နိုဝင်ဘာ ၁၂ ရက် ၂၀၂၆

Nvidia တည်ထောင်သူ ဂျန်ဆန်ဟွမ်းနဲ့ စင်္ကာပူကုမ္ပဏီက တရုပ်စပိုင်လို့ စွပ်စွဲထားတဲ့ အဲလစ်ဟွမ်း တို့အကြောင်း ခုအချိန်မှာ ပေါက်ကြားလာတာမှာ မသင်္ကာစရာတွေရှိနေတယ်လို့ Government Accountability Institute က Peter Schweizer က Fox က Jesse Watters ကို ပြောသွားပါတယ်။ တရုပ်ကြိုက် ဒီမိုကရက်ကြိုက်သတင်းတွေကို အမြဲဖောက်ချလေ့ရှိသူ NYT က အမည်မဖော်လိုသူ ထလရဆီကရတဲ့ သတင်းပါဆိုပြီး ဖောက်ချသွားပါတယ်။ ဒီမိုကရက်အမတ် ရိုခန်နာက မဖောက်ချခင်လေးမှာ သူ့ရဲ့ Nvidia ရှယ်ယာတွေကို ထုတ်ရောင်းပစ်လိုက်တာကလည်း မရိုးနေပါဘူး။ ဖောက်ချတဲ့အချိန်ကလည်း သမ္မတထရမ့်နဲ့ ရှီမတွေ့ခင် တပတ်အလို ရကပမှာ ဒီမိုကရက်တွေနိုင်ပြီး တပတ်အကြာ လွှတ်တော် စစ်ဆေးရေးကော်မီတီတွေမှာ ဦးဆောင်လာဖို့ရှိနေချိန်မှာ ဖြစ်ပါတယ်။

တကယ်တော့ အဲလစ်ဟွမ်းကို ဘိုင်ဒန်လက်ထက် ၂၀၂၄ကတည်းက ထလရက စောင့်ကြည့်နေခဲ့တာပါ။ အဲလစ်ရဲ့ စင်္ကာပူကုမ္ပဏီကနေ တရုပ်လက်ကို ချစ်ပြားတွေရောက်နေတာ တွေ့ထားပေမယ့် ဂျန်ဆန်ကို သတိပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ NYT က ထရမ့်တက်ပြီး ၂လလောက်အကြာမှာ ဂျန်ဆင်နဲ့ အဲလစ် အကြောင်း CIA က briefing ပေးသလိုလို မာကိုက သတိပေးသလိုလို ရေးကြပေမယ့် အိမ်ဖြူက BS ပါလို့ ဆိုပါတယ်။ Nvidia က ဂျန်ဆန်ထွက်သွားရပေမယ့် ဝန်ထမ်းတွေကတော့ ဂျန်ဆန်ကို ပြန်ခေါ်ဖို့ ဘုတ်အဖွဲ့ကို အသနားခံစာတင်ထားကြတယ်လို့ သိရပါတယ်။

CIA က ကမ္ဘာ့ရွာ/ဒိစတိတ်ရဲ့ အစိတ်အပိုင်းဖြစ်တော့ သမ္မတထရမ့်ကို ထိမ်ချန် ထားတာတွေ ရှိနေခဲ့တာပါ။ သူတို့ပုံဖော်ချင်နေတာက ရုရှားဂိတ်လိုပဲ နိုင်ငံတော်လုံခြုံရေး ချိုးဖောက်တယ်ဆိုပြီး အင်ပိချ်လုပ်ဖို့ ကြွေးကြော်နေတာနဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။ သမ္မတထရမ့်ကို ပထမအကြိမ် အင်မ်ပိချ်လုပ်ခဲ့တဲ့ ရုရှားကိုလူးရှင်းတုန်းကလည်း မဟုတ်မမှန်သတင်းတွေ စဖြန့်ခဲ့တာ NYT ပဲဖြစ်ပြီး တကယ်ရှိတဲ့ ဟန်းတားလက်ပ်တော့ပ်ကိစ္စကိုကျတော့ မဟုတ်ဘူးခံငြင်းခဲ့တဲ့ မီဒီညာကြီးပါ။ ဒီတခါကတော့ သမ္မတထရမ့်ကို အင်မ်ပိချ်လုပ်ဖို့အပြင် SI မှာ မရှိမဖြစ်တဲ့ Nvidia ပဲ့ကိုင်ရှင်ကိုပါ ပ ထုတ်လိုက်ပြီး တရုပ်ကို ဦးဆောင်မှုနေရာရောက်လာဖို့ အချိန်/အခွင့်ပေးတာလည်း ဖြစ်နိုင်ပါတယ်။

အခုလို နိုင်ငံတော်လုံခြုံရေးထိခိုက်ပါတော့မယ်ဆိုတဲ့ narrative ကို ဟစ်နေသူ ဒီမိုကရက်ဆီနိတ်တာ Chris Coons က Nvidia နဲ့ အတွေးအခေါ်ချင်းဆန့်ကျင်နေတဲ့ ပြိုင်ဖက် Anthropic ဆီက ငွေရယူ ထားတာဖြစ်နေပါတယ်။ Anthropic က SI က အင်မတန်အန္တရာယ်ရှိလို့ အစိုးရက ဥပဒေအထပ်ထပ်နဲ့ ထိန်းကျောင်းရမယ်လို့ အယူရှိပြီး ၂၀၃၀မှာ လူ့ယဥ်ကျေးမှု/ကမ္ဘာကြီး အဆုံးသတ် ပျက်စီးသွားနိုင်တယ် လို့ သတင်းလွှင့်ထားတာဖြစ်ပါတယ်။ အဲဒီအဆိုကို အီလွန်နဲ့ အမေရိကန်က အခြား SI ထိပ်သီးများက သဘောမတူကြပါဘူး။

SI မှာ အမေရိကန်ဦးဆောင်တဲ့အပိုင်းနဲ့ တရုပ်ဦးဆောင်တဲ့အပိုင်းလို့ အဓိက ၂ပိုင်းရှိပါတယ်။ အမေရိကန်က ပြဌာန်းထားတဲ့ဥပဒေ (သို့) ကိုယ်ကျင့်တရားနဲ့ ချည်နှောင်ထားတဲ့ ထိန်းကျောင်းမှုတွေ ရှိနေတာဖြစ်တဲ့အပြင် သမ္မတထရမ့်က အချင်းချင်း အပြန်အလှန်ထိန်းကျောင်းကြစေဖို့ မကြာသေးခင် ကမှ အိမ်ဖြူမှာ ခေါ်တွေ့လက်မှတ်ထိုးခိုင်းထားတာ ဖြစ်ပါတယ်။

တရုပ်ကတော့ အားလုံးသိကြတဲ့အတိုင်း ဒီမိုကရက်တွေလိုပဲ ကိုယ်ကျင့်တရားထက် ပိုက်ဆံ/အာဏာ/ ဗိုလ်ကျစိုးမိုးရဖို့ ဘာမဆို ချရင်းမယ့်သူတွေဖြစ်လို့ သူတို့ဦးဆောင်တဲ့ SI သာ ရှေ့ရောက်လာရင် မတွေးရဲစရာတွေ ဖြစ်လာတော့မှာပါ။ ဥရောပမှာ မကြာသေးမီကဖြစ်ခဲ့တဲ့ ရေခဲသေတ္တာတွေကို ဆိုင်ဘာတိုက်ခိုက်မှုတွေ ပြုခဲ့တာဟာ အီရန်က တရုပ်SI သုံးပြီး လုပ်ခဲ့တာပါ။ ဒီနေ့ တနေကုန် မိုက်ကရိုဆော့ဖ် ဒေါင်းနေတာရော ဂျပန်နဲ့ ပါရာဂွိုင်းက ဘဏ်လုပ်ငန်းတွေ အနှောက်အယှက်တွေ ကြုံနေရတာရောကလည်း သီးခြားစီဖြစ်နေတာ ဟုတ်ချင်မှဟုတ်မှာပါ။

နိုင်ငံတော်လုံခြုံရေးဆိုတာကလည်း အသံကောင်းဟစ်လို့ကောင်းတဲ့ စကားလုံးဖြစ်ပေမယ့် ကဗလိုမျိုး ပလန်ဒဲမစ်တွေဖြစ်လာအောင် တရုပ်နဲ့ပေါင်းခဲ့တာ၊​ ထရမ့်စစ်ဆင်မယ့်ကိစ္စတွေမှာ ကွန်ဂရက်စ်ကို အရင်သတိပေးတိုင်း သတင်းပေါက်ပြီး မအောင်မြင်လို့ ပြီးမှပြောတော့မှ အဆင်ပြေတာ၊ ကိုယ့်နိုင်ငံကို အတိအလင်းစစ်ကြေငြာထားတဲ့ အီရန်ကို ဘီလီယံရာချီပေးတာ ဘာအရည်အချင်းမှမရှိတဲ့ ဆေးသမား ဟန်းတားဘိုင်ဒန်က တရုပ်၊​ ရုရှား၊ ယူကရိန်းတို့ဆီက သန်းချီတဲ့ တံစိုးလက်ဆောင်တွေ ရယူထားတာ၊ ဘိုင်ဒန်လက်ထက်မှာ တရုပ်မိုးပျံဘောကို ကိုယ့်နိုင်ငံရဲ့ အရေးကြီးတဲ့နေရာတွေပေါ်က ပေးပျံတာ၊ အဲဒါတွေထက် နိုင်ငံတော်လုံခြုံရေးထိခိုက်တာ ဘာများရှိဦးမှာလဲ။ ရကပမှာလည်း တရုပ်SI က ဝင်စွက်တယ်လို့ သတင်းထွက်နေတာပါပဲ။ သက်သေပြနိုင်ဖို့တော့ အချိန်ယူရဦးမှာပါ။

အိမ်ဖြူတော် ဝန်ထမ်းချုပ် စတီဖင်မေလာက သူ့ရဲ့ ပထမဆုံးမီမိုအဖြစ် ကက်ဘိနက်ဝန်ကြီးများ၏ လုပ်ပိုင်ခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ “ကက်ဘိနက်ဝန်ကြီးတိုင်းဟာ သူ့ဌာနရဲ့ အကောင်းဆုံး ခေါင်းဆောင်နဲ့ ဆက်သွယ်/ပြန်ကြားရေးမှူးဖြစ်ပြီး ကျွန်ုပ်တို့အစိုးရရဲ့ ကက်ဘိနက်ကို အိမ်ဖြူတော်က လိုအပ်တဲ့ရင်းမြစ်တွေနဲ့ ပံ့ပိုးပေးထားမှာဖြစ်လို့ အမေရိကန်လူထုအတွက် ထိရောက် မြန်ဆန် ကြာရှည်ခံတဲ့ အောင်မြင်မှုတွေကို ရယူပေးမှာဖြစ်ပါတယ်” လို့ ကြေညာသွားပါတယ်။ အခုလို ပြုပြင်ပြောင်းလဲလိုက်တာက ဝကတွေရဲ့ သူ့ဌာန/ ပေါ်လစီတွေကို ပိုမိုမြန်ဆန်စွာ အကောင်အထည် ဖော်နိုင်မှာအပြင် တာဝန်ယူမှု တာဝန်ခံမှုလည်း ပိုရှိစေမှာဖြစ်ပါတယ်။

အက်ဖ်ဘီအိုင်ဒါရိုက်တာ ကက်ရှ်ပတဲလ်က ဥရောပနဲ့ အမေရိကန်က ဂျူးတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုပေါင်း ၂၀နီးပါးရဲ့ နောက်ကွယ်မှာ အီရန်အကြမ်းဖက်ကွန်ယက် ရှိနေတာ တွေ့ရှိထားပြီး ပါဝင်ပတ်သက်နေတဲ့ လူ၃ဦးကို စွဲချက်တင်လိုက်ပြီလို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေမှာ သံသယရှိသူတွေဟာ IRGC နဲ့ Kataib Hezbollah တို့နဲ့ လက်တွဲပြီး မီးရှို့တာ၊ ဖောက်ခွဲတာ၊ ဓါးထိုးတာတွေအပြင် ယူကေက အမေရိကန်တပ်တွေ ရှိနေတဲ့ စစ်စခန်းကို တိုက်ခိုက်ဖို့ ကြိုးစားတာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒါတွေကို coded message နဲ့ နောက်ကွယ်က လှုပ်ရှားပေးသူက နယူးယောက်ထောင်ထဲက Mohammad al-Saadi ဖြစ်ပါတယ်။ သူက ထောင်ထဲကနေ ဖုံးနဲ့ မိသားစု/ အပေါင်းပါတွေကတဆင့် စကားဝှက်နဲ့ အမိန့်ပေးနေခဲ့တာပါ။

နယူးယောက်မြို့ဝန် မန်ဒါနီက ဘိုရို၅ခုအတွင်းရှိ (မိသားစု)တိုက်ခန်း ၄ခုနဲ့အထက် နေနိုင်ပြီး ယိုယွင်းနေတဲ့ တိုက်တွေကို ပိုင်ရှင်က ဈေးကွက်တင်ရောင်းတော့မယ်ဆိုရင် non-profit တွေ offer ပေးနိုင်ဖို့ ရက် ၇၀စောင့်ပေးရမှာဖြစ်ပြီး အဲဒီရက် ၇၀အတွင်း ဘယ်သူမှမဝယ်ဘူးဆိုမှ ဈေးကွက်ကို တင်ရောင်းခွင့်ရှိမယ်ဆိုတဲ့ Community Opportunity to Purchase Act (COPA) ကို ပြဌာန်းလိုက်ပါတယ်။ နယူးယောက်မှာ အဲဒီလိုအဆောက်အဦပေါင်း ၂၁၀၀ခန့် ရှိနေပါတယ်။

ဒီလိုပုံနဲ့ မနေ့က လူ၈ဦးသေဆုံးတဲ့ ဘရွတ်ကလင်က ၃ထပ် apartment အဆောက်အဦ ပြိုကျတာမျိုးတွေ အများကြီး ထပ်လာဦးမှာပါ။ Non-profit ဆိုတာတွေကလည်း သူတို့နဲ့ ပေါင်းစားနေသူတွေပဲဖြစ်လို့ မနေ့က LA ကအကြောင်း ရေးသလိုပဲ မပေါက်တဲ့ဈေးနဲ့အဝယ်ပြပီး ကွာတာအိတ်ထဲထည့်၊ ပြည်သူက ဈေးကြီးနဲ့နေကြရတာတွေ ဖြစ်ဦးမှာပါ။

နယူးယောက်မှာပဲ ပြည်နယ်ပို့ဆောင်ရေးဝကဌာနက အများသုံးအိမ်သာ ၁၇လုံးကို တလုံး ၄သိန်းနဲ့ဆောက်မှာပါ၊ ၄သိန်းကျော်ရင် ကျော်သမျှကို မြို့က ကျခံမှာပါ၊ ဖုံးနဲ့ဖွင့် QR ကို scan လုပ်ဝင်ရမှာဖြစ်ပြီး ၁၀မိနစ်နီးရင် သတိပေးမယ်၊ မထွက်လာသေးရင် တံခါးအလိုလို ပွင့်သွားပါမယ်တဲ့။ ဒီလောက်ကြီးတဲ့မြို့ကြီးမှာ ပုံမှန်အိမ်သာကိုပဲ ဈေးသင့်သင့်နဲ့ နေရာများများ မထားသင့်ဘူးလား။ ပြည်သူ့အကျိုးစီးပွားဘက်ကြည့်ရင် စူးရောက်လှတဲ့ပလန်ဆိုပေမယ့် အကြံသမားတွေဘက်က ကြည့်ရင်တော့ အင်မတန်စွဲမက်ဖွယ်ဖြစ်နေမှာပါပဲ။

Leave a Reply