ရက် ၁၀၀အတွင်း DoGE ကြောင့် ၁၆၀ဘီလီယံ သက်သာသွားပါပြီ။ နယ်စပ်လည်း တော်တော်လေး လုံခြုံသွားပြီဆိုတော့ ပြည်သူကို ဒုက္ခပေးမယ့် လူဆိုးတွေရော လူငယ်လူလတ်သန်းချီ သတ်နေတဲ့ မူးယစ်ဆေးတွေပါ အများကြီး လျော့သွားပါတယ်။ လူဆိုးဂိုဏ်းတွေ လူသတ်၊ မုဒိမ်းကောင်တွေကို အမြန်ဆုံး ရှင်းထုတ်ပစ်လိုက် တဲ့အတွက် ပြည်သူတွေ သမီးပျိုလေးတွေ အများကြီးလုံခြုံသွားပါပြီ။ မိန်းကလေးအားကစားပွဲတွေ အဝတ်လဲခန်းတွေထဲကို ကျားတွေဝင်ခွင့်မရှိတော့ပါဘူး။ မဲပေးဖို့ မှတ်ပုံတင်ရင် နိုင်ငံသားဖြစ်ကြောင်း ပြရမယ်ဆိုတဲ့ the Safeguard American Voter Eligibility Act က အောက်လွှတ်တော်မှာ အောင်သွားပါပြီ။ လာမယ့် ၅နှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုတွေအတွက် ရင်းနှီးမြှုပ်နှံမှုအသစ် ၅ထရီလီယံ ဝင်လာမှာပြီး အလုပ်အကိုင် သိန်းချီပေါ်လာပါတော့မယ်။ လောင်စာဈေး ကျအောင်နဲ့ အခြေခံစားကုန်တွေ ပေါများသက်သာအောင် လုပ်ပေးခဲ့ပါတယ်။Continue reading “ဧပြီ ၃၀ ရက် ၂၀၂၅”
Author Archives: Omma
ဧပြီ ၂၇ ရက် ၂၀၂၅
ထရမ့်အစိုးရရဲ့ တရားရေးဌာနက နယူးမက္ကဆီကိုက နှုတ်ထွက်သွားတဲ့ တရားသူကြီး Joel Cano နဲ့ ဇနီး နန်စီ တို့ကို ဗင်နီဇွဲလားက ခိုးဝင် TdA ဂိုဏ်းသား Ortega-Lopez ကို အိမ်မှာ ဖွက်ထားပေးကြောင်း သတင်းရလို့ ဖမ်းဆီးခဲ့ရာမှာ နောက်တရားသူကြီး Damian Martinez က ဒီလူက သူ့အိမ်မှာ ဒီလိုတွေ ခေါ်ထားမှာ မဟုတ်ပါဘူးလို့ လွယ်လွယ်ပြောပြီး လွှတ်ပေးခဲ့လို့ သက်သေအစုံနဲ့ နောက်တခေါက် ထပ် ဖမ်းခဲ့ရပါတယ်။ Joel ကို နယူးမက္ကဆီကို ဆူပရင်းကုတ်က ပြည်နယ်တွင်း တရားရေးအရာရှိအဖြစ် ဘယ်လိုအဆင့်မှာမှ ထမ်းဆောင်ခွင့်မပြုဖို့ တားမြစ်တဲ့စာထွက်လာတဲ့ နေ့မှာပဲ အဖမ်းခံခဲ့ရတာပါ။ Joel က TdA ဂိုဏ်းနဲ့ ဆက်သွယ်ထားကြောင်း သက်သေတွေရှိနေတဲ့ Ortega ရဲ့Continue reading “ဧပြီ ၂၇ ရက် ၂၀၂၅”
ဧပြီ ၂၃ရက် ၂၀၂၅
သမ္မတထရမ့်က တရုပ်ကို tariff ကိစ္စနဲ့ ပတ်သက်ပြီး လာရောက်ညှိနှိုင်းမယ်ဆိုရင် နှုန်းတွေ လျော့ပေးဖို့ အဆင်သင့်ရှိကြောင်း၊ မလာခဲ့ရင်တော့ ဒီဘက်က သတ်မှတ်တဲ့ သတ်မှတ်ချက်တွေအတိုင်း လိုက်နာရလိမ့်မယ်လို့ ဆိုပါတယ်။ ဗီယက်နမ်က တရုပ်ပြည်က စတီးလ်တွေ သူ့ဆီလာပုံမှာကို ဟန့်တားဖို့ ယာယီanti-dumping duties အဖြစ် ၃၇.၁၃% ကောက်မယ်လို့ ကြေငြာခဲ့သလိုပဲ အိန္ဒိယကလည်း စတီးလ်အပေါ် သွင်းကုန်ခွန် ၁၂% စည်းကြပ်မယ်လို့ ကြေငြာသွားပါတယ်။ ဘယ်နိုင်ငံကို ရည်ရွယ်တယ်လို့ မပြောပေမယ့် တရုပ်ဆိုတာ အားလုံးသိကြပါတယ်။ တရုပ်က တရုပ်အကျိုးစီးပွားကို ဆန့်ကျင်ပြီး (အမေရိကန်နဲ့) ကုန်သွယ်ရေးသဘောတူညီချက်ယူတဲ့ နိုင်ငံတိုင်းကို လက်တုန့်ပြန်မယ်လို့ ခြိမ်းခြောက်ထားတဲ့ကြားက အခုလို ကြေငြာကြတာပါ။ ဒီကနေ့ Institute of International Finance မှာ ဘဏ္ဍာရေးဝန်ကြီး ScottContinue reading “ဧပြီ ၂၃ရက် ၂၀၂၅”
ဧပြီ ၂၁ ရက် ၂၀၂၅
ဒီနေ့ မီဒီယာက ဖွတဲ့သတင်းတခုက ကာ/ဝန် Pete Hegseth က Signal chat leak ဖြစ်ပြန်ပြီဆိုတာပါ။ သူတို့ကိုးကားတဲ့ အမည်မဖော်နိုင်တဲ့ ရင်းမြစ်တွေဆိုတာက အဲဒီချက်ထဲမှာ ပါနေခဲ့တဲ့ သောက်ြာနေ့က အဖြုတ်ခံလိုက်ရတဲ့ အကြီးတန်းအကြံပေး ၂ဦးကို ကိုးကားတာပါ။ ဖြုတ်လိုက်ရတာက သတင်းပေါက်ကြားမှုနဲ့ပါ။ အရင်တခါကလည်း တကယ်တာဝန်ရှိတာက တဦး၊ မီဒီယာက မဲကြတာက ကာဝန်၊ ဘာလို့မဲတာလဲဆိုတော့ ကာဝန်က ဝုခ်ဖြစ်နေ ခြစားနေတဲ့ ပန်တဂွန်ကို အခြေခံကျကျ ပြောင်းလဲပေးနေတော့ military industrial complex နဲ့ ပွပေါက်တိုးနေကြတဲ့ နှစ်ပါတီ ခြတွေ ခွက်ပျောက်မှာစိုးလို့ပါပဲ။ အောက်ခြေကတော့ သမ္မတနဲ့ ကာဝန်သစ်ရဲ့ ခေါင်းဆောင်မှုအပေါ် ဘယ်လောက် ယုံကြည်ကြသလဲဆိုရင် ထရမ့်တက်ပြီးမှ တပ်ထဲဝင်ဖို့ လျောက်ကြတာ ၁၅နှစ်အတွင်း အမြင့်ဆုံးစံချိန်အဖြစ်Continue reading “ဧပြီ ၂၁ ရက် ၂၀၂၅”
ဧပြီ ၁၈ ရက် ၂၀၂၅
ဒီကနေ့ အိမ်ဖြူရဲ့ Covid-19 website ကို ဘိုင်ဒန်-ဖောက်ချီတို့ရဲ့ အဖုံးအဖိ အလိမ်တွေအစား တကယ်ဖြစ်ခဲ့တဲ့ အဖြစ်မှန်တွေနဲ့ ပြောင်းလဲ ဖြည့်သွင်းထားလိုက်ပါတယ်။ ထိပ်ဆုံးမှာ ရေးထားတာ ကတော့ အဲဒီပိုးရဲ့ လက္ခဏာတွေဟာ သဘာဝမှာ တွေ့ရတာမျိုးတွေ လုံးဝ မဟုတ်ပါတဲ့။ မတော်တဆ ထွက်လာတာမျိုးလည်း မဟုတ်ပဲ လူ့ကိုယ်ထဲ ကူးအောင် တမင်စလုပ်ခဲ့တာဖြစ်ကြောင်း ဒေတာတွေက ပြနေတယ်လို့လည်း ဆိုပါတယ်။ ဖတ်ချင်ရင် link ကို comment မှာပေးပါမယ်။ တရုပ်ဖက်က Li Chenggang ကို နိုင်ငံတကာကုန်သွယ်ရေး ထိပ်တန်းညှိနှိုင်းရေးမှုးသစ်အဖြစ် ခန့်အပ်လိုက်ပြီး တရုပ်အစိုးရက ကုန်သွယ်ရေးညှိနှိုင်းမှုတွေ ပြန်လည်စတင်ဖို့ ဆန္ဒရှိကြောင်း၊ ဒါပေမယ့် condition တွေအများကြီး ပါလာမှာဖြစ်ကြောင်း Bloomberg ကို ပြောသွားတယ်လို့ အမည်မဖော်နိုင်တဲ့ ရင်းမြစ်တွေကContinue reading “ဧပြီ ၁၈ ရက် ၂၀၂၅”
ဧပြီ ၁၅ ရက် ၂၀၂၅
တရုတ်အစိုးရက မြေရှားသတ္တုတွေ တင်ပို့ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီး အမေရိကန်က ဘိုးရင်းလေယာဥ်တွေနဲ့ အစိတ်အပိုင်းတွေ မှာထားတာ မယူတော့ဘူးလို့ ကြေငြာပါတယ်။ ရှီကိုယ်တိုင် စီးနေတာကတော့ B-2479 လို့ မှတ်ပုံတင်ထားတဲ့ ဘိုးရင်း 747-8 လေယာဥ်ပါ။ မြေရှားက Greenland မှာ အများဆုံးရှိပြီး အမေရိကန်၊ ကနေဒါနဲ့ တခြားနိုင်ငံတွေမှာလည်း ရှိကြပါတယ်။ ကွန်ဂိုက သူ့ရဲ့ ကိုဘော့၊ လစ်သူယံနဲ့ မြေရှားတွေကို အမေရိကန်ကို လာထုတ်ဖို့နဲ့ အပြန်အလှန်အားဖြင့် သူတို့ရဲ့ လုံခြုံရေးနဲ့ သူပုန်ပြဿနာတွေကို ကူညီပေးဖို့ ကမ်းလှမ်းထားပါတယ်။ ထရမ့်က ဖုံး၊ ကွန်ပြူတာ၊ microchip စတာတွေကို tariff ကောက်တဲ့ထဲ မပါဘူးလို့ ကြေငြာပါတယ်။ ကဗဖြစ်လိုက်တာမှာ ဆေးဝါးကစလို့ semi-conductor တွေအထိ ကိုယ့်ပြည်တွင်းမှာ မထုတ်နိုင်တာက နိုင်ငံတော်Continue reading “ဧပြီ ၁၅ ရက် ၂၀၂၅”
ဧပြီ ၁၁ ရက် ၂၀၂၅
တရုတ်က အမေရိကန်ရဲ့ 145% tariff ကို 125% နဲ့ တုန့်ပြန်လိုက်ပါတယ်။ ရှီက နှစ် ၇၀ကျော်အတွင်း တရုတ်ရဲ့တိုးတက်မှုဟာ ကိုယ့်အားကိုယ်ကိုး၊ အလုပ်ကြိုးစားလို့ ရလာတာဖြစ်ပြီး သူများ ပေးကမ်းလို့ ရလာတာမဟုတ်ကြောင်း၊ မတရားတဲ့ ဖိနှိပ်မှုတွေကိုလည်း ကြောက်မှာမဟုတ်ကြောင်း တီဗီကနေ ပြောသွားပါတယ်။ ရှီက ဥရောပကိုလည်း မတရားတာကို ခေါင်းငုံ့မခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်က နည်းပညာခိုးတဲ့နေရာမှာ ကမ္ဘာ့နံပါတ် ၁ ဖြစ်သလို သူ့ဆီမှာ လာရင်းနှီးမြှုပ်နှံတဲ့သူတွေကို ၁.၄ဘီလီယံဈေးကွက်ပြပြီး နည်းပညာတွေကို အတင်းလွှဲပြောင်းခိုင်းတဲ့နေရာမှာလည်း နံပါတ် ၁ ပဲ ဖြစ်ပါတယ်။ အမေရိကန်က intellectual property မှာ တနှစ်ကို ဘီလီယံ ၆၀၀ ဆုံးရှုံးနေတာပါ။ အမေရိကန်ကုမ္ပဏီတွေ တရုတ်မှာသွားထုတ်လုပ်ရင် တရုတ်က နေ့ပိုင်းကို အမေရိကန်ကုမ္ပဏီထုတ်ခိုင်းတာထုတ်ပြီးContinue reading “ဧပြီ ၁၁ ရက် ၂၀၂၅”
ဧပြီ ၉ ရက် ၂၀၂၅
အရင်ရေးခဲ့တဲ့အတိုင်းပဲ ဒီ reciprocal tariff ဆိုတာ အဓိကက အကျောကြီးလွန်း ညစ်လွန်း ယုတ်လွန်းတဲ့ တရုတ်စီစီပီကို ပညာပေးဖို့ပါ။ အမေရိကန်နဲ့သာမက တကမ္ဘာလုံးနဲ့ ကုန်သွယ်ရာမှာပါ အကျောကြီးတဲ့ တရုတ်က ထရမ့်အချိန်ပေးထားတဲ့အတွင်းမှာ မတုန့်ပြန်ရုံမက ထပ်ဆောင်း ၅၀% ထပ်ချလို့ အမေရိကန်အပေါ် လက်တုန့်ပြန်တဲ့ tariff က ၈၄% ဖြစ်သွားပါတယ်။ ထရမ့်ကလည်း လေးစားမှုကင်းမဲ့လို့ဆိုပြီး အချိန်မဆိုင်းပဲ ထပ်တိုး tariff နဲ့ စုစုပေါင်း ၁၂၅% ဆိုပြီး ပြန်တွယ်သလို လာဆွေးနွေးပါလို့လည်း ဖိတ်ခေါ်ပါတယ်။ တချိန်ထဲမှာပဲ နိုင်ငံပေါင်း ၇၀ကျော်က ထရမ့်ရဲ့ reciprocal tariff အပေါ် ရန်မတုန့်ပြန်ပဲ သူတို့ဘက်က အမေရိကန်ကုန်စည်တွေ အပေါ် ချထားတဲ့ tariff တွေ၊ ကုန်သွယ်မှု ကန့်သတ်ချက်တွေ၊Continue reading “ဧပြီ ၉ ရက် ၂၀၂၅”
ဧပြီ ၇ ရက် ၂၀၂၅
EU, တိုင်ဝမ်အပါအဝငါ အမေရိကန်ကုန်စည်တွေအပေါ် tariff လုံးဝ ပယ်ဖျက်ပေးပါမယ်လို့ ကမ်းလှမ်းလာတဲ့ နိုင်ငံပေါင်း ၅၀ကျော်လာပါပြီ။ ထရမ့်ကတော့ အမေရိကန်နဲ့ ကုန်သွယ်မှုမှာ ပိုငွေပြနေတဲ့ နိုင်ငံတွေအနေနဲ့ ပိုပြီးမျှတ ဘက်ညီတဲ့ ကုန်သွယ်မှုမျိုး ဖြစ်လာစေရန် အာရုံစိုက်ဖို့ ပြောသွားပါတယ်။ ဆိုလိုတာက အမေရိကန်ထုတ်/ထွက်ကုန်တွေကို များများပြန်ဝယ်ပေးခြင်းဖြင့် ကုန်သွယ်မှု ဘက်ညီလာစေဖို့ပါ။ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေရဲ့ စီးပွားရေးဟာ ပြည်ပပို့ကုန်အပေါ် အလွန်အမင်း မှီတည်နေတဲ့အပြင် ပို့ကုန်အများစုဟာ ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ကြတာလည်းမဟုတ်၊ ပြိုင်ဖက်မရှိတဲ့ ရောင်းကုန်မျိုးတွေ ထုတ်လုပ်နေတာလည်း မဟုတ်ကြတဲ့အတွက် reciprocal tariff ရဲ့ ရိုက်ခတ်မှုကို အကြီးအကျယ် ခံစားကြရမှာ ဖြစ်ပါတယ်။ ဒါကိုတွက်မိကြလို့လည်း အမေရိကန်အပေါ် tariff လုံးဝ ပယ်ဖျက်ပေးဖို့ ချက်ချင်း ကမ်းလှမ်းလာကြတာပါ။ တရုတ်ကContinue reading “ဧပြီ ၇ ရက် ၂၀၂၅”
ဧပြီ ၄ရက် ၂၀၂၅
တနေ့က ထရမ့်အစိုးရက အပြန်အလှန်ကုန်သွယ်ခွန် reciprocal tariff ကို ကြေငြာထားတဲ့အတိုင်း စတင်ခဲ့ပါတယ်။ အစ္စရေးက အဲဒီမတိုင်ခင်လေးတင် US အပေါ် ကန့်သတ်/စည်းကြပ်ထားတာတွေကို ပယ်ရှားပေးလိုက်တယ်လို့ ကြေငြာလိုက်ပြီး အိန္ဒိယ၊ ဗီယက်နမ်၊ ဆွစ်ဇာလန် စတဲ့နိုင်ငံတွေက အမေရိကန်ကုန်စည် အချို့အပေါ် စည်းကြပ်နေတဲ့ tariff ကို လျော့ချပေးလိုက်ပြီလို့ ကြေငြာပါတယ်။ မက္ကဆီကိုနဲ့ ကနေဒါက USMCA သဘောတူညီချက်နဲ့ ကိုက်ညီတဲ့ ကုန်ပစ္စည်းတွေက tariff ထိမှာမဟုတ်ပဲ ကျန်ကုန်စည်တွေအပေါ်မှာတော့ နယ်စပ်ကနေ မူးယစ်ဆေးဝင်နေတာတွေ ခိုးဝင်တာတွေ ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှ tariff နှုန်းကို ချပေးမယ်လို့ ဆိုပါတယ်။ အပြန်အလှန်ဆိုပေမယ့် အမေရိကန်အပေါ် မတရား tariff ချထားပြီး ကုန်သွယ်မှုအမြတ်ထွက်နေတဲ့ နိုင်ငံတွေက အမေရိကန်ကုန်စည်တွေအပေါ် စည်းကြပ်/ကန့်သတ်တဲ့ တဝက်ကိုပဲ အမေရိကန်ကContinue reading “ဧပြီ ၄ရက် ၂၀၂၅”