သမ္မတထရမ့်က မတ် ၃၁-ဧပြီ ၂ရက်အထိ တရုတ်ပြည်ကို သွားရောက်လည်ပတ်မယ့် ခရီးစဥ်ကို မပြီးပြတ်သေးတဲ့ အီရန်စစ်ပွဲကြောင့် တလခန့် ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။ တရုတ်ပြည်ကို သွားလည်ချင်ပေမယ့် စစ်ကြောင့် သူဒီမှာ ရှိနေချင်သလို ရှိနေဖို့လည်း လိုအပ်တာကြောင့်ဖြစ်ပြီး တခြားအကြောင်း မရှိဘူးလို့ ဆိုပါတယ်။ တချို့ကတော့ ဟော်မုဇ်ကို ကာကွယ်ဖို့ ဟော်မုဇ်ကို အားထားနေရတဲ့ နိုင်ငံတွေကို ဝိုင်းဝန်းကာကွယ်ဖို့ပြောတာကို တရုတ်က မတုန့်ပြန်တာကြောင့်လို့ ခန့်မှန်းကြပေမယ့် အစိုးရအဖွဲ့ဝင်တွေက မဟုတ်ကြောင်း တုန့်ပြန်ကြပါတယ်။ သမ္မတထရမ့် တရုတ်ကို သွားတာ မသွားတာက အမေရိကန်အတွက် မဖြစ်မနေလုပ်ရမယ့်ကိစ္စ မဟုတ်ပေမယ့် ပြည်တွင်းမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဝိုင်းဝိုင်းလည်နေလို့ ထရမ့်ရဲ့ ခရီးစဥ်နဲ့ ဆွဲထိန်းနေရတဲ့ ရှီကျင်ပင်း အတွက်တော့ အောင့်သက်သက် ဖြစ်သွားစေနိုင်တာ ဖြစ်ပါတယ်။ ရှီကContinue reading “Operation Epic Fury (21)”
Author Archives: Omma
Operation Epic Fury (20)
မတ် ၁၂ရက် ကြာသပတေးနေ့က အစ္စရေးလေတပ်ဟာ Parchin-Taleghan 2 က နျူအဆောက်အဦကို ဗုံးကြဲဖျက်ဆီးခဲ့ရာမှာ နျူသုတေသနပညာရှင် ၂၀ခန့် ပါသွားခဲ့ပါတယ်။ မနှစ်ဇွန်လတုန်းက IDF က အီရန်နဲ့ နျူဆိုက် အများစုကို ဖျက်ဆီးပစ်ခဲ့ပေမယ့် အခုနေရာက ဆောက်လုပ်ဆဲဖြစ်ပုံရပါတယ်။ အောက်တိုဘာ ၂၀၂၄တုန်းက အီရန်တို့က ပဲ့ထိန်းဒုံးကျည် အများအပြားနဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်ပစ်မှတ် ၂၀ခန့်ကို တိုက်ခိုက်ခဲ့အပြီးမှာ ဒီနေရာကို ရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ IDF ထောက်လှမ်းရေး တွေက အီရန်ကို သွားရောက်နေတဲ့ နျူသိပ္ပံပညာရှင်တွေကို ခြေရာခံခဲ့ရာက ဒီနေရာကို တွေ့ရှိလာခဲ့တာပါ။ အများစုက ယူရေနီယံသန့်စင်တာကိုပဲ အာရုံစိုက် နေကြပေမယ့် သန့်စင်ပြီး ယူရေနီယံကနေ နျူလက်နက် ဖြစ်လာအောင်လုပ်ဖို့ လိုအပ်တဲ့ centrifuge အပိုင်းတွေကိုContinue reading “Operation Epic Fury (20)”
Operation Epic Fury (19)
မင်းသားရီဇာပါလာဗီက မသေသောအစောင့်တပ် “Immortal Guards” ကို အစိုးရတပ်တွေကို တိုက်ခိုက်မှုတွေ စတင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီတပ်က ဇန်နဝါရီလ ဆန္ဒပြပွဲတွေမှာ သန္ဓေတည်ခဲ့ပြီး ဘုရင်စနစ်ကို လိုလားတဲ့ တော်လှန်ရေးအုပ်စုဖြစ်ပါတယ်။ ရှားမင်းသားက ပြီးခဲ့တဲ့ ၃လအတွင်း ပြခဲ့တဲ့ ရဲစွမ်းသတ္တိအတွက် အဆိုပါတပ်ကို ချီးကျူးလိုက်ပြီး အခုအခါ အကူအညီတွေ ရောက်လာပြီဆိုတော့ အစ္စရေးက Basij ရဲကင်း/ စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ပေးနေတဲ့ အချိန်မှာ အစ္စလာမ္မစ်အစိုးရရဲ့ ဖိနှိပ်မှုယန္တရားကို အားပျော့သွားအောင် ပစ်မှတ်ထား တိုက်ခိုက်သွားဖို့ ညွှန်ကြားထားပါတယ်။ ဒါဟာ လူထုဆန္ဒထွက်ပြတာမျိုးမဟုတ်ပဲ အဆုံးအဖြတ်ပေးမယ့်အချိန်အထိ တပ်သားတွေရဲ့ အသက်ကို လုံခြုံအောင်ထားဖို့လိုကြောင်း၊ အဲဒီအခါကျရင် သန်းနဲ့ချီတဲ့ ပြည်သူတွေ လမ်းပေါ်ပြန်ထွက်လာကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူက အဆိုပါတပ်တွေကို ပါးရှန်းရာဇဝင်ထဲက မကောင်းဆိုးဝါးတွေကိုနိုင်အောင် ချခဲ့တဲ့Continue reading “Operation Epic Fury (19)”
Operation Epic Fury (18)
ဟော်မုဇ်ရေလက်ကြားနဲ့ အကြပ်ကိုင်ချင်တဲ့ အီရန်ကို သူတို့စီးပွားရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေလက်ကြားရဲ့ အနောက်မြောက် ရေမိုင်၁၆မိုင်အကွာရှိ Kharg ကျွန်းပေါ်က စစ်ရေးပစ်မှတ် အားလုံးကို အမေရိကန်တပ်တွေက ဗုံးကြဲဖျက်ဆီးလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းသမိုင်းမှာ အကြီးဆုံးဗုံးကြဲမှုလို့ ဆိုပါတယ်။ အီရန်ရဲ့ ရေနံပို့ကုန် ၉၀-၉၅% က ဒီကျွန်းကနေ တင်ပို့တာဖြစ်ပြီး အဲဒီကျွန်းကို အရပ်သားတွေ ဝင်ရောက်ခွင့် မပေးထားပါဘူး။ သမ္မတထရမ့်က ကျွန်းပေါ်က ရေနံနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အဦကိုတော့ ယဥ်ကျေးသောအားဖြင့် ငါတို့မဖျက်ဆီးခဲ့ပါဘူး၊ ဒါပေမယ့် အီရန်(သို့) အခြားတဖွဲ့ဖွဲ့က ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ ဖြတ်သန်းသွားလာနေတာကို နှောက်ယှက်ရင်တော့ အဲဒီဆုံးဖြတ်ချက်ကို ချက်ခြင်း ပြန်ပြင်ရပါလိမ့်မယ်လို့ ရေးသွားပါတယ်။ စွမ်းအင်အကြပ်အတည်း မဖြစ်ဖို့အတွက် ပင်လယ်ပြင်မှာ ရောက်နှင့်ပြီးဖြစ်တဲ့ ရုရှားရေနံတွေအပေါ် ဆန်ရှင်ထားရှိမှုကို ဧပြီ၁၁ရက်အထိ တလကြာContinue reading “Operation Epic Fury (18)”
Operation Epic Fury (17)
မနေ့က အီရန်အစိုးရတီဗီက ဟော်မုဇ်ကို ဆက်ပိတ်ထားဖို့နဲ့ လက်တုန့်ပြန်ဖို့ဆိုတဲ့ ဆူပရင်းမ်လီဒါ အသစ်ရဲ့ ထုတ်ပြန်ချက်ဆိုတာကို ဓါတ်ပုံနဲ့ ဖတ်ပြပေမယ့် ခေါင်းဆောင်ကြီးက လူလုံးထွက်ပြတာ၊ အသံဖမ်းထားပြီး ပြန်ဖွင့်ပြတာမျိုး လုံးဝမရှိနေသေးတဲ့အတွက် ခြေ ၂ဖက်လုံး ဖြတ်ထားရသလိုလို၊ အတွင်းကလီစာတွေ ထိခိုက်ထားသလိုလို၊ကိုမာရနေလို့ သူ့ကိုခန့်လိုက်တာတောင် သူမသိနေသလိုလို စတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေ ထွက်ပေါ်လို့ နေပါတယ်။ အာဏာရှင်နိုင်ငံတွေရဲ့ အစိုးရသတင်းမှာ နဲနဲ ဒဏ်ရာရတယ်လို့ ဆိုပြီး လူထွက်မပြနိုင်ရင် ဒဏ်ရာများနိုင်တယ်ဆိုတာ လူအများ ခန့်မှန်းနိုင်ကြပါတယ်။ မိသားစုကြီးတခုလုံး အကုန်သေတဲ့ တိုက်ခိုက်မှုမှာ အတူရှိနေတဲ့သူက ပွန်း ပဲ့ အရိုးအက်လောက်ပဲဆိုတာထက်တော့ အများကြီးပိုပါလိမ့်မယ်။ အီရန်ပြည်သူတွေဟာ IRGC နဲ့ Basij တွေ ပုန်းနေတဲ့နေရာတွေကို အင်တာနက်ပေါ်ကနေ Crowdsourcing နဲ့ ပေးပို့ခြင်းဖြင့် အမေရိကန်နဲ့ အစ္စရေးတပ်တွေကိုContinue reading “Operation Epic Fury (17)”
Operation Epic Fury (16)
အီရန်ရဲ့ Supreme Leader အသစ် အသက် ၅၆နှစ်ရှိ မော့ချ်တာဘာဟာ ခြေထောက်ကျိုးကြေ၊ ဘယ်မျက်ကွင်းအညိုအမဲ စွဲပြီး မျက်နှာမှာ ပြတ်ရှဒဏ်ရာတွေနဲ့ ပုန်းအောင်းနေလင့်ကစား အစိုးရမီဒီယာတွေကတော့ သူဟာ လက်ကျန်အစိုးရကို ဦးဆောင်နေပြီ လို့ ဖော်ပြကြပါတယ်။ သူက လူရှေ့ကို မထွက်တော့တာ စစ်ဆင်ရေးအစ သူ့ဖခင်ဆုံးပြီးကတဲက ဖြစ်ပြီး သူ့သံအမတ်ကြီးက သူဘာလို့ လူမြင်ကွင်းက ပျောက်နေတယ်ဆိုတာကို ပြောချင်ပုံမရဘူးလို့ ဆိုပါတယ်။ သမ္မတထရမ့်ကတော့ အမေရိကန်ထောက်ခံတဲ့သူမဟုတ်ရင် သက်ဆိုး ရှည်မှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။ အီရန်လက်ကျန်အစိုးရမှာ ရှင်းလင်းဖို့ အလှည့်ကျလာသူ ၄ဦးရဲ့ အမည်တွေ ထွက်လာပြီဖြစ်ပါတယ်။ ပြည်သူတွေက အမာလိုင်းသမား Saeed Jalili နဲ့ရဲချုပ် Ahmad Reza Radan တို့ကိုပါ အဲဒီစာရင်းထဲ ထပ်မံဖြည့်စွက်စေချင်နေကြပါတယ်။ အီရန်က အိုမန်နိုင်ငံContinue reading “Operation Epic Fury (16)”
Operation Epic Fury (15)
စစ်ဆင်ရေးပထမရက်မှာ Minab မြို့က မိန်းကလေးမူလတန်းကျောင်းကို ဒုံးကျည်ထိမှန်ခဲ့တာမှာ ကျောင်းသူနဲ့ ဆရာ/မပေါင်း ၁၆၅ဦးကျော် သေဆုံးခဲ့ပါတယ်။ အီရန်နဲ့ ဘက်တော်သားများက အမေရိကန်နဲ့ အစ္စရေးရဲ့ Tomahawk ပါဆိုပြီး ချက်ချင်းအပြစ်ဖို့ခဲ့ပါတယ်။ ဗီဒီယိုမှတ်တမ်းတွေနဲ့ ဗုံးကျတဲ့ နေရာကို သုံးသပ်ချက်တွေအရ ပေါက်ကွဲခဲ့တဲ့လက်နက်ဟာ အီရန်ရဲ့ KH-55 ခရုဇ်ဒုံးကျည် ပုံစံမျိုးဖြစ်နေတာ တွေ့ရပြီး အဲဒီကျောင်းဟာလည်း IRGC ရေတပ်စခန်းတခုနဲ့ ကပ်လျက်ရှိနေတာ ဖြစ်တော့ အမေရိကန်ဘက်က တိုက်ခိုက်တဲ့အချိန်မှာ သူတို့ဘက်က ပြန်ပစ်ရင်း မတော်တဆ အနားမှာ ကျသွားတာကို အမေရိကန်ပစ်တာလို့ ပုံမှားရိုက်လိုက်တာလို့ ယူဆနေကြပါတယ်။ အလီခါမေနီနဲ့ နီးစပ်သူဖြစ်တဲ့ IRGC နဲ့ ပုံမှန်စစ်တပ်ကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ကြီးကြပ်ရတဲ့ အကြီးတန်းကွန်မန်ဒါတဦးဖြစ်သူ ဗိုလ်ချုပ် Ali Abdollahi Aliabadi ဟာ အမေရိကန်နဲ့Continue reading “Operation Epic Fury (15)”
Operation Epic Fury (14)
အီရန်က Supreme Leader အသစ်အဖြစ် အရင်ကသတင်းပြေးနေတဲ့ အလီခါမေနီရဲ့သား မော့ချ်တာဘာ ကို ဆူပရင်းမ်ကောင်စီက ရွေးချယ်လိုက်ကြောင်း တရားဝင်ကြေငြာသွားပါတယ်။ မော့ချ်တာဘာဟာ သူ့ဖခင်ထက်ပိုပြီး တင်းမာသူတဦးလို့ ဆိုကြပေမယ့် အခုအခါမှာတော့ ဒဏ်ရာရရှိထားပြီး နောက်ထပ် သုတ်သင်မခံရအောင် နေရာခဏခဏ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတခုမှာ သူဟာ ခြေတဖက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပြီး နောက်တခုမှာတော့ သူဟာ သူ့ဖခင်၊ မိခင်၊ ဇနီး၊ တဦးတည်းသောသား၊ နှမ၊ ယောက်ဖ၊ တူ/တူမတွေအားလုံးလိုပဲ တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့ပြီလို့ ဆိုပါတယ်။ မရှိတော့တဲ့သူကို တင်ထားခြင်းဖြင့် အမေရိကန်နဲ့ အစ္စရေးကို အရူးလုပ်ရင်း အချိန်ဆွဲတာလည်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။ ခါမေနီတို့ မိသားစုပိုင်ဆိုင်မှုဟာ ၉၅-၂၀၀ ဘီလီယံ ဆိုတော့ ဗြိတိန်က တော်ဝင်မိသားစုတွေရဲ့Continue reading “Operation Epic Fury (14)”
Operation Epic Fury (13)
မနေ့က ရှင်းလင်းတဲ့ထဲ ပါသွားတယ်ဆိုတဲ့ အလီခါမေနီရဲ့သား Mojtaba Khamenei ဟာ မသေသေးပဲ ဒဏ်ရာရသွားတာဖြစ်ကြောင်း အစ္စရေးအရာရှိတွေက ဆိုပါတယ်။ ရှိနေသေးတယ်ဆိုတော့လည်း ရှင်းရဦးမယ့်သဘောပါပဲ။ တခြားပစ်မှတ်တွေဖက် လှည့်မလာအောင် လှည့်စားနေတာများလားလို့ ထင်စရာဖြစ်နေပါတယ်။ အီရန် ပြည်တွင်း အတိုက်အခံတွေက ထောက်လှမ်းရေး ဒုဝက Haji Akbar Ghaffari သုတ်သင် ရှင်းလင်းတဲ့ထဲ ပါသွားပြီလို့ ရေးကြပေမယ့် အစ္စရေးသတင်းတွေက အတည်ပြု ထားတဲ့ထဲမှာ အစ္စရေးကိစ္စ ဒုဝက၊ သူလျိုဌာနအကြီးအကဲတို့ ပါသွားတာပဲ တွေ့ရပါသေးတယ်။ IRGC Quds Force ရဲ့ commander ဗိုလ်ချုပ် Esmail Qaani ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို သိုးကာသီကာ လွတ်ခဲ့တာ ဒီနှစ်ထဲမှ မဟုတ်ပါဘူး။ ၂၀၂၅ အီရန်နဲ့ အစ္စရေးContinue reading “Operation Epic Fury (13)”
Operation Epic Fury (12)
အယာတိုလာအသစ်အဖြစ် မကြာသေးမီကမှ ရွေးချယ်ခံထားရတဲ့ Mojtaba Khamenei ကို ရာထူးခန့်အပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ရှင်းလင်းသုတ်သင်ခဲ့ပြီဆိုတဲ့ သတင်းတက်လာပါတယ်။ ဒီသတင်းမှန်ရင် စစ်ဆင်ရေးမှာ သုတ်သင်ခံရတဲ့ အယာတိုလာ ၃ဦးရှိသွားပါပြီ။ Mojtaba ဟာ အရင်ကလည်း သုတ်သင်ခံရတယ်လို့ သတင်းထွက်လာပြီးနောက် လစ်ဗြဲမီဒီယာများက ရှိပါသေးတယ် ပုန်းနေတာပါလို့ ဖြေရှင်းခဲ့ကြပါတယ်။ ပြီးတော့မှ ရွေးချယ်ခံရတယ်ဆိုတဲ့ သတင်း ထပ်ထွက်လာတာပါ။ ဒါပေမယ့် ဘယ်သူ့ကိုမှ ရုပ်ထွက်ပြတာမရှိတော့ အစစ်အမှန်က ဘာဆိုတာ မသိနိုင်သေးပါဘူး။ နောက်တယောက်ကို ရွေးရင်လည်း ထပ်သုတ်သင်ခံရဦးမှာပဲဆိုတာက သေချာနေတော့ ဒီပုံနဲ့ အာဏာကို ဘယ်လိုများ ဆက်ပြီး ဖက်တွယ်ထားကြဦးမှာပါလဲ။ ခါမေနီက သေဆုံးတဲ့အချိန်မှာ ဘန်ကာထဲမှာ ရှိနေတာမဟုတ်ပဲ သူ့နေအိမ်ဝင်းထဲမှာ ရှိနေခဲ့တာလို့ တွေ့ရှိလာရပါတယ်။ Weekend လည်းဖြစ်၊ အမေရိကန်က ညဖက်စတိုက်လေ့ရှိတာကြောင့် အိမ်မှာContinue reading “Operation Epic Fury (12)”