9/11 မှာ နှစ်ပတ်လည် နှစ်ခုရှိပါတယ်။ ၂၀၀၁ တုန်းက WTC မှာဖြစ်သွားတဲ့ ကိစ္စကို လူအများသိကြပေမယ့် ၂၀၁၂တုန်းက လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုကတော့ မူလ ၉/၁၁လောက် လူသိမများပါဘူး။ အဲဒီဘန်ဂါဇီအကြမ်းဖက်မှုမှာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၊ သံရုံးဝန်ထမ်းတဦး၊ စီအိုင်အေကန်ထရိုက်တာနဲ့ နေဗီဆီးလ်ဟောင်း နှစ်ဦး ပေါင်း ၄ဦး အသတ်ခံခဲ့ရပါတယ်။ အဲဒီနေ့တုန်းက သံရုံးကို ခုခံကာကွယ်ခဲ့တဲ့ ၆ဦးအဖွဲ့ထဲက ဒဏ်ရာရပေမယ့် မသေပဲ ကျန်ရှိနေခဲ့တဲ့ စီအိုင်အေက လုံခြုံရေးကန်ထရိုက်တာ မာ့ခ်ဂိုက်စ်နဲ့ ဖြစ်စဥ်ကို အင်တာဗျူးခဲ့စဥ်မှာ နေဗီဆီးလ်ဟောင်း နှစ်ဦးက စိန်ပြောင်းတွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်စဥ် တကြိမ်မှာ ကျည်ထိမှန် သေဆုံးခဲ့ပြီး သူကတော့ ဒဏ်ရာပဲ ရခဲ့တာဖြစ်ကြောင်း၊ နောက်ထပ်စိန်ပြောင်းတွေနဲ့ သံရုံးဝင်းထဲကို ထပ်ပစ်ရင် သူသေမှာContinue reading “9/11 Tribute”
Author Archives: Omma
ဗြိတိန်ဘုရင်မကြီးကို လစ်ဗြဲတွေ ဘာကြောင့် မုန်းကြသလဲ
တနေ့က ကံတော်ကုန်သွားတဲ့ ဗြိတိန်ဘုရင်မကြီးကို လစ်ဗြဲတွေက တော်တော် မုန်းတီးကြတာပါ။ မကွယ်လွန်မီ ၂ရက်ကမှ ဝန်ကြီးချုပ်အသစ်ကို လက်ခံ တွေ့ဆုံခဲ့ပြီး အဲဒီနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရချိန်မှာ နဂ္ဂတစ်မေတ္တာ ဝိုင်းပို့နေခဲ့ကြတာပါ။ ကာနက်ဂျီမယ်လွန်လို နာမည်ကြီးတက္ကသိုလ်က ပါမောက္ခဆိုသူကတောင် ဖိနှိပ်ချုပ်ချယ်တဲ့ နယ်ချဲ့နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ ဘုရင်မကြီး နာနာကျင်ကျင် ခံစားပြီးမှ ပင်ပန်းဆင်းရဲစွာ သေပါစေလို့ တွိထားတဲ့အထိပါပဲ။ တကယ်တမ်း ဘုရင်မကြီးက စည်းမျဥ်းခံ ရုပ်ပြဘုရင်ပါ။ ဘာနိုင်ငံရေးအာဏာမှ မရှိပါဘူး။ ကိုလိုနီပြုတာ အဲဒီခေတ်မတိုင်ခင် ပဝေသဏီကတည်းကနေ အဲဒီနောက်ပိုင်းအထိ ပြုနေကြတာပါပဲ။ ကိုလိုနီပြုတာ ကောင်းတဲ့ကိစ္စမဟုတ်ပေမယ့် အင်္ဂလိပ်တွေ မြန်မာ့သစ်တောတွေကို စည်းကမ်းတကျ ခုတ်ပြီး ပြန်စိုက်ပေးသွားတာ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ လမ်းတွေ၊ တံတားတွေ၊ အဆောက်အဦတွေ ကောင်းကောင်းမွန်မွန် ဖောက်/ဆောက်ပေးခဲ့တာ၊ ထောင်တွေလဲပါတာပေါ့။Continue reading “ဗြိတိန်ဘုရင်မကြီးကို လစ်ဗြဲတွေ ဘာကြောင့် မုန်းကြသလဲ”
ကယ်လီဖိုးနီးယားရဲ့ လက်တွေ့မကျတဲ့ စွမ်းအင် ပေါ်လစီ
တကမ္ဘာလုံးရဲ့ ကလိုင်းမိတ်ရှေ့ဆောင်အဖြစ် ဂုဏ်ယူဝင့်ကြွားနေတဲ့ ကယ်လီဖိုးနီးယားရဲ့ နျူဆမ်အဆိုးရဟာ ဓါတ်ဆီ/ဓါတ်ငွေ့ကားသစ်ရောင်းချမှုကို ၂၀၃၅မှာ လုံးဝ ပိတ်ပင်သွားမယ်လို့ ကြေငြာပြီး တပတ်ခန့်အကြာမှာ မြောက်ပိုင်းကယ်လီဖိုးနီးယားကို တပတ်ခန့်ကြာတဲ့ အပူလှိုင်း ဖြတ်ပါတယ်။ အမြဲအေးတဲ့ ဆန်ဖရန်စစ္စကိုမှာတောင် ၉၇ဖာရင်ဟိုက်ရှိပြီး လီဗာမောမြို့က အမြင့်ဆုံးအပူချိန်က ၁၁၆နဲ့ နှစ် ၅၀စံချိန်တင်သွားပါတယ်။ အပူလှိုင်းက ကနေ့ညနေအထိ ရှိနေဦးမှာပါ။ အပူလှိုင်းမဖြတ်ခင်ကတောင် ပုံမှန်ထက် နည်းနည်းပိုပူပြီဆိုတာနဲ့ လူသုံးအများဆုံးဖြစ်တဲ့ ညနေ ၄နာရီက ၉နာရီအတွင်း လျှပ်စစ်ကားတွေ အားမသွင်းရတို့၊ ပါဝါဆွဲအားများတဲ့ မိုက်ခရိုဝေ့ဖ်တို့၊ အဝတ်လျှော်စက်၊ အဝတ်ခြောက်စက်၊ ပန်းကန်ဆေးစက် စတာတွေ မသုံးဖို့၊ အိမ်တွင်းသာမိုစတက်ကို ၇၈အထက် ထားဖို့တွေ တချိန်လုံးပြောနေ လွှင့်နေတာပါ။ မီးအလှည့်ကျဖြတ်ဖို့လည်း အိမ်တွေကို အုပ်စုခွဲပြီး တန်းစီထားပါပြီ။ မိုးကလည်းခေါင်တော့ ရေသုံးစွဲတာလည်း ကန့်သတ်ထားတဲ့အတွက် ကမ္ဘာ့Continue reading “ကယ်လီဖိုးနီးယားရဲ့ လက်တွေ့မကျတဲ့ စွမ်းအင် ပေါ်လစီ”
Quiet Quitting
အခုတလော အပြောများနေတဲ့ အကြောင်းအရာတခုကတော့ တိုးတိုးတိတ်တိတ် ဖယ်ခွာခြင်းလို့ အဓိပ္ပါယ်ရမယ့် quiet quitting ပဲ ဖြစ်ပါတယ်။ အဲဒါကို လုပ်ငန်းခွင်တွေမှာ အတွေ့များလာတဲ့ အမူအကျင့်တခုအဖြစ် သိလာကြပြီး အချစ်ရေးအချစ်ရာလို လူမှုရေးကိစ္စတွေမှာပါ တွေ့ရှိလာကြတာပါ။ တိုးတိုးတိတ်တိတ် ဖယ်ခွာတယ်ဆိုတာက အလုပ်ခွင်မှာဆိုရင် အလုပ်ဖြစ်အောင်၊ အလုပ်တွင်အောင်၊ ပြီးစီးအောင်မြင်အောင်၊ တိုးတက်ကြီးပွားအောင် လုပ်ဆောင်လိုစိတ်များမရှိပဲ မလုပ် မရှုပ် မပြုတ်လို မျှောလိုက်နေတာမျိုးဖြစ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးတွေမှာလည်း ဘာမှ ဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်တော့ပဲ တဘက်ဘက်က သည်းမခံနိုင်တော့တဲ့ အခြေအနေမျိုး မရောက်သ၍ အရင်အရှိန်နဲ့ ဆက်လိမ့်နေတဲ့သဘောမျိုး ဖြစ်ပါတယ်။ လုပ်ငန်းခွင်တွေမှာ တွေ့ရတဲ့ quiet quitting ကို တချို့က အလုပ်ရှင်တွေအပေါ် ပြစ်တင် ဝေဖန်ကြပါတယ်။ အလုပ်ရှင်ဆိုးတွေက နေရာတိုင်းမှာ ရှိတတ်ကြပေမယ့်Continue reading “Quiet Quitting”
ဟူစိန်အိုနဲ့ မီဒီယာဆပ်ကပ်
ဟူစိန်အိုကို သူတို့လင်မယားရဲ့ နက်ဖလစ်စီးရီးမှာ နောက်ခံစကားပြောကောင်းလို့တဲ့ အမ်မီဆု ပေးလိုက်ပါတယ်။ ဆုရမယ့်သာရတာပါ၊ အဲဒီစီးရီးက တဆီဆန်တောင်မခံလိုက်ပါဘူး၊ ထွက်ပြီး မကြာခင်မှာပဲ ကြည့်မယ့်လူမရှိလို့ ကန်ထရိုက်ကို ကန်ဆယ်လ်လုပ်လိုက်ပါပြီ။ စကားပြောကောင်းတာကတော့ လူလိမ်တိုင်းဆိုတော့ သိပ်တော့ မဆန်းဘူးပေါ့လေ။ သူ့အကြောင်းနဲ့ သူ့ဖခင်အကြောင်း ရေးခဲ့တဲ့ နှစ်အုပ်ကို ပြန်ဖတ်တာမှာလည်း ဂရမ်မီ နှစ်ကြိမ်ရခဲ့တဲ့ ဟူစိန်ကို လွှတ်ကြည်ညိုနေတဲ့ အေပီသတင်းဌာနက ဟူစိန်ဟာ အမ်မီ၊ ဂရမ်မီ၊ အော်စကာ၊ တိုနီ စတဲ့ အီဂေါ့တ် ဆုလေးမျိုးရဲ့ တဝက်ကို ရောက်နေပြီလို့ မွှန်းပါတယ်။ အဲဒါကို သံယောင်လိုက်တာကတော့ ဟူ့စိန်ဘောမမီဒီယာများဖြစ်ကြတဲ့ စီဘီအက်စ်၊ အေဘီစီ၊ နယူးယောက်တိုင်းမ်စ်တို့ ဖြစ်ပါတယ်။ အော်စကာကလည်း ရသင့်နေတာပါပဲ၊ သူ့သရုပ်ဆောင်မှုအောက်မှာ တိုင်းပြည်တဝက်နီးပါး ခုထိမျောနေကြတုန်းပဲလေ။ နောက်ခြစားတဦးဖြစ်တဲ့ အရင်က နယူးယောက်ဂါဗာနာ အန်ဒရူးကိုမိုလည်းContinue reading “ဟူစိန်အိုနဲ့ မီဒီယာဆပ်ကပ်”
အမှောင်ခေတ်ရဲ့ လက်သည်
အမှောင်ခေတ်ဆိုတာ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုလို့ ရပါတယ်။ အရိုးရှင်းဆုံး တိုက်ရိုက်ဖွင့်ဆိုမယ် ဆိုရင်တော့ စွမ်းအင်မလုံလောက်မှုကြောင့် ဖြစ်ရတဲ့ အမှောင်ကျမှု ဖြစ်ပါတယ်။ ဒီမိုကရက်ဘိုင်ဒင်အို အစိုးရ ဖန်တီးတဲ့ စွမ်းအင် အကျပ်အတည်းက အမေရိကန်ကိုတင်မဟုတ်ပဲ ကမ္ဘာတလွှားကို ပြင်းထန်စွာ ရိုက်ခတ်လျက် ရှိပါတယ်။ အမေရိကန်ပြည်တွင်းမှာ အလျှံပယ်ထွက်နေတဲ့ လောင်စာကို ဘိုင်ဒန်တက်တက်လာချင်း ပိတ်ပင်လိုက်ပြီးနောက် ပြည်ပက တင်သွင်းလာရတဲ့အတွက် ပြည်တွင်းလောင်စာဈေးဟာ ပြည်ပဈေးကွက်တင်မကပဲ ပြည်ပနိုင်ငံရေးရာသီဥတုရဲ့ ကြမ်းတမ်းခက်ထန်မှု ဒဏ်တွေကိုပါ ခံစားလာရပါတယ်။ လွတ်လပ်တဲ့ ကမ္ဘာကြီးရဲ့ ခေါင်းဆောင်နေရာကို ယူထားတဲ့ ကမ္ဘာ့စစ်အင်အား စီးပွားရေးအင်အား အကြီးဆုံးဆိုတဲ့ အမေရိကန်နိုင်ငံဟာ ခြစားဘိုင်ဒန်နဲ့ ငို့ဘခေါင်းဆောင်များ လက်ထက်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် တမင်ဖန်တီးယူထားတဲ့ လောင်စာမလုံလောက်မှုကြောင့် ပြည်သူတွေ နေ့စဥ်နဲ့အမျှ ဒုက္ခတွေ့နေကြတာပါ။ အခုအချိန်ဟာ အနောက်ကမ္ဘာမှာ နွေရာသီကုန်ဆုံးဖို့ နီးလာပါပြီ။Continue reading “အမှောင်ခေတ်ရဲ့ လက်သည်”
Spikevax
မိုဒနက မစမ်းသပ်ရသေးတဲ့ ကဗကကဆ စပိုက်ဗက်စ်ကို ယူကေမှာ ဖြန့်ဖို့ ပါမစ်ရသွားပါပြီ။ အရင်ကကဆတွေက မူရင်းဝဟပိုးအတွက်ဖြစ်ပြီး ခုဖြန့်မယ့်ဆေးက မူရင်းပိုးရော အမခရမျိုးကွဲ ဘအ၁ အတွက်ပါဖြစ်တယ်လို့ ဆိုပါတယ်။ ပိုးကူးမှာကြောက်တဲ့စိတ်က ကိုယ့်ရဲ့ လေ့လာအား၊ ကျိုးကြောင်းဆင်ခြင်နိုင်မှုတို့ထက် ကြီးနေတဲ့အခါမှာ ကကဆအသစ်ထွက်ပြီဆိုလိုက်တာနဲ့ အင်္ကျီလက်မောင်းလေး တပင့်ပင့်နဲ့ သွားတန်းစီကြဦးမှာပါပဲ။ တကယ်က အဲဒီနှစ်မျိုးလုံးက တကမ္ဘာလုံး ဘယ်နေရာမှာမှ လည်ပတ် ပြန့်နှံ့နေတာ မဟုတ်တော့ပါဘူး။ လောလောဆယ် ယူအက်စ်မှာ ကူးနေတာတွေက ဘအ၄ ဘအ၅ ဘအ၂— စတာတွေဖြစ်ပြီး ဥရောပမှာတော့ ဘအ၂ ဘအ၄ ဘအ၅တွေ ဖြစ်နေတာပါ။ ကူးမြန်တဲ့ ပိုးတွေဟာလည်း ရောဂါမပြင်းထန်သလို အသွင်ပြောင်းမြန်လွန်းတဲ့အတွက် သမိုင်းမှာ ဘယ်တုန်းကမှ ကကဆ ထုတ်လေ့မရှိတာဖြစ်ပါတယ်။ တကယ်လို့ ထုတ်ချင်ရင်တောင် ဖော်ရ၊ စမ်းရတာကContinue reading “Spikevax”
Money Pox, Tomato Flu
-မျ-ကျောက်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်းတပုဒ်ကို ပက်ထရစ်ရှာတော်လ်ဆန်က အဲပုခ်တိုင်းမ်စ်မှာ တင်ဆက်ထားပါတယ်။ မကကို ပထမဆုံးတွေ့ရှိခဲ့တာက ၁၉၅၈မှာဖြစ်ပြီး သုတေသနလုပ်ဖို့ လှောင်ထားတဲ့ အကောင်တွေမှာ ဖြစ်ခဲ့တာပါ။ ဘယ်ကစလာတာလည်းတော့ ခုထိ မသိသေးပါဘူး။ လူမှာဖြစ်တာက ၁၉၇၀နောက်ပိုင်းမှပါ။ ဒီနှစ်မတိုင်ခင်က အဲဒီကျောက်က အလယ်ပိုင်းနဲ့ အနောက်ပိုင်း အာဖရိကမှာပဲ တွေ့ခဲ့ပြီး အဲဒီတိုက်အပြင်မှာ တွေ့ရှိသမျှဟာလည်း နိုင်ငံတကာခရီးသွားတွေနဲ့ ပတ်သက်နေခဲ့တာချည့်ပါပဲ။ ဝဟကပ်ပိုးမပြန့်ခင် လအနည်းငယ်မှာ အီဗန့်တူးအိုဝမ်းနာမည်နဲ့ စားပွဲဝိုင်းလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြတာကို ဒေါက်တာဆာယိဟိုင်ဒါက ကပ်ပိုးစပြန့်ပြီး တနှစ်လောက်အကြာမှာ သိရှိခဲ့ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ကမ္ဘာ့အရပ်ရပ်က အစိုးရတွေပါ လိုက်နာလာမယ့်အနေအထားမျိုးရောက်အောင် ဘယ်လိုမောင်းမယ်ဆိုတာကို ပြင်ဆင်ခဲ့ကြတာလို့ ဆိုပါတယ်။ ကပ်ပိုးကာလတလျောက်လုံး လော့ဒေါင်းတို့ မတ်တပ်တို့ စတဲ့ ဖောက်ချိတို့ ဟူးတို့တတွေ ပေးခဲ့တဲ့ ပြည်သူတွေ လိုက်နာရမယ့်အချက်တွေက အဲဒီလေ့ကျင့်ခန်းကContinue reading “Money Pox, Tomato Flu”
ဩဂုတ် ၁၆ရက် ၂၀၂၂
ထရမ့်ကို တချိန်လုံး တိုက်ခိုက်နေခဲ့တဲ့ ဘုရှ်၄၃လက်ထက်က ဒုသမ္မတဒစ်ချေနီရဲ့ သမီး လဇ်ချေနီဟာ ဒီကနေ့ဝိုင်ယိုမင်းမှာပြုလုပ်တဲ့ ပါတီတွင်းပဏာမရွေးကောက်ပွဲမှာ ထရမ့်ထောက်ခံပေးထားသူ ဟေ့ချ်မန်ကို (၆၅ – ၃၀)နဲ့ အပြတ်အသတ် ရှုံးနိမ့်နေပါတယ်။ မဲတွေက ရေတွက်ဆဲဖြစ်တော့ ဘယ်သူနိုင်တယ်ဆိုတာ တရားဝင် မကြေငြာရသေးပါဘူး။ အရင်အကြိမ်က ၇၃ရာခိုင်နှုန်းမဲနဲ့ နိုင်ထားတာကို အားကိုးပြီး ခုတကြိမ်မှာ ရှုံးနိုင်ခြေရှိပေမယ့် ဝင်ပြိုင်ခဲ့တာပါ။ သူမကို ဂျန်၆ကိစ္စမှာ မာဂါရီပါဘလစ်ကန်တွေနဲ့ မရပ်တည်ပဲ ဒီမိုကရက်တွေကတဲ့ဇတ်မှာ တက်တက်ကြွကြွ ပါဝင်ပြီး အပြစ်မရှိ အပြစ်ရှာခဲ့လို့ မာဂါရီပါဘလစ်ကန်များက မလိုလားကြတော့တာဖြစ်ပါတယ်။ အစ္စရေးမှာ ဝန်ကြီးချုပ် ၁၅နှစ် လုပ်ခဲ့တဲ့ ဘန်ဂျမင် နေတန်ယာဟု(ဘီဘီ)ကို ဂျူးတဦးဖြစ်တဲ့ ဘန်ရှာပီရိုက အင်တာဗျူးထားတာကို နားထောင်လိုက်ရပါတယ်။ ဘီဘီရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအမြင်တွေဟာ ထရမ့်နဲ့ တော်တော်ဆင်တာContinue reading “ဩဂုတ် ၁၆ရက် ၂၀၂၂”
Trump Home Raid 4
ပြီးခဲ့တဲ့ တနင်္လာနေ့က သမ္မတထရမ့်အိမ်ကို ဝင်စီးကြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တချို့ ထပ်ထွက်လာပါတယ်။ အဲဒီထဲမှာ ၁။ ရှာဖွေဝရမ်းကို လက်မှတ်ထိုးပေးထားတာ သောက်ြာနေ့ထဲကဖြစ်ပြီး ဝင်စီးတာက တနင်္လာမှဖြစ်လို့ ထရမ့်(သို့)သူ့ရှေ့နေအဖွဲ့ကို အကြောင်းကြားဖို့ အချိန်အများကြီး ရခဲ့တဲ့ကြားက တမင်ကို ထိမ်ချန်ထားခဲ့တာ ဖြစ်ပါတယ်။ ၂။ ကလပ်စီဖိုင်းဆိုတဲ့ လျို့ဝှက်စာရွက်စာတမ်းတွေ ယူဆောင်သွားတယ်လို့ စွပ်စွဲပေမယ့် ထရမ့်သမ္မတအဖြစ် ရှိနေခဲ့စဉ်ကထဲက သမ္မတတဦးရဲ့ လုပ်ပိုင်ခွင့်နဲ့ တချိန်မှာ အများပြည်သူကို ချပြသင့်တယ်လို့ ယူဆတဲ့ စာရွက်စာတမ်းတွေကို ဒီကလပ်စီဖိုင်း (ကလပ်စီဖိုင်းအဆင့်ကနေ ပယ်ဖျက်)ခဲ့ပါတယ်။ ထရမ့်လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတဦးအဖြစ် ထမ်းရွက်ခဲ့တဲ့ ကက်ရှ်ပတဲလ်က ၂၀၂၀ အောက်တိုဘာကထဲက ရုရှားဂိတ်ရော ဟေလာရီရောနဲ့ ပတ်သက်တဲ့ ဖိုင်မှန်သမျှကို ဒီကလပ်စီဖိုင်းလုပ်ခဲ့တာ သူ့မျက်မြင်ပဲလို့ ဆိုပါတယ်။ ၃။ သူတို့ပြောတဲ့Continue reading “Trump Home Raid 4”