နိုဝင်ဘာ ၁၈ရက် ၂၀၂၆

မနေ့က သမ္မတထရမ့်ကို လေယာဥ်လှေကားရင်းအထိ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုခဲ့တဲ့ တရုပ်သမ္မတရှီနဲ့ ဒီနေ့ တရုပ်နိုင်ငံ ပေကျင်းမှာကျင်းပတဲ့ APEC အစည်းအဝေးမှာ ရှီကိုကျော်ပြီး သမ္မတထရမ့်ကို လက်ဆွဲနှုတ်ဆက်ဖို့ တကူးတကထွက်လာတဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ သတင်းတွေ ရေပန်းစားနေပါတယ်။ ညစာစားချိန်မှာတော့ ရှီနဲ့ ထရမ့်တဝိုင်းထဲ စားကြပြီး ပူတင်က နောက်တဝိုင်းမှာ ဖြစ်နေပါတယ်။

သမ္မတထရမ့်နဲ့ အဖွဲ့က ပူတင်အဖွဲ့နဲ့ သီးသန့်ဆွေးနွေးခဲ့ပါတယ်။ ပူတင်က သူ့ sister-in-law ဟာ သူ့ရဲ့ မွေးကင်းစကလေးကို Melania လို့ အမည်ပေးထားကြောင်း သမ္မတထရမ့်ကို အသိပေးလိုက်ပါတယ်။ သမ္မတကတော် မီလာနီယာက ယူကရိန်းနဲ့ ရုရှားကြား လူသားချင်း စာနာထောက်ထားရေး၊ ကယ်ဆယ်ရေးအတွက် ဒေသန္တရအပစ်ရပ်အောင် ညှိနှိုင်းပေးနိုင်ခဲ့လို့ ဂုဏ်ပြုတာဖြစ်ပါတယ်။ ယူအန်မှာ သူ့ကိုခန့်လိုက်ရင်တောင် ငြိမ်းချမ်းရေးအတွက် အများကြီးအထောက်အကူ ပြုဦးမယ်ထင်ပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်က အီရန်စစ်အဆုံးသတ်ဖို့အတွက် တရုပ်နဲ့ ရုရှားတို့ဆီက အကူအညီမလိုကြောင်း၊​ အီရန်ရဲ့ စစ်ဘက်စွမ်းဆောင်ရည်က ဟော်မုဇ်ကို ထိန်းချုပ်နိုင်ဖို့နဲ့ ခုခံနိုင်ဖို့ အများကြီး အကန့်အသတ် ရှိနေကြောင်း၊ အီရန်ရဲ့ dirty bomb နဲ့ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကိုလည်း ကြောက်လန့်စရာ မလိုကြောင်း၊

ဂျန်ဆန်ဟွမ်းအကြောင်း ကို ရှီနဲ့ မဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်က အီလွန်တို့ ဂျန်ဆန်တို့လို အစားထိုးမရနိုင်တဲ့ စွန့်ဦးတီထွင် ဉာဏ်ကြီးရှင်တွေကို ချီးမြှောက်ကာကွယ်ပေးရမှာဖြစ်ကြောင်း၊ အဆင့်သိပ်မြင့်တဲ့ ချစ်ပြားတွေဟာ သိပ်ကိုရှုပ်ထွေးနက်နဲလွန်းလို့ ကော်ပီကူးယူဖို့ မဖြစ်နိုင်ကြောင်း၊ အဲဒီလို ပြိုင်ဖက်တွေထက် ရှေ့ကို နှစ်များစွာပြေးနေတဲ့လူတွေကို ဘေးဖယ်မထားသင့်ကြောင်း၊

မကြာသေးမီကဖြစ်နေတဲ့ နည်းပညာပြတ်တောက်မှုတွေက ဆက်စပ်နေတာမဟုတ်ပဲ equipment အသစ်တွေ ပြောင်းလဲတပ်ဆင်လို့ ဖြစ်ကြောင်း၊ ဆိုင်ဘာတိုက်ခိုက်မှု ပြုဖို့ကြိုးစားခဲ့ရင် ကြိုးစားသူက နောင်တရသွားမှာဖြစ်ကြောင်း ဖြေကြားသွားပါတယ်။

စစ်ရေးဝန်ကြီး ဟက်ဆက်သ်ကတော့ သမ္မတအဖွဲ့နဲ့ လိုက်မသွားပဲ ဗင်နီဇွဲလားကိုသွားပြီး နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု ပြန်လည်ထူထောင်ဖို့နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့၊ ထလရအချက်အလက်တွေ ဝေမျှကြဖို့၊ လေ့ကျင့်ရေးပူးတွဲလုပ်ဆောင်ကြဖို့၊ ကာကွယ်ရေးပစ္စည်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ဒေသတွင်းက မူးယစ်မှောင်ခိုတွေကို အမေရိကန်နဲ့ ဗင်နီဇွဲလားတို့က တူတူနှိမ်နှင်းကြဖို့တို့ သဘောတူညီထားကြောင်း ပြောကြားသွားပါတယ်။

ဆန်ဖရန်စစ္စကိုနဲ့ အနီးတဝိုက်ကမြို့တွေမှ မုန်တိုင်းဝင်ပြီး မိုးများတဲ့အတွက် အပင်လဲတာတွေ၊ လမ်းတွေရေလွှမ်းတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသလို မီးပျက်တာတွေနဲ့ မြေပြိုမှုတချို့လည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့ ဆန်ဖရန်တမြို့တည်းမှာတင် မိုးရေချိန် ၂.၂၈လက်မ (၅၇.၉မီလီ) ရွာသွန်းခဲ့ပါတယ်။ ဒါက ၁၉၁၈ကစံချိန်ထက် ကျော်နေပါပြီ။ မိုးက မရပ်သေးပါဘူး၊ တချို့နေရာတွေမှာ ရေခဲမိုးလေးတွေတောင် ရွာဖို့ရှိပါတယ်။

I-280S အမြန်လမ်းပေါ်က တချို့နေရာတွေမှာ ရေက တပေကျော်ရှိနေလို့ ကားသွားမရတာ၊ လမ်းတွေပေါ်က မြေအောက်ပိုက်တွေဆီ လူဆင်းတဲ့ အပေါက်ဖုံးတွေ ပြုတ်ထွက်ကုန်ပြီး ရေတွေပန်းထွက်နေတာတွေ၊ လမ်းတွေက ချောင်းတွေ မြစ်တွေလို ရေစီးနေတာတွေ၊ မိလ္လာပိုက်တွေ ပန်းထွက်နေတာတွေ၊ လေယာဥ်ခရီးစဥ်တွေ ရပ်နားထားရတာ၊ ဝေးမိုမောင်းသူမဲ့ကားတွေ လမ်းလယ်မှာ ရပ်တံ့သွားလို့ ဝေးမိုတခုလုံးကို လုံးဝရပ်ထားလိုက်ရတာတွေ တွေ့ရပါတယ်။ တာဝန်ရှိသူတွေက သဲအိတ်တွေ အရံအတားတွေ ပေးပေမယ့် တက်လာတဲ့ရေကို မတားနိုင်ခဲ့ပါဘူး။ လျှပ်စစ်ကား ဘက္ထရီတွေ ရေမြုပ်ခံရရင် မီးလောင်နိုင်တာကြောင့် အိမ်ထဲမထားဖို့၊ service center ကိုပြဖို့ အရေးကြီးပါတယ်။

ဆန်ဖရန်လိုနေရာမှာ ဒီလောက်မိုးကြီးတာက အဖြစ်နည်းပေမယ့် အယ်လ်နီညိုကာလမှာ ဖြစ်နိုင်တယ် ဆိုတာ ကြိုတင်ခန့်မှန်းချက်တွေ ထွက်ထားတာ ကြာနေပါပြီ။ လုပ်မယ်ဆို ရေဆင်းစနစ်တွေ စစ်ထား၊ ပြင်စရာရှိပြင်ထားဖို့ လုံလောက်တဲ့အချိန်ရထားပါတယ်။ အောက်တိုဘာ ၂၆-၂၇တုန်းကလည်း လှိုင်းကြီးလို့ တချို့နေရာတွေ ရေလျံခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါသေးတယ်။

တိုကျိုမှာဆိုရင် စက်တင်ဘာ ၂၁တုန်းက တိုင်ဖုန်း Dujuan နဲ့ တနေ့ထဲကို မြို့လယ်မှာ ၆လက်မ၊ တချို့နေရာတွေမှာ ၁၁.၁လက်မကနေ ၂၇လက်မအထိ ရွာခဲ့လို့ လမ်းတွေသွားမရဖြစ်ကုန်ပြီး ရက်အတန်ကြာ ရှင်းလင်းရေး လုပ်ခဲ့ရတာပါ။ နူဆမ်အနေနဲ့ ကိုယ်နဲ့ဘာမှမဆိုင်တဲ့ ယူကရိန်းကို သွားမယ့်အစား တိုကျိုလိုမြို့ကိုသွားပြီး ဘာတွေပြင်ဆင်သင့်တယ်ဆိုတာကို လေ့လာသင့်ပါတယ်။

ကာလီဖိုးနီးယားမှာ အခွန်တွေ တပြည်လုံးမှာ အမြင့်ဆုံးကောက်နေတဲ့ကြားက ပြီးခဲ့တဲ့ ၃နှစ်ထဲမှာကို ၁၀၀ဘီလီယံနီးပါး လိုငွေပြခဲ့ပါတယ်။ အိမ်ယာမဲ့တွေလည်း မလျော့၊ မူးယစ်ရောင်းဝယ်တာတွေလည်း မလျော့၊ ဆိုင်တွေကနေ ခိုးကြတာတွေလည်းမလျော့၊ မက်ဒီကယ် မက်ဒီကဲအလိမ်အညာတွေကိုလည်း အရေးမယူ၊ ဖော်ထုတ်သူကိုမှ အရေးယူ၊ နိုင်ငံသားမဟုတ်သူတွေကိုလည်း မဲစာရင်းကမဖယ်၊ အဲလို ပြည်သူအတွက် ကောင်းတာဘာတခုမှ အဖြစ်ရှိအောင် မလုပ်နိုင်တဲ့သူတွေ အုပ်စိုးနေတာ အခုလို အရေးရယ် အကြောင်းရယ်ဖြစ်လာလို့ တကယ်အလုပ်လုပ်ရတော့မယ်ဆိုရင် ပြည်သူတွေ ဒုက္ခနဲ့ လှလှ တွေ့ကြပါလိမ့်မယ်။ တောမီးတုန်းကလည်း ဖြစ်ခဲ့ပြီးပြီလေ။ အီလွန်ရဲ့ starship လို ကမ္ဘာမှာ ဘယ်သူမှမလုပ်နိုင်လောက်အောင် အဆင့်မြင့်တာကို ဆောက်တာမှ ၁၅ဘီလီယံပဲ ကုန်ကျတဲ့အချိန်မှာ ကာလီဖိုးနီးယားက အမြန်ရထားလမ်းက ၁၈ဘီလီယံကုန်ပြီး ပြစရာ မရှိသလောက်ပဲဖြစ်နေတာကို သင်ခန်းစာယူသင့်ပါတယ်။

Leave a Reply