ဒီနေ့ ရှေ့နေချုပ် Todd Blanche နဲ့ FBI Director Kash Patel တို့က အသက် ၈၂နှစ်ရှိ ဗာဂျီးနီးယား ပြည်နယ်ဆီနိတ်ယာယီဥက္ကဋ္ဌ L. Louise Lucas နဲ့ မိသားစုဝင်/ ပူးပေါင်းဆောင်ရွက်သူ ၆ဦးတို့ကို အရေးယူလိုက်ကြောင်း ကြေညာသွားပါတယ်။ သူက ၁၉၉၂ကတည်းက ပြည်နယ်ရဲ့ ဒီမိုကရက်ဆီနိတ်တာဖြစ်ပြီး လွှတ်တော် Finance & Appropriations Committee ဥက္ကဋ္ဌလည်း ဖြစ်တော့ Lucas Enterprise ဆိုတဲ့နာမည်နဲ့ တရားမဝင် ဆေးခြောက် ရောင်းဝယ်သိုလှောင်မှုတွေကို စစ်လို့မရအောင် ကာပေးထားခဲ့သလို ဆေးခြောက်လိုင်စင်တွေကိုလည်း လွှတ်တော်အဖွဲ့ဝင်တွေရဲ့ အကျိုးစီးပွားရှိတဲ့ ကုမ္ပဏီတွေကိုပဲ ချပေးတာမျိုးတွေ လုပ်ခဲ့တာပါ။
၂၀၂၂တုန်းက Lucas ရေးတင်ခဲ့တဲ့ပို့်စ်မှာ “ငါက ဆေးခြောက်ကို တရားဝင်အောင် လုပ်ပေးခဲ့သလို ဆေးခြောက်ကုမ္ပဏီလည်းရှိတဲ့ ၇၈နှစ်အဖွား၊ ငါက ဗာဂျီးနီးယားကို လုံးဝထိန်းချုပ်ခွင့်ရမှုနဲ့ GOP ကြားမှာ နောက်ဆုံးခံတပ်အနေနဲ့ ရှိနေတာ” လို့ ဖော်ပြထားပါတယ်။ သူခိုးက လူဟစ်တဲ့နေရာမှာ ပြိုင်စံရှားသူတွေပါ။ သူက လူမည်းဖြစ်လို့ ဂျင်မ်ခရိုးတွေဘာတွေနဲ့ ကန်ပါသေးတယ်။
ဒီနေ့အဖမ်းခံရတဲ့ထဲမှာ နောက်တဦးက ဖလော်ရီဒါပြည်နယ် Kissimmee မြို့က မြို့ဝန် Jackie Espinosa ဖြစ်ပါတယ်။ ပြစ်မှုက grand theft အကြီးစားခိုးမှုနဲ့ organized scheme-to-defraud စနစ်တကျ လိမ်လည်လှည့်ဖြားရန်ကြံစည်မှုတို့ ဖြစ်ပါတယ်။ ကဗကာလတုန်းက Small business relief program ကနေ သူ/သူ့မိသားစုနဲ့ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို ၅သောင်းခန့် ဂရန့်တွေရအောင် ကူညီအတည်ပြုပေးခဲ့တယ်လို့ စွဲဆိုထားပါတယ်။
ဖလော်ရီဒါက ရဲအရာရှိတဦးကိုလည်း သေဆုံးသွားသူတဦးရဲ့ ID ကိုခိုးယူပြီး သူ့အိမ်ကိုရအောင် တရားမဝင် လွှဲပြောင်းရယူခဲ့မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ အဲဒီသေဆုံးသူကို welfare check လုပ်တော့မှ ပေါ်သွားခဲ့တာပါ။
ကာလီဖိုးနီးယား LAမှာ ကျန်းမာရေးကဏ္ဍက ၂ဘီလီယံဖိုး လိမ်လည်နေတဲ့ အုပ်စုကို ဖမ်းဆီးလိုက်ပါပြီ။ ၁၅ဦးဖမ်းလိုက်တဲ့ထဲမှာ ဆရာဝန် ၆ဦးပါဝင်ပြီး မလိုအပ်ပဲ အကြိမ်ကြိမ်ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တဲ့အပြင် အိမ်ယာမဲ့တွေကို လိုက်ရှာကာ rehab ကိုပို့ပေးမယ်ဆိုပြီး အစိုးရကို ပြန်လမ်းမရှိတဲ့လူနာတွေကို ထားတဲ့ hospice care အတွက်လို့ လိမ်လည်ပြီး ပိုက်ဆံတောင်းခဲ့ကြပါတယ်။ နစ်ရှာလီရဲ့ ကျေးဇူးနဲ့ LA တဝိုက်က လူမရှိပဲ မက်ဒီကိတ်ပိုက်ဆံ ထိုင်ယူနေကြတဲ့ hospice ၅၀၀ကျော်ကို ပိတ်ပစ်နိုင်ခဲ့ပါပြီ။
မင်နီဆိုးတားက ဂါဗာနာ Tim Waltz နဲ့ ဒုဂါဗာနာ Peggy Flanagan အစိုးရအဖွဲ့ဟာ “booty bumping” ဆိုတဲ့ နောက်ပေါက်ကနေ မူးယစ်ဆေးမှီဝဲတဲ့ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို ဒေါ်လာ ၈သန်းဖိုး ကန်ထရိုက် ပေးလိုက်ပါတယ်။ အဲဒီပိုက်ဆံက သန်း ၁၀၀တန် အိမ်ယာမဲ့ပပျောက်ရေးဂရန့်ရဲ့ အစိတ်အပိုင်းတခုအဖြစ် the Southside Harm Reduction Services ကို သွားတာပါ။ သူတို့ပေးတဲ့ kit ထဲမှာ အခမဲ့ချောဆီနဲ့အတူ အူထဲ မူးယစ်ဆေးစုပ်ယူမှုအားကောင်းစေရန် ဝမ်းကြိုသွားထားဖို့နဲ့ ဘယ်လိုပုံစံမျိုးနေရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေ ပါရှိပါတယ်။
Tim Waltz တို့ Flanagan တို့ဆီက ကန်ထရိုက်ရဖို့အတွက် သူတို့ဆီကနေ kit လာယူသူတိုင်းကို မဲမှတ်ပုံတင်ပေးဖို့ လိုအပ်တာဖြစ်ပြီး ဖလန်နဂန်က အဆိုပါဂရန့်ဟာ အိမ်ယာမဲ့တွေကို တည်ငြိမ်လုံခြုံတဲ့နေစရာ ရစေမယ့် အထောက်အပံ့တွေကို ရရှိအောင် လမ်းဖွင့်ပေးနိုင်မယ်လို့ ဆိုပါတယ်။ အခုလို နောက်ပေါက်က ထည့်တဲ့ဆေးချနည်းဟာ အစာလမ်းကြောင်းကို ဖြတ်စရာ မလိုတဲ့အတွက် ပိုသုံးမိပြီး ဆေးလွန်သေတာမျိုး ပိုဖြစ်နိုင်ခြေရှိပါတယ်။ Harm Reduction ဆိုတဲ့ ဆားဗစ်က harm boosting ဖြစ်နေပါပြီ။ ဖလက်နဂန်က မင်နီဆိုးတားကနေ ဆီးနိတ်ဝင်ပြိုင်မှာပါ။ အိမ်ယာမဲ့တိုက်ဖျက်ဖို့ ဘတ်ဂျက်နင်းတောင်းပြီး အခုလို မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ကုမ္ပဏီတွေနဲ့ လက်ဝါးရိုက်နေတော့ ပြည်နယ်က မွဲလာတာ မဆန်းသလို အိမ်ယာမဲ့တွေကို မဲရဖို့ အသုံးချနေတာ ထင်ရှားစေပါတယ်။
HHS က နယူးယောက်ကနေ မက်ဒီကိတ်ပိုက်ဆံယူစားနေတဲ့ social adult daycare ၁၅ခု ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ ကြိုဖြည့်ထားတဲ့ နာမည်စာရင်းကလွဲလို့ ဘာဝန်ဆောင်မှုမှ အမှန်တကယ်ပေးနေတာ မရှိကြောင်း တွေ့ရှိရပါတယ်။ လူမရှိပေမယ့် Attendance sheet တွေကတော့ နောက်ရက်တွေအတွက်ပါ ကြိုဖြည့်ထားကြပါတယ်။ HHS က ဒီအပတ်ထဲမှာ NY တလွှားက adult daycare နေ့လူကြီးထိန်းဌာနပေါင်း ၁၀၀ကျော်ကို သွားရောက်စစ်ဆေးခဲ့ပြီးပါပြီ။ အဲဒီထဲက အများစုက ဘာဆားဗစ်မှ မပေးကြပါဘူး။ ဒီလိုပရိုဂရမ်တွေကနေ လိမ်လည်နေကြတာက ပြည်နယ်ကို တနှစ် သန်း၅၀၀ကျော် ကုန်ကျစေပါတယ်။
ကာလီဖိုးနီးယားက ဖက်ဒရယ်ရှေ့နေ Bill Essayli က ပြည်နယ်မဲစာရင်းမှာ ခုထိ နိုင်ငံသားမဟုတ်သူ အနည်းဆုံး ၂သောင်း မှတ်ပုံတင်ထားကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဲဒီ ၂သောင်းလုံးက မဲပေးဖို့ စာတိုက်မဲတွေ ရထားပြီးဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရက အဲဒီလူတွေရဲ့ မဲကို ထည့်မရေဖို့ တရားရုံးအမိန့်ရရန် တရားစွဲဆိုထားပါတယ်။ အဲဒီ ၂သောင်းက အနိမ့်ဆုံးတွေ့ရှိတာဖြစ်ပြီး အများဆုံးဆိုရင် ၂သိန်းလောက်အထိ ရှိနိုင်တယ်လို့ အရင် DHS ဝက မြူလင်က ကာလီဖိုးနီးယားကို ပို့တဲ့စာကို ကိုးကားပြီး ခန့်မှန်းသွားပါတယ်။ နိုင်ငံခြားရေးဌာနက နိုင်ငံကူးလက်မှတ်တွေနဲ့ တိုက်ကြည့်နိုင်ရန် share ပေးရမလားလို့ စဥ်းစားနေကြောင်း သိရပါတယ်။ တရားနည်းလမ်း မကျတာကို ပါတီစွဲ ပုဂ္ဂိုလ်စွဲနဲ့ မျက်နှာလွှဲနေရင် မတရားတဲ့စနစ်နဲ့ပဲ တန်တဲ့လူတွေ ဖြစ်ပါလိမ့်မယ်။
နယူးဂျာစီမှာလည်း လောလောဆယ်အထိ နိုင်ငံသားမဟုတ်သူ ၆၆၀၀ကျော်ဟာ ၂၀၂၃နှစ်လယ်ကနေ ၂၀၂၄ နှစ်လယ်အတွင်း DMV software မှားယွင်းလို့ မဲစာရင်းထဲရောက်နေတာ တွေ့ရှိထားပါတယ်။ အဲဒီထဲက ၃၄၀-၄၀၀ခန့်က မဲပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်နယ်တာဝန်ရှိသူတွေက မဲစာရင်းကနေ ထောင်နဲ့ချီတဲ့သူတွေကို ထုတ်ပယ်ပြီးပြီလို့ ဆိုပေမယ့် ဘာကြောင့်မှားခဲ့တာလဲနဲ့ ခုထိ ဘာကြောင့်ရှိနေရသလဲဆိုတာက သံသယရှိစရာ ဖြစ်နေပါတယ်။
သမ္မတထရမ့်အစိုးရရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေက ပြည်သူတွေဆီက လိမ်ဖို့ကြိုးစားတဲ့ cryptocurrency နဲ့ investment scam တွေကို အချိန်မီ ဟန့်တားလိုက်နိုင်တဲ့အတွက် ၁.၆ဘီလီယံ မဆုံးရှုံးတော့ပဲ ဖြစ်သွားပါတယ်။ အဲဒီထဲမှာ အရှေ့တောင်အာရှက ကျားဖြန့်တွေထံ သန်းရာနဲ့ချီ မဆုံးရှုံးတော့တာလည်း ပါဝင်ပါတယ်။
Oracle ပူးတွဲတည်ထောင်သူ Larry Ellison ရဲ့သား Skydance ကိုတည်ထောင်သူ David Ellison က မနှစ်က Paramount Global ကို ဝယ်ယူခဲ့ပြီး Paramount Skydance အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီနှစ်မှာ Warner Brothers Discovery ကို ထပ်ဝယ်လိုက်ပြီး Skydance အောက်ကို ထည့်လိုက်ပါတယ်။ Paramount Global ကို ၈ဘီလီယံနဲ့ ဝယ်တုန်းက ဖခင် Larry Ellison က ၆ဘီလီယံနဲ့ RedBird Capital တို့က ငွေကြေးကူညီပေးခဲ့ပါတယ်။ Warner Bros.s Discovery ကို ၁၁၀.၉ဘီလီယံနဲ့ ဝယ်ယူအပြီးမှာ အီလွန်ကို ရှယ်ယာဝင်ဖို့ခေါ်တဲ့အတွက် ၁ဘီလီယံထည့်ဝင်ခဲ့ပါတယ်။ ခုဆိုရင် Skydance အောက်မှာ ထရမ့်နဲ့ အီလွန်ကို မုန်းတီးကြတဲ့ CBS, CNN တို့ပါဝင်သွားပြီ ဖြစ်တဲ့အတွက် လေသံပြောင်းမလား ကြည့်ရဦးမှာပါ။