နိုဝင်ဘာ ၉ ရက် ၂၀၂၆

ဒီနေ့ ပဲရစ်မှာ ပြုလုပ်တဲ့ G-7 နိုင်/ဝန်တွေ ဆွေးနွေးပွဲမှာ မာကိုရူဘီယိုက ICC ဟာ သူ့အဖွဲ့ဝင်မဟုတ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတွေအပေါ် သူတို့မှာ စီရင်ပိုင်ခွင့်ရှိနေတယ်လို့ ထင်နေတယ်၊ အမေရိကန်က သူတို့ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တနှစ်ခွဲလောက် အချိန်ပေးပြီး သက်သက်ညှာညှာနဲ့ ကြိုးစားခဲ့ပေမယ့် သူတို့ဘက်က ဘာမှမပြောင်းလဲလာခဲ့ဘူး၊ ဒါကြောင့် တနည်းပြောင်းပြီး ကြိုးစားရလိမ့်မယ်၊ မပြုပြင် မပြောင်းလဲခဲ့ရင်တော့ အမေရိကန်က ICC ကို အကြီးအကျယ် ထိခိုက်အောင် လုပ်နိုင်တယ်လို့ သတိပေးသွားပါတယ်။ ICC မှာ အဖွဲ့ဝင် ၁၂၅နိုင်ငံရှိပြီး အမေရိကန်၊ ရုရှား၊ တရုပ်၊​ အိန္ဒိယတို့လို နိုင်ငံကြီးတွေရော မြန်မာပြည်ရောက အဖွဲ့ဝင်တွေ မဟုတ်ကြပါဘူး။

ဒီနေ့လူစိတ်ဝင်အစားဆုံးသတင်းကတော့ Nvidia ရဲ့ CEO ဂျန်ဆန်ဟွမ်း တရုပ်စပိုင်မလေးအဲလစ်ဟွမ်နဲ့ နှစ်ရှည်လများ ငြိနေခဲ့တာပေါ်သွားလို့ မိသားစုနဲ့ ကုမ္ပဏီကို တောင်းပန်လိုက်ရတဲ့သတင်းပါ။ အဲလစ်က တရုပ်သူလျိုဖြစ်နိုင်တယ်ဆိုတာ ထလရအသိုင်းအဝိုင်းကနေတဆင့် နိုင်ငံခြားရေးဌာနက သိထားတာ အနည်းဆုံး ၁နှစ်ကျော်ပါပြီ။ ဂျန်ဆန်ကတော့ သိပုံမရဘူးလို့ ဆိုပါတယ်။ အဆင့်မြင့်ချစ်ပြားတွေကို နိုင်ငံခြားပို့တာမှာ ကန့်သတ်ချက်တွေ ရှိပြီးဖြစ်တာရော၊ တရုပ်ကို မပို့ဖို့ ကန့်သတ်ထားတာတွေကို တိုင်ဝမ်/စင်္ကာပူတို့ကတဆင့် ခိုးသွင်းနေတာရောက ရှိနေပြီးသားပါ။ ကုမ္ပဏီတာဝန်ရှိသူတွေက ကုမ္ပဏီတွင်းစစ်ဆေးမှုတွေ အမြန်ဆုံးပြုလုပ်သွားမယ်လို့ ကြေညာပါတယ်။ လူကို မေတ္တာရှိလို့ မဟုတ်ပဲ အလုပ်တာဝန်အရ အသုံးချခံလိုက်ရတာက ပိုများနာစရာဖြစ်နေမလားပါ။

အသစ်ခန့်လိုက်တဲ့ အိမ်ဖြူတော်ဝန်ထမ်းချုပ် စတီဖင်မေလာရဲ့ဇနီး ကေတီမေလာဟာ သူအလုပ် လုပ်နေတဲ့ SpaceX က ထွက်လိုက်ပြီဖြစ်သလို သူ့ရဲ့ SpaceX ရှယ်ယာတွေကိုပါ ရောင်းလိုက်ပြီဖြစ်ပြီး Paramount မှာ podcast လုပ်နေတာကိုပါ ရပ်ပစ်လိုက်တဲ့အတွက် သူ့အမျိုးသားက အစိုးရရဲ့ AI, space, Paramount နဲ့ ပတ်သက်တဲ့ကိစ္စတွေကို လက်ရှောင်နေစရာမလိုတော့ပါဘူး။ သမ္မတထရမ့်ရဲ့ အခြားအစိုးရအဖွဲ့ဝင်တွေဟာလည်း ပုဂ္ဂလိကကဏ္ဍက လာသူတွေများတော့ အခုလိုပဲ စွန့်လွှတ်မှုတွေ အများကြီး ပြုခဲ့ကြရတာပါ။

စတီဖင်က အသက် ၂၀ Duke Uni မှာ တတိယနှစ်တက်နေစဥ် ၂၀၀၆ ခုနှစ်တုန်းကလည်း သူ့ကျောင်းက သူနဲ့မသိတဲ့ Lacrosse ကစားတဲ့ ကျောင်းသား ၃ဦး team party သွားရင်း မုဒိမ်းမှုစွပ်စွဲခံရတဲ့အချိန်မှာ DA ရဲ့ဖိအားနဲ့ ကျောင်းက တသင်းလုံးကို တနှစ်ကစားခွင့်ပိတ်ပြီး coach ကို အလုပ်ထွက်ဖို့ ဖိအားပေး ခဲ့ပါတယ်။ စတီဖင်ကတော့ ကျောင်းသားသတင်းစာကနေရော တီဗီကနေပါ အမေရိကန်ဥပဒေအရ ပြစ်မှုထင်ရှားကြောင်း စီရင်မခံရမချင်း သူတို့က အပြစ်မရှိဘူးလို့ တဦးတည်းဒိုင်ခံပြီး အကြိမ်ကြိမ် ရှင်းပြခဲ့ပါတယ်။ နောက်တော့ ဒီ၃ယောက်ရဲ့ DNA နဲ့ မကိုက်ညီတော့မှ စွပ်စွဲသူက လိမ်ငြာစွပ်စွဲခဲ့ကြောင်း ဝန်ခံသွားလို့ အမှုပိတ်လိုက်ရတာပါ။ အဲဒီတုန်းကတည်းက သူက တနေ့ကျရင် အိမ်ဖြူမှာလုပ်ချင်တယ်၊ ဘယ်သမ္မတနဲ့လည်းဆိုတော့ ဒေါ်နယ်ထရမ့်လိုလူမျိုးလို့ ဖြေခဲ့ကြောင်း ပါမောက္ခတဦးက ဆိုပါတယ်။

အရင်ဝန်ထမ်းချုပ် ဆူဇီဝိုင်းလ်စ်ဟာ အရင်က Ballard Partners မှာ မှတ်ပုံတင်လော်ဘီလုပ်သူနဲ့ နောက်ပိုင်းမှာ Mercury Public Affairs ဆိုတဲ့ လော်ဘီကုမ္ပဏီမှာ တွဲဖက်ဥက္ကဋ္ဌ လုပ်ခဲ့သူဖြစ်ပြီး ကိုယ်ပိုင် အတိုင်ပင်ခံကုမ္ပဏီတွေဖြစ်တဲ့ Right Coast Strategies နဲ့ Wiles Consulting တို့ကနေ သန်းချီတဲ့ ဝင်ငွေ ရှိခဲ့ပါတယ်။ ဆူဇီက ကွန်ဂရက်စ်၊ အိမ်ဖြူနဲ့ ဖက်ဒရယ်အေဂျင်စီတွေကို ဥပဒေ၊ ပေါ်လစီနဲ့ စီးပွားရေးကိစ္စတွေအတွက် လော်ဘီလုပ်ခဲ့သူပါ။ သူ့ဖောက်သည် အကြီးဆုံးတွေထဲမှာ ဆေးရွက်ကြီးကုမ္ပဏီ၊ စိုက်ပျိုးရေး စတာတွေ ပါဝင်နေခဲ့တဲ့အတွက် JFK Jr. ရဲ့ MAHA လုပ်ငန်းစဥ်တွေနဲ့ အကျိုးစီးပွားချင်း ဆန့်ကျင်နေခဲ့ပါတယ်။ MAHA က ကလေးတွေမှာ ကင်ဆာဖြစ်နှုန်းမြင့်တာဟာ အဓိက ပတ်ဝန်းကျင်အဆိပ် (ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး)တွေ၊ အလွန်အကျွံပြုပြင်ထားတဲ့ အစားအစာတွေနဲ့ နေရောင်ခြည်မထိတာတွေကြောင့်ဖြစ်လို့ အဲဒါတွေကို တားမြစ်/ ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာပါ။

ဒါပေမယ့် အိမ်ဖြူမှာ သမ္မတကြီး မသိလိုက်ပဲ ဆူဇီနဲ့ အပေါင်းပါ လော်ဘီတွေက သူတို့ရဲ့ special interest group တွေ ဖြစ်တဲ့ vaping လုပ်ငန်းတွေ၊ ပိုးသတ်/ ပေါင်းသတ်ဆေးကုမ္ပဏီတွေ၊ ultra-processed food ထုတ်လုပ်သူတွေ၊ ဆေးကုမ္ပဏီကြီးတွေကို ထိခိုက်မယ့် ကိစ္စတွေကို ရှောင်ရှားခဲ့ကြတဲ့အကြောင်းကို အိမ်ဖြူက ထွက်လာခဲ့သူ HHS အကြီးတန်းအကြံပေး Calley Means က ပြန်ပြောပြတာဖြစ်ပါတယ်။

ဆူဇီနဲ့ အပေါင်းပါတွေဖြစ်တဲ့ ရစ်ချတ်ဝေါလ်တားစ်၊ တိုနီဖဘရီဇီယို၊ ဝေါ်လ်ကာ ဘာရက်နဲ့ ဂျိမ်းစ် ဘလဲတို့အုပ်စုက အိမ်ဖြူမှာ ဂိတ်ကီပါတွေအနေနဲ့ ဝကဌာနတွေက ပေါ်လစီတွေကို သူတို့ဆီ အရင်တင်ပြရပြီး ပြည်သူလိုလားပေမယ့် သူတို့ဖောက်သည်တွေအကျိုးစီးပွား ထိခိုက်မယ့် ကိစ္စဆိုရင် မစ်တမ်းအတွက် ငွေလိုလို့ သူတို့ကြိုက်တာပဲ ခွင့်ပြုပေးရမယ့်သဘောမျိုး ပြောခဲ့တယ်လို့ ဆိုပါတယ်။ Means က ထွက်ပြီး အပြင်ရောက်လို့ Face the Nation မှာ ဖွင့်ချတော့မှ သမ္မတက သူတို့တတွေ ပိုက်ဆံယူပြီး လော်ဘီလုပ်ပေးနေတာ၊ ပြည်သူလိုလားတဲ့ ပေါ်လစီတွေကို ဘေးဖယ်ထားတာ သိသွားပြီး ဆူဇီကို ကြိမ်းမောင်းကာ အလုပ်က ချက်ချင်း ထုတ်ပစ်ခဲ့တာပါ။ ဆူဇီက ၂၀၂၄ ရကပ တုန်းက ထရမ့်ကမ်ပိန်းမှာ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့လို့ သမ္မတက ယုံကြည်ခဲ့တာဖြစ်ပါတယ်။

မစ်တမ်းမဲရလာဒ်တွေ ထွက်ပေါ်လာပြီး အိမ်ဖြူမှာဖြစ်ခဲ့တဲ့ နောက်ထပ်လှုပ်ခတ်မှုတခုက ဒုသမ္မတ ဗန့်စ်အကြောင်းပဲ ဖြစ်ပါတယ်။ ဗန့်စ်က ခုလိုအရေးနိမ့်ရတာဟာ အီရန်စစ်ကြောင့်ပါဆိုတာကို စာလုံး ၆၀၀ကျော်ပါတဲ့ ပို့စ်နဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ သူက အစကတည်းက အစ္စရေးကို မကြိုက်သလို၊ အီရန်စစ်အကြောင်း လက်ရှောင်သလိုနေခဲ့တဲ့အတွက် အီရန်က သူ့ကို ဆွေးနွေးပွဲ တက်ဖို့ တောင်းဆိုခဲ့တဲ့အထိပါပဲ။ ဗန့်စ်ရဲ့ X ပို့စ်ကို အီရန်ကိစ္စမှာ ထရမ့်နဲ့ ခပ်ခွာခွာနေချင်တဲ့သဘောလို့ အများက မြင်ကြပေမယ့် ထရမ့်နဲ့ ထရမ့်ဂျူနီယာတို့က အပြုသဘောလို့ပဲ မြင်တယ်လို့ ဆိုကြပါတယ်။

အရင်ရေးခဲ့တဲ့အတိုင်း ရကပမှာ ရီပါဘလစ်ကန်တွေ အရင်အကြိမ်ကထက် ပိုရခဲ့တာပါ။ ပြီးခဲ့တဲ့ ၂နှစ်အတွင်း နိုင်ငံသားဟုတ်/မဟုတ် စီစစ်ခြင်းမရှိတဲ့ မဲမှတ်ပုံတင်သူ တက္ကဆက်စ်မှာ ၃သန်းနဲ့ ကာလီဖိုးနီးယားမှာ ၄သန်းကျော် တိုးလာတာတွေကို မစီစစ်ပဲနဲ့ ရတဲ့မဲရလာဒ်ကနေ ဘာကိုမှ မှန်မှန်ကန်ကန် ဘာသာပြန်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ သူတို့ပေးတဲ့ ဆင်ခြေက နိုင်ငံသားဖြစ်ကြောင်း ဘယ်လိုနည်းနဲ့မှ စီစစ်လို့ မဖြစ်နိုင်တဲ့အတွက် မဲမှတ်ပုံတင်သူရဲ့ ရွေးချယ်မှုကိုပဲ အတည်ယူရတာပါတဲ့။ အဲဒီလောက်တောင် အဖြစ်မရှိ၊ ကျင့်ဝတ်မသိတဲ့သူတွေကို ခေါင်းဆောင်တင်သင့်ပါရဲ့လား။

နယူးယောက်မှာ ၂၀၂၅တုန်းက မန်ဒါနီရခဲ့တဲ့မဲထဲက ၂၃% က ID ဘယ်လိုမှ စစ်မရတဲ့သူတွေ ဖြစ်နေတယ်လို့ Real America Vote က Marly Hornik က ဆိုပါတယ်။ အဲဒီထဲက 7%က အပြင်မှာ တကယ်မရှိတဲ့သူတွေ၊ 6% က SSN နံပါတ်အမှားတွေ၊ ၁၀%က နယူးယောက်မှာ နေထိုင်သူမဟုတ်တာ ဖြစ်ပြီး မန်ဒါနီရတဲ့မဲအသာက ၂၃% ထက်အများကြီးနည်းတဲ့အတွက် the Board of Election က ဘယ်သူနိုင်မှန်း မဆုံးဖြတ်နိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။ မဲခိုးတာသိပေမယ့် သက်သေပြဖို့ အချိန်အများကြီးလိုတာက မဲခိုးသူတွေကို ထပ်ခါထပ်ခါ ကျူးလွန်နေစေတာပါပဲ။

ပြင်သစ်နိုင်ငံတဝှမ်း ကုန်စုံဆိုင် ၇၀၀ကျော်က ရေခဲသေတ္တာတွေ ဆိုင်ဘာတိုက်ခိုက်မှုခံရတာနဲ့ ပတ်သက်ပြီး ပြင်သစ်ထလရက IRGC’s Electronic and Cyber Center က ဆိုင်ဘာတိုက်ခိုက်ရေး ယူနစ် Shahid Kaveh ကို ခြေရာခံမိထားပါတယ်။ တိုက်ခိုက်သူတွေဟာ ဆူပါမားကက်တွေက အအေးခန်း/ရေခဲသေတ္တာတွေကို 50C or 122F အထိ အပူချိန်မြှင့်လိုက်ကြတဲ့အတွက် အသား/ အစားအစာတွေ ပျက်စီးကုန်ပြီး ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်လာပါတယ်။

သွေးလှူဘဏ် ၃ခုပါ တိုက်ခိုက်ခံခဲ့ရပေမယ့် သိတာမြန်လို့ ပျက်စီးမှု မရှိခဲ့ပါဘူး။ တခြားဥရောပ နိုင်ငံတွေမှာ ဒီလဆန်းပိုင်းက အနည်းဆုံးဆူပါမားကက် ၁၁၅ခု အလားတူတိုက်ခိုက်ခံခဲ့ရပါတယ်။ ပြင်သစ်က OEF မှာ ကျန်ဥရောပမဟာမိတ် တွေလိုပဲ အမေရိကန်ကိုပစ်ပြီး ဘေးထွက်ထိုင်နေခဲ့တာပါ။ ခုတော့ အဲဒီလိုကြောက်ပြတာဟာလည်း အဖြေမဟုတ်ဘူးဆိုတာ သိလောက်ပါပြီ။

UFC က ဒိန်နာဝှိုက်ကို အိမ်ဖြူတော်ပြန်/ဝန်ခန့်ဖို့ ပြောခဲ့တာနဲ့ပတ်သက်ပြီး သမ္မတထရမ့်က သူ့အဲဒီနေ့က bad press day ဖြစ်နေလို့ ဒိန်နာကိုခန့်မယ်ဆိုပြီး စနောက်လိုက်တာလို့ ဆိုပါတယ်။ ဒိန်နာကို မီဒီယာတွေက ဆက်သွယ်မေးမြန်းကြပေမယ့် သမ္မတနဲ့မတွေ့ရသေးခင် ဘာမှမပြောနိုင်ဘူး လို့ပဲ ပြန်ဖြေခဲ့ပါတယ်။ တကယ်တော့ ဒီညမှာ ဒိန်နာနဲ့ သမ္မတထရမ့်တို့က ဒီစီမှာလုပ်မယ့် Freedom 250 ပွဲအတွက် trading card တွေ လက်မှတ်ထိုးကြဖို့ ရှိနေတာပါ။

Leave a Reply