မတ်လ ၃ ရက် ၂၀၂၃

ဂျိုးဘိုင်ဒန်ဟာ ရင်ဘတ်မှာ ဘေစယ်ဆဲလ်ကာစီနိုမာဆိုတဲ့ အဖြစ်များတဲ့ အရေပြားကင်ဆာဆဲလ်တွေ တွေ့ရတဲ့အတွက် ဆရာဝန်များက ဖယ်ရှားပေးလိုက်ပြီဖြစ်ပါတယ်။ မကြာသေးမီက ဆေးစစ်ချစ်မှာ အသက် ၈၀အရွယ် အယ်လ်ဇိုင်းမားအဖိုးအိုကို သူ့ရဲ့ဆရာဝန်အဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တဲ့ ဒေါက်တာ ကယ်ဗင်အိုကော်နာက healthy, vigorous, and fit ဖြစ်လို့ အိမ်ဖြူတာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ တရားဝင်ကြေငြာတယ်ဆိုတိုင်း ပညာတတ် ရာထူးကြီးဆိုတိုင်း မျက်စိမှိတ်မယုံသင့်တဲ့ သာဓကတခုပါ။ မကြာသေးမီကမှ ဆီနိတ်တာအရွေးခံထားရတဲ့ ဦးနှောက်လေဖြတ်ထားသူ ဖက်တာမန်းဟာလည်း ဆေးရုံတင်ထားရပါတယ်။ မကျန်းမာတဲ့သူက ကုသမှုခံယူဖို့ အရေးကြီးတာကို အရင်မလုပ်ပဲ ကိုယ့်အနေအထားနဲ့ မထော်မနန်းတွေလုပ်တော့ တိုင်းပြည်ဘယ်လောက်အကျိုးရှိ/ယုတ်သွားလဲဆိုတာ အစွဲကင်းကင်းနဲ့ စဥ်းစားနိုင်ဖို့ လိုပါတယ်။ ကယ်လီဖိုးနီးယားက အသက် ၈၉နှစ်ရှိပြီဖြစ်တဲ့ ဆီနိတ်တာ ဒိုင်ယန်းဖန်းစတိုင်းလည်း ဆန်ဆရန်မှာ ဆေးရုံတင်ထားရပြီဆိုတော့ မကျန်းမာနေစဥ်အတွင်းContinue reading “မတ်လ ၃ ရက် ၂၀၂၃”

Dr. Robert Lustig ရဲ့ ဟောပြောချက်တွေထဲမှ ကောက်နှုတ်ချက်အချို့

Dr. Robert Lustigဟာ လွန်ခဲ့တဲ့ နှစ်၅၀လောက်က လူတွေမှာ ကာဘိုဟိုက်ဒရိတ်တွေ အဆီတွေ စားနေပါလျက်နဲ့ ဘာလို့မဝပဲ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်ကြောက်အောင် လုပ်ထားတဲ့ခုခေတ်ကျမှ လူတွေအဝလွန် ရောဂါထူနေကြတာကို ယှဥ်ကြည့်ပြီး ဘာတွေမှားနေလဲဆိုတာကို သိချင်စိတ်နဲ့ အဖြေရှာနေခဲ့ပါတယ်။ ကျမမှာ ဆေးပညာနောက်ခံမရှိပေမယ့် ဆရာကြီးပြောထားတဲ့ ဗီဒီယိုတွေထဲက သိသင့်တာတချို့ကို သိချင်သူများအတွက် နားလည်သလို အကျဥ်းချုပ် ပြန်ရေးပေးလိုက်ပါတယ်။ ဆရာကြီးတွေ့ရှိလာတာကတော့ ၁၉၈၀ဝန်းကျင်ခုနှစ်တွေမှာ ထောပတ်တို့ တိရိစ္ဆာန်အဆီတို့ကို ကျန်းမာရေးအတွက် အန္တရာယ်ရှိသလို၊ နှလုံးရောဂါဖြစ်နိုင်သလို အင်တိုက်အားတိုက် ကြော်ငြာခဲ့ သတိပေးဝမ်နင်တွေ ထုတ်ခဲ့ကြတဲ့နောက်ပိုင်းမှာ လူတွေ ပိုဝလာ နာတာရှည်ရောဂါတွေ ပိုဖြစ်လာ ကျန်းမာရေး ပိုဆိုးလာကြတာ တွေ့ခဲ့ရပါတယ်။ အဖြစ်များလာတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး စတဲ့ chronic metabolic disease နာတာရှည်ရောဂါတွေအတွက်Continue reading “Dr. Robert Lustig ရဲ့ ဟောပြောချက်တွေထဲမှ ကောက်နှုတ်ချက်အချို့”

ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၃

ဖေဖေော်ဝါရီ ၃ရက်နေ့က ရထားမှောက်ပြီး ပါလာတဲ့ ဓါတုပစ္စည်းတွေ မီးရှို့ပြစ်ခဲ့လို့ တိရိစ္ဆာန်တွေ အစုလိုက်အပြုံလိုက် အဆိပ်သင့်သေဆုံးကြသလို လူတွေလည်း ဓါတုအဆိပ်သင့်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မကြာခင် ခံစားလာရနိုင်တဲ့ အန္တရာယ်ရှိနေပေမယ့် ဘိုင်ဒန်တို့လက်အောက်က အရေးပေါ်စီမံခန့်ခွဲရေး ဖီးမားက ၂ပတ်ကြာပြီးတဲ့အထိ လာမယ့်အရိပ်အယောင် မပြခဲ့ပါဘူး။ ဒီတပတ်ထဲ ထရမ့်က သူအရှေ့ပါလက်စတိုင်းကို သွားပြီး သောကပွေနေတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံမယ့်လို့ ကြေငြာလိုက်ပြီးတော့မှ ဖီးမားက သူတို့ အကူအညီပို့ပေးပါမယ်လို့ ကောက်ခါငင်ခါ ကြေငြာပါတယ်။ ထရမ့်က အာဏာလက်ရှိမဟုတ်ပေမယ့် သူသွားရင် မီဒီယာတွေပါမှာရယ်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ တခြားပြည်သူတွေဆီကနေ အကူအညီတွေ ရလာနိုင်တာပါ။ စီအန်အန်က ဖီးမားနဲ့ အခြားအစိုးရအဖွဲ့တွေက ဒေသခံတွေ လုံခြုံဘေးကင်းဖို့ အကူအညီမပေးတာနဲ့ ပတ်သက်ပြီး ရထားမှောက်တဲ့ အိုဟိုင်းအိုးပြည်နယ်က အရှေ့ပါလက်စတိုင်းမြို့လေးဟာ ထရမ့်ရဲ့Continue reading “ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၃”

ဖေဖော်ဝါရီ ၁၅ ရက် ၂၀၂၃

စီဒီစီရဲ့ ဆာဗေးမှာ ပါဝင်ကြတဲ့ သူတွေထဲက ကဗကကဆထိုးချိန်မှာ ကိုယ်ဝန်ရှိကြတဲ့သူတွေကို စုစည်းထားတဲ့ စာရင်းဖြစ်တဲ့ V-safe pregnancy registry မှာ ပါဝင်သူပေါင်း ၃၉၅၈အနက်မှ ၈၂၇ဟာ ကိုယ်ဝန်ကို နေ့စေ့လစေ့ လွယ်နိုင်ခဲ့ပြီး အဲဒီထဲကမှ ၁၁၅ဦးဟာ ကိုယ်ဝန်အဖတ်မတင်ပဲ ၇၁၂ဦးကသာ အရှင်မွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရာနှုန်းအားဖြင့်ဆိုရင် အဖတ်မတင်တာ ၁၃.၉% ဖြစ်နေတာပါ။ ဖလော်ရီဒါက ဆာဂျင်ဂျန်နရယ်(ပြည်သူ့ကျန်းမာရေးအကြီးအကဲ)က ထုတ်ပြန်တဲ့ ဒေတာတွေထဲမှာ ၁၈-၃၉နှစ်ကြားအမျိုးသားတွေဟာ ဆေးထိုးပြီး ၂၈ရက်အတွင်း နှလုံးဖောက်ပြီး သေဆုံးနှုန်း ၈၄% တက်လာကြောင်း တွေ့ရှိထားပါတယ်။ အဲဒီလို ပြဿနာတွေ ရှိနေလို့ ဥရောပမှာ ၄၀အောက်တွေကို ကဗကကဆထိုးဖို့ မတိုက်တွန်းသလို ၁၈နှစ်အောက်တွေကို ဆေးမထိုးဖို့လည်း တားမြစ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ ၂၀၂၂နှောင်းပိုင်းက ရာထူးက နှုတ်ထွက်သွားတဲ့Continue reading “ဖေဖော်ဝါရီ ၁၅ ရက် ၂၀၂၃”

ဖေဖော်ဝါရီ ၁၄ ရက် ၂၀၂၃

အမေရိကန်ဒေသတော်တော်များများမှာ ကြက်ဥရှားပါးတဲ့ ပြဿနာ ဖြစ်နေတာ လအနည်းငယ် ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ အကြီးအကျယ်မွေးတဲ့ ကြက်မွေးမြူရေးခြံတချို့ ဘာအကြောင်းမှ မပြနိုင်ပဲ မီးထထလောင်တာတွေ၊ ကြက်တုပ်ကွေးကူးတယ်ဆိုပြီး ကောင်ရေသိန်းသန်းချီတဲ့ ခြံတွေ အကုန်ရှင်းပစ်ရတာတွေ ရှိနေခဲ့ပါတယ်။ မသင်္ကာစရာလို့ အဲဒီထဲက ပြောနေကြတာပါ။ ၂၀၂၂နှောင်းပိုင်းကျတော့ ကြက်တွေ ဥမဥကြတော့တဲ့ ပြဿနာ စ လာပါပြီ။ ဒါတွေက လုပ်ငန်းရှင်လေးတွေ တနိုင်တပိုင် ကြက်ခြံလုပ်သူလေးတွေက ပြောကြတာပါ။ လုပ်ငန်းရှင်ကြီးတွေတော့ ဘယ်လိုဖြစ်ကြလဲ မသိပါ။ စဖြစ်ဖြစ်ချင်း ဘာကြောင့်မှန်း မသိကြတော့ အအေးပိုတဲ့နှစ်မှာ အေးတာနဲ့ အလင်းရောင်လုံလုံလောက်လောက် မရတာကြောင့်များလားလို့ တွေးကြပြီး တချို့က အပူပေး မီးထွန်းတွေ လုပ်ပေမယ့် ထူးမလာပါဘူး။ တချို့ကတော့ ကြွေးနေကျအစာကို ရပ်ထားလိုက်ပြီး ဒေသထဲက တိရိစ္ဆာန်စာ ထုတ်လုပ်သူတွေဆီကအစာ၊ တချို့ကContinue reading “ဖေဖော်ဝါရီ ၁၄ ရက် ၂၀၂၃”

ဖေဖော်ဝါရီ ၁၂ ရက် ၂၀၂၃

အမျိုးအမည်မသိပဲ ပျံသန်းနေတာတခု တွေ့ရှိတယ်ဆိုပြီး ဒီနေ့မနက်စောစောမှာ မီရှီဂန်ရေကန်ကြီးရဲ့ တစိတ်တပိုင်းကို national defense airspace လို့ သတ်မှတ်ပြီး အဲဒီပေါ်ကို လေယာဥ်ဖြတ်မပျံဖို့ the Federal Aviation Administration က အမိန့် ထုတ်လိုက်ပါတယ်။ ဒီလိုအချိန်မှာ အမိန့်ကို မနာခံပဲ ဖြတ်ပျံရင် ပျံသန်းခွင့်လက်မှတ်ကို စစ်ဆေးအရေးယူခြင်း၊ ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲခြင်းတို့အပြင် ပစ်ချပါ ခံရနိုင်တယ်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့နှောင်းပိုင်းမှာတော့ အဆိုပါကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။ မီရှီဂန်ပြည်နယ်နဲ့ ကနေဒါနိုင်ငံကြားက (မီရှီဂန်ရေကန်နဲ့ သိပ်မဝေးလှတဲ့) ဟူရွန်ရေကန်ကြီးပေါ်မှာလည်း အမျိုးအမည်မသိတဲ့ အရာတခု ပျံသန်းနေတာ တွေ့ခဲ့လို့ ဒီနေ့မှာ အမေရိကန်တိုက်လေယာဥ်တွေက ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ မနေ့ကလည်း မွန်တားနားပေါ်မှာ ဘာမှန်းမသိတာတခု ပစ်ချခဲ့ပါသေးတယ်။ ဘာမှန်းမသိတာကြီးပျံနေတယ်ဆိုတဲ့ သတင်းတွေက အကြီးကြီးဖြစ်ပြီးContinue reading “ဖေဖော်ဝါရီ ၁၂ ရက် ၂၀၂၃”

ကယ်လီဖိုးနီးယားမှာ ၂၀၂၃ နှစ်စက စတင်ခဲတဲ့ တလွဲ ဥပဒေသစ်များ

၁။ အနိမ့်ဆုံးလုပ်ခကို ၂၀၂၂ကထက် တနာရီကို ဆင့်၅၀တက်ပြီး ၁၅.၅၀ဒေါ်လာအဖြစ် သတ်မှတ်လိုက်တာပါ။ လုပ်ခတက်လိုက်တာဟာ ၃.၂၃% ဖြစ်တော့ ၂၀၂၁-၂၂အတွင်း ငွေဖောင်းပွမှု ၇.၉% တက်လာတာနဲ့ဆိုရင် တဝက်တောင် မရှိတော့ လုပ်ခတိုးသလိုလိုနဲ့ တကယ်တမ်းမှာ လျော့ရတယ်လို့ပဲ ဆိုရမှာပါ။ ငွေဖောင်းပွမှုနှုန်းနဲ့ လိုက်ပေးပြန်ရင်လည်း လိုက်မမှီလို့ စီးပွားပျက်မှာနဲ့ ငွေဖောင်းပွမှုပြန်ကျသွားလည်း ဥပဒေကြီး အဖတ်တင်နေရင် လျော့ပေးလို့မရတဲ့အတွက် ငွေက ဖောင်းပွပြီး စီးပွားက ပျက်နေဦးမှာပါ။ အဲဒါကြောင့် အမျှော်အမြင်ရှိတဲ့ စီးပွားရေးပညာရှင်တိုင်းက ဈေးကွက်လိုအပ်ချက်အရပဲ လွတ်လွတ်လပ်လပ် နှုန်းရှင်ထားစေချင်တာပါ။ ၂။ လွတ်လပ်စွာလမ်းလျောက်ခွင့်ရှိတဲ့ ဥပဒေအောက်မှာ လူတွေ မျဥ်းကြားက ကူးစရာ လုံးဝ မလိုတော့ပါဘူး။ ကြိုက်တဲ့နေရာက စည်းကမ်းမဲ့ ဖြတ်ကူးလည်း ဖမ်းလို့မရစေမယ့် ဥပဒေပါ။ ဘာကြောင့်ဒီဥပဒေ ပေါ်လာတာလည်းဆိုတော့ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကိုContinue reading “ကယ်လီဖိုးနီးယားမှာ ၂၀၂၃ နှစ်စက စတင်ခဲတဲ့ တလွဲ ဥပဒေသစ်များ”

၂၀၂၃ ဘိုင်ဒန့် SOTU မှ အလိမ်/အလွဲများနဲ့ ထိမ်ချန်မှုများ

ဘိုင်ဒန်က ရေနံ/ဓါတ်ငွေ့ကို နောက် ၁၀စုနှစ်၁ခုလောက်အထိ လိုနေဦးမယ်လို့ ပြောပါတယ်။ ရေနံ/ဓါတ်ငွေ့က တကယ်ဆိုးနေရင်တောင် ဖြစ်သင့်တာက တခြားစွမ်းအင်ပေါများတည်ငြိမ်လာမှ ရေနံ/ဓါတ်ငွေ့သုံးတာကို လျော့ချသွားဖို့ပါ။ ၂၀၁၆တုန်းက နေ/လေစွမ်းအင်က စွမ်းအင်လိုအပ်ချက်ရဲ့ ၁၀% ထုတ်ပေးခဲ့ရာက ၂၀၂၁မှာ ၁၃% ထုတ်လာခဲ့ပါတယ်။ လော့ဒေါင်းတွေပြန်ဖွင့်ပြီး လောင်စာဈေးတွေ အရမ်းတက်နေတဲ့ ၂၀၂၂ ဧပြီလမှာ လေ/နေစွမ်းအင်က စွမ်းအင်လိုအပ်ချက်ရဲ့ ၂၀% ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၁၆တုန်းက လျှပ်စစ်/ဂက်စ်ဘေလ်က ၂၀၂၂ မှာ ၄ဆလောက် တက်သွားတာကို ဘိုင်ဒန် ထည့်မပြာသွားပါဘူး။ အန္တရာယ်ဖြစ်စေနိုင်ကြောင်း ခိုင်ခိုင်မာမာ အထောက်အထား ဘာတခုမှ မပြနိုင်ပဲ အာဏာနဲ့ အတင်းပြောင်းခိုင်းတော့ ပြည်သူတွေမှာ ကြပ်တည်း အခက်အခဲတွေဖြစ်ရတာပါပဲ။ ဖန်တနောလ်က တနှစ် အမေရိကန် ၇သောင်းကို သတ်နေတယ်လို့ပြောပေမယ့် မူးယစ်ဆေးတွေရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ နယ်စပ်ဖွင့်ထားတာကိုContinue reading “၂၀၂၃ ဘိုင်ဒန့် SOTU မှ အလိမ်/အလွဲများနဲ့ ထိမ်ချန်မှုများ”

Corrupted Big Pharma

Dr Aseem Malhotra ဆိုတဲ့ ယူကေက နှလုံးအထူးကု ဆရာဝန်ကြီးတဦးဟာ သူဆေးကုလာတဲ့အနှစ် ၂၀ (နှလုံးကုလာတဲ့ ၁၆နှစ်)အတွင်း ကုရိုးကုစဥ် ပေးရိုးပေးစဥ်ဆေးတွေနဲ့ သူ့နာတွေ မသက်သာတာ တွေ့လာရတာကြောင့် ဆေးတွေအကြောင်း ပိုမိုသိရှိအောင် လေ့လာခဲ့ပါတယ်။ ဒေါက်တာမာဟိုထရာ တွေ့ရှိလာတာက ကိုလက်စ်ထရောကျဖို့ပေးကြတဲ့ စတက်တင်ဆေးတွေက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်မှုမှာ ၁% ပဲရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ဘစ်ဖာမာက နှလုံးရောဂါမဖြစ်အောင် စတက်တင်ဆေးတွေက ကူညီနိုင်တယ်ဆိုတာကို အင်တိုက်အားတိုက် ပုံသွင်းထားတဲ့အတွက် ဆရာဝန်အများစုအပါအဝင် လူအများစုက စတက်တင်ဆေးတွေဟာ နှလုံးရောဂါကို အမှန်တကယ် ကာကွယ်နိုင်တယ်လို့ ယုံကြည်နေကြတာပါ။ ကဗကကဆနဲ့ ပတ်သက်ပြီးတော့လည်း အစဥ်အလာရှိခဲ့တဲ့ ကကဆတွေဟာ လုံခြုံစိတ်ချရတာ များတဲ့အတွက် ဒေါက်တာ မာလ်ဟိုထရာက သူကိုယ်တိုင် ဆေး၂လုံးအထိုးခံခဲ့တဲ့အပြင် လူအများကိုလည်း ထိုးထားသင့်ကြောင်း တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။Continue reading “Corrupted Big Pharma”

ဖေဖော်ဝါရီ ၃ ရက် ၂၀၂၃

ဒီကနေ့မှာ မိုးလေဝသအခြေအနေ စုံစမ်းရာမှာသုံးကြတဲ့ မိုးပျံဘောလုံးမျိုးတခု ကနေဒါဖက်ကနေ အမေရိကန်ထဲကို ဝင်ရောက်လာပါတယ်။ နောက်ဆုံးတွေ့တဲ့အချိန်က မွန်တားနားကိုဖြတ်ပြီး အမေရိကန်အလယ်ပိုင်း ကန်းဆပ်စ်ပြည်နယ် အရှေ့မြောက်ဖက်မှာဖြစ်ကာ အခုအချိန်မှာ အမေရိကန် အရှေ့ဖျားကို ဦးတည်သွားနေတာဖြစ်ပါတယ်။​ တရုပ်ကတော့ မိုးလေဝသအတွက် သုံးတာပါ၊ ရာသီဥတုဆိုးလို့ အဲဒီဖက်ရောက်သွားတာပါလို့ လှိမ့်ပါတယ်။ ပင်တဂွန်က အဲဒီမိုးပျံဘောလုံးက တရုပ်ပိုင်ဖြစ်ပြီး သူတို့ဖက်က လိုသလို ထိန်းချုပ်နေတာမှာ မူလလမ်းကြောင်းကနေ ပြောင်းပစ်ခဲ့တယ်၊ ဒါကြောင့် စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။ ထလရဘောလုံးဖြစ်နိုင်နေပါလျက်နဲ့ အမေရိကန်ဝေဟင်ပိုင်နက်မှာ ခွင့်ပြုချက်မရှိ ကျူးကျော် ဝင်ရောက်နေပြီး နောက် ရက်အနည်းငယ် ထပ်ရှိနိုင်တာကို ဘိုင်ဒန်တို့က စိတ်နဲ့တောင် မပြစ်မှားရဲသလို နေနေကြတာ တော်တော်လည်း ရှက်စရာကောင်းပါတယ်။ ထရမ့်ကတော့ ပစ်ချဖို့ ပြောနေပါပြီ။ ဘိုင်ကြီးတို့ ကြောက်ကြတာကတော့ မဆန်းပါဘူး၊ အကျင့်ပျက် လာဘ်စားတဲ့သူတိုင်းမှာContinue reading “ဖေဖော်ဝါရီ ၃ ရက် ၂၀၂၃”