(ကန်ဒေ့စ် အိုဝင် – ဒေးလီးဝိုင်ယာ) ဖိလစ် ဂေါ်လာဒိုက ကောလိပ်ကျောင်းပြီးပြီး ဖက်ဒရယ်ရဲတပ်ဖွဲ့ထဲကို ဝင်သွားခဲ့ပါတယ်။ နောက်တော့ သူက ဂွာဒါလာဟရာဆိုတဲ့ မူးယစ်ရာဇာတယောက် ဖြစ်လာခဲ့ပါတယ်။ ၁၉၇၀နှစ်တွေတုန်းက ဂေါ်လာဒိုက နှစ်နိုင်း ဒေါ်လာဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးတွေကို ထုတ်လုပ်ရောင်းချနေခဲ့တာပါ။ သူ့အိတ်ထောင်ထဲမှာ ရဲအရာရှိတွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ တရားသူကြီး/တရားရေးဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ မက္ကဆီကိုအစိုးရရော၊ ဥပဒေထိန်းသိမ်းတဲ့အဖွဲ့တွေရော၊ ထောက်လှမ်းရေးတွေရော၊ မီဒီယာတွေရော အားလုံးပေါင်းပြီး ရာဇဝတ်ကောင်တကောင်ကို ဝိုင်းကူညီကာကွယ်ပေးနေကြတယ်ဆိုတာ ယုံတမ်းစကားလိုပါပဲ။ ဂေါ်လာဒိုက သိပ်ပိုက်ဆံရှိလာတော့ သူကိုယ်တိုင်က နိုင်ငံရေးအသိုင်းအဝိုင်းမှာ မရှိမဖြစ် ဖြစ်လာပါတယ်။ မဲဆွယ်ပွဲတွေဆိုရင် သူ့ကိုပဲ အားကိုးနေကြရတာလေ။ ၁၉၈၈တုန်းက ရွေးကောက်ပွဲတခုမှာ မဲရေတွက်နေတုန်း မဲရေတွက်တဲ့စနစ်ကြီးက ရုတ်တရက် ပျက်သွားတဲ့အတွက် မဲတွေကို ဆက်မရေတော့ပဲ ရပ်ထားလိုက်ရပါတယ်။ ပြန်ကောင်းသွားတယ်ဆိုတဲ့အချိန်မှာ ဂေါ်လာဒိုနိုင်စေချင်တဲ့ဖက်ကလူက အရင်Continue reading “ကမ္ဘာပေါ်မှာ အကြီးဆုံး မူးယစ်ရာဇာတွေကတော့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီးတွေပါပဲ”
Author Archives: Omma
ဖဘရဲ့ အတွင်းရေးတွေ ဖောက်ချလိုက်တယ်ဆိုတဲ့ အမျိုးသမီးအကြောင်း
တနေ့က ဖဘရဲ့ ဝန်ထမ်းဟောင်းတဦးက ဖဘအကြောင်းကို အထက်လွှတ်တော်မှာ အစီရင် ခံခဲ့ပါတယ်။ လွှတ်တော်မှာ အစီရင်မခံခင်မှာ သူမဟာ CBS News ရဲ့ မိနစ် ၆၀ အစီအစဥ်မှာ အင်တာဗျူးသွားရောက်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် အခုလို ငွေကြေးအလုံးအရင်းတတ်နိုင်ပြီး ဒီမိုကရက်အစိုးရ/အရာရှိတွေ ရွေးကောက်ခံရဖို့ ငွေကြေးအများကြီး ပံ့ပိုးပေးထားတဲ့အပြင် ရင်းနှီးတဲ့ ဆက်ဆံရေးလည်းရှိတဲ့ ဖဘလို ကုမ္ပဏီကို ဆန့်ကျင်ပြီး ဒီမိုကရက်ကြီးစိုးထားတဲ့ လွှတ်တော်မှာ ထွက်ဆိုတာကိုလည်း မသင်္ကာတဲ့လူတွေ ရှိနေပါတယ်။ ပုံမှန်ဆိုရင် အာဏာပြင်း/ပေါက်ရောက်တဲ့ ကုမ္ပဏီတွေအကြောင်း ဖော်ကောင်လုပ်မယ်ဆိုရင် Project Veritas လိုမျိုး အစိုးရလွှမ်းမိုးမှုမရှိတဲ့ သမာသမတ်ရှိတဲ့ အဖွဲ့အစည်းမျိုးကို သွားကြပါတယ်။ အခုသူမက CBS မှာ လူကြည့်အများဆုံး အစီအစဥ်တခုဖြစ်တဲ့ 60 Mins အစီအစဥ်နဲ့ ချိတ်ဆက်ပြီး အင်တာဗျူးခံတယ်ဆိုတော့Continue reading “ဖဘရဲ့ အတွင်းရေးတွေ ဖောက်ချလိုက်တယ်ဆိုတဲ့ အမျိုးသမီးအကြောင်း”
ဖွဘုတ်ရဲ့ အတွင်းဇတ်လမ်း
ကနေ့မှာ ဖဘက အင်တာနက်ပေါ်ကနေ ၅နာရီကျော်ကြာ ပျောက်နေခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းကတော့ ဖဘဝန်ထမ်းတွေထဲကတယောက်က Border Gateway Protocol records တွေကို update လုပ်ရင်းနဲ့ ကွန်ပြူတာတွေအချင်းချင်း online property ဘယ်လိုရှာရမယ်ဆိုတာကို ပြောထားတဲ့ မြေပုံပျောက်သွားလို့ ဘာကိုမှ လုပ်မရဖြစ်နေတာ ဝန်ထမ်းတွေရဲ့ ကဒ်တွေဖတ်တဲ့ စနစ်တွေပါ အလုပ်မလုပ်ဖြစ်သွားပါတယ်။ အဲဒီ ၅နာရီအတွင်းမှာ ဖဘရဲ့ ဝင်ငွေဆုံးရှုံးမှုက USD ၆၆သန်း ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာက ဖဘမှာ ဒေတာပညာရှင် အဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ဖရန်စစ်ဟော်ဂန်ဆိုသူ အမျိုးသမီးက ဖဘရဲ့ သုတေသနတွေ့ရှိချက် စာမျက်နှာပေါင်း သောင်းဂဏန်းကို ကူးယူပြီး အက်ဖ်စီစီ ကို သတင်းပို့ခဲ့ပါတယ်။ သူမအဆိုအရ ဖဘက သုံးစွဲသူတွေ သူ့အက်ပ်ပေါ်မှာ ကြာကြာနေအောင်Continue reading “ဖွဘုတ်ရဲ့ အတွင်းဇတ်လမ်း”
လောခ့်ဒေါင်းတွေရဲ့ အကျိုးဆက်
လော့ခ်ဒေါင်းတွေက လူချမ်းသာတွေအတွက် အိမ်မှာ စားရေရိက္ခာ ဆေးဝါး ဖျော်ဖြေရေးအစုံအလင်နဲ့ သာသာယာယာ ကျော်ဖြတ်နိုင်ကြပေမယ့် တနေ့လုပ်တနေ့စားတွေနဲ့ တလတလ အလျင်မီအောင် ငွေရှာနေရသူတွေအတွက်ကတော့ ငရဲတမျှပါပဲ။ ပြီးခဲ့တဲ့နှစ်အတွင်း လော့ခ်ဒေါင်းတွေကြောင့် ကမ္ဘာ့ကုန်စည်စီးဆင်းမှု ရပ်တံ့သွားကာ ကမ္ဘာပေါ်က လူပေါင်း သန်း ၁၅၀လောက်ဟာ အဆိုးရွားဆုံးဆင်းရဲမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မကျန်းမာသူတွေအတွက်လည်း ဆေးဝါး ပြတ်လပ်၊ ရှားပါး စျေးကြီးမှုတွေနဲ့ ကြုဲတွေ့ခဲ့ကြတာတွေအပြင် ကိုဗစ်ကူးမှာကြောက်လို့ဖြစ်စေ၊ ဆေးခန်းတွေ ပိတ်ထားလို့ဖြစ်စေ အချိန်မှီ လိုအပ်တဲ့ ဆေးဝါးကုသမှု မခံယူနိုင်ခဲ့တာကြောင့်လည်း အသက်/ဘဝမဆုံးရှုံးသင့်ပဲ ဆုံရှုံးရတာတွေ ရှိခဲ့ပါတယ်။ CDC ရဲ့ နံပါတ်တွေအရ အရွယ်ရောက်ပြီး အမေရိကန်တွေရဲ့ ၄၁%က လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေခံယူဖို့ နှောင့်နှေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အရွယ်ရောက်ပြီး အမေရိကန်တွေရဲ့ ၄၀% က စိတ်ကျန်းမာရေး ပြဿနာနဲ့ နပမ်းလုံးနေရပြီးContinue reading “လောခ့်ဒေါင်းတွေရဲ့ အကျိုးဆက်”
ကိုဗစ်ကာလ နဲ လုံခြုံရေး
2020 May – 2021 May အကြားမှာ တကမ္ဘာလုံး ကိုဗစ်ဒဏ် အလူးအလဲခံခဲ့ရပေမယ့် ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ရဲ့ နောက်ဆက်တွဲ တူညီချက်တွေအဖြစ် Netfilix လိုမျိုးတွေ ပိုကြည့်ပြီး ရာဇဝတ်မှုတွေ ကျဆင်းခဲ့ပါတယ်။ မူးယစ်ဂိုဏ်းတွေနဲ့ လူမှောင်ခိုဂိုဏ်းတွေ အကြီးအကျယ်ကျက်စားတဲ့ မက္ကဆီကိုလိုနိုင်ငံမှာတောင်မှ ရာဇဝတ်မှုတွေ လူသတ်မှုတွေ ကျဆင်းခဲ့ပါတယ်။ ကိုဗစ်ကာလမှာ ရာဇဝတ်မှု လူသတ်မှုတွေ တက်လာတာတော့ တနိုင်ငံပဲရှိပါတယ်။ အမေရိကန်ပြည်ထောင်စုပါ။ တက်တာမှ တော်တော့်ကို ထောင်တက်လာတာပါ။ Portland OR မှာဆိုရင် ၈၀၀% တောင် တက်သွားတာပါ။ ကျန်တဲ့မြို့ကြီးတွေမှာလည်း အနည်းဆုံး ၂၅%လောက်တော့ တက်ကြပါတယ်။ အဲဒါ ဘာကြောင့်လဲလို့ အဖြေရှာကြည့်မယ်ဆိုရင်တော့ လက်ရှိအုပ်ချုပ်နေသူတွေရဲ့ ပေါ်လစီတွေကြောင့်ပါပဲ။ ကြည့်ကြည့်ပါ။ ဒီမိုကရက်ခေါင်းဆောင်တွေအားလုံး တသံထဲထွက်နေကြတာက “Reimagining police” ပါ။Continue reading “ကိုဗစ်ကာလ နဲ လုံခြုံရေး”
တရုပ်ပြည် နဲ လူဦးရေ ပေါ်လစီ
တရုပ်ပြည်က ၁၉၇၉မှာ လူဦးရေလျှင်မြန်စွာတိုးလာပြီး စားစရာရှားပါးလာတဲ့ဘေးက ကာကွယ်ဖို့ တအိမ်ထောင် ကလေး တယောက်ပေါ်လစီကို ချမှတ်ပြီး တင်းတင်းကျပ်ကျပ် ကြမ်းကြမ်းတမ်းတမ်းကိုင်တယ်ခဲ့ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အကူအညီနဲ့ တံခါးဖွင့်လိုက်ပြီးနောက် စီးပွားရေးတိုးတက်လာခဲ့ပါတယ်။ စီးပွားရေးတိုးတက်ပြီး လူနေမှုစရိတ်မြင့်တဲ့နိုင်ငံတိုင်းလိုလိုမှာ ကလေးမွေးနှုန်း နဲသွားတတ်တာကို တရုတ်ပြည်လဲ ကြုံခဲ့ရပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးအဖြစ် အကြာကြီးနေလာအပြီးမှာ လူဦးရေတိုးနှုန်း ကျလာခဲ့လို့ ၂၀၁၆မှာ တအိမ်ထောင် ကလေးနှစ်ယောက်လို့ ပေါ်လစီပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ လူနေမှုစရိတ်မြင့်တာရယ် ပညာရေးကုန်ကျစရိတ်မြင့်တာရယ်ကြောင့် မိသားစုတွေက ကလေးနှစ်ယောက်ယူဖို့ သိပ်စိတ်မပါကြတာကြောင့် လူဦးရေက ပိုကျလာပါတယ်။ နောက်တချက်ကလဲ ယနေ့တရုပ်ပြည်မှာ အိမ်ထောင်သည်တွေက မိဘ၄ဦး + ကိုယ်တိုင် + ကလေးတဦး ပေါင်း ၇ဦးစာ ရှာဖွေထောက်ပံ့နေရတာဖြစ်ပါတယ်။ မနေ့က အမိန့်ထုတ်သလို တအိမ်ထောင် ကလေး ၃ယောက်ဆိုရင် လင်မယားနှစ်ဦးကContinue reading “တရုပ်ပြည် နဲ လူဦးရေ ပေါ်လစီ”
Critical Race Theory
၁၆၁၉ ထက်ပိုပြီး အတွေ့ရများမှာကတော့ critical race theory (CRT) ပဲဖြစ်ပါတယ်။ ၁၆၁၉ ကို အခြေခံပညာကျောင်းတွေရဲ့ သင်ရိုးညွှန်းတန်းတွေမှာထည့်ဖို့ လက်ဝဲစွန်း/ဒီမိုကရက်တွေက ကြိုးစားနေကြသလို အခြေခံပညာရေးပြီးလို့ အဆင့်မြင့်ပညာရေး၊ လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့သူတွေအတွက် လုပ်ငန်းခွင်တွေထဲမှာ CRT သင်တန်းတွေ ပေးနေကြပါတယ်။ အကျင့်ပျက်မီဒီယာတွေကို ကိုင်ထားတဲ့ ဒီမိုကရက်တွေက သင်ကြားရေး၊ ဖျော်ဖြေရေး၊ အစိုးရ၊ ကျောင်းတွေနဲ့ လုပ်ငန်းခွင်တွေမှာ မကြာသေးခင်နှစ်တွေအတွင်း BLM တို့ Antifa တို့ ကျယ်ပြန့်လာတဲ့နောက်မှာ CRT ကို အများကြီးရှေ့တန်းတင်လာကြတာ တွေ့ရပါတယ်။ CRT ရဲ့ အခြေခံကတော့ US က အသားအရောင်ခွဲခြားတဲ့ တိုင်းပြည်ဖြစ်တာကြောင့် အသားအရောင်/ ယဥ်ကျေးမှု ကွဲပြားမှုပေါ်မှာ အကဲဆတ်တတ်တာလေးတွေကို သတိထားမိစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ CRTContinue reading “Critical Race Theory“
ဓမ္မနဲ့ အဓမ္မ
၂၀၂၀ အမေရိကန်ရွေးကောက်ပွဲကို ဓမ္မနဲ့ အဓမ္မအားပြိုင်ပွဲ၊ Good Vs. Evil လို့လည်း တော်တော်များများက ပြောကြပါတယ်။ သမ္မတထရမ့်ကို အစဥ်တစိုက် ထောက်ခံကြသူများက အကြောင်းစုံကို သိနေတော့ အဲဒီလိုမြင်တာ မဆန်းပေမယ့် တဖက်က(သို့) အကြောင်းစုံကို သိမနေတဲ့လူတွေအတွက်က ဟုတ်ပမလား၊ ဘာကြောင့်ပါလိမ့် စသဖြင့် သို့လော သို့လော စဥ်းစားစရာတွေ ရှိလာမှာပါ။ အဲဒီအတွက်လည်း ရေးသင့်တယ်လို့ စိတ်ကူးထားတာပါ။ ဒီနေရာမှာ ပြောစရာရှိတာတခုက တရားတဲ့ဖက် ဆိုတာ လူနဲတာ များတာ၊ အသံကျယ်တာ မကျယ်တာ၊ အမှုရှုံးတာ အမှုနိုင်တာ၊ ရွေးကောက်ပွဲ ရှုံးတာ နိုင်တာ အဲဒီပေတံတွေနဲ့ လက်လီစိတ်လိုက်တိုင်းတာထက် မြင်ကွင်းကျယ်ကို ကြည့်ပြီး ဘယ်သူက တိုင်းပြည်/ပြည်သူအတွက် ဘယ်လောက် ရိုးရိုးသားသား အားထုတ်ခဲ့သလဲ၊ အခုရွေးကောက်ပွဲမှာရော လူထုထောက်ခံမှု ဘယ်လောက်ရသလဲ၊Continue reading “ဓမ္မနဲ့ အဓမ္မ”
ဟေလာရီကလင်တန်ရဲ့ အရှုပ်တထုပ်
ဘရက်ဒ်လေ ဘာကန်ဖဲလ်ဒ်ဆိုတဲ့ ဆွစ်ဇာလန်ယူဘီအက်စ် ဘဏ်မန်နေဂျာတဦးက သမ္မတဟောင်းအိုဘားမားလက်ထက် ကလင်တန်နိုင်ငံခြားရေးဝန်ကြီးလုပ်စဥ်က အမေရိကန်ကလူတွေ ဆွစ်ဇာလန်မှာ အခွန်ရှောင်ဖို့ လာထားကြတဲ့ ဒေါ်လာသန်းပေါင်းများစွာကို အိုဘားမားအစိုးရအဖွဲ့က အဆင့်မြင့်အရာရှိများက ဖုံးကွယ်ဖို့ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ အခွန်ဒေါ်လာသန်းရာပေါင်းများစွာေဆာင်ရမယ့်ဟာကို ရှောင်ဖို့ လာထားကြတဲ့ပိုက်ဆံတွေကို လွန်ခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်အစိုးရကို ဖော်ပြပေးခဲ့ရတာဖြစ်ပြီး အိုဘားမားအစိုးရနဲ့ အပေးအယူအစီအစဥ်အရ ဘဏ်က သန်း၇၈၀ပေးဆောင်ပြီး အခွန်ရှောင်ဘဏ်စာရင်း ၁၉,၀၀၀ အနက်မှ ၄,၇၀၀ကိုပဲ ဖော်ပြဖို့ သဘောတူညီခဲ့ပါတယ္။ အဲဒီလို ဆွစ်အာဏာပိုင်တွေနဲ့ ပြည်တွင်းအခွန်ကြား ရာဇဝတ်မှုမြောက်တဲ့ အပေးအယူလုပ်ပေးတဲ့ထဲမှာ ပါနေတာကတော့ ဟေလာရီပါပဲ။ သူက မေးခွန်းထုတ်တာက ဟေလာရီက နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ ဘာဖြစ်လို့ ခုလို ရာဇဝတ်မကင်းတာမျိုးလုပ်ရတာလဲ၊ နိုင်ငံတကာရာဇဝတ်မှုခင်းစုံစမ်းမှုတွေမှာ ဘာလို့ပါနေရတာလဲဆိုတာကိုပါ။ ပြီးတော့ သူ့ကိုပေးလိုက်တဲ့ အခွန်ရှောင်တဲ့အကောင့်ပေါင်း ၁၉၀၀၀ကျော်မှာ ဘာဖြစ်လို့ ၄၇၀၀ ကိုပဲေဖာ်ပြခိုင်းရတာလဲ၊Continue reading “ဟေလာရီကလင်တန်ရဲ့ အရှုပ်တထုပ်”
သမ္မတထရမ့်ရဲ့ စီးပွားရေးအောင်မြင်မှုအသက် ရချက် (သို့) အိုဘားမားပြောတဲ့ Magic wand
သမ္မတအိုဘားမားလက်ထက်မှာ တိုင်းပြည်က စီးပွားရေး recession ဖြစ်ခဲ့တဲ့နောက်ပိုင်းမှာ အမေရိကန်စီးပွားရေးဟာ recession ပြီးရင် ပုံမှန်ဆောင့်တက်ကြသလိုမျိုးမဟုတ်ပဲ နဲနဲပဲတက်ခဲ့တာကို သမ္မတလောင်းထရမ့်က အကြိမ်ကြိမ်ဝေဖန်ခဲ့ပါတယ်။ အဲဒါကို အိုဘားမားက ဘယ်လိုလုပ်ပြီး အများကြီးတက်အောင်လုပ်လိုရမှာလဲ လိုတရ magic wand နဲ့လုပ်ရမှာလားလို့ တုန့်ပြန်သွားခဲ့တာပါ။ ထရမ့်ကြီးသမ္မတဖြစ်လာပြီးနောက်ပိုင်း တိုင်းပြည်စီးပွားရေးတိုးတက်မှုကို ဟန့်တားနေတဲ့အရာတွေကို ဖော်ထုတ်ရှင်းလင်းပြစ်ခဲ့လို့ နှစ်ပေါင်းများစွာအတွင်း အလုပ်အကိုင်တွေ စံချိန်တင် ဖန်တီးပေးနိုင်ခဲ့ပြီး စီးပွားရေးလည်း အများကြီးတိုးတက်လာခဲ့ပါတယ်။ ဘယ်လိုပေါ်လစီတွေက ထရမ့်လက်ထက် စီးပွားရေးကို တိုးတက်စေခဲ့သလဲဆိုတာကို John Carney က ခုလို သုံးသပ်ပြထားပါတယ်။ အခွန်လျော့ချတာကတော့ အားလုံးသောလုပ်ငန်းတွေ အပေါ်မှာ အထောက်အကူဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်စီးပွားကောင်းတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းတက်လာစေတယ်လေ။ အခုပြောမဲ့ ပေါ်လစီ ၇ ခုကတော့ manufacturing ကဏ္ဍကို တိုးတက်စေပါတယ်။ ၁။Continue reading “သမ္မတထရမ့်ရဲ့ စီးပွားရေးအောင်မြင်မှုအသက် ရချက် (သို့) အိုဘားမားပြောတဲ့ Magic wand”