ဒီမိုကရက်တို့၏မာယာ

ပြီးခဲ့တဲ့ ရကပမှာ လက်ဝဲစွန်းကွန်မီတွေ တက်နိုင်ဖို့အတွက် affordability message ကို ဘယ်လိုဖန်တီးမှိုင်းတိုက်ခဲ့သလဲဆိုတာကို CNN က Van Jones က ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြ သွားပါတယ်။ အဲဒါက ရကပမှာ နိုင်သွားတယ်ဆိုတဲ့ ဒီမိုကရက်တွေရဲ့ အစွမ်းကြောင့်မဟုတ်ပဲ the American Accountability Network ဆိုတဲ့ digital အသားပေး နိုင်ငံရေးနဲ့ အောက်ခြေစည်းရုံးရေး ကွန်ယက်က သောင်းချီပါဝင်တဲ့လူတွေနဲ့ တနေ့တနေ့ instagram မှာ လူ ၃၂ သန်းခွဲ၊ X မှာ ၈၈သန်းခွဲနဲ့ ဖဘပေါ်က ၁၈၅သန်း ကို affordability message ပေးနေခဲ့တာလို့ ဖွင့်ချ(ကြွား)သွားပါတယ်။

အဲဒီ နေ့စား/ useful idiot တွေက ကျမတို့လို အကောင့်တွေမှာ အုပ်လိုက်လာလာဖြဲကြတဲ့ ကွန်မီတွေပါပဲ။ အလိမ်အညာတွေဖြန့်ဖြူးတာကို accountability လို့ပေးထားတာကလည်း သူတို့ဖော်မြူလာတခုပါ။ အဲဒီမက်ဆေ့ချ်က သိပ်အောင်မြင်တယ်ဆိုရင် မဲလိမ်/ခိုးဖို့ လိုပါ့မလား။ အဆိုပါအဖွဲ့က လိင်ဆိုတာ ပြောင်းချင်သလိုပြောင်းလို့ရတယ်၊ ဗိုက်ထဲကကလေးက လူမဟုတ်ဘူး၊ နိုင်ငံတွေမှာ နယ်စပ်တွေမရှိသင့်ဘူး၊ လူတိုင်းအလုပ်လုပ်စရာမလိုပေမယ့် ဘာဖြစ်ဖြစ် ဖရီးရရမယ် ဆိုတဲ့ ခေတ်လွန်ဘောင်လွန် ယုတ္တိမရှိတဲ့ ပရိုဂရက်ဆစ်ခေါ်တဲ့ လှိမ့်လုံးတွေကို လူတွေဆီ နည်းမျိုးစုံနဲ့ လှည့်ဖြား ဂျင်းထည့်ကြတဲ့အုပ်စုဖြစ်ပါတယ်။

လိမ်တာက သူတို့တွေရော သူတို့ခေါင်းဆောင်ကြီးတွေရောပါပဲ။ အယ်ဆာယိဆိုလည်း money out of politics လို့ ကြွေးကြော်လာတာကနေ ရကပပြီးတာနဲ့ ကိုယ်ပိုင် Habibi PAC ထဖွဲ့ပြီး ကိုယ်ပိုင်ပါတီ အတွက် ပိုက်ဆံရှာဖို့လုပ်ပါတယ်။ ဘစ်ဖာမာကိုလည်း ကြာပွတ်စာမိမယ်လို့ လေကြီးခဲ့ပေမယ့် ရကပ ပြီးတော့ သူ့ transition အတွက် ဘစ်ဖာမာလော်ဘီအကြီးစားတယောက်ဖြစ်တဲ့ Brenda Abdelall ကို ရှေ့နေလုပ်ဖို့ ရွေးချယ်ထားပါတယ်။ အဲဒီအမျိုးသမီးကလည်း ဂျူးမုန်းသူဖြစ်နေတာပါ။

ဆိုရှယ်လစ်ဘာနေဆန်းဒါးစ်တို့အဖွဲ့ရဲ့ လိမ်ပုံက တမျိုးပါ။ Medicare for all လို့ဆိုပေမယ့် သူပြောတဲ့ မက်ဒီကဲဆိုတာက လက်ရှိရှိနေတဲ့ မက်ဒီကဲနဲ့ ဘာမှမဆိုင်ပါဘူးလို့ လက်ဝဲယိမ်း ကျန်းမာရေး ပေါ်လစီ analyst ဖြစ်တဲ့ Urban Institute က  Howard Gleckman က ဆိုပါတယ်။ မနှစ်ဧပြီတုန်းက ဆန်းဒါးစ် တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းအရ သက်ကြီး သန်း၆၀ကို ဆေးရုံတွင်းနဲ့ ဆေးရုံပြင်ပ စောင့်ရှောက်မှု ပေးနေတဲ့ Medicare Trust Fund တခုလုံးကို တပြားမကျန် အကုန်ထုတ်ပြီး သူအဆိုပြုထားတဲ့ အစိုးရစီမံမယ့် ပရိုဂရမ်ကို ပံ့ပိုးပေးမှာဖြစ်ပြီး အဲဒါကိုလည်း ထင်ယောင်ထင်မှားဖြစ်အောင် Medicare လို့ နာမည်ပေးထားတာကြောင့် အဲဒီလို လို့ မခေါ်သင့်ကြောင်း ဂလက်မန်က ပြောခဲ့တာပါ။

လက်ရှိ တကယ့်မက်ဒီကဲတောင် အခိုးအလိမ်တွေများနေလို့ ရန်ပုံငွေက မလောက်ငချင် ဖြစ်နေရတဲ့ထဲ အဲဒီပိုက်ဆံကို တပြည်လုံးက လက်ရှိထက် ၅ဆကျော်များတဲ့လူတွေကို ပေးရမယ်ဆိုရင် ဖြစ်နိုင်လား စဥ်းစားကြည့်ပါ။ ၂၀၁၀ အိုဘမကဲလုပ်တုန်းကလည်း မက်ဒီကဲဖန်ထဲကနေ ဘီလီယံရာချီ သိမ်းသွား ပါသေးတယ်၊ ဆယ်နှစ်ကျော်ကြာပြီး အိုဘမကဲကို ကျားကန်ဖို့ နောက်ထပ်တခါ မက်ဒီကဲဖန်တွေကို ဓါးပြတိုက်ပြန်ပါတယ်။ ဒီမိုကရက်ပေါ်လစီတွေထဲမှာ တခုလေးကမှ ကုန်ထုတ်လုပ်မှုတိုးတက်ဖို့ အလုပ်အကိုင် ပေါများဖို့ မပါတော့ ဘာဝင်ငွေအသစ်မှ ဖြစ်လာမှာမဟုတ်ပဲ ဘတ်ငွေနဲ့ပဲ လည်ပတ်ရမယ်ဆိုတာ အစွဲမပါပဲကြည့်ရင် မြင်ပါလိမ့်မယ်။

သူတို့ဆွယ်တဲ့ Medicare for All ကိုမက်လို့ မဲထဲ့ကြသူများ လက်ရှိမက်ဒီကဲကို ဖျက်သိမ်းပြီး အဲဒီပိုက်ဆံတွေကို သိမ်းပစ်မှာဆိုရင် သဘောတူမှာပါလား။ မိဘမသေခင် မိဘအမွေလိုချင်လို့ ၂ပေါက် ၁ပေါက်ရိုက်တဲ့အချိုးမျိုးပါ။ လက်ရှိက လက်မဲ့ဖြစ်ပြီး ကိုယ်ကဘာမှ မရလိုက်ပဲ သူတို့တွေပဲ ပိုချမ်းသာသွားမှာကို မမေ့ပါနဲ့။ ဆိုရှယ်လစ်ဇင်လို့ ဖင်ကုန်းအော်နေတဲ့ နိုင်ငံရေးလုပ်ပြီး ချမ်းသာလာသူ သန်းကြွယ်သူဌေးတွေကို ယုံသင့်လားဆိုတာ ဆိုရှယ်လစ်စနစ်ကို ဖြတ်သန်းခဲ့ဖူးတဲ့ လူကြီးတွေက ပိုသိသင့်ပါတယ်နော်။

ခုရေးခဲ့တဲ့ အလိမ်အညာတွေနဲ့ ရကပနိုင်လာတယ်ဆိုတဲ့ သူတွေကို ရောက်တောင်မရောက်သေးခင်မှာပဲ ဒီမိုကရက် ပါတီတွင်း မာဖီးယားတွေလို အာဏာပြတာတွေ စဖြစ်နေပါပြီ။ အိုဟိုင်းအို မဲခရိုင်နံပါတ် ၁၅က ဒွန်လီယိုနာ့ဒ်ဆိုသူကို ပါတီစီနီယာတွေက ဟာကင်းဂျက်ဖရေစ်ကို စပီကာအဖြစ် အကြွင်းမဲ့ ထောက်ခံမှု မပြုခဲ့ရင် ရှေ့ ၂နှစ်မှာ ရှင်လျက်နဲ့ ငရဲကျနေသလိုဖြစ်အောင် လုပ်ပစ်ပြီး နောက်တခါရကပ ကျရင် ရှုံးအောင် လုပ်ပစ်မယ်လို့ သတိပေး(ခြိမ်းခြောက်)ခဲ့ကြောင်း၊ အသင်းတသင်းလို့ မှတ်ယူပြီး အသင်းနဲ့အတူ ကစားတတ်သူဖြစ်လာဖို့ မျှော်လင့်တယ်လို့ ဆိုကြောင်း ပြန်ပြောပြသွားပါတယ်။

အဲဒီလူက ပါမောက္ခတဦးဖြစ်ပြီး အီရန်စစ်မှာ အစ္စရေးကိုမကူဖို့နဲ့ Citizens United ကို ပြန်အသက်သွင်းဖို့ ဟာကင်းဂျက်ဖရေစ်ကို တိုက်တွန်းချင်သူဖြစ်ပါတယ်။  ခုတော့ ဟာကင်း ဘာလုပ်လုပ် ထောက်ခံပေးရမလို ဖြစ်နေတာပါ။ ဒါကြောင့်လည်း ဒီမိုကရက်တွေက အစိတ်သားလိုပဲ ထိုင်အတူ ထအတူနဲ့ အသံတူထွက်နေကြပုံရပါတယ်။ အယ်ဆာယိတို့အဖွဲ့ကတော့ ဟာကင်းကို ဖြုတ်ချဖို့ စိုင်းပြင်းနေကြပါတယ်။ လိုချင်တာရဖို့ ဇတ်လမ်းဆင်တာလားတော့မသိသေးပါဘူး။

နောက်ထပ်လိမ်တာတွေကတော့ အများကြီးပါပဲ။ သူတို့ရဲ့ ပရိုဂရက်ဆစ်ဆိုတာ တိုးတက်မှုနဲ့ လားလားမှ မသက်ဆိုင်သလို ကိုယ်ဝန်သည်ဝမ်းထဲက ကလေးမဟုတ်၊ လိင်တံနဲ့ မိန်းမ၊ ရာသီလာတဲ့ ယောက်ျား၊ စူးရှထက်မြက်နေဆဲ ဒီမန်းရှားဘိုင်ဒန်၊ ကမလာက လူမည်း၊ ပုဂ္ဂလိကကျောင်းတက်လာတဲ့ AOC က သူဆင်းရဲမ၊ တရုပ်ပြည်က သစ်ပင်တွေ လှိမ့်စိုက်နေချိန်မှာ ဒီကကလိုင်းမိတ်သမားတွေက သစ်ပင်စိုက်တာ ကလိုင်းမိတ်နဲ့မဆိုင်၊ အီရန်စစ်ကြောင့် ဆီဈေးတက်ဆိုပြီး ရကပပြီးတာနဲ့ ပြုတ်ကျ၊ လူတွေ ID လုပ်ဖို့ခက်လို့ မဲပေးရင် ID လိုရမယ်ဆိုတာက ရေ့စစ်၊ ဒါပေမယ့် ကာလီဖိုးနီးယားမှာ Creatine, Green tea extract, green coffee bean extract, Raspberry ketone, Garcinia cambogia စတဲ့ ဖြည့်စွက်စာတွေဝယ်မယ်ဆိုရင် photo ID ပါမှ ရပါမယ်တဲ့။

မက်ဒီကဲ မက်ဒီကိတ်လိမ်လည်မှုတွေ၊ နေ့ကလေးထိန်းကျောင်းလိမ်လည်မှုတွေကတော့ သိကြပြီးသားပါ။ အိမ်ယာမဲ့တွေနဲ့ ပတ်သက်တဲ့ လိမ်လည်မှုမှာ LA မြို့ဝန်ပြိုင်ပွဲ ပဏာမဆင့်တုန်းက အစပိုင်းမဲရေစဥ်မှာ ခုနိုင်သွားတယ်ဆိုတဲ့ ဆိုရှယ်လစ်မ ရာမန်ထက် အသာရနေတဲ့ Spencer Pratt က သူတွေ့ရှိထားတာကို ဖော်ထုတ်လာပါတယ်။

အဲဒါက LA မှာ the Weingart NGO က အိမ်ယာမဲ့တွေ အတွက် အိမ်ယာဆောက်လုပ်ဖို့ သန်း ၃၀ ဂရန့်ရထားကြောင်း၊ သက်ကြီးရိပ်သာတခုမှာ နေထိုင်တဲ့ သက်ကြီးတွေကို ရှင်းထုတ်ပြီး ဈေးကွက်ထဲကို ၁၁.၂သန်းနဲ့ တင်လာကြောင်း၊ အဲဒီအဆောက်အဦကို Weingart က ၂၇သန်းနဲ့ ဝယ်သွားကြောင်း၊ အဲဒီရိပ်သာမှာ အိမ်ယာမဲ့တဦး တနှစ်နေဖို့ အိပ်ယာတခုစာကို ဒေါ်လာ၄သိန်းနှုန်းနဲ့ အစိုးရက ပေးရကြောင်း၊ ဒါပေမယ့် တကယ်တမ်းမှာ ဘယ်သူတဦးတယောက်ကိုမှ ထားတာမဟုတ်ကြောင်း၊ အိပ်ယာတင်မက လည်ပတ်စရိတ်၊ ထိန်းသိမ်းစရိတ်၊ ပြင်ဆင်စရိတ်တွေကိုပါ အကြောင်းအမျိုးမျိုးပြပြီး ရယူနေတာ ဖြစ်ကြောင်း၊

အဲဒီပိုက်ဆံတွေက အခွန်ထမ်းပြည်သူတွေက ကျခံရတာဖြစ်ကြောင်း၊ the Weingart က တခြား အလားတူရိပ်သာ/အိမ်ယာ ၁၀ခုကိုပါ စီမံနေတာဖြစ်ကြောင်း၊ အဲဒါတွေကို အစီအစစ်မရှိ ခွင့်ပြု(ပေါင်းစား)နေတဲ့ထဲမှာ လက်ရှိမြို့ဝန် ကာရင်ဘက်စ်၊​ ယခင်မြို့ဝန် အဲရစ်ဂါစက်တီ၊ Housing & Homelessness Committee က oversight နဲ့ funding ဆုံးဖြတ်ချက်တွေမှာ ပါရတဲ့ Nithya Raman (ခုအရွေးခံမြို့ဝန်) နဲ့ LA County Board of Supervisors တွေ ပါဝင်တယ်လို့ ပြောသွားပါတယ်။

အိမ်ယာမဲ့တွေက ဒီမိုကရက်တွေအတွက်တော့ ရွှေဥဥပေးတဲ့ ငန်းတွေပါပဲ။ လူတွေက သနားတတ် ကြတော့ အိမ်ယာမဲ့အတွက်ဆို ဘတ်ဂျက်တိုးတောင်းလို့ကောင်းမှကောင်းအပြင် လျော့မသွားပဲ တိုးလာတာကို ဘာကြောင့်လဲလို့ မစေ့ငုကြတော့ မသိကြပါဘူး။ မဲရာသီဆိုလည်း အိမ်ယာမဲ့တယောက်ကို $2 လောက်နဲ့ လိုက်ဖြည့်ခိုင်းပြီး ကောက်နေကြတာ ထုံးစံဖြစ်နေပါပြီ။

သက်ကြီးဂေဟာတွေကမဲတွေဆိုလည်း သူတို့အပြည့်ရ/ယူကြတာပါပဲ။ အင်္ဂလိပ်လို မတတ်လည်း ပိုက်ဆံလည်းပေးမယ် ကူလည်းဖြည့်ပေးမယ်ဆိုတာတွေ၊ သေပြီးသားလူတွေ၊ ပြောင်းသွားသူတွေ၊ နိုင်ငံသားမဟုတ်သူတွေနဲ့ လုပ်ချင်တိုင်းကို လုပ်နေကြတော့တာပါပဲ။ ဒီလောက်ခွင်ကောင်းနေတဲ့ နေရာတွေမှာ အပြင်လူကို ဘယ်လိုမှ ဝင်စေချင်ကြမှာမဟုတ်တာ အလွယ်လေးသိနိုင်ပါတယ်။

ဒါကြောင့်လည်း မဲခိုးလို့လွယ်အောင် မြို့အဆင့်/ ပြည်နယ်အဆင့်မှာ နိုင်ငံသားဟုတ်/မဟုတ် စီစစ်ဖို့ကို မကြိုးစားကြတဲ့ အပြင် ဖက်ဒရယ်မှာပါ လုပ်မရအောင် နှစ်ပါတီခြတွေက ပိတ်ဆို့ထားကြတာပါ။ စတီဖန်မေလာက welfare fraud တွေက များလွန်လွန်းလို့ အဲဒါတွေအားလုံးကို ပိတ်လိုက်နိုင်တာနဲ့တင် ဖက်ဒရယ်ဘတ်ဂျက်က လိုငွေတွေအကုန်ပျောက်သွားပါမယ်တဲ့။ မကောင်းဘူးလား။

နိုင်ငံရေး နားမလည်ရင်တောင် ဒီကရှေ့ကို ဘယ်ပါတီက ဘယ်သူကပဲဆွယ်ဆွယ် အလုပ်အကိုင် ဖန်တီးပေးမှာလား၊ ကုန်ထုတ်လုပ်မှုအားပေးပြီး တိုင်းပြည်ဝင်ငွေတိုးအောင် လုပ်ပေးမှာလား ဆိုတာကို အရင်ကြည့်ရပါမယ်။ အဲဒီ ၂ချက်မပါပဲ နိုင်ငံနဲ့ ပြည်သူအတွက် ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး၊ တိုင်းပြည်ဝင်ငွေတိုးအောင်မလုပ်ပဲ ဖရီးတွေတိုးပေးမယ် ဆိုတာ လိမ်တာသာဖြစ်တယ်၊ ချမ်းသာသူဆီကယူပေးမယ်ဆိုတာကတော့ ခိုးတာနဲ့ တူတူပါပဲ ဆိုတာကို သင်ခန်းစာတခုလို မြဲမြဲမှတ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Leave a Reply