စနေမနက်က စခဲ့တဲ့ အစ္စရေးနဲ့ အမေရိကန်ရဲ့ Operation Epic Fury မှာ အီရန်ဘက်က ထိပ်ပိုင်းတွေ တော်တော်လေး ကျကုန်ပြီလို့ သတင်းတွေထွက်နေပါတယ်။ ခုထိ ခါမေနီရဲ့ ညာလက်ရုံး ဗိုလ်ချုပ်ကြီး အလီရှမ်ခါနီ၊ ဇန်နဝါရီတုန်းက ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ပစ်သတ်ဖို့ ညွှန်ကြားခဲ့တဲ့ IRGC commander ဗိုလ်ချုပ်ကြီး မိုဟာမက်ပက်ပေါ် Pakpour ၊ အရင်ပို့စ်မှာ ဖော်ပြခဲ့တဲ့ ထောင်ချီတဲ့ ဆန္ဒပြသူတွေကို သေဒဏ်ပေးခဲ့သူ တရားသူကြီးချုပ် Gholam-Hossein Mohseni-Ejei နဲ ကာကွယ်ရေးဝန်ကြီး Amir Hatami တို့အပါအဝင် ထိပ်ပိုင်းကလူတွေ မြေဩဇာဖြစ်သွားပြီလို့ ဆိုကြပါတယ်။ သမ္မတထရမ့်က ဆန္ဒပြအီရန်ပြည်သူတွေကို သတ်ရင် အမေရိကန်က လက်တုန့်ပြန်မယ်လို့ သတိပေးထားခဲ့တဲ့အတိုင်း အကောင်အထည်ဖော်လိုက်တာပါ။ ချက်ချင်းမဖြစ်သေးတာနဲ့ အားရပါးရ ဆက်သတ်နေခဲ့ကြတာContinue reading “Operation Epic Fury (2)”
Author Archives: Omma
Operation Epic Fury (1)
ဖေဖေါ်ဝါရီ ၂၈ စနေနေ့နံနက်ပိုင်းမှာ အစ္စရေး IDF က အီရန်ကို စပြီး ဗုံးကြဲနေလို့ တီဟီရန်မှာ ပေါက်ကွဲမှုတွေ ဖြစ်နေပြီလို့ ဂျေရုစလင်ပို့စ်က ဆိုပါတယ်။ ခုထိတော့ အစ္စရေးဘက်ကို ဘာဒုံးကျည်မှ ပြန်မလာသေးပါဘူး။ အလီခါမေနီရဲ့အိမ်ဗုံးကြဲခံရပြီး သူ့ရုံးနားမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပေမယ့် ခါမေနီက တီဟီရန်မှာ ရှိမနေပဲ လုံခြုံတဲ့နေရာမှာ ပြောင်းထားတယ်လို့ အီရန်အရာရှိတဦးက ရီုက်တာကို ပြန်ပြောထားပါတယ်။ ဒီတိုက်ပွဲက limited ဖြစ်ပြီး remove threat အတွက်ပဲဖြစ်ကြောင်း၊ အဓိကကျတဲ့ စစ်ရေးနဲ့ နိုင်ငံရေးပစ်မှတ်တွေကိုပဲ တိုက်ခိုက်တာဖြစ်ကြောင်းနဲ့ အစ္စရေးနဲ့အတူ အမေရိကန်လည်း ပါဝင်ကြောင်း သိရပါတယ်။ အဲဒီမတိုင်ခင် အစ္စရေးပြည်သူတွေကို လုံခြုံတဲ့ အကာအကွယ်ပေးထားတဲ့ နေရာတွေမှာပဲ နေကြဖို့ ဆော်ဩထားသလို ဂျေရုစလင် အမေရိကန်သံရုံးကလူတွေကိုလည်း အမေရိကန်က ပြန်ခွင့်ပေးလိုက်ပါတယ်။Continue reading “Operation Epic Fury (1)”
ဖေဖေါ်ဝါရီ ၂၆ရက် ၂၀၂၆
အရင်အပတ်က ဆူပရင်းမ်ကုတ်က သမ္မတထရမ့်ရဲ့ Liberation Day Tariff ကို သမ္မတမှာ အဲဒီလောက် လုပ်ပိုင်ခွင့်မရှိသင့်ဘူးလို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး သမ္မတထရမ့်က SOTU မှာ ဂျွန်ရောဘတ်စ်တို့ အေမီတို့မျက်နှာတွေ တည့်တည့်ကြည့်ပြီး ရှက်စရာကောင်းကြောင်း၊ မျိုးချစ်စိတ်မရှိတဲ့သူသာ ဒီလိုဆုံးဖြတ်မှာဖြစ်ကြောင်း၊ နောက်ပိုင်းအင်တာဗျူးမှာလည်း အေမီကို ထရမ့်ခန့်ခဲ့တာဖြစ်ပေမယ့် ထရမ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ကန့်လန့်တိုက်သလို ဆုံးဖြတ်နေတော့ နောင်တရသလားလို့ မေးတာမှာ နောင်တရတယ်ဆိုတာထက် သူတို့မိသားစုတွေအတွက် အရှက်ရစရာဖြစ်တယ်လို့ပဲ ဆိုချင်ကြောင်း ပြောသွားပါတယ်။ ကမ္ဘာနဲ့အဝှမ်း ခံစားနေကြတဲ့ TDS ဟာ ဆူပရင်းကုတ်မှာပါ ဖြစ်နေသလားလို့ ထင်စရာပါ။ အဲဒီလို ကန့်လန့်တိုက်ရခြင်းများရဲ့ နောက်ကွယ်မှာ ဘယ်လိုအချက်တွေ ရှိနေတယ်ဆိုတာ သိထားရင် ဘယ်ကိစ္စ ဘယ်လိုဆုံးဖြတ်နိုင်တယ်ဆိုတာကိုပါ မှန်းမိလာပါလိမ့်မယ်။ ၂၀၁၄ အိုဘမလက်ထက်မှာ နာမည်ကြီးဒီမိုကရက်ရှေ့နေနဲ့ ချက်ခ်နိုင်ငံဆိုင်ရာContinue reading “ဖေဖေါ်ဝါရီ ၂၆ရက် ၂၀၂၆”
ဖေဖေါ်ဝါရီ၂၀ ရက် ၂၀၂၆
ဒီနေ့မှာ ဆူပရင်းမ်ကုတ်က ထရမ့်ရဲ့ Liberation Day tariff ကောက်တာကို သမ္မတက ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် tariff ကောက်တာမျိုးကို တဦးတည်းအာဏာနဲ့ လုပ်ပိုင်ခွင့်မရှိဘူးဆိုပြီး ၆-၃နဲ့ ပယ်ချလိုက်ပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်မှာ ဘယ်သူ/ ဘယ်အဖွဲ့မှာလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပြောမထားသလို tariff ကနေ ရထားပြီးသား ဝင်ငွေတွေကို ဘာလုပ်ရမယ်ဆိုတာကိုလည်း ရှင်းလင်း မသွားပါဘူး။ လွှတ်တော်ဒီမိုကရက်တွေကတော့ ကွန်ဂရက်စ်မှာ အာဏာရှိတယ်လို့ ဆိုကြပါတယ်။ ထရမ့်အခုကောက်နေတဲ့ tariff တွေက International Economic Emergency Powers Act (IEEPA) အရဖြစ်ပြီး အဲဒီဥပဒေကို 95th Congress က အတည်ပြုခဲ့ပြီး သမ္မတကာတာက လက်မှတ်ထိုးခဲ့တာ ဖြစ်တော့ ဒီမိုကရက်တွေပြောတာလည်း မမှန်ပြန်ပါဘူး။ ဆူပရင်းမ်ကုတ်ဆုံးဖြတ်ချက်ကို ကန့်ကွက်သူ ၃ဦးကContinue reading “ဖေဖေါ်ဝါရီ၂၀ ရက် ၂၀၂၆”
ဖေဖေါ်ဝါရီ ၁၉ရက် ၂၀၂၆
ဒီကနေ့ပြုလုပ်တဲ့ Board of Peace အစည်းအဝေးမှာ သတိထားမိတာ ၂ချက်ရှိပါတယ်။ တချက်က ငြိမ်းချမ်းရေးကို သမားရိုးကျနည်းလမ်းတွေနဲ့ ရယူဖို့ မဖြစ်နိုင်နေတာကြောင့် အခုလို Board of Peace ကို ဖွဲ့စည်းရတာဖြစ်ပေမယ့် တချိန်မှာ UN ကို လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ နည်းလမ်းတွေနဲ့ ပြန်အသုံးပြုသွားနိုင်တယ်ဆိုတာရယ် နောက်တခုက ဂါဇာဒေသရဲ့ ရေရှည် ငြိမ်းချမ်းရေးအတွက် သေချာလေ့ကျင့်ပေးထားတဲ့ ရဲတွေက ဆောင်ရွက်ဖို့နဲ့ အဲဒီရဲတွေကို အီဂျစ်တို့ အင်ဒိုနီးရှားတို့လိုနိုင်ငံတွေက လေ့ကျင့်ပေးဖို့ စတာတွေပါဝင်ပါတယ်။ ဒီအဖွဲ့ရဲ့ ပထမဆုံး focus က ဂါဇာပြန်လည်ထူထောင်ရေးဖြစ်ပြီး အဲဒီအတွက် အဖွဲ့ဝင်၉နိုင်ငံက ၇ဘီလီယံ ထည့်ဝင်ဖို့ ကတိပြုထားကြပါတယ်။ UNSC က နိုဝင်ဘာတုန်းက Board of Peace ကို ကန့်ကွက်မဲမရှိContinue reading “ဖေဖေါ်ဝါရီ ၁၉ရက် ၂၀၂၆”
ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၂၆
တရုတ်အစိုးရက အမေရိကန်မှာ အစိုးရကို ကိစ္စမျိုးစုံနဲ့ ဆန္ဒပြကြ၊ တရုတ်ကို အကောင်းမြင်အောင် လော်ဘီလုပ်ကြဖို့အတွက် အဖွဲ့တွေ ဖွဲ့ပေးထားတာကို နိုင်ငံခြားရေးဌာနက ဖော်ထုတ်လိုက်ပါတယ်။ အဲဒီအဖွဲ့တွေက non-profit တွေအဖြစ် အခွန်ကင်းလွတ်ခွင့်တွေလည်း ရတားပါတယ်။ CODEPINK အဖွဲ့ကို ၂၀၀၂ကစလို့ အမျိုးသမီးအင်အားစုတွေနဲ့ ဖွဲ့စည်းပေးထားပြီး ငြိမ်းချမ်းရေးအတွက်၊ လူသားချင်း စာနာမှု စတာတွေအတွက်လို့ အယောင်ပြထားပါတယ်။ သူတို့က ၂၀၀၃မှာ အီရတ်စစ်ပွဲကို ဟန့်တားဖို့ဆိုပြီး စတင်လှုပ်ရှားခဲ့ပြီး ခုတော့ ပါလက်စ်တိုင်းတွေဘက်က ထောက်ခံဆန္ဒပြကြတာပါ။ အဲဒီအဖွဲ့ကို အများဆုံးငွေထောက်ပံ့နေသူက နယ်လ်ဗေးလ်ရွိုင်ဆင်ဂမ် ဆိုတဲ့ တရုတ်ပြည်မှာနေတဲ့ စီစီပီကို သစ္စာခံတဲ့ အမေရိကန်စီးပွားရေးသမားနဲ့ သူ့ဇနီး ဂျိုဒီအီဗန်စ် ဖြစ်ပါတယ်။ ဂျိုဒီက ကုဒ်ပင့်ခ်ရဲ့ ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။ တရုတ်က နောက်ခံပေးနေတဲ့ နောက်တဖွဲ့က The People’sContinue reading “ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၂၆”
လက်ဝဲမှိုင်းမိနေတဲ့ ဒီမိုကရက်တွေရဲ့ လော့ဂျစ်
– မိန်းမဆိုတာ ဘာလို့ အဓိပ္ပါယ် မဖွင့်ဆိုနိုင်ဘူး။ ဒါပေမယ့် မိန်းမသမ္မတ လိုချင်ကြတယ်။ Save America Act မှာ မဲမှတ်ပုံတင်ဖို့ ID လိုတယ်ဆိုပြန်တော့ – မိန်းမတွေက အိမ်ထောင်ကျပြီးရင် ယောက်ျားမျိုးရိုးနာမည် ယူရတော့ ID လုပ်ဖို့ မလွယ်ဘူးတဲ့။ Save Act က မိန်းမတွေ မဲပေးဖို့ မဖြစ်နိုင်အောင် လုပ်တာတဲ့။ – မိန်းမတွေ အိမ်ထောင်ကျပြီး နာမည်ပြောင်းကြတာ နှစ်ပေါင်း ရာထောင်ချီနေပါပြီ။ မိန်းမတွေ အလုပ်လုပ်၊ မဲပေး၊ ပရော်ဖက်ရှင်နယ်အလုပ်တွေ ဝင်၊ အိမ်/ကား/ဘဇ္ဇနက် ပိိုင်နေကြတာတောင် နှစ်ရာဂဏန်းရှိနေပြီဟာကို ခုမှ ID တောင် မလုပ်နိုင်ကြတဲ့ ခေတ်ကြီးကို ပြန်ရောက်သွားတယ်ဆိုတော့ ခက်တော့နေပါပြီ။ စာမတတ်ကြတော့လို့လား၊ ဒါဆိုလည်း ပညာရေးစနစ်ကို ဖျက်ဆီးခဲ့တာContinue reading “လက်ဝဲမှိုင်းမိနေတဲ့ ဒီမိုကရက်တွေရဲ့ လော့ဂျစ်”
ဖေဖေါ်ဝါရီ၁၄ ရက် ၂၀၂၆
ဒီနေ့ နိုင်ငံခြားရေးဝက မာကိုရူဘီယို မြူးနစ်ကွန်ဖရန့်စ်မှာ ပြောခဲ့တာတွေက သိပ်ကို တန်ဖိုးရှိပါတယ်။ ထရမ့်အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ် လွဲမှားနေတဲ့ အမြင်တွေကို ရှင်းလင်းတင်ပြပေးခဲ့တဲ့အပြင် နှစ်ပေါင်းများစွာကျင့်သုံးလာတဲ့ လက်ရှိပေါ်လစီတွေကြောင့် ဥရောပဟာ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်က အကျဖက်ကို ရောက်နေခဲ့တာပါ။ နယ်စပ်ဖွင့်ပြီး ကိုယ့်ယဥ်ကျေးမှု၊ သမိုင်း အစဥ်အလာ စံနှုန်းတွေကို တန်ဖိုးမထားတဲ့ လူတွေကို ခေါ်သွင်းတာ၊ အဲဒါတွေက နိုင်ငံတွေမှာ ချက်ချင်းကြီး မတူတာတွေ များလာစေပြီး တည်ငြိမ်မှု ပျက်ပြားစေတာ၊ စီးပွားရေး စစ်ရေးတွေမှာ အားမထည့်ပဲ (မဲချူတဲ့အနေနဲ့) ဟိုဟာဖရီး ဒီဟာဖရီးပေးမယ့်အစီအစဥ်တွေပဲ အာရုံစိုက်တာ၊ စတာတွေကို ဝေဖန်သွားပါတယ်။ မာကိုက ထရမ့်လက်ထက်မှာ အမေရိကန်က အနောက်ကမ္ဘာခြမ်းရဲ့ တူညီတဲ့ ယုံကြည်မှူ၊ ယဥ်ကျေးမှု အမွေအနှစ်တွေ အပေါ်Continue reading “ဖေဖေါ်ဝါရီ၁၄ ရက် ၂၀၂၆”
ဖေဖေါ်ဝါရီ ၁၁ ရက် ၂၀၂၆
ထွက်လာတဲ့ အက်ပ်စတိန်းဖိုင်တွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးက စတိဘန်နွန်က အက်ပ်စတိန်းကို အင်တာဗျူးထားတာပဲဖြစ်ပါတယ်။ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ သိပ္ပံနဲ့ ယုံကြည်မှုတွေ အကြောင်း မေးမြန်းခဲ့ပြီး ဘဏ်တွေအကြပ်အတည်းကြီးတွေဖြစ်တာ၊ စတော့မားကက် ပြိုလဲတာ စတာတွေနဲ့ ပတ်သက်လို့ အက်ပ်စတိန်းက subprime mortgage/ loan တွေစတာက ကလင်တန် လက်ထက်က စတာဖြစ်ကြောင်း၊ ကလင်တန်က မဲလိုချင်တော့ ဘဏ်လုပ်ငန်းရှင်တွေကိုခေါ်ပြီး ချေးငွေရဖို့ အရည်အချင်းမမှီသူတွေ အိမ်ဝယ်လို့ရအောင် လုပ်ပေးဖို့ ဆွေးနွေးကြောင်း၊ ဘဏ်တွေက ဆုံးရှုံးနိုင်ခြေ များလို့ မလုပ်ချင်ကြောင်းပြောတဲ့အခါ ဆုံးရှုံးမှုများလို့ ဘဏ်တွေအခက်တွေ့တဲ့အခါ မပြိုလဲရအောင် အစိုးရက အဲဒီချေးငွေတွေကို ပြန်ဝယ်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း ဖြေသွားပါတယ်။ လူတွေက အိမ်ပိုင်ချင်ကြပေမယ့် စုငွေလည်းမလုံလောက်၊ ခရက်ဒစ် သမိုင်း ကလည်းမကောင်းတော့ အိမ်မဝယ်နိုင်သူ များလာတာမှာ subprime loanContinue reading “ဖေဖေါ်ဝါရီ ၁၁ ရက် ၂၀၂၆”
ဖေဖေါ်ဝါရီ ၆ ရက် ၂၀၂၆
၂၀၂၅ စတုတ္ထ သုံးလပတ်အတွက် အမေရိကန်ရဲ့ GDP က ၅.၃% တက်လာခဲ့ပြီး တရုတ်က ၄.၅% ဖြစ်ပါတယ်။ ထရမ့် ဒုတိယသမ္မတသက်တမ်းရဲ့ နောက်ဆုံးနှစ်မှာ Dow Jones Industrial Average ကို ၅၀,၀၀၀အထိ တက်လာမယ်လို့ ခန့်မှန်းခဲ့ပေမယ့် တနှစ်နဲ့ ရက်ပိုင်းအတွင်းမှာပဲ ၅၀,၀၀၀ ကျော်သွားခဲ့ပါပြီ။ ဒါတောင် စတော့ဈေးကွက်မှာ တရုတ်က ramp and dump လုပ်ပြီး ဝင်ရှုပ်နေတာ တွေ့ရတယ်လို့ SEC ဥက္ကဋ္ဌက သတိပေးထားပါတယ်။ အဲဒါကြောင့် ဈေးကွက်တခုလုံး မငြိမ်မသက် ဖြစ်နေခဲ့တာ ဖြစ်နိုင်ပါတယ်။ ramp and dump ဆိုတာ ကမ္ဘာတလွှားက exchange တွေမှာ တရုတ်တွေက စတော့တခု/တချို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ အတင်းလိုက်ဝယ်၊ တဖက်ကလည်းContinue reading “ဖေဖေါ်ဝါရီ ၆ ရက် ၂၀၂၆”