China is killing the oceans.

တရုပ်ပြည်ကထုတ်တဲ့ ကာဘွန်က ကမ္ဘာပေါ်က တခြားနိုင်ငံတွေ အားလုံးပေါင်းနဲ့ တူညီနေပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၈ရာနှုန်းရှိတဲ့နိုင်ငံက ကျန်ကမ္ဘာ့ ၈၂ရာနှုန်းရဲ့ သက်ရောက်မှုနဲ့ သွားတူနေတယ်ဆိုတာ နဲနဲနောနော ညစ်ညမ်းမှုတော့ မဟုတ်တာ သေချာပါတယ်။ ငါးဖမ်းလုပ်ငန်းမှာလည်း သားပေါက်ဖို့မချန်ပဲ အပြောင်ရှင်းဖမ်းကြတာကြောင့် မ/ကရယက တံငါလှေတွေက သူတို့နားက ပင်လယ်တွေမှာ ဖမ်းစရာ ဘာမှမကျန်တဲ့အတွက် ဂျပန်နားအထိ သွားဖမ်းကြရလို့ ဆီကုန်ငါးမတွေ့ဖြစ်ပြီး ပင်လယ်ထဲတင် သေကုန်ကြတာတွေလည်း မနည်းတော့ဘူးလို့ သိရပါတယ်။ ပင်လယ်စာတင် အပြောင်ဖမ်းတာလားဆိုတော့ ပင်လယ်ကလည်း မိုက်ခရိုပလပ်စတစ်တွေနဲ့ စွန့်ပစ်အဆိပ်တွေ ပြည့်နှက်နေပြီး တရုပ်ရေပြင်တွေမှာ ဖမ်းတဲ့ငါးတွေမှာလည်း အဲဒီညစ်ညမ်းမှုတွေ တွေ့နေရပါတယ်။ တရုပ်ပြည်ကလာရင် အော်ဂဲနစ်တို့ wild caught တို့ကိုလည်း စိတ်မချသင့်တဲ့သဘောပါ။ အဲဒါတွေကို ဒီမိုကရက်တွေ သိပ်ဝင်ချင်လွန်းနေခဲ့တဲ့ ပဲရစ်သဘောတူညီချက်က ဘာများပြောမယ် ထင်ပါသလဲ။ နတ်သင်းပါ။Continue reading “China is killing the oceans.”

Pete on soaring energy prices

ဘိုင်ဒန်အစိုးရရဲ့ ပို့ဆောင်ရေးဝန်ကြီး ပိဒ်ဘူတဂျပ်က အမေရိကန်မှာ စွမ်းအင်ကို ပြည်တွင်းမှာ အပြည့်အဝ ထုတ်လုပ်နေရင်တောင်မှ ဆီဈေးက ကျဆင်းသွားဖို့ မရှိဘူးလို့ အခြေအမြစ်မရှိ ပြောသွားပါတယ်။ ထရမ့်လက်ထက်က အမေရိကန်သမိုင်းမှာ အနှစ် ၇၀ကျော်အတွင်း ပထမဆုံး ပြည်တွင်းစွမ်းအင်ဖူလုံအောင် လုပ်ဆောင်ခဲ့ပြီးနောက်မှာ အမေရိကန်ဆီဈေးရော ကမ္ဘာ့ဆီဈေးပါ အများကြီးကျဆင်းသွားခဲ့တာ ၅နှစ်လောက်ပဲရှိသေးတော့ မမေ့လောက်ကြသေးပါဘူး။ အခုနိုင်ငံခြားကသွင်းနေရတယ်ဆိုတာ ပြည်တွင်းမှာ မလောက်လို့လို့လည်း ပြောသွားပါတယ်။ ဒုတိယမ္ပိမုသာဝါဒပါ။ ပြည်တွင်းက စွမ်းအင်လုပ်ငန်းရှင်တွေ လုပ်ရကိုင်ရခက်အောင် မဖြစ်နိုင်တဲ့ ဥပဒေတွေနဲ့ ချည်နှောင်ထား၊ သမ္မတအမိန့်နဲ့ တူးဖော်ခွင့်တွေ ရပ်၊ ပိုက်လိုင်းဆောက်တာတွေရပ်ခဲ့တာ ၁၅လ မပြည်သေးတော့ မမေ့သင့်ကြသေးပါဘူး။ ဉာဏ်ကြီးရှင်က ပြည်တွင်းမှာ ရေနံအပြည့်ထုတ်နိုင်တယ်ဆိုရင်တောင် ပြည်ပက ဖြစ်နေတာတွေကြောင့် ဈေးတက်နိုင်သေးကြောင်း၊ ပြည်တွင်းစွမ်းအင်ကို ပြန်လည်ဆန်းသစ်နိုင်တဲ့ နေ လေ ရေ စတာတွေကContinue reading “Pete on soaring energy prices”

ဧပြီ ၃ ရက် ၂၀၂၂

အမေရိကန်နေရာအများစုမှာ မက်စ်မတပ်မနေရလုပ်ထားတာတွေ ပယ်ဖျက်ပေးလိုက်ပြီးသည့်တိုင် နယူးယောက်မှာတော့ အသက် ၂-၅နှစ်ကြား ကလေးတွေအပေါ် မက်စ်မတပ်မနေရအမိန့်က ဆက်လက်တည်နေဆဲဖြစ်ပါတယ်။​ မကျေနပ်ကြတဲ့ မိဘတွေက နယူးယောက်မြို့ဝန်ကို တရားစွဲကြလို့ အမြင့်ဆုံးတရားရုံးအထိ ရောက်သွားပြီးပါပြီ။ ဆူပရင်မ်းကုတ်တရားသူကြီးက ကလေးငယ်ငယ်လေးတွေကို အဲဒီလိုမက်စ်မန်ဒိတ်လုပ်တာ ဘာမှအဓိပ္ပါယ်မရှိဘူးဆိုပြီး ပယ်ချခဲ့ပြီးသားပါ။ နယူးယောက်မြို့ဝန်က အဲဒီဆုံးဖြတ်ချက်ကို မကျေနပ်လို့ အယူခံဝင်တာမှာ အယူခံရုံးက ဒီကိစ္စကို ပြန်လည်စဥ်းစားနေစဥ်မှာ အောက်ရုံးရဲ့ဆုံးဖြတ်ချက်ကို အတည်ယူစေတာကြောင့် ၅နှစ်အောက် ကလေးငယ်လေးတွေဟာ နေ့ကလေးထိန်းဌာနတွေမှာ မက်စ်မဖြစ်မနေ ပြန်တပ်ရမှာဖြစ်ပါတယ်။ ရဲဖြစ်ခဲ့တဲ့ နယူးယောက်မြို့ဝန်အဒမ်စ်ကို ရာဇဝတ်မှုတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ပြည်သူတွေက ရွေးခဲ့တာပါ။ ရာဇဝတ်မှုတွေလည်း လုံးဝ ကျမသွားပါဘူး။ ဖြစ်လာတိုင်းလည်း စကားလှလှလေးပြောပြီး အလုပ်ကနောက်ကလိုက်မလာပါဘူး။ အခု ၅နှစ်အောက် မက်စ်မန်ဒိတ်ကလည်း စူးရောက်တဲ့အမိန့်မဟုတ်ရင် ကလေးတွေကို နာခံတတ်သူများ၊ အထွန့်မတက်တတ်သူများ၊ ကြောက်တတ်သူများဖြစ်လာအောင်Continue reading “ဧပြီ ၃ ရက် ၂၀၂၂”

မတ်လ ၃၁ ရက် ၂၀၂၂

ကလေးတွေအပေါ်ပိုင်းနဲ့ အောင်ပိုင်း လိင်ပြောင်းခွဲစိတ်မှုပြုတွေ ပြုလုပ်ဖို့၊ လူပျိုဖော်/အပျိုဖော် မဝင်အောင် တားမြစ်တဲ့ဆေးပေးဖို့နဲ့ ကျား/မဟော်မုန်းပေးခြင်းများကို ဘိုင်ဒန်အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက စာတမ်းများ အတွဲလိုက်ထုတ်ပြီး အားပေးထောက်ခံမှု ပြုလိုက်ပါတယ်။ ပြည်နယ်အများစုမှာ အသက်အနည်းဆုံး ၂၁နှစ် ကျန်တချို့မှ ၁၈နှစ်ပြည့်ပြီးမှ ဆေးလိပ်၊ အရက် ဝယ်လို့ရတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကလေးတွေကို မိဘသဘောတူညီချက်မပါပဲတောင် တသက်ပြန်ပြင်လို့ မရတော့မယ့် လိင်ပြောင်းမှုတွေ ပြုလုပ်ဖို့ ဖက်ဒရယ်အစိုးရကိုယ်တိုင်က  အားပေးတိုက်တွန်းနေတာက အခြေခံဥပဒေနဲ့ ကိုက်ညီရဲ့လားဆိုတာ သံသယရှိစရာဖြစ်ပါတယ်။ ဒီလို အိမ်ဖြူကိုယ်တိုင် အန်ဒေါ့စ်လုပ်လိုက်တာက ကျောင်းတွေမှာ လိင်ကိစ္စ အထူးတလည် စိတ်ဝင်စားမှုမရှိနိုင်သေးတဲ့ နုနယ်ငယ်ရွယ်တဲ့ မူလတန်းကလေးတွေကိုတောင် လိင်တူနှစ်သက်တာတွေ၊​ လိင်ပြောင်းတွေကို ချီးမွမ်းအားပေးထားတဲ့အကြောင်းတွေ ထည့်သွင်းသင်ကြားလာတာကို မိဘတွေက ကန့်ကွက်ကြလို့ တချို့ပြည်နယ်တွေမှာ အဲဒီအရွယ်လေးတွေကို လိင်တူ/ကွဲ/သက်ကြီး/ငယ်စသဖြင့် ကလေးတွေအတွေးတွေကို ကျောင်းပေးမယ့် ပြဌာန်းချက်မျိုးContinue reading “မတ်လ ၃၁ ရက် ၂၀၂၂”

မတ်လ ၃၀ ရက် ၂၀၂၂

ဘိုင်ဒန်က ဟန်းတားရော ဟန်းတားကတဆင့်ရော မလျော်တဲ့ တံစိုးလက်ဆောင်တွေ လက်ခံရရှိခဲ့တာကို မီဒီယာကမေးတိုင်း ဘူးခံနေခဲ့ပေမယ့် မနေ့ကဆီးနိတ်မှာ ပြသတဲ့ အထောက်အထားတခုမှာတော့ အရင်ကြားဖူးထားသလိုပဲ​ တရုပ်အစိုးရနဲ့ဆက်နွယ်တဲ့ စီအီးအက်ဖ်စီက ဟန်းတားဘဏ်အကောင့်ဆီ ဒေါ်လာတစ်သိန်း ဒါရိုက်ဒပိုစစ်လုပ်ထားတယ်လို့ ပါပါတယ်။ အရင်အကြိမ်တွေက ကြားခံတွေ ပါပေမဲ့ ဒီတခါ မပါပါဘူး။ ဆီနိတ်တာ ဂရပ်စလေက အဲဒီလိုလက်ပူးလက်ကြပ်မိနေတာတောင် ရုရှန်းအလိမ်သတင်းဆိုပြီး မုန်လာဥလုပ်ချင်သေးတာလားလို့ မီဒီယာနဲ့ ဒီမိုကရက်အမတ်တွေကို မေးမြန်းလိုက်ပါတယ်။ ဟန်းတားလက်ပ်တော့နဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကို ကွန်ဂရက်စ်မှာ မှတ်တမ်းတင်ထားဖို့ ဂျီအိုပီအမတ် မက်တ်ဂိတ်စ်က လုပ်ဆာင်ခဲ့ပါတယ်။​ ထရမ့်ကို သူ့ကိုယ်ကျိုးအတွက် သမ္မတတက်လုပ်သလို အာချောင်နေကြသူများ အခြေအမြစ်မရှိတာကို လွယ်လွယ်ယုံကြပြီး အမှန်အကန် သာဓကအစုံကိုတော့ ယုံဖို့ ဘာလို့ခက်နေကြတာလဲလို့ မေးပါမယ်။ တနေ့ကလည်း ဘိုင်ဒန်က ရှီနဲ့ ၂နာရီလောက် ဖုံးပြောတယ်လို့ ဆိုပါတယ်။Continue reading “မတ်လ ၃၀ ရက် ၂၀၂၂”

မတ်လ ၂၉ ရက် ၂၀၂၂

ဘိုင်ဒန်က ဟန်းတားရော ဟန်းတားကတဆင့်ရော မလျော်တဲ့ တံစိုးလက်ဆောင်တွေ လက်ခံရရှိခဲ့တာကို မီဒီယာကမေးတိုင်း ဘူးခံနေခဲ့ပေမယ့် ကနေ့ဆီးနိတ်မှာ ပြသတဲ့ အထောက်အထားတခုမှာတော့ အရင်ကြားဖူးထားသလိုပဲ​ တရုပ်အစိုးရနဲ့ဆက်နွယ်တဲ့ စီအီးအက်ဖ်စီက ဟန်းတားဘဏ်အကောင့်ဆီ ဒေါ်လာတစ်သိန်း ဒါရိုက်ဒပိုစစ်လုပ်ထားတယ်လို့ ပါပါတယ်။ အရင်အကြိမ်တွေက ကြားခံတွေ ပါပေမဲ့ ဒီတခါ မပါပါဘူး။ ဆီနိတ်တာ ဂရပ်စလေက အဲဒီလိုလက်ပူးလက်ကြပ်မိနေတာတောင် ရုရှန်းအလိမ်သတင်းဆိုပြီး မုန်လာဥလုပ်ချင်သေးတာလားလို့ မီဒီယာနဲ့ ဒီမိုကရက်အမတ်တွေကို မေးမြန်းလိုက်ပါတယ်။ ဟန်းတားလက်ပ်တော့နဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကို ကွန်ဂရက်စ်မှာ မှတ်တမ်းတင်ထားဖို့ ဂျီအိုပီအမတ် မက်တ်ဂိတ်စ်က လုပ်ဆာင်ခဲ့ပါတယ်။​ ထရမ့်ကို သူ့ကိုယ်ကျိုးအတွက် သမ္မတတက်လုပ်သလို အာချောင်နေကြသူများ အခြေအမြစ်မရှိတာကို လွယ်လွယ်ယုံကြပြီး အမှန်အကန် သာဓကအစုံကိုတော့ ယုံဖို့ ဘာလို့ခက်နေကြတာလဲလို့ မေးပါမယ်။ တနေ့ကလည်း ဘိုင်ဒန်က ရှီနဲ့ ၂နာရီလောက် ဖုံးပြောတယ်လို့ ဆိုပါတယ်။Continue reading “မတ်လ ၂၉ ရက် ၂၀၂၂”

မတ်လ ၂၈ ရက် ၂၀၂၂

ယူကရိန်းသမ္မတဇယ်လန်းစကီကတော့ ပူတင်ကို သူနဲ့ ရုရှားအပြင်မှာ မျက်နှာချင်းဆိုင် လာတွေ့ဖို့လိုကြောင်း ပြောလိုက်ပါပြီ။ ဆုံးဖြတ်နိုင်သူနှစ်ဦးတွေ့မှ အဖြေထွက်တဲ့အထိ ဆွေးနွေးနိုင်မှာဖြစ်တဲ့အတွက် သူ့တောင်းဆိုချက်က သဘာဝကျပါတယ်။ ပူတင်သူ့လောက် သတ္တိရှိ/မရှိပဲ ကြည့်ရမှာပါ။ ရုရှားတောင်းဆိုနေတာက ယူကရိန်းအနေနဲ့ နေတိုးကို မဝင်ဖို့ပါ။ ဇယ်လန်းစကီက မင်းတို့တပ်တွေ ရုပ်ပြီးမှ ပြည်သူ့ဆန္ဒနဲ့ မဲခွဲဆုံးဖြတ်သင့်တယ်လို့ ဆိုပါတယ်။ ယူကရိန်းပြည်သူတွေက ဝင်ဖို့ မဲပေးသည့်တိုင် ဘိုင်ဒန်လက်ထက်မှာ နေတိုးက လက်ခံဖို့ မဖြစ်နိုင်တာတော့ ထင်ရှားနေပါတယ်။ ရုရှားဖက်က ဆွေးနွေးဖို့လက်ခံနိုင်ပေမယ့် အနောက်တိုင်းကလူတွေ မပါရဘူးလို့ ဆိုပါတယ်။ ၂၆ရက်နေ့မှာ ဘိုင်ဒန်က ပူတင်အနေနဲ့ ရာထူးမှာဆက်ရှိမနေသင့်တော့ဘူးလို့ ပြောခဲ့ပါတယ်။​ အဲဒီနေ့အစောပိုင်းကလည်း သားသတ်သမားလို့ ညွှန်းသွားပါသေးတယ်။ အိမ်ဖြူဝန်ထမ်းများက ဘိုင်ဒန်ပြောချင်တာက ပူတင်ဟာ အိမ်နီးချင်းတွေပေါ် အာဏာမသုံးသင့်ဘူးလို့ ပြောတာပါ၊ ရုရှားထဲ၊ ရုရှားအစိုးရထဲကပါဝါကို ပြောတာမဟုတ်ပါဘူးလို့Continue reading “မတ်လ ၂၈ ရက် ၂၀၂၂”

မူရှိတဲ့လူ

တနေ့က မူအကြောင်းရေးပြီးတော့ တချို့လည်း ဘာဖြစ်ဖြစ်ကွာ ထရမ့်မဟုတ်ရင်ပြီးရော ဆိုတာတွေလည်း တော်တော်များပါတယ်။​ ဒီနေရာမှာ ဘာဖြစ်လို့များ အဲဒီလောက်တောင် မုန်းနေရတာလဲဆိုတာကို စေ့ငုဖို့ လိုပါလိမ့်မယ်။​ ကိုယ့်ကိုတောင် ကောင်းကောင်းမသိတဲ့လူတချို့က ကိုယ့်ကို အသားလွတ်မျက်မုန်းကျိုး၊ အတင်းတုတ်နေတာမျိုးတွေ ကြုံဖူးကြမှာပါ။ အဲဒီလိုပါပဲ၊ အထင်နဲ့အမြင်ဆိုတာ တထပ်တည်း ကျခဲတယ်ဆိုတာကို သိရင် ဆင်ခြင်လို့ ရပါပြီ။ ထရမ့်အကြောင်း မှိုင်းတိုက်ထားကြတာတွေထဲက တချို့ကို ရှင်းပြရမယ်ဆိုရင် သူဟာအရည်အချင်းမရှိပဲ​ အမွေရလို့ ချမ်းသာလာတာလို့ ပြောကြပါတယ်။ မဟုတ်ပါဘူး။ သူတို့ ညီအကိုမောင်နှမတွေကြား ဘာလို့ သူတဦးပဲ ထွန်းပေါက်လာလဲဆိုတာ အဖြေပါပဲ။ (သူအချစ်ဆုံးအကိုကြီးက အရက်ရဲ့ ကျေးကျွန်အဖြစ် သိပ်မကြီးခင် ဆုံးပါးသွားတာပါ။ မဆုံးခင် သူ့ကို အရက်ဘယ်တော့မှ မသောက်ဖို့ ကတိတောင်းခဲ့လို့ ဘယ်တုန်းကမှ တစ်တို့ တစ်ငုံတောင် မသောက်ခဲ့တာပါ။)Continue reading “မူရှိတဲ့လူ”

မိန်းမဆိုတာ ဘာလဲ

ဘိုင်ဒန်ရဲ့ ဆူပရင်းမ်ကုတ်နိုမီနီ ကီတန်ဂျီဘရောင်းဂျက်ဆင်က မိန်းမဆိုတာ ဘာလဲဆိုတာကို ပြောဖို့ ငြင်းဆိုတာက အင်တာနက်ပေါ်မှာ အတော်လူပြောများနေပါတယ်။​ တကယ်တော့ အဲဒီကိစ္စက အဓိပ္ပါယ်ဖွင့်ဆိုတာထက်ကို အများကြီး ပိုနက်ရှိုင်းပါတယ်။ ကနေ့မှာတော့ အဲပုခ်တိုင်းမ်းက ဂျိုးဆက်ဖ်လော့ဒ်က အဲဒီအတည်ပြု/မပြုကြားနာချက်တွေအပေါ်မှာ မှတ်သားစရာ ၅ချက်ကို ထုတ်နှုတ်ပြသွားပါတယ်။ ၁။ သူမဟာ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ဖလော်ဆော်ဖီ/မူ ခိုင်ခိုင်မာမာ ရှိကြောင်းပြသဖို့ လက်ရှောင်သွားပါတယ်။ မူအကြောင်းပြောဖို့ လက်ရှောင်တာ သူမတဦးထဲတော့ မဟုတ်ပါဘူး။ ဒီမိုကရက်တွေခန့်ထားတဲ့ တရားသူကြီးတွေက မူခိုင်ခိုင်မာမာ မပြကြပဲ အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာလည်း ခြေ/ဥပါ ပြဌာန်းချက်တွေကို တိတိကျကျ ဖွင့်ဆိုရမယ့်အစား ခြေ/ဥစိတ်ဓါတ်ကိုသာ ချန်ထားပြီး ကျန်တာကို“ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ” လို့အကြောင်းပြပြီး လိုသလို ဖွင့်ဆိုချင်ကြပါတယ်။ ဒီနေရာမှာ ကျန်တဲ့ကိစ္စတွေလိုပဲ စကားလုံးလှလှလေးတွေထက် သက်ရောက်မှုကို ကြည့်စေချင်ပါတယ်။Continue reading “မိန်းမဆိုတာ ဘာလဲ”

မတ်လ ၂၃ ရက် ၂၀၂၂

တက်စ်လာက အီလွန်မတ်စ် ပေးထားတဲ့ စတားလင့်ခ်အင်တာနက်စနစ်တွေဟာ မြန်နှုန်းမြင့်ရုံတင်မက ကမ္ဘာမြေကနေ နိမ့်နိမ့်လေးပတ်နေပြီး နည်းပညာမြင့်တဲ့အတွက် တခြား ဂြိုလ်တုအင်တာနက်စနစ်တွေ မပေးနိုင်တဲ့ ဗီဒီယိုကောလ်တွေ၊ အွန်လိုင်းဂိမ်းမင်းတွေ၊ စထရိင်းမင်းတွေ၊ စတဲ့ ဒေတာများများသုံးရတဲ့ အရာတွေကိုပါ လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အဆိုပါစနစ်ဟာ တခြား ဘာအင်တာနက်မှ မရှိ/ရှိလည်း မသေချာတဲ့ နေရာတွေအတွက် အသင့်တော်ဆုံးပဲလို့ ဆိုပါတယ်။ ယူကရိန်းက သူတို့ရဲ့အေရီယယ်လ်ရီကွန်နေးဆန့်စ်ကို စတားလင့်ခ်ကတဆင့်သုံးပြီး ရုရှားဒရုန်းတွေကို တိုက်ခိုက်ခြင်း၊ တင့်ကားတွေကို ပစ်မှတ်ထားခြင်း၊ တင့်ကားတွေ စစ်ယာဥ်တွေရဲ့ တည်နေရာကို ထောက်လှမ်းခြင်း စတာတွေကို ဖေဖေါ်ဝါရီ ၂၄ထဲက စလုပ်နေတာဖြစ်ပါတယ်။ ယူကရိန်းရဲ့ ဒရုန်းတွေဟာ ရုရှားတင့်ကားတွေပေါ်ကို တင့်ကားဖျက်လက်နက်တွေ ချပေးနိုင်တာကြောင့် ရုရှားကျူးကျော်တပ်တွေကို အဟန့်အတားတော့ ဖြစ်စေမှာဖြစ်ပါတယ်။ ဒရုန်းတွေအပြင် နီအောက်ရောင်ခြည်အာရုံခံစနစ်တပ်ထားတဲ့ မောင်းသူမဲ့ ၁၀ပေလောက်ရှိတဲ့ လေယာဥ်ငယ်လေးတွေနဲ့Continue reading “မတ်လ ၂၃ ရက် ၂၀၂၂”