်အမေရိကန်ကန်ထရိုက်ယူထားတာ၊ အဲဒါသူတို့ဆီမှာမရှိဘူး၊ သူတို့ဆီမှာ StarLink ပဲရှိတယ်၊ ယူကရိန်းက ရုရှားအတွင်းပိုင်းကို ထိုးနှက်ချင်လို့ တောင်းနေတာ၊ သူတို့မှာ ဒီလိုလုပ်နိုင်တဲ့အစွမ်း ခုထိ မရှိသေးဘူး၊ သူတို့ကို ဘယ်တုန်းကမှ မပေးထားတဲ့ဟာကို ဘယ်လိုလုပ်ဝင်လို့ရမှာလဲ”လို့ တုန့်ပြန်သွားပါတယ်။

သုံးသပ်သူတွေကတော့ ဇယ်လန်းစကီးက ထရမ့်နဲ့ အမေရိကန်အပေါ် အပြစ်ရှာ ဇတ်နာအောင်လုပ်ပြီး မီဒီညာတွေရဲ့မျက်ရည်ကို ချူဖို့ကြိုးစားနေတာလို့ ဆိုကြပါတယ်။ သမ္မတထရမ့်က လက်ရှိသမ္မတ ဖြစ်တော့ သူ့ကိုကူစေ့ချင်ရင် သင့်အောင်ပေါင်းဖို့လိုတာ လူ့အသက်တွေအများကြီးအပေါ် တာဝန်ရှိတဲ့ခေါင်းဆောင်တယောက်အနေနဲ့ သိရမှာပါ။ ခုတော့ ရုရှားနဲ့ ဒီဇယ်သဘောတူညီချက်ကို အကြောင်းပြပြီး သမ္မတထရမ့်က မပစ်ဖို့တားထားတဲ့ ဒီဇယ်ချက်စက်ရုံတွေကိုမှ ရွေးပစ်တာက မစ်တမ်းမှာ ဒီဇယ်ဈေးတက်ပြီး ကုန်ဈေးနှုန်းတက် လူထုဒေါသထွက်စေချင်တဲ့ ဒီမိုကရက်နဲ့ ဂလိုဘယ်လစ်တွေသဘောကျ လုပ်ပေးနေတာ ထင်ရှားသွားပါတယ်။ စစ်စပြီးနောက်ပိုင်း ဥရောပနိုင်ငံတွေ ရုရှားဆီက ရေနံ/ဓါတ်ငွေ့ဝယ်နေကြတုန်းကတော့ ဘာသံမှ ထွက်တာ မကြားမိပါဘူး။

သမ္မတထရမ့်က ယူကရိန်းမှာ ခေါင်းဆောင်သစ်လိုပြီလို့ပြောတော့ ရုရှားက ရက်၆၀သာ အပစ်ရပ်ပေး၊ ရကပလုပ်ပေးမယ်လို့ ပြောပါတယ်။ ယူကရိန်းက စစ်စကတည်းက မာရှယ်လောထုတ်ထားတာပါ၊ ရက် ၉၀ပြည့်တိုင်း လွှတ်တော်က ထပ်ထပ်ပြီး သက်တမ်းတိုးပေးနေခဲ့တာ အကြိမ် ၂၀ရှိပြီဖြစ်ပြီး လက်ရှိသက်တမ်းက ဒီလကုန်အထိ ဖြစ်ပါတယ်။ မာရှယ်လောနဲ့ အုပ်ချုပ်နေတဲ့အတွက် ခြေ/ဥပါ အခွင့်အရေးတချို့ ကန့်သတ်ခံထားရပါတယ်၊ ဥပမာ လူစုဝေးတာ၊ ရကပလုပ်တာ၊ စစ်မှုထမ်းနိုင်တဲ့ အရွယ်အမျိုးသားတွေကို ခရီးသွားလာခွင့်ကန့်သတ်တာတွေပါ။ စစ်သက်ရှည်အောင် ဆွဲဆန့်ချင် နေတာက မာရှယ်လောနဲ့ အာဏာထိုင်ခုံမှာ ဆက်နေချင်တာလားလို့ မေးခွန်းထုတ်ကြသူတွေလည်း ရှိနေပါတယ်။

ခုတော့ ရုရှားက ယူကရိန်းအနောက်ပိုင်း ပိုလန်နဲ့နယ်စပ်နားကို အကြီးစားလေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်လာတဲ့အတွက် အနည်းဆုံး လူ၈ဦးသေဆုံး၊ ဒါဇင်နဲ့ချီဒဏ်ရာရကြပြီး လူတသန်းကျော် လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုက ယူကရိန်းက ဒေသကြီး၉ခုကို တိုက်ခိုက်ဖို့ စီစဥ်ထားတဲ့ထဲက အစိတ်အပိုင်းတခုပါ။ ပိုလန်က သူ့ဖိုက်တာဂျက်တွေကို တပ်လှန့်ထားရပြီး လေကြောင်းကာစနစ်တွေကို အဆင်သင့် လုပ်ထားရပါတယ်။ အဆိုပါပစ်ခတ်မှုကြောင့် ယူကရိန်းနဲ့ ပိုလန်နယ်စပ်မှာလည်း ပိုလန်ဘက်က ကုန်ကား၉၀၀ခန့်နဲ့ ကားတွေ ယူကရိန်းဘက်ကိုဝင်ဖို့ နာရီ ၄၀ကျော် စောင့်ဆိုင်းနေရပါတယ်။

Leave a Reply