လွတ်လပ်မှု တရားမျှတမှုကို မြတ်နိုးသူတွေဖက်မှာ ကမ္ဘာ့အချမ်းသာဆုံးနဲ့ အံ့ဩလောက်အောင် ထူးခြားဆန်းသစ်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ကြီး ပါဝင်လာလိုက်တာက နွံအိုင်ကြီး ဘယ်လောက်နက်တယ်ဆိုတာကို ပြည်သူတွေ မျက်ဝါးထင်ထင် မြင်လာဖို့ အကြောင်းဖန်လာတာပဲ ဖြစ်ပါတယ်။ အက်ဖ်နဲ့စတဲ့ ထလရေးအဖွဲ့ကြီးက မနှစ် ၁လပိုင်း ၆ရက်နေ့ ဆန္ဒပြပွဲကို တက်ရောက်ခဲ့တဲ့ သူတို့ဌာန ဝန်ထမ်းတွေကို လုံခြုံရေးကင်းလွတ်ခွင့်အဆင့်တွေ ချပစ်ခြင်းအားဖြင့် စိတ်ပျက်ပြီး အလုပ်ထွက်ကုန်အောင် ပညာပြနေတယ်လို့ အတွင်းလူတွေက သတင်းပို့ထားပါတယ်။ အဲဒီလူတွေကို စီစစ်ပြီးသားဖြစ်ပြီး ပြစ်မှုကင်းရှင်းလို့ အလုပ်ပြန်ဆင်းခွင့်ပေးထားတာ တနှစ်ကျော်ကြာမှ အခုလို ထရမ့်ထောက်ခံတဲ့ ဝန်ထမ်းတွေကို ခွဲခြားပြီးအဆင့်ချတာဟာ ဒီနှစ်နဲ့ ၂၀၂၄ရွေးကောက်ပွဲတွေအတွက် ညစ်ပတ်မှုဂီယာ ဂိတ်ဆုံးတင်တော့မယ့်ပုံပါပဲ။ နောက်ညစ်ချက်တခုကတော့ အဲဒီနေ့နဲ့ပတ်သက်တဲ့အမှုမှာ မတရားတာ ဘက်လိုက်တာတွေကို လူသိရှင်ကြား ဝေဖန်ခဲ့ကြတဲ့ ရီပါဘလစ်ကန်အမတ် ၅ဦးကို နောက်တခါ ပြန်အရွေးခံလို့မရအောင်Continue reading “မေ ၆ ရက် ၂၀၂၂”
Category Archives: Uncategorized
Sudden Death: The No. 1 Cause of Death for Under 65s in 2021
Joseph Mercola, Jan 6 2023 Epoch Health Premium Believe it or not, it’s now the No. 1 cause of death for this age group. Is there a silent epidemic that’s impairing and destroying your immune system (and literally obliterating 90% of your DNA repair mechanism)? And, what extreme remedies can reverse the attack? STORY AT-A-GLANCEContinue reading “Sudden Death: The No. 1 Cause of Death for Under 65s in 2021”
ဇန္နဝါရီ ၆ ရက် ၂၀၂၂
အမေရိကန်အောက်လွှတ်တော်မှာ ၁၁၈ ကွန်ဂရက်စ်အတွက် ဟောက်စ်စပီကာရွေးနေတာ ၅ရက် ၁၄ကြိမ် ရှိသွားပြီဖြစ်ပြီး နောက်ဆုံးအကြိမ်မှာတော့ ကယ်ဗင်မက်ကာသီက သတ်မှတ်မဲအရေအတွက် ပြည့်ဖို့ ၁ မဲပဲ လိုတော့တာ ဖြစ်ပါတယ်။ မီဒီယာတွေကရော ဒီမိုကရက်တွေကရော ရီပါဘလစ်ကန်တွေ ကွဲပြဲနေပြီတို့၊ ခုလိုဖြစ်ရတာ ရှက်စရာတို့နဲ့ ဝမ်းသာအားရ ဖြစ်နေကြပေမယ့် တကယ်တမ်းတော့ ဒါဟာ နိုင်ငံရေးလောကမှာ ရှိသင့်တဲ့ အကျေအလည်ဆွေးနွေးမှုရဲ့ ပရိယာယ်တခုပဲ ဖြစ်ပါတယ်။ ရီပါဘလစ်ကန်တွေကြားမှာ သဘောထားကွဲလွဲမှုဆိုတာ အမြဲရှိတတ်ပါတယ်၊ ဒါဟာလည်း သဘာဝကျတာဖြစ်လို့ လူကြီးလူကောင်းများပီပီ ငြင်းခုံစရာရှိရင် ငြင်းခုံ၊ ပြီးရင် ရန်သူတွေ ဖြစ်မသွားပဲ လက်ဆွဲနှုတ်ဆက်ပြီး အလုပ်ဆက်တွဲလုပ်နေကြတဲ့ ပုံမှန်ဓလေ့တခုထက် မပိုပါဘူး။ ပါတီတွင်းရော လွှတ်တော်ထဲမှာပါ ငြင်းခုံကြတာ ပုံမှန်ဖြစ်သင့်ပေမယ့် ဒါမျိုးဟာ ရင့်ကျက်မှုအားနည်းသူတွေ၊ အဂတိတခုခုကြောင့် အားနည်းချက်ရှိနေသူတွေအတွက် လုံးဝရှောင်လွှဲချင်တဲ့ ကိစ္စContinue reading “ဇန္နဝါရီ ၆ ရက် ၂၀၂၂”
ဇန်နဝါရီ ၂ ရက် ၂၀၂၃
နိုဝင်ဘာ ၂၀၂၁တုန်းက ဒီမိုကရက်တွေ ထုတ်လိုက်တဲ့ Infrastructure ဘေလ်ထဲမှာ အမေရိကန် အများစု သတိမထားမိတဲ့ အချက်ကတော့ ဒီမိုကရက်တွေ နှစ်ပေါင်းများစွာ တွန်းလာတဲ့ လွတ်လပ်မှုကန့်သတ်မယ့် ထိတ်တုံးတခုပဲ ဖြစ်ပါတယ်။ ဒီမိုကရက်တွေဟာ safety အတွက်လို့ အယောင်ပြ သကာအုပ်ထားတဲ့ ဘေလ်ကတော့ မူးပြီး မောင်းတာတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကားတိုင်းမှာ မတပ်မနေရ “safety device” တခုကို ၂၀၂၆မှာ စပြီး ကားထုတ်လုပ်သူတွေအားလုံး ထည့်သွင်းထုတ်လုပ်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကားဝယ်ယူသူတွေဟာ ငြင်းပိုင်ခွင့်လည်းမရှိ၊ အဲဒီစက်ကိုလည်း ပိတ်ထားလို့မရပဲ ဗျူရိုကရက်တွေ၊ ရဲတွေနဲ့ ကားထုတ်လုပ်သူတွေက သူတို့ကြည့်ချင်တဲ့သူကို အချိန်နဲ့ တပြေးညီ ဘယ်မှာရှိနေလဲ သိနိုင်တဲ့အပြင် အဝေးကနေ ခလုပ်လေးတချက် နှိပ်လိုက်ရုံနဲ့ ကားက လုံးဝ မောင်းလို့မရအောင် လုပ်ကြတော့မှာပါ။Continue reading “ဇန်နဝါရီ ၂ ရက် ၂၀၂၃”
ဒီဇင်ဘာ ၃၀ ရက် ၂၀၂၂
တွဒ်တာဖိုင်တွေကနေ ဆက်လက်ဖော်ထုတ်ခဲ့တဲ့ထဲမှာ ပလန်ဒဲမစ်အကြောင်းလဲ ပါခဲ့ပါတယ်။ အဲဒါတွေ ထွက်လာပြီးနောက် အရင်က ကဗကကဆကို ယုံကြည်သူ ဘန်ရှာပီရိုက သူ့အနေနဲ့ ဘိုင်ကြီးတို့ တွန်းနေတဲ့ ကဗကကဆကို ယုံကြည်ဖို့ ခဲယဥ်းသွားပါပြီလို့ ပြောသွားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တွဒ်ချုပ်ကြီးက ၂၀၁၂တုန်းက ဖောက်ချီက ဂိန်းအော့ဖ်ဖန်ရှင် သုတေသနရဲ့ ကောင်းကျိုးဟာ ပန်ဒဲမစ်ဖြစ်လာနိုင်မယ့် အန္တရာယ်ထက် ပိုပါတယ်လို့ ငြင်းထားခဲ့တဲ့ ယာဟူးသတင်းကို တင်ထားခဲ့ပါတယ်။ တွဒ်ချုပ်ကြီးက အဲဒီဂိန်းအော့ဖ်ဖန်ရှင်ကို ဓါတုလက်နက်သုတေသနလို့ ခေါ်သင့်ပြီး ဖန်ရှင်ဆိုတာ အသက်ထွက်တာကို ပြောတာပါတဲ့။ အဲဒီနှစ်ပိုင်းလောက်ကပဲ ဟူစိန်အိုနဲ့ ဘေလ်ဂိတ်စ်တို့က ပန်ဒဲမစ်အကြောင်း ဟ သွားကြပါသေးတယ်။ ၂၀၂၀မှာ ဖြစ်လာတာနဲ့ဆိုရင် ဖောက်ချီတို့လိမ်တဲ့ အမှု ထပ်တိုးပြန်တာပါပဲ။ နောက်ထပ်လိမ်တာတွေ အများကြီးထဲက တခုက အန်အိုင်အိတ်ချ်က ပြည်သူ့အခွန်တွေနဲ့ ဂိန်းအော့ဖ်ဖန်ရှင်တွေContinue reading “ဒီဇင်ဘာ ၃၀ ရက် ၂၀၂၂”
ဒီဇင်ဘာ ၂၉ ရက် ၂၀၂၂
တရုပ်ပြည်မှာ ကဗတွေ မတရားပြန့်နေတယ်ဆိုတဲ့ သတင်းတွေ ဗီဒီယိုတွေနဲ့တကွ ထွက်လာပြန်ပါပြီ။ ထွက်လာပြန်ပြီလို့ ပြောရတာက ၂၀၂၀တုန်းကလည်း အဲဒီလိုပဲ ထွက်ခဲ့လို့ပါ။ စီစီပီခေါင်းဆောင် တွေဟာ သူတို့မထွက်စေချင်တဲ့သတင်းဆို ဒေသခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ တရုပ်ဘာသာ နားလည်သူတွေက ခိုးထုတ်လာပြီးတင်မှပဲ သိရတာပါ။ ဆေးရုံအရေးပေါ်ဌာနတွေမှာ အခုသတင်းတွေက တကမ္ဘာလုံးက တင်နေတာဆိုတော့ တခုခုတော့ တခုခုပါပဲ။ တရုပ်အာဏာရှင်တွေဟာ ပိုးပြန့်နေတဲ့တိုင်းပြည်တွေကိုတော့ လက်ဦးမှု ရယူကာ အားမနာတမ်း ပြည်ဝင်ခွင့်မပေးပေမယ့် ဘယ်နိုင်ငံ့ခေါင်းဆောင် ဘယ်ဟူး ဘယ်အန်မှ အပြစ်မပြောကြပေမယ့် သူတို့တိုင်းပြည်မှာ မပြန့်ခင်က သူ့ပြည်သားတွေကို ပြည်ပထွက်ဖို့ နည်းမျိုးစုံနဲ့ ခက်ခဲအောင် လုပ်နေခဲ့ပေမယ့် အခုလို မချိမဆန့် ပြန့်လာပြီဆိုတိုင်း ရှိသမျှတံခါး နယ်ခြား အကုန်ဖွင့်ပြီး ဖောဖောသီသီ ပေးထွက်တော့တာပါပဲ။ ပြီးခဲ့တဲ့ရက်က အီတလီကိုသွားတဲ့ လေယာဥ်ခရီးစဥ် ၂ခုမှာContinue reading “ဒီဇင်ဘာ ၂၉ ရက် ၂၀၂၂”
မီးခိုးမထွက်တဲ့ စစ် (သို့) အယူဝါဒ/ အစဥ်အလာ/ စံ တွေကို ဖျက်ဆီးခြင်း
“အယူဝါဒဖျက်ဆီးခြင်းဆိုတာဟာ စိတ်ဓါတ်ရေးရာစစ်ပွဲတခုပါပဲ၊ အဲဒါကတော့ ဘယ်လောက်ကြီးပဲ သတင်းအချက်အလက်တွေ တောင်လိုပုံနေပါစေ အမှန်တရားအပေါ် ရှုမြင်တဲ့ အမေရိကန်တွေရဲ့ အမြင်တွေကို ဂျွမ်းထိုးမှောက်ခုံ လုပ်ပစ်လိုက်ခြင်းဖြင့် သူတို့ရဲ့ ဆင်ခြင် စဥ်းစား ဆုံးဖြတ်နိုင်စွမ်းကို ဖျက်ဆီးပစ်လိုက်တာပါ။ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကင်းသွားတဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ အမေရိကန်တွေ သူတို့ကိုယ် သူတို့ရော သူတို့ရဲ့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေတင်မက နိုင်ငံကိုပါ ကာကွယ်နိုင်စွမ်း ကင်းမဲ့သွားတော့တာပဲ ဖြစ်ပါတယ်။” အထက်ပါအတိုင်း ပြောကြားခဲ့သူကတော့ ကေဂျီဘီကနေ အနောက်ကမ္ဘာမှာ ခိုလှုံလာတဲ့ ယူရီဘက်ဇ်မီနော့ဗ်က ၁၉၈၀ အစောပိုင်း ဆိုဗီယက်ခေတ်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ယူရီဟာ ဆိုဗီယက်ပြည်ထောင်စုက အဆင့်မြင့်စစ်ဖက်အရာရှိကြီးရဲ့ သားဖြစ်တဲ့အတွက် ကွန်မြူနစ်စနစ်အောက်မှာ သူ့ငယ်ဘဝကို သာသာယာယာပဲ ဖြတ်သန်းခဲ့တာပါ။ ကေဂျီဘီထဲ ရောက်ပြီး ပထမဆုံး ခရီးစဥ်အနေနဲ့ အိန္ဒိယကို စေလွှတ်ခြင်း ခံခဲ့ရချိန်မှာလည်း အစိုးရစားရိတ်နဲ့Continue reading “မီးခိုးမထွက်တဲ့ စစ် (သို့) အယူဝါဒ/ အစဥ်အလာ/ စံ တွေကို ဖျက်ဆီးခြင်း”
Who run the world?
ဒီဇင်ဘာ ၂၀ ရက် ၂၀၂၂
မြောက်ကာရိုလိုင်းနား ဆူပရင်းမ်ကုတ်က မဲပေးရင် ID လိုတယ်ဆိုတာ လူမည်းတွေ မဲပေးခွင့်မရအောင် ကန့်သတ်ထားတာဖြစ်လို့ မဲပေးရင် ID လိုတယ်ဆိုတာကို ပယ်ချလိုက်ပါတယ်။ အဆိုပါပြည်နယ် ဆူပရင်းမ်ကုတ်မှာ ဒီမိုကရက်တရားသူကြီး ၄ဦးက ID မလိုစေချင်ပဲ ရီပါဘလစ်ကန်တရားသူကြီး ၃ဦးက ID လိုစေချင်တာကြောင့် အများစုမဲနဲ့ ID မလိုတဲ့ဘက်က နိုင်သွားတာဖြစ်ပါတယ်။ အများညီ ဤ ကို ကျွဲ လို့ဖတ်တဲ့ ခေတ်ရောက်နေပါပြီ။ တရား/မတရား၊ ခြေဥနဲ့ ညီ/မညီ၊ ထုံးတမ်းစဥ်လာတွေနဲ့ ကိုက်/မကိုက်၊ ယုတ္တိ ရှိ/မရှိ၊ ကောင်းကျိုးဆိုးကျိုး ဘာကိုမှ ထည့်မစဥ်းစားတော့ပဲ ပါတီအာဂျင်ဒါ အတိုင်း တွန်းနေတာဟာ အပျက်ကို ရှေ့ရှုတဲ့ အရွေ့ဖြစ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချသင့်ပါတယ်။ ဒီတိုင်း ရှေ့ဆက်သွားရင် တရုပ်ကွန်ကွန်လို နာနာဂျာဂျာ(ဂျာမဏီ)တို့လို တပါတီစနစ်Continue reading ” ဒီဇင်ဘာ ၂၀ ရက် ၂၀၂၂”
ယူကရိန်း-ရုရှားစစ်နဲ့ မီဒီယာလိမ်ညာမှုများ
Person of the year 2022 အတွက် တိုင်းမ်စ်မဂ္ဂဇင်းက ယူကရိန်းသမ္မတဇယ်လန်းစကီးကို ရွေးချယ်လိုက်ပါတယ်။ ဒီနှစ်ထဲမှာ ကမ္ဘာကြီးကို တကယ်ကိုင်လှုပ်ခဲ့တာက အီလွန်ဖြစ်လေတော့ ဇယ်လင်းစကီးကို ရွေးလိုက်တာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘာတခုမှ မစွမ်းဆောင်နိုင်ခဲ့တဲ့အပြင် အကြမ်းဖက်တွေကို အားဆေးတိုက်ခဲ့တဲ့ အိုဘားမားကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက်သလိုပဲ ဂလိုဘယ်အာဏာရှင်အာဂျင်ဒါကို သွားနေတဲ့ မီဒီယာတွေရဲ့ သရုပ်ကို ထင်ရှားစေတာပါ။ ရုရှားကို ဒီမိုကရက်တွေနဲ့ မီဒီယာတွေက ရန်သူလို့ ပုံဖော်နေကြပါတယ်။ ဒီနေရာမှာ ရန်သူဆိုတာကို အဓိပ္ပါယ်ဖွင့်ရင် ကိုယ့်အကျိုးစီးပွားကို မလိုလားသူ ပျက်စီးအောင် အားထုတ်သူလို့ ပြောလို့ ရမှာပါ။ အဲဒါကို သဘောတူတယ်ဆိုရင် ရုရှားနဲ့ တရုပ် ဘယ်သူက ကိုယ့်အကျိုးစီးပွားပျက်စီးဖို့ တချိန်လုံး အားထုတ်နေသလဲဆိုတာ ကိုကြည့်လိုက်ရင် ဘယ်ဟာက တကယ့်ရန်သူဆိုတာ ရှင်းရှင်းလင်းလင်း မြင်လာမှာပါ။Continue reading “ယူကရိန်း-ရုရှားစစ်နဲ့ မီဒီယာလိမ်ညာမှုများ”