အမေရိကန်အောက်လွှတ်တော်မှာ အဆိုအောင်မြင်သွားတဲ့ တစ်တော့ဘန်းမယ့် ဥပဒေကြမ်းဟာ အဆိုတင်ထားသူတွေ ပုံဖော်ထားသလောက် မရိုးစင်းဘူးလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ဆီနိတ်တာ Rand Paul က ပြည်သူသန်း ၁၇၀သုံးနေတဲ့ app တခုကို အစိုးရအာဏာနဲ့ ဘန်းလုပ်တယ် ဆိုတာ ခြေ/ဥပါ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို စွက်ဖက်ကန့်သတ်လိုက်သလိုပဲလို့ ဝေဖန်ခဲ့ပြီး ထရမ့်ကတော့ တစ်တော့ရဲ့ အမေရိကန်အပေါ် အန္တရာယ်က ဖဘလောက် မကြီးဘူး၊ ဖဘက ပြီးခဲ့တဲ့ ရကပမှာ သန်း၅၀၀ အကုန်ခံပြီး ဘဒတို့ဘက်ကို နိုင်အောင်လုပ်သွားတာဆိုတော့ ကန့်သတ်မယ်ဆိုရင် ဖဘကို နိုင်ငံရေးမှာ ဝင်မရှုပ်အောင်၊ နိုင်ငံရေးကိစ္စတွေမှာ ငွေမသုံးနိုင်အောင် ကန့်သတ်ရမှာလို့ ဆိုပါတယ်။ တစ်တော့ဟာ ဘိုက်ဒန့်စ်ဆိုတဲ့ ကာရစ်ဘီယံပင်လယ်ထဲက ကေမန်ကျွန်းမှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ တရုပ်အင်တာနက်ကုမ္ပဏီရဲ့ ဖောင်ဒါက ဖန်တီးခဲ့ပေမယ့် သူတို့ဟာ တရုပ်စီးပွားရေးသမားတွေဖြစ်ပြီးContinue reading “မတ်လ ၁၄ ရက် ၂၀၂၄”
Category Archives: Uncategorized
မတ်လ ၈ ရက် ၂၀၂၄
တနေ့က ဘိုင်ဒန်က သူ့ရဲ့နောက်ဆုံး State of the Union မိန့်ခွန်းပြောပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေကို နှစ်ရပ်ပေါင်းလွှတ်တော်ကနေ တနှစ်တခါ ပြည်သူကို အသိပေးတင်ပြရတဲ့သဘောပါ။ ပုံမှန်ဆို ဇန္နဝါရီ (သို့) ဖေဖေါ်ဝါရီမှာ လုပ်လေ့ရှိပြီး တိုင်းပြည်ကို အားတက်စေမယ့် ပြည်သူချင်း သွေးစည်းစေမယ့် စကားမျိုးတွေ ပြောကြတာပါ။ ဒီမန်းရှားဘိုင်ဒန်လက်ထက်မှာ နာရီဝက်လောက် လူရှေ့ရပ် စာဖတ်ပြနိုင်ဖို့ ဆေးတွေနင်းကန်ပေးထားရတာရော၊ တိုင်းပြည်အခြေအနေကလည်း အဖက်ဖက်က စုတ်ပြတ်နေတာရောကြောင့် နောက်ကျနေပုံရပါတယ်။ သူ့မှာ ပြစရာက အဘောရှင်း right အတွက် သူတို့ ဘယ်လောက်တောင် အားပေးသလဲဆိုတာရယ် နောက်တခုက ထရမ့်ဟာ အမေရိကန်တန်ဖိုးတွေကို ဘယ်လောက်တောင် ခြိမ်းခြောက်နေတယ်ဆိုတဲ့ အကြောက်မှိုင်း၊ အမုန်းမှိုင်း တိုက်ပေးတာရယ်ပါ။ ဒီနှစ်မှာ ဇယ်လန်စကီနဲ့ နဗော်လ်နီတို့ရဲ့ ဇနီးတွေ၊ နယ်စပ်ကContinue reading “မတ်လ ၈ ရက် ၂၀၂၄”
မတ်လ ၆ ရက် ၂၀၂၄
မနေ့က ပြည်နယ် ၁၅ခုမှာ ပြုလုပ်တဲ့ ပဏာမရကပတွေမှာ ရီပါဘလစ်ကန်ဘက်က ထရမ့်က ပြည်နယ် ၁၄ခုမှာ အပြတ်အသတ်နိုင်ခဲ့ပြီး ရီပါဘလစ်ကန်ပါတီတွင်း ရကပမှာ ဒီမိုကရက်တွေကိုပါ ဝင်မဲပေးခွင့်ပြုခဲ့တဲ့ ဗားမောင့်မှာတော့ နစ်ကီဟေလီက မဲ ၃၀၀၀နီးပါးနဲ့ နိုင်သွားပါတယ်။ အဲဒါဟာ နစ်ကီအတွက် ပြည်နယ် ၅၀ရဲ့ ထက်ဝက်ကျော်မှာ ပထမဆုံးအနိုင်ဖြစ်ပြီး ကနေ့မှာတော့ သမ္မတ ရကပကနေ ထွက်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ပါတီကို ကိုယ်စားပြုဖို့ ကိုယ်စားလှယ် ၁၂၁၅ အနည်းဆုံး ရရမယ့်ထဲမှာ ထရမ့်က ကနေ့အထိ ၁၀၃၁ ရထားပြီး နစ်ကီက ၈၉ ရထားပါတယ်။ နစ်ကီဟာ ထရမ့်ကို congratulate လုပ်ခဲ့ပေမယ့် endorse မလုပ်သေးပါဘူး။ အက်စ်တာဘလစ်ရှ်မန့် ရီပါဘလစ်ကန်တွေဟာလည်း ဒီမိုခြတွေနဲ့ ပါတီကွဲပေမယ့် နိုင်ငံ့အရေး၊ နိုင်ငံသားအရေးထက်Continue reading “မတ်လ ၆ ရက် ၂၀၂၄”
မတ်လ ၃ ရက် ၂၀၂၄
ပြီးခဲ့တဲ့အပတ်က တီဗွီရှိုးမန်းတဦးဖြစ်တဲ့ Dr. Phil ဟာ တက္ကဆက်စ်နယ်စပ်ကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီမှာ သူတွေ့ခဲ့ရတာက လက်တွေမှာ နံပါတ်တွေ၊ ဖုံးနံပါတ်တွေ ရေးထိုးထားတဲ့ ကလေးတွေပါ။ ပုံမှန်အားဖြင့် လူကုန်ကူး လိင်ကုန်ကူးဂိုဏ်းတွေမှာ ရောင်းစားခံရသူ တွေမှာပဲ ကျွန်ခေတ်ကလိုမျိုး တက်တူးနဲ့ ရေးထိုးထားကြတာပါ။ အဲဒါကို နယ်စပ်ရဲတဦးကို အဆိုပါ ကလေးတွေနဲ့ ဂိုဏ်းတွေ ပတ်သက်နေနိုင်ခြေရှိ/မရှိ မေးမြန်းခဲ့ရာမှာတော့ ဖြစ်နိုင်ခြေရှိရုံမက၊ ဖြစ်ကိုဖြစ်နေတာလို့ ပြန်ဖြေပါတယ်။ နယ်စပ်က ဝင်လာတဲ့ကလေးတွေကို မယောကာ့စ်တို့ ပြည်ထဲရေးက စာရင်းဖျောက်ပြီး ပို့ချင်ရာပို့နေတာက အစိုးရကဦးစီးပြီး လူကုန်ကူး/လိင်ကုန်ကူးဂိုဏ်း ထောင်ထားသလို ဖြစ်နေတာပါ။ ဂျက်ဖရေအက်ပ်စတိန်းရဲ့ ဧည့်သည်စာရင်းကိုလည်း ခုထိ အပြည့်အဝ ထုတ်ပြန်မပေးနိုင်တာကိုကြည့်ရင် အာဏာ/ငွေ/ဩဇာရှိသူ အကြီးစားကြီးတွေ ပါဝင်ပတ်သက်နေမှာ အသေအချာပါပဲ။ လူ့အခွင့်အရေးတွင်တွင်ပြောပြီး နယ်စပ်ဖွင့်တာကို ကာကွယ်ပေးကြသူများContinue reading “မတ်လ ၃ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၂၉ ရက် ၂၀၂၄
လွှတ်တော်မှာ ယူကရိန်းကို ကူညီမယ့်ဥပဒေကြမ်းကို မိုက်ခ်ဂျွန်ဆန်ဦးဆောင်တဲ့ ရီပါဘလစ်ကန် တွေက တင်းခံနေသလို ပူတင်ကလည်း သူစစ်ရပ်ဖို့ ညှိနှိုင်းလိုကြောင်း ကမ်းလှမ်းခဲ့တာ အကြိမ်ကြိမ် ရှိပြီဆိုတဲ့အကြောင်း တပ်ကာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ကို အမေရိကန်တို့ ဆက်ပြီး သက်ဆိုးရှည်အောင် လုပ်သင့်လားလို့ စဥ်းစားရင် ရုရှား-ယူကရိန်းစစ် စဖြစ်ရတဲ့ နောက်ခံသမိုင်းကို သိဖို့လိုအပ်လာပါပြီ။ ရုရှားနဲ့ ယူကရိန်းအကြောင်း ပြောမယ်ဆိုရင် အရှေ့ဂျာမဏီမှာ ချထားတဲ့ ဆိုဗီယက်တပ် ၄သိန်းခွဲကို သမ္မတဂိုဘာချော့ဗ်က ရုပ်သိမ်းပြီး ဂျာမဏီနှစ်နိုင်ငံ ပြန်ပေါင်းစီးစေဖို့ ကမ်းလှမ်းခဲ့တာက စပြောမှ ပြည့်စုံပါလိမ့်မယ်။ အပြန်အလှန်အားဖြင့် ဂိုဘာချော့ဗ်က နေတိုးကို အဲဒီတုန်းကထက် အရှေ့ဘက်ကို တိုးမလာစေဖို့ ကတိတောင်းခဲ့တာကို ဘုရှ် ၄၁လက်ထက် အမေရိကန်နိုင်ငံခြားဝန် ဂျိမ်းစ်ဘေကာက တလက်မမှ မတိုးစေရဘူးလို့ လူသိရှင်ကြား ကတိပြုခဲ့ပါတယ်။Continue reading “ဖေဖေါ်ဝါရီ ၂၉ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၂၇ ရက် ၂၀၂၄
ဒီလ ၁၂ရက်နေ့က ဆီနိတ်တာမက်ကောနဲရဲ့ ခယ်မဖြစ်သူ အန်ဂျလာချောင်ဟာ တက္ကဆက်ပြည်နယ်မှာ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ အမေရိကန်သတင်းတွေထဲမှာ ယာဥ်မတော်တဆမှုလို့ပဲ ပြောထားပေမယ့် အသေးစိတ် မဖော်ပြထားသလို ရဲဌာနကလည်း ဘယ်သူက ဖုံးဆက်ခေါ်ပြီး ဘာကြောင့်သေဆုံးရတယ်၊ သူမ သေဆုံးတဲ့ ranch က ဘယ်သူပိုင်တာ စသဖြင့် သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ သို့ပေမယ့် တရုပ်သတင်းစာဆိုင်းရှင်က အန်ဂျလာဟာ မီးပွိုင့်မှာ တဖက်က ကုန်ကားက ဝင်တိုက်ခဲ့လို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မူးနေတဲ့ ကုန်ကားမောင်းသမားကိုလည်း ဖမ်းဆီးသွားကြောင်း ချက်ခြင်းထုတ်ဝေခဲ့ပါတယ်။ အဲဒီနောက်တော့ တခြားတရုပ်သတင်းစာတွေမှာပါ အလားတူ ဖော်ပြကြပါတယ်။ အခင်းဖြစ်ပြီး နှစ်ပတ်နီးပါးကြာမှ ထွက်ပေါ်လာတာက အန်ဂျလာဟာ အော်စတင်မြို့မှာ ဆွေးနွေးပွဲတခုကိုအသွား ranch တခုထဲက ရေကန်ထဲမှာ ကားနောက်ဆုတ်ရင်း ကျနေပြီး ရေနစ်သေဆုံးနေကြောင်း တွေ့ရတယ်လို့Continue reading “ဖေဖေါ်ဝါရီ ၂၇ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၄
မန်ဟက်တန်တရားရုံးက ဘဏ်မှာ ငွေချေးရာမှာ ပေါင်နှံတဲ့ အဆောက်အဦတန်ဖိုး ပိုပြလို့ဆိုတဲ့ အမှုနဲ့ ထရမ့်ကို ၃၅၄သန်း ဒဏ်ချခဲ့တာကြောင့် သမိုင်းမှာ နစ်နာသူမရှိ၊ မြီရှင်/မြီစား/နေထိုင်သူ ဘယ်သူမှ မကျေနပ်သူမရှိပဲ အစိုးရက အသားလွတ် ကြားဝင် တရားစွဲ ပြစ်ဒဏ်ချတဲ့ ပထမဆုံးအမှုအဖြစ် သမိုင်းဝင်သွားခဲ့ပါပြီ။ အပြစ်ရှိတယ်ဆိုရင်တောင် ပြစ်ဒဏ်နဲ့ပြစ်မှု မမျှပါဘူး။ မြန်မာပြည်မှာ အီးမေးလ်ရှိလို့ ထောင် ၆၅နှစ်ချသလိုပါပဲ။ သူတို့က သန်း၅၄၀ လောက်အထိ ဒဏ်ချချင်တာပါ။ အမှူက အရင်ကချေးခဲ့တာအပေါ် နောက်ပြန်စွဲတဲ့အမှုဖြစ်လို့ ခုမှ အမိန့်ချတာ ဖြစ်ပေမယ့် လက်ရှိမှာ အတိုးအပါအဝင် ဒဏ်ကြေး၄၅၄သန်း ဖြစ်နေပြီး မဆောင်သ၍ တနေ့ကို အတိုး $ ၈၇,၅၀၂ တက်နေမှာ ဖြစ်ပါတယ်။ ပြဿနာက ထရမ့်ရဲ့ ဓနအင်အားဟာ အဆောက်အဦပိုင်ဆိုင်မှုတွေမှာများပြီး ငွေသားအလုံးအရင်းမရှိတဲ့အတွက်Continue reading “ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၂၄
မနေ့ကအင်တာနက်တခွင် ဖုံးလွှမ်းသွားတဲ့သတင်းကတော့ ရုရှားက ရွေးကောက်ပွဲနှစ်ဖြစ်တဲ့ ဒီနှစ်မှာ အတိုက်အခံခေါင်းဆောင် အလက်ဆီ နဗားလ်နီ ထောင်ထဲမှာ ရုတ်တရက် သေဆုံးသွားတဲ့သတင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်းက အရေးကြီးတဲ့ကိစ္စတွေမှာတောင် လူရှေ့မထွက်တဲ့ ဂျိုးအိုဟာ ဒီသတင်းအတွက် တကူးတက လူရှေ့ထွက်ပြီး ပူတင်ကို အပြစ်တင်ကာ နဗားလ်နီကို ချီးမွမ်းဂုဏ်ပြုသွားတာပါ။ ဂျိုးလိုပဲ အနောက်ကမ္ဘာက ခေါင်းဆောင်တွေလည်း အသီးသီးထွက်ပြိး ပူတင်ကို ရှုတ်ချကြ၊ နဗားလ်နီကို ဂုဏ်ပြုကြပါတယ်။ အမ်အက်စ်အမ် မီဒီယာကြီးတွေကလည်း ခါတိုင်း ဇတ်တိုက်ထားသလိုပဲ တင်ဆက်သူ/ချန်နယ်သာကွဲမယ်၊ စကားလုံးနဲ့ အကြောင်းအရာတွေက တစက်ရုံထဲက ပုံနှိပ်လွှတ်လိုက်သလို အတူတူတွေချည့် ဖြစ်နေတာပါ။ နဗားလ်နီက အရင်ကလည်း ပူတင်သူ့ကို အဆိပ်ခတ်ပါတယ်ဆိုပြီး ဂျာမဏီကိုထွက် ဆေးကုခံခဲ့ပါသေးတယ်။ အဆိပ်ခတ်တယ်ဆိုတဲ့ ရေဗူးကိုလည်း ဂျာမဏီမှာ ဓါတ်ခွဲစစ်ဆေးမယ်ဆိုပြီး ယူသွားခဲ့ပါတယ်။ ရီဒက်တစ်သတင်းချန်နယ်ကတော့ နဗားလ်နီပြောတဲ့Continue reading “ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၁၅ရက် ၂၀၂၄
ယူကရိန်းမှာ ဇယ်လင်စကီက နိုင်ငံသား ၅သိန်းကို စစ်တိုက်ရန် ဆင့်ခေါ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ မီဒီညာမှာ ပြောနေကြသလို နိုင်ငံသားတွေက ကိုယ့်သဘောနဲ့ကိုယ် ရရာလက်နက်စွဲကိုင်ပြီး ထွက်တိုက်မယ်ဆိုတာ စစ်ဖြစ်ခါစက အမေရိကန်မီဒီညာကပြတဲ့ထဲမှာပါ။ အခုအချိန်မှာ ညှိနှိုင်းဆွေးနွေးဖို့လည်း အစီအစဥ်မရှိ၊ စစ်ကို ပံ့ပိုးပေးနိုင်တဲ့ ကိုယ်ပိုင်ဝင်ငွေလည်းမရှိ၊ နိုင်ခြေလည်းမရှိတဲ့စစ်ကို တိုက်နေတာ ကြာလာတော့ ဘယ်သူမှ စစ်ထဲမဝင်ချင်ကြတော့လို့ အကြပ်ကိုင်တဲ့ဥပဒေ ပြဌာန်းဖို့ လုပ်နေတာပါ။ ဇယ်လင်စကီအစိုးရကတော့ ယာဥ်မောင်းလိုင်စင်တွေကို သက်တမ်းတိုးမပေးတဲ့နည်း၊ ဘဏ်အကောင့်တွေကို ထိန်းချုပ်တဲ့နည်းတွေသုံးနေလို့ ယူကရိန်းယောက်ျားတွေဟာ အိမ်ထဲမှာပဲ တံခါးပိတ် သော့ခတ်နေကြတယ်လို့ သိရပါတယ်။ အတိုက်အခံပါတီများအားလုံးကို ဖျက်သိမ်းထားပြီး မီဒီယာကို ချုပ်ကိုင်ထားတဲ့အတွက် ယူကရိန်းသတင်းဟာ ဂျိုးတို့ရဲ့ အမေရိကန်မီဒီညာကြီးတွေ ပြောသလောက်ပဲ ကမ္ဘာက သိနေကြတာပါ။ မနေ့က ပြုလုပ်သွားတဲ့ ပူတင်နဲ့ ဇရူဘင်အင်တာဗျူးမှာ အမေရိကန်မှာ ဘယ်သူ့ကိုContinue reading “ဖေဖေါ်ဝါရီ ၁၅ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၁၂ရက် ၂၀၂၄
တပ်တာနဲ့ ပူတင်အင်တာဗျူးဂယက်က လစ်ဗြဲမီဒီယာတွေကြားမှာ အတော်ကို ထသွားပါတယ်။ သတင်းထောက်တယောက်က စစ်ဖြစ်နေတဲ့နိုင်ငံက ခေါင်းဆောင်နဲ့ သွားတွေ့မေးမြန်းတာ သမိုင်းမှာ လုပ်ရိုးလုပ်စဥ်ဖြစ်ပေမယ့် တပ်ကာကျမှ သတင်းကို သတင်းလိုမရေးပဲ တပ်ကာမေးခွန်းတွေက ပျော့လွန်းတယ်တို့၊ ပျင်းစရာကြီးတို့၊ အဲဒါအကုန်မဟုတ်သေးဘူးတို့၊ ကွန်ဆာဗေးတစ် ညာစွန်း တပ်ကာက ပူတင့်ဘောပြေးမတာတို့၊ တပ်ကာက ရုရှားအကြောင်း ဘာမှမသိတာကြောင့် သူ့ကိုရွေးလက်ခံတာတို့၊ ပူတင်က တပ်ကာကို ဘယ်လို အမြတ်ထုတ်သွားတာတို့ စသဖြင့် လှိုင်လှိုင်ကြီးကို အပုပ်ချနေကြတာပါ။ အီးယူထဲက အမတ်တချို့ကလည်း တပ်ကာကို ခရီးသွားခွင့်ပိတ်ဖို့ အကြံပြုကြသလို အီးယူကော်မရှင် စပီကာကလည်း ပူတင်က အနောက်ကမ္ဘာကို ရန်ရှာဖို့ တပ်ကာကို အသုံးချနေတာ၊ ယူကရိန်းနဲ့ ပတ်သက်ပြီးတော့လည်း လိမ်မှာပဲလို့ တကူးတကကို စင်ပေါ်တက် ပြောသွားပါတယ်။ ဒီမိုကရက်တွေကလည်း တပ်ကာနဲ့ ပူတင်ဟာ သိပ်ချစ်ကြတဲ့Continue reading “ဖေဖေါ်ဝါရီ ၁၂ရက် ၂၀၂၄”