သောကြာနေ့ညနေက အမေရိကန်အောက်လွှတ်တော်မှာ ၁.၂ထရီလီယံအစိုးရဘတ်ဂျက်ကို ၂၈၆-၁၃၄မဲနဲ့ အလျင်စလို အတည်ပြုခဲ့ပါတယ်။ ဒီမိုကရက်အားလုံးနဲ့ ရီပါဘလစ်ကန် ၁/၃ ကျော် ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဘတ်ဂျက်ဘေလ်မှာ စာမျက်နှာ ၁၀၁၂ ရှိပြီး ၈၂၄.၅ဘီလီယံက ကာကွယ်ရေးဝန်ကြီးဌာနကို သွားမှာဖြစ်ပါတယ်။ လက်ရှိအသုံးစာရိတ်ထက် ၂၇.၇၅ဘီလီယံ ပိုလာတာပါ။ အစ္စရေးဒုံကျည်ကာကွယ်ရေးအတွက် သန်း၅၀၀၊ ယူကရိန်းအတွက် သန်း၃၀၀၊ ပြည်တွင်းလုံခြုံရေးအောက်က Customs and Border Protection က လက်ရှိထက် ၃ဘီလီယံတိုးပြီး ၁၉ဘီလီယံ၊ Immigration and Customs Enforcement က ၁.၁တိုးပြီး ၉.၆ဘီလီယံရပါတယ်။ ဒါပေမယ့် ဒီတိုးလာတဲ့အသုံးစာရိတ်တွေက နယ်စပ်ကို လုံအောင်ကာဖို့မဟုတ်ပဲ ဘိုင်ဒန်တို့ ကမလာတို့ ပြောနေသလို “နယ်စပ်က ကျိုးပေါက်နေတာမဟုတ်ပါဘူး၊ processing လုပ်တဲ့စနစ်ကပဲ ကျိုးပေါက်နေတာပါ”လို့ ပြောနေတဲ့အတွက် နယ်စပ်လုံခြုံရေးအတွက်Continue reading “မေလ ၂၅ရက် ၂၀၂၄”
Author Archives: Omma
မတ်လ ၂၂ ရက် ၂၀၂၄
နယူးယောက်ပြည်နယ်ရှေ့နေချုပ် လတီးရှာက သူမမဲဆွယ်ပွဲမှာကတဲက မောင်းတင်ထားတဲ့ ထရမ့်ကို ထိုးနှက်ဖို့အကြံကို သူမနဲ့အကြံတူတဲ့ တရားရုံးသူကြီးအန်ဂိုရွန်နဲ့ပေါင်းပြီး နစ်နာသူ/ မကျေနပ်သူ မရှိတဲ့အမှုကို ပြစ်မှုကြီးဖြစ်အောင်လုပ်၊ သမိုင်းဝင်လောက်တဲ့ ဒဏ်ကြေး ၃၅၅သန်းချမှတ်ခဲ့ပြီး အယူခံဝင်ဖို့ဆိုရင် ဒဏ်ကြေးအပြင် အမှုစတင်ဖြစ်တယ်ဆိုတဲ့ backdate ကနေစပြီး အတိုး ၁၀၉သန်း စုစုပေါင်း ၄၆၄သန်းကို ငွေသားအာမခံအဖြစ် မတ်လ ၂၅ရက် နောက်ဆုံးထားတင်ရမယ်၊ မတင်နိုင်ရင် ပိုင်ဆိုင်မှုတွေသိမ်းမယ်လို့ တဖက်သတ် အမိန့်ချခဲ့ပါတယ်။ လုပ်ငန်းရှင်တွေ ထုံးစံအတိုင်း ပိုင်ဆိုင်မှုတွေရှိပေမယ့် ငွေသားများများ လက်ဝယ်မရှိတဲ့ထရမ့်ဟာ တနေ့ဆိုင်းတိုင်းတနေ့ တက်လာတဲ့ အတိုးတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ လတီးရှာကတော့ အာမခံ မတင်နိုင်ရင် ထရမ့်ရဲ့ ပိုင်ဆိုင်မှုတွေ ထဲက ထရမ့်တန်ဖိုးအထားဆုံး၊ တန်ဖိုးအများဆုံးတခုဖြစ်တဲ့ မန်ဟက်တန်မြောက်ဖက် ဝက်ချက်စတာ ကောင်တီက ဧက ၃၇၀ရှိတဲ့ ဂေါက်ကွင်းပါတဲContinue reading “မတ်လ ၂၂ ရက် ၂၀၂၄”
အာဏာရှင်စနစ်သို့ သွားရာလမ်း
ကမ္ဘာ့နံပါတ် ၅ အကြီးဆုံးစီးပွားရေးအဆင့်ရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အချမ်းသာဆုံးမြို့တွေထဲက တခုမှာ ဘာမှ တန်ဖိုးမများတဲ့သကြားလုံးတို့ chewing gum တို့ကိုတောင် ဘီဒိုထဲ သော့ခတ်သိမ်းရတဲ့ အခြေအနေတွေ ဖြစ်ကုန်ပါပြီ။ အနိမ့်ဆုံးလုပ်ခတွေကိုလည်း တိုးမြှင့်လိုက်တဲ့အတွက် ဆိုင်တွေမှာ လူလျော့ထားကြတော့ တခုခုလိုချင်ရင် အချိန်တော်တော်ပေးနိုင်မှ ရပါတော့တယ်။ ဘိုင်ဒန့်နဲ့ နူဆမ်လက်ထက် တိုးတက်မှုတွေ ဆိုပါတော့။ ဒီမိုကရက်တွေရဲ့ လူဆိုး သူခိုးချစ်ပေါ်လစီတွေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအားမပေးတဲ့ ပေါ်လစီတွေကြောင့် ဆိုင်တွေ ပြည်သူတွေ ဒုက္ခများကြပေမယ့် တဖက်မှာ အမြတ်ထွက်မှာက အမေဇုန်လို ကုမ္ပဏီမျိုးဖြစ်ပါတယ်။ ဆိုင်တွေသွားရတာ အဆင်မပြေတော့ရင် online ကပဲ ဝယ်ကြဖို့ များပါတယ်။ကဗဖြစ်တုန်းကလည်း အမေဇုန်တို့ အမြတ်ကြမ်းခဲ့ပါတယ်။ ဒီလိုခွင်တွေ ဖြစ်လာဖို့အတွက် အမေဇုန်က ဖက်ဒရယ်အစိုးရကို လော်ဘီလုပ်ဖို့ ၂၀၂၃ တနှစ်ထဲမှာတင် သန်း ၂၀Continue reading “အာဏာရှင်စနစ်သို့ သွားရာလမ်း”
မတ်လ ၁၆ ရက် ၂၀၂၄
လေယာဥ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီရဲ့ 787 Dreamliner တွေထုတ်လုပ်တဲ့ မြောက်ချာလ်စ်တန် စက်ရုံမှာ ၃၂နှစ်ကြာ အရည်အသွေးထိန်းအင်ဂျင်နီယာလုပ်သွားတဲ့ ဂျွန်ဘာနက်ဟာ ရုံးချိန်းလာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သူ့ရှေ့နေက လိုက်ရှာရာမှာ ဟိုတယ်တခုရဲ့ ပါကင်လော့မှာ ရပ်ထားတဲ့ သူ့ထရပ်ကားပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို ပြီးခဲ့တဲ့ စနေနေ့က တွေ့ရှိခဲ့ကြပါတယ်။ တာဝန်ရှိသူတွေက သေနတ်ဒဏ်ရာဟာ ကိုယ့်ဖာသာကိုယ်ပစ်တာနဲ့ တူကြောင်း ကနဦးကောက်ချက် ချကြပေမယ့် အပြီးသတ်ဆုံးဖြတ်ချက်မချခင် ထပ်စစ်ဦးမယ်လို့ ဆိုပါတယ်။ သေဆုံးပြီး နောက်တရက်မှာ သူဟာ ဘိုးရင်းကုမ္ပဏီကို စွဲဆိုထားတဲ့ အမှုအတွက် တရားရုံးမှာ တတိယမြောက်နေ့ အဖြစ် တံခါးပိတ် သက်သေခံထွက်ချက် ပေးရမယ့်နေ့ဖြစ်ပြီး ပေါ်မလာတော့မှ လိုက်ရှာကြတာပါ။ အရင် ၂ရက်ကလည်း ထွက်ချက်တွေ ပေးထားခဲ့ပါသေးတယ်။ ဂျွန်ဘားနက်နဲ့ ရင်းနှီးတဲ့မိတ်ဆွေတဦးက ဂျွန်မဆုံးခင် ၂ပတ်ကContinue reading “မတ်လ ၁၆ ရက် ၂၀၂၄”
မတ်လ ၁၄ ရက် ၂၀၂၄
အမေရိကန်အောက်လွှတ်တော်မှာ အဆိုအောင်မြင်သွားတဲ့ တစ်တော့ဘန်းမယ့် ဥပဒေကြမ်းဟာ အဆိုတင်ထားသူတွေ ပုံဖော်ထားသလောက် မရိုးစင်းဘူးလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ဆီနိတ်တာ Rand Paul က ပြည်သူသန်း ၁၇၀သုံးနေတဲ့ app တခုကို အစိုးရအာဏာနဲ့ ဘန်းလုပ်တယ် ဆိုတာ ခြေ/ဥပါ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို စွက်ဖက်ကန့်သတ်လိုက်သလိုပဲလို့ ဝေဖန်ခဲ့ပြီး ထရမ့်ကတော့ တစ်တော့ရဲ့ အမေရိကန်အပေါ် အန္တရာယ်က ဖဘလောက် မကြီးဘူး၊ ဖဘက ပြီးခဲ့တဲ့ ရကပမှာ သန်း၅၀၀ အကုန်ခံပြီး ဘဒတို့ဘက်ကို နိုင်အောင်လုပ်သွားတာဆိုတော့ ကန့်သတ်မယ်ဆိုရင် ဖဘကို နိုင်ငံရေးမှာ ဝင်မရှုပ်အောင်၊ နိုင်ငံရေးကိစ္စတွေမှာ ငွေမသုံးနိုင်အောင် ကန့်သတ်ရမှာလို့ ဆိုပါတယ်။ တစ်တော့ဟာ ဘိုက်ဒန့်စ်ဆိုတဲ့ ကာရစ်ဘီယံပင်လယ်ထဲက ကေမန်ကျွန်းမှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ တရုပ်အင်တာနက်ကုမ္ပဏီရဲ့ ဖောင်ဒါက ဖန်တီးခဲ့ပေမယ့် သူတို့ဟာ တရုပ်စီးပွားရေးသမားတွေဖြစ်ပြီးContinue reading “မတ်လ ၁၄ ရက် ၂၀၂၄”
မတ်လ ၈ ရက် ၂၀၂၄
တနေ့က ဘိုင်ဒန်က သူ့ရဲ့နောက်ဆုံး State of the Union မိန့်ခွန်းပြောပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေကို နှစ်ရပ်ပေါင်းလွှတ်တော်ကနေ တနှစ်တခါ ပြည်သူကို အသိပေးတင်ပြရတဲ့သဘောပါ။ ပုံမှန်ဆို ဇန္နဝါရီ (သို့) ဖေဖေါ်ဝါရီမှာ လုပ်လေ့ရှိပြီး တိုင်းပြည်ကို အားတက်စေမယ့် ပြည်သူချင်း သွေးစည်းစေမယ့် စကားမျိုးတွေ ပြောကြတာပါ။ ဒီမန်းရှားဘိုင်ဒန်လက်ထက်မှာ နာရီဝက်လောက် လူရှေ့ရပ် စာဖတ်ပြနိုင်ဖို့ ဆေးတွေနင်းကန်ပေးထားရတာရော၊ တိုင်းပြည်အခြေအနေကလည်း အဖက်ဖက်က စုတ်ပြတ်နေတာရောကြောင့် နောက်ကျနေပုံရပါတယ်။ သူ့မှာ ပြစရာက အဘောရှင်း right အတွက် သူတို့ ဘယ်လောက်တောင် အားပေးသလဲဆိုတာရယ် နောက်တခုက ထရမ့်ဟာ အမေရိကန်တန်ဖိုးတွေကို ဘယ်လောက်တောင် ခြိမ်းခြောက်နေတယ်ဆိုတဲ့ အကြောက်မှိုင်း၊ အမုန်းမှိုင်း တိုက်ပေးတာရယ်ပါ။ ဒီနှစ်မှာ ဇယ်လန်စကီနဲ့ နဗော်လ်နီတို့ရဲ့ ဇနီးတွေ၊ နယ်စပ်ကContinue reading “မတ်လ ၈ ရက် ၂၀၂၄”
မတ်လ ၆ ရက် ၂၀၂၄
မနေ့က ပြည်နယ် ၁၅ခုမှာ ပြုလုပ်တဲ့ ပဏာမရကပတွေမှာ ရီပါဘလစ်ကန်ဘက်က ထရမ့်က ပြည်နယ် ၁၄ခုမှာ အပြတ်အသတ်နိုင်ခဲ့ပြီး ရီပါဘလစ်ကန်ပါတီတွင်း ရကပမှာ ဒီမိုကရက်တွေကိုပါ ဝင်မဲပေးခွင့်ပြုခဲ့တဲ့ ဗားမောင့်မှာတော့ နစ်ကီဟေလီက မဲ ၃၀၀၀နီးပါးနဲ့ နိုင်သွားပါတယ်။ အဲဒါဟာ နစ်ကီအတွက် ပြည်နယ် ၅၀ရဲ့ ထက်ဝက်ကျော်မှာ ပထမဆုံးအနိုင်ဖြစ်ပြီး ကနေ့မှာတော့ သမ္မတ ရကပကနေ ထွက်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ပါတီကို ကိုယ်စားပြုဖို့ ကိုယ်စားလှယ် ၁၂၁၅ အနည်းဆုံး ရရမယ့်ထဲမှာ ထရမ့်က ကနေ့အထိ ၁၀၃၁ ရထားပြီး နစ်ကီက ၈၉ ရထားပါတယ်။ နစ်ကီဟာ ထရမ့်ကို congratulate လုပ်ခဲ့ပေမယ့် endorse မလုပ်သေးပါဘူး။ အက်စ်တာဘလစ်ရှ်မန့် ရီပါဘလစ်ကန်တွေဟာလည်း ဒီမိုခြတွေနဲ့ ပါတီကွဲပေမယ့် နိုင်ငံ့အရေး၊ နိုင်ငံသားအရေးထက်Continue reading “မတ်လ ၆ ရက် ၂၀၂၄”
မတ်လ ၃ ရက် ၂၀၂၄
ပြီးခဲ့တဲ့အပတ်က တီဗွီရှိုးမန်းတဦးဖြစ်တဲ့ Dr. Phil ဟာ တက္ကဆက်စ်နယ်စပ်ကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီမှာ သူတွေ့ခဲ့ရတာက လက်တွေမှာ နံပါတ်တွေ၊ ဖုံးနံပါတ်တွေ ရေးထိုးထားတဲ့ ကလေးတွေပါ။ ပုံမှန်အားဖြင့် လူကုန်ကူး လိင်ကုန်ကူးဂိုဏ်းတွေမှာ ရောင်းစားခံရသူ တွေမှာပဲ ကျွန်ခေတ်ကလိုမျိုး တက်တူးနဲ့ ရေးထိုးထားကြတာပါ။ အဲဒါကို နယ်စပ်ရဲတဦးကို အဆိုပါ ကလေးတွေနဲ့ ဂိုဏ်းတွေ ပတ်သက်နေနိုင်ခြေရှိ/မရှိ မေးမြန်းခဲ့ရာမှာတော့ ဖြစ်နိုင်ခြေရှိရုံမက၊ ဖြစ်ကိုဖြစ်နေတာလို့ ပြန်ဖြေပါတယ်။ နယ်စပ်က ဝင်လာတဲ့ကလေးတွေကို မယောကာ့စ်တို့ ပြည်ထဲရေးက စာရင်းဖျောက်ပြီး ပို့ချင်ရာပို့နေတာက အစိုးရကဦးစီးပြီး လူကုန်ကူး/လိင်ကုန်ကူးဂိုဏ်း ထောင်ထားသလို ဖြစ်နေတာပါ။ ဂျက်ဖရေအက်ပ်စတိန်းရဲ့ ဧည့်သည်စာရင်းကိုလည်း ခုထိ အပြည့်အဝ ထုတ်ပြန်မပေးနိုင်တာကိုကြည့်ရင် အာဏာ/ငွေ/ဩဇာရှိသူ အကြီးစားကြီးတွေ ပါဝင်ပတ်သက်နေမှာ အသေအချာပါပဲ။ လူ့အခွင့်အရေးတွင်တွင်ပြောပြီး နယ်စပ်ဖွင့်တာကို ကာကွယ်ပေးကြသူများContinue reading “မတ်လ ၃ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၂၉ ရက် ၂၀၂၄
လွှတ်တော်မှာ ယူကရိန်းကို ကူညီမယ့်ဥပဒေကြမ်းကို မိုက်ခ်ဂျွန်ဆန်ဦးဆောင်တဲ့ ရီပါဘလစ်ကန် တွေက တင်းခံနေသလို ပူတင်ကလည်း သူစစ်ရပ်ဖို့ ညှိနှိုင်းလိုကြောင်း ကမ်းလှမ်းခဲ့တာ အကြိမ်ကြိမ် ရှိပြီဆိုတဲ့အကြောင်း တပ်ကာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ကို အမေရိကန်တို့ ဆက်ပြီး သက်ဆိုးရှည်အောင် လုပ်သင့်လားလို့ စဥ်းစားရင် ရုရှား-ယူကရိန်းစစ် စဖြစ်ရတဲ့ နောက်ခံသမိုင်းကို သိဖို့လိုအပ်လာပါပြီ။ ရုရှားနဲ့ ယူကရိန်းအကြောင်း ပြောမယ်ဆိုရင် အရှေ့ဂျာမဏီမှာ ချထားတဲ့ ဆိုဗီယက်တပ် ၄သိန်းခွဲကို သမ္မတဂိုဘာချော့ဗ်က ရုပ်သိမ်းပြီး ဂျာမဏီနှစ်နိုင်ငံ ပြန်ပေါင်းစီးစေဖို့ ကမ်းလှမ်းခဲ့တာက စပြောမှ ပြည့်စုံပါလိမ့်မယ်။ အပြန်အလှန်အားဖြင့် ဂိုဘာချော့ဗ်က နေတိုးကို အဲဒီတုန်းကထက် အရှေ့ဘက်ကို တိုးမလာစေဖို့ ကတိတောင်းခဲ့တာကို ဘုရှ် ၄၁လက်ထက် အမေရိကန်နိုင်ငံခြားဝန် ဂျိမ်းစ်ဘေကာက တလက်မမှ မတိုးစေရဘူးလို့ လူသိရှင်ကြား ကတိပြုခဲ့ပါတယ်။Continue reading “ဖေဖေါ်ဝါရီ ၂၉ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၂၇ ရက် ၂၀၂၄
ဒီလ ၁၂ရက်နေ့က ဆီနိတ်တာမက်ကောနဲရဲ့ ခယ်မဖြစ်သူ အန်ဂျလာချောင်ဟာ တက္ကဆက်ပြည်နယ်မှာ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ အမေရိကန်သတင်းတွေထဲမှာ ယာဥ်မတော်တဆမှုလို့ပဲ ပြောထားပေမယ့် အသေးစိတ် မဖော်ပြထားသလို ရဲဌာနကလည်း ဘယ်သူက ဖုံးဆက်ခေါ်ပြီး ဘာကြောင့်သေဆုံးရတယ်၊ သူမ သေဆုံးတဲ့ ranch က ဘယ်သူပိုင်တာ စသဖြင့် သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ သို့ပေမယ့် တရုပ်သတင်းစာဆိုင်းရှင်က အန်ဂျလာဟာ မီးပွိုင့်မှာ တဖက်က ကုန်ကားက ဝင်တိုက်ခဲ့လို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မူးနေတဲ့ ကုန်ကားမောင်းသမားကိုလည်း ဖမ်းဆီးသွားကြောင်း ချက်ခြင်းထုတ်ဝေခဲ့ပါတယ်။ အဲဒီနောက်တော့ တခြားတရုပ်သတင်းစာတွေမှာပါ အလားတူ ဖော်ပြကြပါတယ်။ အခင်းဖြစ်ပြီး နှစ်ပတ်နီးပါးကြာမှ ထွက်ပေါ်လာတာက အန်ဂျလာဟာ အော်စတင်မြို့မှာ ဆွေးနွေးပွဲတခုကိုအသွား ranch တခုထဲက ရေကန်ထဲမှာ ကားနောက်ဆုတ်ရင်း ကျနေပြီး ရေနစ်သေဆုံးနေကြောင်း တွေ့ရတယ်လို့Continue reading “ဖေဖေါ်ဝါရီ ၂၇ ရက် ၂၀၂၄”