ဒီနေ့မှာ သမ္မတရဲ့ အထူးသံတမန် Steve Witkoff ဟာ ယူကရိန်းသမ္မတဇယ်လန်းစကီးနဲ့ ဥရောပခေါင်းဆောင်များကို အော်စလိုမြို့မှာ တွေ့ဆုံအပြီးမှာ ရုရှားသမ္မတပူတင်နဲ့ စိန့်ပီတာစဘတ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ပူတင်က ရုရှား-ယူကရိန်း-ယူအက်စ် သုံးပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို နိုဝင်ဘာလလယ်လောက်မှာ ပြန်စဖို့ မူအားဖြင့် သဘောတူထားပါတယ်။ အဆိုပါဆွေးနွေးပွဲကို အဘူဒါဘီမှာပြုလုပ်ဖွယ်ရာရှိပြီး ကရင်မလင်က စစ်ပြီးကာလ ရုရှား-ယူကရိန်း လုံခြုံရေးအစီအမံများအပေါ် အာရုံစိုက်ချင်တဲ့သဘော ရှိပါတယ်။ ဇယ်လန်းစကီးကတော့ ခုလက်ရှိရှေ့တန်းမှာ ရောက်နေတဲ့နေရာမှာ အဲဒီအတိုင်း ရပ်ထားချင်ပါတယ်၊ အပစ်ရပ်မယ်၊ freeze လုပ်မယ်၊ စစ်ရပ်မယ်၊ အဲဒီသဘောပါ။ နှစ်ဖက်သဘောထားကတော့ ဟ နေသေးတာ တွေ့ရပါတယ်။
ဗိုလ်ချုပ်ကြီးမိုက်ခ်ဖလင်းတင်ထားတဲ့ ဗီဒီယိုထဲမှာ ဇယ်လန်းစကီးကို Steve Witkoff နဲ့မတွေ့ခင် နော်ဝေဝကခနဲ့ ဖင်လန်သမ္မတတို့က တိုးတိုးကြိတ်ကြိတ် မှာနေတာကို ပြထားပါတယ်။ တဦးက ယူကရိန်းအနေနဲ့ ကျေးဇူးတရားကို သိတတ်ပါ၊ မမေ့ပါနဲ့လို့ ပြောပါတယ်။ ဇယ်လန်းစကီး ကန့်လန့်လုပ်ရင် သမ္မတထရမ့်က မကူတော့မှာကို စိုးရိမ်လို့ ဇတ်တိုက်နေပုံရပါတယ်။ ပူတင်ကတော့ ဇယ်လန်းစကီးနဲ့ ဥရောပခေါင်းဆောင်တွေတင်လာတဲ့ အဆိုပြုချက်ထဲမှာ သုံးရတဲ့အပိုင်း ဘာမှသိပ်မပါဘူးလို့ မှတ်ချက်ပြုသွားပါတယ်။ ၃ပွင့်ဆိုင်ဆွေးနွေးပွဲကို ပူတင်တက်ရောက်မှာမဟုတ်ဘူးလို့ ဆိုတဲ့အတွက် လုပ်ဖြစ်ရင်တောင် technical level ဆွေးနွေးပွဲပဲ ဖြစ်မှာပါ။
ထရမ့်အစိုးရက Fraud Whistleblower Incentive Program (WHIP) ကို စတင်ပြီလို့ ကြေငြာလိုက်ပါတယ်။ ပြည်သူ့ဘဏ္ဍာကို လိမ်လည်/ ခိုးယူ/ အလွဲသုံးစား ပြုနေသူများအကြောင်း အစိုးရကို သတင်းပေးတဲ့သူကို ဆုငွေ ၃သောင်းအထိ ပေးမှာဖြစ်တဲ့အပြင် အစိုးရက ငွေပြန်ရခဲ့ရင် ပြန်ရတဲ့ ပမာဏရဲ့ ၁% ကိုပါ ကော်မရှင်အဖြစ် ချီးမြှင့်မှာဖြစ်ပါတယ်။ အစိုးရက ၁ဘီလီယံ ပြန်ရရင် ဆုငွေက ၁၀သန်း ဖြစ်မှာပါ။ အဲဒီအစီအစဥ်အတွက် ကနဦးဘတ်ဂျက် ၂၅သန်း သတ်မှတ်ထားပါတယ်။ ထီထိုးတာထက် အများကြီးပိုသေချာပါတယ်။ ပထမဆုံး တသောင်းဆုရသွားသူကတော့ လူငယ် ယူကျုဘာလေး နစ်ခ်ရှာလီပဲ ဖြစ်ပါတယ်။ ဘယ်သူအရင်သတင်းပေးသလဲဆိုတဲ့ အငြင်းပွားမှုမျိုး ဖြစ်လာခဲ့ရင် သမ္မတကြီးက ဘယ်သူရသင့်သလဲဆိုတာ ဆုံးဖြတ်ပေးမှာလို့ သိရပြီး သမ္မတက သူအများကြီး ရက်ရောမှာပါလို့ ဆိုပါတယ်။
အီလွန်မတ်စ်က ရှေ့နှစ်မှာ Trump Account တွေကတဆင့် ၇၃သန်းသော အမေရိကန်ကလေး တဦးချင်းစီတိုင်းကို သူ့ရဲ့ SpaceX ရှယ်ယာတခုစီ ပေးသွားမယ်လို့ ကြေညာသွားပါတယ်။ လောလောဆယ် SpaceX ရဲ့ cloud computing နဲ့ SI infrastructure ကရတဲ့ဝင်ငွေက ဒုံးပျံနဲ့ စတားလင့်ခ်က ဝင်ငွေတွေထက် အများကြီးများနေပါပြီ။ ကလေးတွေကြီးလာတဲ့အခါကျရင် ရှယ်ယာတန်ဖိုးကလည်း အများကြီး တက်နေလောက်ပြီဖြစ်ပါတယ်။ တချိန်ကျရင် အမေရိကန်တိုင်း SpaceX ပိုင်တယ်လို့များ ရာဇဝင်တွင်ဦးမလားပါ။ အရင်းရှင်စနစ်ကို သိပ်မုန်းနေတဲ့မိဘများက မယူဘူးလို့များ ဆန္ဒပြကြဦးမလားလည်း သိချင်မိပါတယ်။
ပြီးခဲ့တဲ့အပတ်က ဘဏ္ဍာရေးဌာနက Bank of America (BAC) ကို ငွေဖြူဖွတ်မှုဆန့်ကျင်တဲ့ ဥပဒေနဲ့ ဆန်ရှင်တွေကို ချိုးဖောက်မှုအတွက် ဒဏ်ငွေ ၁.၂၁ဘီလီယံ ချမှတ်ခဲ့ပါတယ်။ အဲဒီထဲက ၁.၂ဘီလီယံက the Financial Crimes Enforcement Network (FinCEN) ဒဏ်ကြေးဖြစ်ပြီး ဘဏ္ဍာရေးဌာနရဲ့ သမိုင်းမှာ တတိယအကြီးဆုံးနဲ့ အဲဒီထဲက သန်း၇၅၀က Office of the Comptroller of the Currency (OCC) civil money ဒဏ်ငွေဖြစ်ပါတယ်။ အဲဒါလည်း OCC သမိုင်းမှာ အကြီးဆုံးပါပဲ။ နောက်ထပ် ၁၁.၂သန်းက OFAC settlement ဖြစ်ပါတယ်။
BAC ကလည်း AML program ကို လုံလုံလောက်လောက် မထိန်းသိမ်းခဲ့လို့ ဘဏ်လုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြစ်သွားခဲ့တာရယ် ၅ဘီလီယံဖိုး မသင်္ကာစရာငွေကြေးဝင်ထွက်မှုတွေ ရှိခဲ့တာရယ်ကို ဝန်ခံခဲ့ပါတယ်။ အဲဒီထဲက ၁ဘီလီယံ ကျော်က တရုပ်ငွေဖြူဖွတ်ကွန်ယက်တွေ၊ အနောက်တောင် နယ်စပ်က မူးယစ်စတာတွေနဲ့ ပတ်သက်ပြီး တရားမဝင်ငွေသွင်း/ထုတ်လုပ်နေတာတွေ စတဲ့ ထိပ်တန်းနိုင်ငံတော်လုံခြုံရေးအန္တရာယ်နဲ့ ဆက်သွယ်နေတာတွေ ဖြစ်ပါတယ်။
ဘဏ္ဍာရေးဌာနက နိုင်ငံမှာ ဒုတိယအကြီးဆုံးဘဏ်ဖြစ်တဲ့ BAC ကို သတိပေးနေတာ ဒီအစိုးရ စတက်ကတည်းကဆိုတော့ ၂နှစ်နီးပါး ရှိနေပါပြီ။ ဒါပေမယ့် BAC က ဥပဒေဘောင်ထဲက လုပ်ဖို့ထက် ဝင်ငွေနောက်ကို ပိုလိုက်ခဲ့ပြီး သတိပေးချက်ကို လစ်လျူရှုထားခဲ့တာပါ။ အခုလို အရေးယူခံရတာက ဘယ်လောက်ကြီးတဲ့ အဖွဲ့အစည်းဖြစ်ပါစေ၊ အပြစ်လုပ်ရင် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ရမယ် ဆိုတာကို ပြလိုက်တာပါပဲ။
BAC က ခုမှ ဒဏ်ချခံရတာဖြစ်ပေမယ့် အရင်ကတည်းက ရှိလာတဲ့ပြဿနာတွေက ခုအခြေအနေကို ရောက်လာစေတာပါ။ ၂၀၀၈တုန်းက (သူတို့ရဲ့ subprime loanတွေကို အင်မတန်ဆိုးရွားတယ်လို့ သူတို့ရဲ့ CEO ကိုယ်တိုင်က ထုတ်ပြောထားတဲ့) Countrywide Financial နဲ့ Merrill Lynch တို့ကို BAC က ဝယ်ယူခဲ့ပါတယ်။ အဲဒီကြွေးတွေက ဆိုးရွားလွန်းတော့ ဘဏ်ကြီးမပြိုလဲရအောင်ဆိုပြီး အစိုးရက ပြည်သူ့ဘဏ္ဍာထဲက ၄၅ ဘီလီယံသုံးပြီး the Troubled Asset Relief Program (TARP) နဲ့ bailout လုပ် ကယ်ဆယ်ခဲ့တယ်။
တကယ်တော့ အဲဒီတုန်းက subprime loan တွေကြောင့် ကြပ်တည်းသွားတဲ့ ဘဏ်တွေကို ၂၄၅ဘီလီယံ ကူခဲ့ရတာပါ။ အဲဒီလို မဆပ်နိုင်မှန်းသိလျက်နဲ့ ရေတိုအမြတ်ကိုကြည့်ပြီး ချေးခဲ့ကြလို့ ချေးတဲ့ ဘဏ်အရာရှိတွေ၊ ဘဏ်တွေ အမြတ်ကြမ်းခဲ့ကြပေမယ့် ပြန်မဆပ်နိုင်ကြတော့မှ ဘဏ်ကြီးတွေကို လက်ဝါးရိုက်ပြီး နွားမရွံ့ပိတ် ရောင်း၊ ဘဏ်ကြီးတွေက အစိုးရဆီက အခုလိုပြန်ကယ်တဲ့ ပိုက်ဆံတွေရအောင် အစိုးရကိုပေါင်း/ ခြောက်နဲ့ ဆိုတော့ ပြည်သူဘဏ္ဍာလည်းဆုံး၊ ငွေဖောင်းပွမှုဒဏ်လည်း လှိမ့်ခံရတော့တာပါပဲ။ သူတို့လောဘနဲ့ သူတို့ဖြစ်တဲ့ကိစ္စကို အရေးယူမှုမရှိပဲ ဖြစ်တိုင်းကူနေတာက ဘဏ်တွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို အားနည်းစေပါတယ်။
BAC က အိုဘမလက်ထက် ၂၀၁၀ မှာ အမြတ် ၄.၄ဘီလီယံရှိပါလျက်နဲ့ ဖက်ဒရယ်ဝင်ငွေခွန် မပေးခဲ့ရတဲ့အပြင် ၁.၉ဘီလီယံတောင် tax refund အဖြစ် ပြန်ရခဲ့ပါတယ်။ ထရမ့်က တိုင်းပြည်ဖွံ့ဖြိုးဖို့ အခြေခံကျတဲ့ လုပ်ငန်းငယ်လေးတွေကို အခွန်လျော့ပေးခဲ့တာ တပြေးညီဖြစ်ပေမယ့် ဒီမိုကရက်တွေကတော့ အစိုးရနဲ့ ပိုင်ရင်ပိုင်သလို အမြတ်ထွက်ကြပါတယ်။ မီဒီညာက ဒါမျိုးတွေ မတင်ပြတော့လည်း မသိကြပါဘူး။ လက်ရှိ BAC ဥက္ကဋ္ဌ Brian Moynihan က ၂၀၀၈ မှာ BAC ဝယ်လိုက်တဲ့ Merrill Lynch ရဲ့ CEO ကနေ ၂၀၁၀မှာ BAC ရဲ့ CEO ဖြစ်လာတာပါ။ Chase က ထရမ့်နဲ့ ထရမ့်လုပ်ငန်းတွေရဲ့ ဘဏ်အကောင့် ၅၀ကျော်ကို ၂၀၂၁အစောပိုင်းက ပိတ်ပစ်ခဲ့သလိုပဲ မွိုင်နီဟန်ကလည်း ကွန်ဆာဗေးတစ်တွေကို ဘဏ်ဝန်ဆောင်မှုပေးဖို့ ငြင်းဆိုခဲ့တယ်လို့ သမ္မတထရမ့်က ဆိုပါတယ်။
နိုင်/ဝန် မာကို ရူဘီယိုဟာ ဥဇဘက်ကစ္စတန်နိုင်ငံကို စီးပွားရေးသမား ၃၀၀လောက် ခေါ်ပြီး သွားရောက်ခဲ့ပါတယ်။ ၂၀၂၀တုန်းက အမေရိကန်က ဦးဆောင်စတင်ခဲ့တဲ့ လနဲ့ အာကာသထဲမှာ နိုင်ငံတကာရဲ့ စီးပွားရေးလှုပ်ရှားမှုတွေအပေါ် ပွင့်လင်းမြင်သာရှိဖို့၊ လုံခြုံစွာ ပူးပေါင်းဆောင်ရွက်နိုင်မယ့်မူတွေ ချမှတ်ဖို့၊ အာကာသထဲမှာ အရေးပေါ် အကူအညီလိုအပ်လာခဲ့ရင် ကူညီကြဖို့၊ အာကာသထဲ ပို့လွှတ်တဲ့ ပစ္စည်းတွေကို မှတ်ပုံတင်ထားဖို့၊ သိပ္ပံအချက်အလက်တွေကို ဝေမျှကြဖို့၊ အပိုလိုအာကာသယာဥ် ဆင်းသက်ခဲ့တဲ့နေရာလိုမျိုး အာကာသထဲက သမိုင်းဝင်နေရာတွေကို ကာကွယ်ပေးဖို့၊ အာကာသထဲက ရင်းမြစ်တွေကို the Outer Space Treaty နဲ့အညီ ဖော်ထုတ်သုံးစွဲဖို့၊ အန္တရာယ်ရှိတဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို ရှောင်ရှားနိုင်ရန် ညှိနှိုင်းဆောင်ရွက်ဖို့၊ အာကာသထဲမှာ အမှိုက်တတ်နိုင်သလောက် နည်းစေရန် ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ Artemis Accords ကို ဥဇဘက်ကစ္စတန်က ၇၇မြောက်နိုင်ငံ အဖြစ် လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။
ဥဇဘက်ကစ္စတန်ဟာ မွတ်ဆလင်အများစုနေထိုင်တဲ့တိုင်းပြည်ဖြစ်ပေမယ့် မာကိုတို့ ဇနီးမောင်နှံကို ဧည့်ခံခဲ့သူက အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်သူ သမ္မတရဲ့သမီး သမ္မတအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြီးအကဲ Saida Mirziyoyeva ဟာ အရောင်အသွေးစုံလင်တောက်ပတဲ့ ရိုးရာအဝတ်အစားကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ မာကိုက နှစ်နိုင်ငံအကျိုးစီးပွားချင်း ကိုက်ညီတယ်ဆိုရင် ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။
ပြင်သစ်သမ္မတမက်ခရွန်ဟာ ဆူပူနေစဥ်မှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွားရောက်ပြီး ဒီဇယ်ဝယ်ဖို့ ကြိုးစားနေပါတယ်။ ယူအေအီးနဲ့ ဘာရိန်းက တလကို တန်တသိန်းစီနဲ့ ဆော်ဒီက တလကို တန် ၉သောင်းခွဲ ရောင်းပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပမာဏက တိုင်းပြည်လိုအပ်ချက်ရဲ့ ၁၀% ပဲရှိတာဆိုတော့ သိပ်ကြည့်မကောင်းနေပါဘူး။ မက်ခရွန်က ပြင်သစ်ရဲ့ အရံဒီဇယ်ထဲက စည် ၁၀သန်းကို ထုတ်ပေးထားပြီးပါပြီ။ ကာတာက ဒီဇယ်အစား ပြင်သစ်ဆောင်းတွင်းမှာ မီး/အပူ ပေးဖို့ လစဥ်လိုအပ်တဲ့ 2 terawatt-hr ထုတ်ယူနိုင်မယ့် LNG/ ဓါတ်ငွေ့ကို ရောင်းပေးမှာဖြစ်ပါတယ်။