ဒီမိုကရက်တွေထဲမှာ အဓိကချယ်လှယ်နေတာက ဆိုရှယ်လစ်နဲ့ အစ္စလာမ္မစ်လို အစွန်း ၂ခုအပြင် အလယ်မှာ ကော်ပိုရိတ်ရပ်ဝန်းနဲ့ အစဥ်အလာဒီမိုကရက်တွေ ရှိကြပါတယ်။ အဲဒီကော်ပိုရေးရှင်းတွေက ပြည်ပက ဈေးပေါတဲ့လုပ်သား/ ပစ္စည်းတွေနဲ့ အမြတ်ကို အဓိက ထားကြတဲ့ ဂလိုဘယ်လစ်တွေဖြစ်ပြီး အဲဒီလိုလုပ်နိုင်ဖို့ အမတ်တွေကို လော်ဘီလုပ် ထားကြပါတယ်။ သူတို့က နိုင်ငံတခုချင်းစီရဲ့ အချုပ်အချာအာဏာပိုင်မှု/ လုံခြုံရေး စတာတွေကို အလေးမထားကြပါဘူး။ အဝုတ်လွန်အုပ်စုဖြစ်တဲ့ ဟောလီဝုဒ်သူဌေးတွေ၊ ပညာရေးလောကနဲ့ သုတေသီတွေကလည်း ဂလိုဘယ်လစ်တွေနဲ့ တလိုင်းထဲ ဖြစ်ပါတယ်။ လေဘာယူနီယံတွေပါ ပေါင်းလိုက်ရင် ဒီအပိုင်းက ဒီမိုကရက်တွေရဲ့ အစဥ်အလာ အင်အားအကောင်းဆုံးအပိုင်းပါ။
ဒါပေမယ့် ခုနောက်ပိုင်းမှာ ရှေ့ကအုပ်စုတွေက ပြည်သူအများစုအကျိုး တိုင်းပြည်အကျိုးထက် လော်ဘီတွေထားပြီး သူတို့အုပ်စုတွေအကျိုးပဲ စွမ်းဆောင်နေတာ သိလာကြတော့ ရောင်းအားကောင်းအောင် ပိုကျယ်လောင်တက်ကြွတဲ့ ဆိုရှယ်လစ်ရဲ့ အခမဲ့တွေရယ် အစ္စလာမ္မစ်တွေရဲ့ ဒိုင်ဗာစတီရယ်နဲ့ မဲဆွယ်လာရတဲ့အတွက် အဲဒီအုပ်စု ၂ခုက ပိုအားကောင်းလာပါတယ်။
အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုကို အလေးမထားတဲ့ဆိုရှယ်လစ်တွေက အခမဲ့ဆိုတာတွေနဲ့ မဲဆွယ်ပြီး အာဏာရဖို့ လုံးပန်းကြပါတယ်။ သူတို့က ဖန်တီးမှု၊ ထုတ်လုပ်မှု၊ ပြည်တွင်းဖူလုံမှု၊ ရေရှည်ရပ်တည်နိုင်မှု စတဲ့ အရေးကြီးကိစ္စတွေကို ထည့်မစဥ်းစားပဲ ပြည်သူအတွက် အလုပ်အကိုင်ဖန်တီးပေးတဲ့ ထုတ်လုပ်သူတွေကို ဓနရှင်တွေအဖြစ် မုန်းတီးကာ အခွန်တွေ မလိုအပ်တဲ့ စည်းမျဥ်းတွေနဲ့ ညှင်းဆဲပါတယ်။ အလုပ်အကိုင်လျော့၊ ကုန်ထုတ်လုပ်မှုကျတော့ ဘတ်ဂျက်ကို ငွေပဲလှိမ့်ရိုက်ထုတ်ကြလို့ ငွေဖောင်းပွ၊ ကုန်ဈေးနှုန်းကြီးပြီး မွဲကိန်းဆိုက်ကြပါတယ်။
အစ္စလာမ္မစ်တွေက တိုင်းပြည်ကို ဝါးမြိုဖို့ ရည်ရွယ်ပေမယ့် မဲဆွယ်စဥ်မှာတော့ အချိုဆုံးအပြုံး၊ အညင်သာဆုံးစကားလုံးတွေသုံးပြီး ဆိုရှယ်လစ်တွေရဲ့ အခမဲ့ဆိုတာတွေနဲ့ပဲ မဲဆွယ်ကြသလို သူတို့ဘာသာနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ ဝုတ်တွေကိုလည်း မဲမရခင်အထိ ချစ်ပြကြပါတယ်။
မဲရပြီးတော့မှ သူတို့ကြီးစိုးတဲ့မြို့တွေမှာ ဂေးအလံဘန်း၊ အစ်ကာလ ခြံထဲ သတ်ခွင့်ပေး၊ မြို့ထဲ သူတို့မကြိုက်တဲ့ တိရိစ္ဆာန်မဝင်ရ၊ လမ်းနာမည်တွေကို အကြမ်းဖက်/အကြမ်းဖက်အားပေးတွေကို ဂုဏ်ပြုမှည့်ခေါ်၊ တခြားလူမနေနိုင်အောင်လုပ်၊ သူတို့က မွတ်တွေဖြစ်တော့ အမေရိကန်ဥပဒေနဲ့ မဆိုင်ပဲ ဘာသာရေးလွတ်လပ်ခွင့်အရ ရှရီးယားလောပဲသုံးမယ်လို့လုပ်၊ မိန်းမတွေ ခေါင်းမြှီးခြုံ၊ အပြင်ရဲ အပြင်ဥပဒေ မလာနဲ့ ဆိုတာတွေက ဖြစ်နေနှင့်ပြီ။ သူတို့နေကြတာ အပြာအုပ်ချုပ်တဲ့ ပြည်နယ်တွေများတော့ ရှရီးယားဆိုလည်း မသိချင်ယောင်ဆောင်ပြီး ခွင့်ပြုဦးမှာပါပဲ၊ အဲဒီကျရင် ကလေးနဲ့လက်ထပ်တာ၊ FGM လုပ်တာတွေက တခြားနေရာတွေလိုပဲ ပါလာပါတော့မယ်။
အစ္စလာမ္မစ်တွေကို မဲပေးကြတဲ့ လစ်ဘရယ်တွေက ထုံးစံအတိုင်း ဖြစ်လာမယ့် အကျိုးဆက်တွေကို နားလည်လို့မဟုတ်ပဲ ရေ့စစ်မဟုတ်ကြောင်း၊ လူနည်းစုဒိုင်ဗာစတီဆိုတာကို တန်ဖိုးထားကြောင်းပြပြီး ဂရုဏာရှင်ကြီးတွေလို ကိုယ့်ကိုယ်ကိုယ် မြင်ချင်တာရယ်၊ ပါတီစွဲကြောင့်ရယ်ပါ။ မိန်းမငယ်လေးတွေရဲ့ ငရဲခန်းတွေကို မသိချင်ကြပါဘူး။ သိလည်း ဂရုမစိုက်ပါဘူး။ တချို့က အမျိုးသမီးအခွင့်အရေးကို အလေးထားလို့ မဲပေးတာလို့ ပြောပါတယ်၊ အဲဒီအခွင့်အရေးဆိုတာက ကိုယ်ဝန်ဖျက်ခွင့်ကိုပြောတာပါ။
အယ်ဆာယိက ရကပမဲရေပြီးပြီးချင်း ပရီုင်မရီမှာ သူ့အစား ဟေလီကို ထောက်ခံခဲ့တဲ့ ကွန်ဂရက်စ်က လက်ရှိဒီမိုကရက်ခေါင်းဆောင် ရှူးမားနဲ့ ဟာကင်းမ်ဂျက်ဖရေတို့ကို ခေါင်းဆောင်မှုနေရာက ဆင်းပေးဖို့နဲ့ ကာကွယ်ဆေးကို အသက်ရှူနေသူတိုင်း မထိုးမနေရလုပ်ဖို့ စတဲ့ အာဏာရှင်လုပ်ရပ်တွေ စနေပါပြီ။ သူ့ကိုယ်ပိုင်ပါတီ ထောင်မယ်လို့ ပြောထားတာရှိပြီး ခုတော့ ရှေ့ပြေးအနေနဲ့ Habibi PAC ကို ထူထောင်ထားပါပြီ။ လိပ်စာက LA ကာလီဖိုးနီးယားလိပ်စာနဲ့ပါ။ စလိုဂန်က (corporate) money out of politics ပါတဲ့။ ကော်ပိုရိတ်ငွေမယူပေမယ့် တရုပ်နဲ့ မွတ်အဖွဲ့တွေဆီက ယူရင် အောက်လမ်းကဆိုတော့ ဘယ်သူမှသိမှာမဟုတ်ပါဘူး။အဲဒီလောက် မြန်မြန်ဆန်ဆန် လှုပ်ရှားနေပုံက ဆဲလ်မှန်းသိသာစေပါတယ်။ သူ့ကို ဆေးကျောင်းမတက်ခင်ကတည်းက ဒီမိုကရက်အော်ပရေးတစ်တွေက စကားပြောကောင်းတာ သတိထားမိပြီး လေ့ကျင့်ပေးခဲ့သလိုလိုလည်း ဖတ်လိုက်ရပါတယ်။
ရှူးမားနေရာမှာ အယ်ဆာယိတို့ လက်ဝဲစွန်းတွေတင်ချင်တဲ့သူ မေရီလန်းဆီနိတ်တာ Chris Van Hollen က မနှစ်တုန်းက အယ်လ်ဆာဗေးဒိုးကိုသွားပြီး အမေရိကန်က နှင်ထုတ်လိုက်တဲ့ ဂိုဏ်းဝင် ကေလ်မာအဘရီဂိုဂါးစီးယား နေမှကောင်းရဲ့လားလို့ ပြည်သူ့စရိတ်နဲ့ သွားသတင်းမေးခဲ့သူဖြစ်ပြီး ၂၀၂၈မှာ သမ္မတရကပဝင်ပြိုင်ဖို့ သတင်းထွက်နေတာပါ။။ ဟာကင်းမ်းဂျက်ဖရေစ်ကိုလည်း စပီကာနေရာမှာ မထားဖို့ ခု ၂ရက်အတွင်း အမတ်တွေဆီ ဖုံးခေါ်မှုပေါင်းက ၅၀၀ကျော်နေပါပြီ။ လက်ဝဲစွန်းတွေက လက်ရှိခေါင်းဆောင် ၂ဦးကို ဖြုတ်ပစ်ဖို့ ဆန္ဒပြနေကြပြီဖြစ်လို့ ပါတီတွင်း အကွဲအပြဲ ဖြစ်လာမလား၊ အစွန်းလမ်းကိုပဲ အကုန်စုသွားကြမလားဆိုတဲ့ လမ်းခွကို ရောက်နေပြီ ဖြစ်ပါတယ်။
အဲဒီ အဓိက၃ဖွဲ့က လားရာမတူကြရုံတင်မကပဲ အဓိကအချက်တွေမှာ ဝိရောဓိဖြစ်နေတယ်လို့တောင် ပြောလို့ရပါတယ်။ DSA တွေက ဂေး၊ ဖင်းမနစ်တွေကို အသားပေးလွန်းပြီး မွတ်အုပ်စုက ဂေး ထရန်စ် ဖင်းမနစ်တွေကို ရှင်းပစ်ချင်သူတွေပါ။ ဒီမိုကရက်တွေရဲ့ အဓိကအလှူရှင်တွေ ဖြစ်ကြတဲ့ ကော်ပိုရိတ် စန်းထရစ်ခေါ်တဲ့ ကမ္ဘာ့ရွာ imperialist တွေက အမြတ်များဖို့ကလွဲရင် ကျန်တာ သိပ်အလေးမထား သလို ဖြစ်နေပေမယ့် DSA တွေ မွတ်အုပ်စုတွေ လွှမ်းမိုးလာတာက သူတို့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။ DSA နဲ့ imperialist တွေက မူအားဖြင့် ဆန့်ကျင်ဖက်ဖြစ်သလို မွတ်အုပ်စုကလည်း ရကပပြီးကတည်းက imperialists တွေကို ဘီလူးဆိုင်း တီးပြနေပါပြီ။
အခုလို ဆန့်ကျင်ဖက်တွေ စုစည်းထားပေမယ့် သူတို့အားလုံးကို ကော်နဲ့ကပ်သလို စုစည်းသွားစေတဲ့ အချက်က သူတို့တဖွဲ့ချင်းစီ မရပ်တည်နိုင်တာရယ် anti-Trump ဖြစ်ကြတာရယ်ပါ။ ဒီမိုကရက်တချို့က သူတို့ဆွယ်တဲ့ထဲမှာ သက်သာချောင်ချိရေးပါပေမယ့် ဘယ်ဒီမိုကရက်လက်ထက်မှာမှ အလုပ်အကိုင် ပေါများဖို့၊ ဝင်ငွေတိုးဖို့ ကုန်ဈေးနှုန်းသက်သာဖို့ လုပ်ခဲ့တာမရှိတာ အထင်အရှားပါ။ သာမန်ဒီမိုကရက် အများစုကလည်း ထရမ့်ကို မုန်းတာရယ်၊ အခမဲ့တွေလိုချင်တာရယ်၊ တချို့သောလူလည်တွေကတော့ ခိုးဖို့ခွင်ရချင်တာရယ်၊ ပိုက်ဆံယူ လူခေါ်သွင်းတဲ့ခွင်တွေ ရချင်တာရယ်၊ လူ/လိင်/မူးယစ်ကုန်ကူးတွေ ဆီကနေ ကျွန်/လိင်ကျွန်လိုချင်တာရယ်တွေက ဒိုင်ဗာစတီ၊ အဘောရှင်းရိုက်၊ ဖရီးဟက်သ်ကဲဆိုတဲ့ ခေါင်းစဥ်တွေအောက်မှာ ဖုံးထားတဲ့ အမှန်တရားတွေ ဖြစ်နေပါတယ်။
အယ်ဆာယိကတော့ ရှရီးယားလောက မွတ်စလင်မဟုတ်သူတွေနဲ့ မဆိုင်ဘူးလို့ ပြောပေမယ့် အဲဒီလို ပြောပြီဆိုကတည်းက သူတို့အသိုင်းအဝိုင်းအတွက် စလုပ်တော့မယ့်သဘောပါ။ သူတို့ဘာသာမှာ ဒီနိုင်ငံဥပဒေထက် သူတို့ဘာသာဥပဒေက ပိုအဓိကကျတဲ့အတွက် ဘာသာရေးလွတ်လပ်ခွင့်ကို ဗန်းပြပြီး သူတို့က ဥပဒေအထက်မှာ ရောက်နေသလို ဖြစ်ပါလိမ့်မယ်။ တမြို့ထဲနေကြသူချင်း ဥပဒေသပ်သပ်စီဆိုတာလည်း အဓိပ္ပါယ် မရှိတဲ့အပြင် ဘာသာမတူရင် ရန်ပြုခွင့်ရှိတာဆိုတော့ ယှဥ်တွဲနေထိုင်ဖို့ ခက်လာမှာပါ။
သူတို့တွေက အစကတည်းက အကြံနဲ့ စုနေကြတာဖြစ်လို့ မီရှီဂန်မှာ အနည်းဆုံး ၂မြို့မှာ လူများစု ဖြစ်နေတဲ့အပြင် တက္ကဆက်စ် အော်ရီဂွန် မင်နီဆိုးတား အပါအဝင် ကျန်ပြည်နယ်တွေမှာလည်း ဖြစ်နေတာတွေ ရှိနိုင်ပါတယ်။ တိုင်းပြည်လူဦးရေရဲ့ ၁%ပဲ ရှိသေးချိန်မှာတောင် ကျန် ၉၉%ရဲ့ သဘောထားကို အလေးမထားသလို ဖြစ်နေတာကြောင့် ဥရောပလို ၁၀% လောက်ဖြစ်လာပြီဆိုရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ဥရောပကနေ သင်ခန်းစာယူဖို့ လိုပါတယ်။
အယ်ဆာယိက သူ့ကိုမဲပေးဖို့ လိုက်မဲဆွယ်တဲ့ထဲမှာ အမေရိကန်ကို စေတန်အိမ်၊ ဂျူးတွေကို လက်စားချေရမယ်ဆိုတဲ့ သဘောထားရှိတဲ့ မွတ်စလင်စင်တာတွေက ပလီဆရာတွေ ပါနေတာနဲ့ သူအရွေးခံရတဲ့အပေါ် အီရန်နဲ့ မွတ်ဘရားဟုတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြတာနဲ့ဆိုတော့ ဒီနိုင်ငံရဲ့ ကျေးဇူးသစ္စာကို စောင့်သိပါ့မလားဆိုတာကို စိုးရိမ်ကြသူတွေ ရှိနေပါတယ်။ ရှရီးယားလောကို ကျင့်သုံးချင်တာဟာာ နိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆို လိုက်ပြီးကတည်းက ဘယ်လူမျိုး ဘယ်သာသာဖြစ်စေ အမေရိကန်ရဲ့ ဥပဒေကိုပဲ လိုက်နာရတော့မယ် ဆိုတာနဲ့ ကွဲလွဲနေပါတယ်။ အဲဒါကို ရေ့စစ်တို့ အစ္စလာမိုဖိုးဘီးယားတို့ ဟိတ်စပိချ်တို့နဲ့ ကာတာက အဓိပ္ပါယ်မရှိပါဘူး။
ဆိုရှယ်လစ်တွေကလည်း အလုပ်လုပ်တဲ့လူတွေ ကျန်းမာရေးအာမခံ ရနေနိုင်တဲ့ ဒီနိုင်ငံမှာ အလုပ်လုပ်စရာမလိုပဲ လူတိုင်းရမယ့် ကျန်းမာရေးစောင့်ရှောက်မှုဆိုတာနဲ့ မျှားကြပါတယ်။ ခုလို ပိုက်ဆံပေးရတဲ့ ပုဂ္ဂလိကစနစ်မှာတောင် ပေးသူနဲ့ လိုသူအင်အားမမျှလို့ ရက်ချိန်းတွေကြာ၊ အရည်အသွေးတွေ ကျလာနေတာဆိုတော့ လူတိုင်းကို ဖရီးပေးရရင် အရည်အသွေးရှိတဲ့ ကျန်းမာရေး ဝန်ဆောင်မှုကို လိုတဲ့အချိန်ရဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ထောင်ချီတဲ့ဘဲအုပ်နဲ့ ဗေဒါတပင်လိုပါပဲ။ ဗေဒါကတိုးမလာပဲ ဘဲတွေပဲတိုးလာမယ့်သဘောပါ။
အခမဲ့ကျန်းမာရေးဆိုတာ အစိုးရက စီမံရပါတယ်။ fraud တွေနိုင်းချင်း လုပ်ထားတဲ့ သူခိုးအားပေး အစိုးရမျိုးက စီမံတာဆိုရင် ကောင်းမယ်ထင်ပါသလား။ fraud တွေကို ရှင်းပစ်ပြီးမှသာ လိုအပ်နေတဲ့ ပြည်သူတွေအတွက် ထိရောက်မြန်ဆန်ကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှု ရလာမှာပါ။ အိတ်ပေါက်နဲ့ ဖားကောက်လို့ မရပါဘူး။
လက်ရှိအခမဲ့ကျန်းမာရေးနိုင်ငံတွေမှာ အခွန်အများကြီးပေးရပေမယ့် ဆေးခန်းပြဖို့ ရက်ချိန်း ၆လတနှစ် မစောင့်နိုင်တော့လို့ ပိုက်ဆံပေးပြီး အပြင်မှာသွားကုရတာတွေဖြစ်လာတော့ မိအေး ၂ခါနာကြပါတယ်။ အခမဲ့ကျန်းမာရေးရှိတဲ့ ကနေဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေခွင့် MAIDS ကလည်း စတုန်းက အကန့်အသတ်တွေ ခပ်များများကနေ ခုဆို လျော့တိလျော့လျဲဖြစ်အောင် လုပ်လာကြတာ လူနာက မသေချင်သေးပေမယ့် နားမလည်ပဲ လက်မှတ်ထိုးလိုက်မိလို့ မိသားစုက မတားနိုင်တော့တဲ့ ကိစ္စတွေ များသထက်များလာပါပြီ။ ရာဇဝတ်ကောင်တွေကို သေဒဏ်ပယ်ဖျက်ပေးနေတဲ့ နိုင်ငံတွေမှာ အပြစ်မဲ့ သူတွေကို ဆေးထိုးသတ်နေတာ ဖြစ်သင့်တယ်လို့ထင်ရင် ကိုယ့်အလှည့်သာ စောင့်လိုက်ပါတော့။
ဗီဒီယိုတခုထဲမှာ အယ်ဆာယိနဲ့ အတူရှိနေသူက လူတွေက သိပ်တုံး/စတူးပစ်တယ်၊ မက်ဒီကဲဖော်အော ဆိုလည်း ယုံကြတာပဲ၊ (ကိုယ်လိုချင်သလို ဘာသာပြန်ကြတယ်) This politics of no translation will be the way forward.” ဒီကရှေ့လျောက် အဲဒီလို ကိုယ့်ခေါင်းထဲမှာ ကိုယ်လိုချင်သလို ဘာသာပြန်စေတဲ့ ပုံစံကိုပဲသုံးသွားရင် အလုပ်ဖြစ်မယ်၊ အားရစရာပဲ” လို့ ပြောသွားတာကို အယ်ဆာယိနဲ့ ဟာဆန်တို့က ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောတူကြောင်း ပြကြပါတယ်။ မဲဆန္ဒရှင်တွေကို လေးစားမှုက စံပါပဲ။
ဒါတွေပြောနေလို့ ဒီမိုကရက်ကိုမုန်းသလား ဆိုရှယ်လစ်ကို မုန်းသလား မွတ်စလင်တွေကို မုန်းသလား ဆိုရင် မမုန်းပါဘူး။ မမုန်းလို့ပဲ ကောင်းကောင်းမွန်မွန်ရှင်းပြနေတာပါ။ ဖြစ်လာနိုင်တာတွေအပေါ် စိုးရိမ်မှုရှိလို့ ချပြဆွေးနွေးတာက ပုတ်ခတ်ဆဲဆိုတာနဲ့ မတူဘူးဆိုတာတော့ ထင်ရှားမယ်ထင်ပါတယ်။
မွတ်စလင်တိုင်းပြည်တွေဖြစ်တဲ့ ဆော်ဒီက ဂျူးဆန့်ကျင်ရေးသဘောတရားတွေကို ကျောင်းသင်ခန်းစာ တွေထဲက ပယ်ရှားပစ်နေသလို ယူအေအီးက တချို့ကျောင်း/တက္ကသိုလ်တွေမှာ ခေါင်းမခြုံဖို့ စတင်လုပ်လာနေကြပါပြီ။ အမေရိကန်မှာက အဲဒီနဲ့ပြောင်းပြန်များ ဖြစ်နေမှာပါလား။
ဒီမိုကရက်ပါတီအကြောင်း ချုပ်ရရင် အစုအဖွဲ့အားလုံးက တိုင်းပြည်အတွက် အလုပ်အကိုင်၊ အခွန်၊ ကုန်ထုတ်လုပ်မှု စသည်ဖန်တီးပေးမှာ တဖွဲ့မှ မပါပေမယ့် အဲဒီလို ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းရှင်တွေ အလုပ်လုပ်သူပြည်သူဆီက အခွန်ကောက်မယ်၊ အမြတ်တင်ရောင်းမယ်၊ သူတို့ကို လော်ဘီလုပ်ထားသူတွေဆီက မဝယ်မနေရ၊ မထိုးမနေရတွေနဲ့ ကြပ်မယ်၊ ဆိုတာတွေပဲ ဖြစ်နေတာက တိုင်းပြည်နဲ့ ကိုယ့်နောက်မျိုးဆက်တွေအတွက် ကောင်းနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ခုတောင် ဉာဏ်ကြီးရှင်တွေက ဒေတာစင်တာတွေကို ရပ်ပစ်မယ်၊ ထိန်းချုပ်မယ် လုပ်နေပါပြီ။ လုပ်လိုက်ရင် ပြည်သူနာမယ်၊ ရန်သူသာမယ်ဆိုတာကစလို့ ဆိုးကျိုးတွေ မရေမတွက်နိုင်အောင် ဖြစ်လာပါလိမ့်မယ်။