ဘရာဇီးမှာ ဒီနေ့ပြုလုပ်တဲ့ ရကပကဟာ မမျှော်လင့်တဲ့ရလာဒ်တွေ ထွက်ခဲ့တာရဲ့ နောက်ကွယ်မှာ ထူးခြားချက်တွေ ရှိနေပါတယ်။ အဲဒါတွေကို ထည့်မတွက်ပဲ အပြီးသတ်နံပါတ်လေး ပြလိုက်ရုံနဲ့ အဖြေက ရှင်းမသွားပါဘူး။ ဒီလ ၄ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ရကပမှာ ၂၀၁၉-၂၀၂၃အထိ သမ္မတလုပ်ခဲ့တဲ့ လစ်ဘရယ်ပါတီက Jair Bolsonaro ရဲ့သား ဆီနိတ်တာ Flavio Bolsonaro က မဲ ၂.၂သန်းအသာနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီနေ့ ဒုတိယအကြိမ် မဲပေးရာမှာတော့ Flavio က ၅၉.၈သန်းရခဲ့ပြီး လက်ရှိသမ္မတ Lula က မဲ၆၄.၁သန်းအထိ မယုံနိုင်လောက်အောင် ၁၀.၂သန်း ခုန်တက်သွားခဲ့ပါတယ်။ ပထမအကြိမ်မှာ မဲလုံလုံလောက်လောက်မရလို့ အပယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေ အားလုံးပေါင်းရဲ့မဲအင်အားက ၉.၃၃သန်းပဲ ရှိတာဆိုတော့ Flavio အတွက် တိုးလာတဲ့ မဲ ၃.၇သန်းနဲ့ Lula အတွက် တိုးလာတဲ့ ၁၀.၂သန်း ပေါင်း ၁၃.၉သန်းကြားက ၄သန်းခွဲက ဘယ်ကရောက်လာသလဲဆိုတာ မေးစရာဖြစ်နေပါတယ်။ ပြည်သူတွေ ထပ်ထွက်ပေးကြတယ်လို့ လွယ်လွယ်မပြောခင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အရင်ကြည့်ရအောင်။
Flavio Bolsonaro:
1st Round: 56.1 million votes
2ns Round: 59.8 million votes
Lula:
1st Round: 53.9 million votes (+3.7M)
2nd Round: 64.1 million votes (+10.2M)
ဘရာဇီးမှာ မဲရုံတွေက ညနေ ၅နာရီမှာ ပိတ်ရပါတယ်။ ၅နာရီအထိ Flavio က နိုင်ခြေများနေတဲ့အတွက် ၅နာရီ ၁မိနစ်မှာ Superior Electoral Court က မဟုတ်တဲ့ Supreme Federal Court က လူးလာရဲ့ ခြစားမှုအကြီးကြီးမှာ သူ့ကိုကာကွယ်ပေးဖို့ သုံးခဲ့တဲ့ ကိုယ်ပိုင်ရှေ့နေဟောင်း criminal defense lawyer Cristiano Zaniin က လူးလာရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ဗုတ်တာတွေ အချိန်မီမဲပေးနိုင်ဖို့ ခက်တယ်ဆိုတဲ့ တောင်းဆိုချက်ကို လက်ခံပြီး မဲပေးချိန်ကို တနိုင်ငံလုံးမှာ ၂နာရီ တိုးပေးလိုက်ပါတယ်။ အဲဒီတရားသူကြီးကိုလည်း လူးလာကပဲ ၂၀၂၃မှာ တင်ထားခဲ့တာပါ။ Flavio ကလည်း မိုးများလွန်းလို့ ရေကြီးရေလျံတဲ့နေရာတွေကို မဲပေးချိန် တိုးပေးသင့်တယ်လို့ လျောက်ထားခဲ့ပေမယ့် မြို့၅မြို့အပါအဝင် ရေကြီးတဲ့နေရာတွေကို နာမည်တပ်ပြီး တိုးဖို့ပြောတာပါ။ တနိုင်ငံလုံးကိုပေးဖို့တော့ မပြောခဲ့ပါဘူး။
အစမှာ တနိုင်ငံလုံး တပြေးညီ ၂နာရီတိုးပေးသလိုလို ပြောခဲ့ပေမယ့်လည်း တကယ်တမ်းမှာ မပိတ်သေးတဲ့ မဲရုံတွေကိုပဲ သက်ရောက်စေမှာလို့ ထပ်ပြောပြန်တော့ သူစကြေညာတဲ့ ၅နာရီ ၁မိနစ်ကတည်းက မဲရုံအများစုက ပိတ်သွားပြီးပါပြီ။ အမှန်ဆို အကုန်လုံး ပိတ်ပြီးသင့်နေတာပါ။ ဖွင့်ကျန်ခဲ့တဲ့ မဲရုံတွေကလည်း လူးလာရဲ့ အမာခံနယ်တွေမှာဖြစ်နေတာ တိုက်ဆိုင်မှုဆိုတာထက်တော့ ပိုပါတယ်။ ပိတ်ပြီးမဲရုံတွေကလည်း ဘာလုပ်ရမှန်းမသိပေမယ့် Voting machine တွေက ရပ်လိုက်ပြီးရင် ပြန်ဖွင့်လို့ မရတော့တာကြောင့် ဘာမှမတတ်နိုင်ကြပါဘူး။ မဲစတင်ရေတွက်တာကလည်း ရပ်ထားလိုက်ရပါတယ်။
ပုံမှန်အားဖြင့် အခုလို ရကပအချိန်တိုးတဲ့ ကိစ္စမျိုးတွေကို Superior Electoral Court က ဆုံးဖြတ်ရတာပါ။ အဲဒီမှာလည်း တယောက်ထဲသဘောနဲ့ လုပ်လို့မရပါဘူး။ Electoral Court process အတိုင်း အပြည့်အဝ သွားရပါတယ်။ မိုးကြီးရေလျံဆိုတာက ရက်အနည်းငယ်ကြိုမခန့်မှန်းနိုင်ရင်တောင် အချိန်တိုးလို/မလို ဆုံးဖြတ်ဖို့ တနေကုန် အချိန်ရှိပါတယ်။ ခုကိစ္စကလည်း သမိုင်းမှာ မရှိဖူးသေးတဲ့ unprecedented အမှုပါ။
ကမ္ဘာ့က တရားရေးစနစ်တွေကို အကွက်ချဖျက်ဆီးနေတဲ့ အမွှေစိန် ဂျော့ဆိုရော့စ်ရဲ့သား လက်ရှိပွင့်လင်း လူ့အဖွဲ့အစည်းတွေကို ဦးဆောင်နေတဲ့ အဲလက်စ်ဆိုရော့်စ်က လူးလာကို ချက်ချင်းကွန်ဂရာကျူလိတ် ထလုပ်ခဲ့ပါတယ်။ သံသယဖြစ်စရာအချိန်နဲ့ လူးလာခန့်ခဲ့တဲ့တရားသူကြီးက ဘောင်ကျော်ပြီးသူ့ဖက် မဲတင်းပေးလိုက်သလို ဖြစ်နေတာကိုလည်း ဝေဖန်သူတွေက ချက်ချင်းထောက်ပြခဲ့ကြပါတယ်။ တရားရေးမှာ conflict of interest ဆိုတာ မဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ အဲဒီလိုဖြစ်နိုင်ခြေ ရှိရင်တောင်မှ သမာသမတ်ရှိတဲ့ တရားသူကြီးဆိုရင် သူများထောက်တာမစောင့်ပဲ ကိုယ့်ဖာသာကိုယ် ဝင်မပါပဲ recuse လုပ် ငြင်းကြတာပါ။
အခုရကပရလာဒ်ကို Flavio က လက်မခံပဲ ပယ်ဖျက်ဖို့လျောက်ထားမယ်လို့ ဆိုပါတယ်။ ရကပပိတ်ချိန်ပြီးမှ အချိန်တိုးတာရယ်၊ သူ့ကို အဂတိမှုကြီးမှာ ကာကွယ်ပေးခဲ့တဲ့ရှေ့နေလည်းဖြစ် သူကိုယ်တိုင် ဆူပရင်းကုတ်မှာ ခန့်ထားသူလည်းဖြစ်သူက အချိန်တိုးပေးတာရယ်က ဒီရကပရလာဒ်ကို ပယ်ဖျက်ဖို့ လုံလောက်တဲ့ အကြောင်းတွေ ဖြစ်နေတဲ့အတွက် Fernando Neisser ဆိုတဲ့ ရကပဆိုင်ရာဥပဒေ ပါမောက္ခက ဘရာဇီးအနေနဲ့ ဒီရကပကို ပလပ်လိုက်လို့ ရတယ်လို့ သုံးသပ်ပါတယ်။
ဘရာဇီးရဲ့ ရကပဟာ အမေရိကန်နဲ့ မဆိုင်ဘူးလို့ ပြောလို့မရပါဘူး။ အနောက်ကမ္ဘာခြမ်းမှာ ရှိတာလည်းဖြစ်၊ နိုင်ငံကလည်းကြီးတဲ့အပြင် တောင်အမေရိကက မူးယစ်နဲ့ လူကုန်ကူးမှုလမ်းကြောင်းတွေရဲ့ အဓိက ခြေချရာနေရာဖြစ်နေတာကြောင့် ရာဇဝတ်မှုအားပေးတဲ့ ခြစားအစိုးရမျိုးတက်မလာဖို့ အရေးကြီးနေတာ ဖြစ်ပါတယ်။ လူးလာက မဲနိုင်တယ်လည်းဆိုရော ဘရာဇီးကနေ free speech ပယ်ဖျက်ဖို့ ကြေညာထားပါပြီ။ မဟုတ်တာလုပ်တဲ့သူတွေသာ free speech ကို ကြောက်ကြတာပါ။
Flavio ရဲ့ဖခင် Jair Bolsonaro က အငြင်းပွာစရာဖြစ်ခဲ့တဲ့ ၂၀၂၂ ရကပအပြီးမှာ အာဏာသိမ်းဖို့ကြံတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင် ၂၇နှစ် ၃လ ကျနေတာဖြစ်ပြီး ၂၀၁၈က ဓါးထိုးခံရတာရယ်၊ ဒီနှစ်မတ်လက အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်ခဲ့ရတာရယ်ကြောင့် နေအိမ်အကျယ်ချုပ်ကျနေပါတယ်။ လူးလာသာ နိုင်သွားရင် ဒီတသက် အိမ်ပြင်ထွက်လာခွင့် ရတော့မှာမဟုတ်ပါဘူး။ Jair Bolsonaro သမ္မတဖြစ်ခဲ့တာကလည်း သမ္မတထရမ့်ပထမသက်တမ်းအတွင်းမှာ ဖြစ်နေပြီး ကွန်မြူနစ်လူးလာ သမ္မတဖြစ်လာတာက ဘိုင်ဒန်လက်ထက်မှာဖြစ်ပါတယ်။ ခုရကပကလည်း သမ္မတထရမ့်ရဲ့ ၂၀၂၀ရကပလိုပဲ မနိုင်မချင်း အချိန်ဆွဲရေနေတယ်လို့ သုံးသပ်သူတွေက ယှဥ်ပြကြပါတယ်။