အောက်တိုဘာ ၂၇ရက် ၂၀၂၆

တဆက်စပ်တည်းရှိတဲ့ အမေရိကန်တဝှမ်းက စစ်စခန်းကြီးတွေမှာ ပြင်ပက ဘာမှ မတင်သွင်းပဲ ရက် ၉၀အထိ ရပ်တည်နိုင်ဖို့ ပင်တဂွန်က ညွှန်ကြားထားကြောင်း သတင်းဌာနကြီးတွေကရတဲ့ ရင်းမြစ်တွေကို ကိုးကားပြီး Glenn Beck က တင်ပြသွားပါတယ်။ အဲဒီအစီအစဥ်ကို fortress/ ခံတပ် လို့ခေါ်ပြီး ရေ၊ လျှပ်စစ်၊ လောင်စာ၊ ဆက်သွယ်ရေး၊ ဆေးဝါး၊ စက်အပိုပစ္စည်း၊ လက်နက်ခဲယမ်း စတာတွေ ဖူလုံဖို့ စီစဥ်ကြရမှာဖြစ်တဲ့အတွက် နျူဓါတ်ပေါင်းဖို အသေးစား၊ ဘက္ထရီအကြီးစား၊ အများပြည်သူနဲ့ မရောနှောတဲ့ လျှပ်စစ်ဓါတ်အားဖြန့်ဝေတဲ့စနစ် စတာတွေ ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ ခုလိုစီစဥ်တာဟာ အစိုးရိမ်လွန်သလို ဖြစ်နေနိုင်ပေမယ့် Cyberattack တွေက ဓါတ်အားဖြန့်ဝေတဲ့စနစ်၊ ရေဖြန့်ဖြူးရေးစနစ် စတာတွေကို တိုက်ခိုက်လာနိုင်တာကြောင့် အခုလို လုပ်ထားတာဟာ အင်မတန်အဓိပ္ပါယ်ရှိပါတယ်။

FBI ရဲ့ ရီပို့တွေမှာ တရုပ်ဟက်ကာတွေဟာ အမေရိကန်ရဲ့ ရေနဲ့ လျှပ်စစ်ဖြန့်ဝေတဲ့စနစ်တွေမှာ ဝင်ရောက်နေရာယူထားပြီဖြစ်ကြောင်းနဲ့ သူတို့က အချိန်စောင့်နေတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီနွေမှာလည်း အနည်းဆုံးပြည်နယ် ၇ခုက ရေဖြန့်ဝေတဲ့စနစ်တွေမှာ ဆိုင်ဘာတိုက်ခိုက်မှုတွေ ရှိခဲ့လို့ FBI ကို သတင်းပို့ထားရပါတယ်။

အီရန်ကလည်း လူမပါတဲ့ ရေငုပ်သင်္ဘောငယ်လေးတွေနဲ့ လက်နက်တွေ ပို့နိုင်နေပြီဆိုတော့ သူတို့မဟာမိတ် လက်ဝဲစွန်းနိုင်ငံတွေကနေတဆင့် အမေရိကန်ကို ရောက်မလာဘူး မပြောနိုင်ပါဘူး။ ရုရှားက ပလိပ်ရောဂါကလည်း တရုပ်မှာ ဖြစ်နေကြသူတွေ ရှိနေပါပြီ။ ယူကေက ဝကခကလည်း ပြည်သူတွေကို စည်သွပ်ဗူးတွေနဲ့ ရေဗူးတွေ ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်။ အမေရိကန်မှာလည်း သမ္မတက အဲဒီလိုပြောချင်မှာပါပဲ၊ ဒါပေမယ့် ပါးစပ်ဟလိုက်တာနဲ့ ဝိုင်းဆိပ်ကြမယ့်သူတွေက များနေတော့ ပြောဖို့ ခက်မှာပါ။

ဘရာဇီးက အငြင်းပွားစရာဖြစ်နေတဲ့ ရကပမှာ နိုင်သွားတယ်လို့ဆိုတဲ့ အသက် ၈၁နှစ်ရှိ လူးလာဟာ ပြိုင်ဖက် Flavio ကို ချက်ချင်းဖမ်းဆီးဖို့ Federal Police Director Andrei Rodrigues ကို ဒေါသတကြီး အော်ဟစ်အမိန့်ပေးနေတယ်လို့ ဆိုပါတယ်။ ချက်ချင်းဖမ်းခိုင်းတာဟာ ဗင်နီဇွဲလားက ပြည်ပကနေ အတိုက်အခံတွေကို ဦးဆောင်ခဲ့သူ Maria Corina လိုလူမျိုး ဘရာဇီးမှာ ရှိလာမှာ မလိုချင်လို့ပါတဲ့။ Flavio က poll တွေမှာရော၊ prediction markets တွေမှာရော၊ ပထမအကြိမ်မှာရော၊ ဒုတိယအကြိမ် မဲရေတဲ့အစောပိုင်းမှာရော ဦးဆောင်နေခဲ့တာပါ၊

Flavio က သူ့ကို နိုင်ငံကူးလက်မှတ်သိမ်းမယ်၊ ဖမ်းမယ်ဆိုတာနဲ့ နယ်စပ်ကနေ အာဂျင်တီးနားကို တိမ်းရှောင်ခဲ့ပြီး အဲဒီကနေ မာကိုက ချက်ချင်းခွင့်ပြုပေးတဲ့ဗီဇာနဲ့ ဇနီး၊ သမီး ၂ဦးနဲ့အတူ သူ့ညီ Eduardo ရှိတဲ့ ဖလော်ရီဒါကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ သူ့ဖခင် သမ္မတဟောင်း Jair Bolsonaro ကတော့ အကျယ်ချုပ်မှာပဲ ရှိနေပါသေးတယ်။ Eduardo ကလည်း ရဲဟောင်း နိုင်ငံရေးသမားဟောင်းပါပဲ။ ဒီလ ၄ရက်နေ့က ပထမအကြိမ် ရကပအပြီး ၈ရက်နေ့မှာ လူးလာက Eduardo ကို အမှုဆင်ထောင်ချခဲ့လို့ အမေရိကန်မှာပဲ တိမ်းရှောင်နေရသူဖြစ်ပါတယ်။

Flavio ကို ဖမ်းမယ်ဆိုတာက ငွေကြေးခဝါချမှုနဲ့ အခြားစွဲချက်တွေ ပါပါတယ်။ တရားရေးကို အလွဲသုံးတဲ့ အဆိုးရတွေ ထုံးစံအတိုင်း အဲဒီအမှုတွေက အကြောင်းပြချက်တွေ သက်သက်လည်း ဖြစ်နိုင်ပါတယ်။ အဲလိုသာဖြစ်ခဲ့တယ်၊ သူ့ဖခင်ကလည်း ပြစ်မှုရှိနေတယ်ဆိုရင် ပထမအကြိမ်တုံးက ပြည်သူက မဲပေးကြပါ့မလားဆိုတာနဲ့ ဒုတိယအကြိမ်မှာလည်း ခါးပိုက်ဆောင်ထဲက တရားသူကြီးနဲ့ လက်ဝါးရိုက် အချိန်တိုးပြီး မဲခိုးစရာ လိုပါ့မလားလို့ စဥ်းစားစရာ ဖြစ်နေပါတယ်။

လက်ရှိသမ္မတလူးလာကလည်း ခေသူမဟုတ်ပါဘဲ။ ကမ်းခြေကတိုက်ခန်းကို လက်ခံတာ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေ အစိုးရကန်ထရိုက်ရချင်ရင် သူ့ရဲ့ နယ်ဘက်က အပန်းဖြေအိမ်မှာ ဇိမ်ခံအဆောင်အယောင်တွေ တပ်စေတာ စတဲ့ ငွေဖြူဖွတ်တဲ့ အဂတိလိုက်စားမှုတွေနဲ့ ၂၀၁၇-၁၈မှာ ထောင် ၁၂နှစ် ကျခံခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၂၁မှာ ဖက်ဒရယ်ဆူပရင်းမ်ကုတ်က လူးလာကို ပြစ်ဒဏ်ချခဲ့တဲ့ တရားသူကြီးဟာ စီရင်ပိုင်ခွင့်မရှိတာရော judicial bias ရှိတာရောကြောင့်ဆိုပြီး အမှုကို ပလပ်လိုက်တဲ့အတွက် လူးလာက ထောင်ထဲမှာ ရက် ၅၈၀ပဲ နေခဲ့ရပါတယ်။

၂၀၂၃မှာ သူခန့်ထားတဲ့ ရကပနဲ့မဆိုင်တဲ့ တရားသူကြီးက သူ့ရဲ့ မဲပေးချိန်တိုးဖို့ လျောက်ထားချက်ကို တဦးတည်းသဘောနဲ့ ခွင့်ပြုခဲ့တာကလည်း စီရင်ပိုင်ခွင့်ကို ကျော်နေပြီး jjudicial bias ရှိတာ ထင်ရှားနေတာပါပဲ။ မဲပေးချိန်တိုးမယ်ဆိုတာ Flavio တို့ဘက်က ကြိုပြီးသိကြတာမဟုတ်တော့ ဘယ်မဲရုံဖွင့်သေးလဲ၊ မဲပေးတာ မှန်ကန်ရဲ့လားဆိုတာမျိုး စောင့်ကြည့်နိုင်မှုမရှိတဲ့အတွက် မဲရေစက်ထဲ ရောက်သွားတဲ့မဲတွေဟာ ဘယ်သူပေးမှန်း နောက်ယောက်ခံလို့မရတဲ့အထိ ဖြစ်သွားခဲ့တယ်လို့ ဆိုကြပါတယ်။

လူးလာက အာဏာသိမ်းဖို့ကြိုးစားတယ်လို့ စွပ်စွဲခဲ့တဲ့ သမ္မတဟောင်း Jair Bolsonaro ကို ထောင် ၂၇နှစ် ၃လချခဲ့တဲ့အပေါ် ကွန်ဂရက်စ်က မဲပေးပြီး ပြစ်ဒဏ်လျော့/ပယ်ဖို့ လူးလာဗီတို မသုံးနိုင်တဲ့ ဗီတိုကျော်တဲ့ပမာဏအထိ တခဲနက်မဲပေးခဲ့ကြပါတယ်။ ဥပဒေတွေ ပြင်ဆင်လိုက်ရင် Jair ရဲ့ ပြစ်ဒဏ်က ၂၇နှစ်ကနေ အနှစ် ၂၀အထိလျော့ပြီး ၇နှစ်လောက်ပဲကျန်မှာဖြစ်လို့ပါ။ ကွန်ဂရက်စ်မှာက Bolsonaro တို့ရဲ့ လစ်ဘရယ်ပါတီက ကွန်ဆာဗေးတစ်တွေ အများစုဖြစ်ပါတယ်။

နစ်ခရှာလီရဲ့ လတ်တလော ဘရာဇီးမှာ ရိုက်ထားတဲ့ ဗီဒီယိုမှာ အဓိကရုဏ်းနှိမ်ရဲတွေ အလုံးအရင်းနဲ့ ချထားတာ တွေ့ရပြီး လူးလာထောက်ခံသူလက်ဝဲသမားတွေက အစိုးရက အစစတာဝန်ယူမယ်လို့ ထင်မြင်ထားတဲ့ ဆိုရှယ်လစ်စနစ်ကို သဘောကျကြပြီး ကျူးဘားကို အားကျကြတယ်လို့ ဖြေပါတယ်။ စီးပွားရေးချွတ်ချုံကျနေတဲ့ ကျူးဘားကို သဘောကျတယ်ဆိုကတည်းက ဦးနှောက်ဆေးခံထားရပြီဆိုတာ သိသာနေပါတယ်။

လူးလာက မဲရေအပြီးမှာ ရကပမှာ သူ့ကို မကောင်းပြောတဲ့ ဆိုရှယ်မီဒီယာတွေကို ရကပဝင်စွက်တယ်လို့ စွပ်စွဲထားပြီး ဥပဒေနဲ့ တင်းကြပ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီလို တင်းကြပ်တာဟာ ဆင်ဆာလုပ်တာမဟုတ်ပဲ digital platform တွေအနေနဲ့ ဥပဒေမဲ့မလုပ်နိုင်အောင် ဥပဒေကို enforce လုပ်တာပါလို့ ဆင်ခြေပေးသွားပါတယ်။

ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က အီရန်ပြည်သူတွေကို အခွန်ပေးခြင်းမှ ရပ်တံ့လိုက်ကြဖို့နဲ့ ဆောင်းတွင်းမှာ heating fuel ပြတ်လပ်မှုဖြစ်လာမှာဖြစ်လို့ စွမ်းအင်နဲ့ ဆောင်းတွင်းမှာ လိုအပ်တာတွေ စတင်သိုလှောင်ထားကြဖို့ တိုက်တွန်းထားပါတယ်။ အခွန်ပေးတာရပ်ခိုင်းတာက ပေးလည်း အစိုးရက ဒေါ်လာမရှိတဲ့အတွက် ဘာမှလုပ်ပေးနိုင်မှာ မဟုတ်တော့ပဲ တဖြည်းဖြည်းနဲ့ ပြည်သူကိုပေးတဲ့ ဝန်ဆောင်မှုတွေ ဖြတ်တောက်လာတော့မှာမို့လို့ပါ။

အီရန်၊ ဆော်ဒီ၊ တူရကီနဲ့ ပါကစ္စတန်ခေါင်းဆောင်တွေဟာ အီရန်က Saadabad နန်းတော်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆော်ဒီထုတ်ပြန်တဲ့သတင်းမှာတော့ မက္ကာကာကွယ်ရေးသဘောတူညီချက် လက်မှတ်ထိုးထားတဲ့ ၃နိုင်ငံက ကိုယ်စားလှယ်တွေ ဒေသတွင်းတင်းမှာမှုလျော့ပါးဖို့နဲ့ ဆွေးနွေးမှုတွေ မြှင့်တင်ဖို့ အီရန်ကို သွားရောက်လည်ပတ်ကြတာလို့ ဆိုပါတယ်။ ခုလိုတွေ့ဆုံမှုက သံတမန်ရေးအရ ကြီးမားတဲ့တိုးတက်မှုဖြစ်ပေမယ့် ဖြစ်ပွားနေတဲ့ ရန်လိုမှုတွေကို တကယ်ပဲ ဟန့်တားနိုင်မလား ဆိုတာကတော့ ဆက်လက်ဆွေးနွေးမှုတွေပေါ် မူတည်မှာဖြစ်ပါတယ်။

အီရန်က အီရတ်စစ်သွေးကြတွေဆီကို တရုပ်လုပ် လေကြောင်းကာကွယ်ရေးစနစ် ပို့ထားပြီး မကြာမီမှာပဲ အဲဒီစနစ်ထားရှိတဲ့ နေရာ ၂ခုကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးလိုက်တယ်လို့ အီရတ်အရာရှိတွေက သံသယရှိနေကြပါတယ်။ အောက်တိုဘာ ၁၇တုန်းက ဘဂ္ဂဒက်အရှေ့ပိုင်းမှာရှိတဲ့ လက်နက်တိုက်တခုမှာ ပေါက်ကွဲမှုတွေကြားခဲ့ရတယ်လို့ အီရတ်က Popular Mobilization Forces က တင်ပြပါတယ်။ အစကတော့ အတွင်းက တခုခုချွတ်ယွင်းပြီးပေါက်ကွဲတာလို့ ထင်ခဲ့ကြတာပါ။ အခုတော့ အမေရိကန်၊ အစ္စရေးနဲ့ အီရန်စစ်က အီရတ်မြေပေါ်မှာ လျှို့ဝှက် ပြန်စနေပြီလားလို့ စစ်ဆေးမှုတွေ ပြုနေကြပါပြီ။

ကာလီဖိုးနီးယားဂါဗာနာလောင်း Steve Hilton နဲ့ CAL-DoGE က မက္ကဆီကိုမှာ နေထိုင်တဲ့ မက္ကဆီကိုနိုင်ငံသားတွေဟာ ကာလီဖိုးနီးယားမှာနေထိုင်တဲ့ ခိုးဝင်တွေအဖြစ် ဟန်ဆောင်ပြီး ကာလီဖိုးနီးယန်းအခွန်ထမ်းတွေရဲ့ ပိုက်ဆံနဲ့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရယူနေကြတာ တွေ့ရှိထားပါတယ်။ အဲဒီလိမ်လည်မှုဟာ ခိုးဝင်တွေအတွက် ကုန်ကျနေတဲ့ အခွန်ထမ်းပြည်သူတွေရဲ့ ဘီလီယံ ၂၀ထဲက အစိတ်အပိုင်းတခုဖြစ်ပြီး အဲဒီလိုပေးတာကိုပဲ နျူဆမ်က ဂုဏ်ယူနေတာပါ။ အသေးစိတ်စစ်ကြည့်ရင် ကြားထဲမှာ အဆင့်ဆင့် ဝိုက်ထားကြတာတွေ ထပ်တွေ့ဦးမှာပါ။

၂၀၂၈အတွက် ဒီမိုကရက်တွေ မျှော်လင့်နေတဲ့ နျူဆမ်ကို ဒီမိုကရက်ပါတီက အရင်လို အလယ်အလတ်လမ်းစဥ်ဘက် သိပ်လိုက်ပုံမရဘူးဆိုတော့ ရှေ့ကို ဘယ်လိုသွားဖို့ရှိသလဲလို့ လက်ဝဲဟန်ဆောင်ထားတဲ့ သတင်းထောက်တဦးက မေးမြန်းရာမှာ လက်ရှိအနေအထားကတော့ အရွေ့သိပ်မရှိဘူးဆိုတာ လူတိုင်းမငြင်းနိုင်ပါဘူး။ DSA မှာက တက်ကြွမှုရှိတယ်၊ အပြောင်းအလဲကို ရဲရဲကြီး သွားရဲတယ်၊ အဲဒါကြောင့် DSA က ဒီမိုကရက်ပါတီရဲ့ ပင်မရေစီးကြောင်းဖြစ်လာမှာ သေချာပါတယ်လို့ ဖြေပါတယ်။

တလောကတင်ထားတဲ့ ဗီဒီယိုမှာ DSA co-chair ပြောထားတာ တွေ့မိကြမှာပါ။ သူတို့သာ အာဏာရရင် ခြေ/ဥတို့ ဆူပရင်းကုတ်တို့ electoral college တို့ကို အကုန်ဖျက်ပစ်မယ့် သဘောရှိပါတယ်။ အဲဒါဆိုရင် ပြည်ထောင်စုစနစ်ပျောက်၊ မဲလိမ်လို့ ပိုလွယ်လို့ ရုရှား၊ တရုပ်၊ မ/ကိုရီးယားတို့လို အာဏာရှင်တပါတီစနစ်လို ဖြစ်လာမှာပါ။ ဆိုရှယ်လစ်ဆိုတာ စိတ်ကူးယဥ်လို့ကလွဲလို့ ဘာမှမကောင်းပါဘူး။ ၁၉၆၂မတိုင်ခင် ချမ်းသာဂုဏ်ယူဖွယ်ကောင်းတဲ့ မြန်မာပြည်အဖြစ်က အိမ်ဖော်၊ အလုပ်ကြမ်းသမားတင်ပို့ပြီး သူတို့ပြန်ပို့တဲ့ပိုက်ဆံပေါ် မှီနေရတဲ့နိုင်ငံ ဖြစ်လာတာကိုသာ သင်ခန်းစာယူကြပါလို့ ပြောချင်ပါတယ်။

Leave a Reply