ဒီနှစ်အစောပိုင်းမှာ ကျင်းပတဲ့ ယူအန်ညီလာခံမှာ ဆီးရီးယားက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရာဝမ်အော်စ်မန်က သူဟာ ဆီးရီးယားနဲ့ လက်ဘနွန်ကပြားတဦးဖြစ်ကြောင်း၊ ဂါဇာစစ်ပွဲမှာ အစ္စရေးက ပြဿနာရဲ့ ရင်းမြစ်မဟုတ်တာကို ဘုရားသခင်ရှေ့တော်မှောက်မှာ တိုင်တည်ပါကြောင်း၊ အောက်တိုဘာ ၇ ကတဲက သူမအနေနဲ့ အစ္စရေးကို ၉ကြိမ်သွားရောက်ခဲ့ပြီးဖြစ်ကြောင်း၊ အရင်အပတ်က အစ္စရေးက ရှီရီဘီဘာ့စ်နဲ့ သူမကလေးတွေဖြစ်တဲ့ အာယယ်နဲ့ ကီယာကို မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း၊ ဟာမာ့စ်က သူတို့အဖမ်းခံရတယ်ဆိုတာလောက်ပဲ ပြောပေမယ့် သေမှုသေခင်း စစ်ဆေးမှုမှာ သူတို့ဟာ ဂါဇာမှာ လည်ပင်းညှစ်ခံရလို့ သေဆုံးတယ်လို့ ဖော်ပြထားကြောင်း၊ အစ္စရေးကိုပဲ အပြစ်တင်ချင်နေတဲ့ သူတွေက မှန်ရှေ့မှာ ကိုယ့်အပြစ်ကိုယ် ပြန်ကြည့်ကြဖို့လိုကြောင်း၊ ကာတာအနေနဲ့ ဒိုဟာမှာနေနေတဲ့ ဟာမာ့စ်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ဓါးစာခံတွေ ပြန်လွှတ်ဖို့ တောင်းဆိုတာမျိုး ဘာလို့ မလုပ်ခဲ့သလဲ၊ ဘာလို့ အကြမ်းဖက်တွေကိုContinue reading “ယူအန်၊ ဒီမိုကရက်နဲ့ မီဒီယာ”
Author Archives: Omma
စက်တင်ဘာ ၂၇ ရက် ၂၀၂၅
သမ္မတထရမ့် ယူအန်မှာ မိန့်ခွန်းသွားခြွေတုန်းက မသမာသူတွေ ကြံစည်ထားခဲ့ကြတာ စက်လှေခါးနဲ့ တယ်လီပရွမ်တာတင်မကပါဘူး၊ တယ်လီကွန်းဆိုင်ဘာအတက်ခ်ပါလုပ်ဖို့ ကြံထားခဲ့ကြတာပါ။ ဆင်းမ်ဆာဗာ ၃၀၀ကျော်၊ အသင့်သုံးနိုင်တဲ့ activate လုပ်ပြီးသား ဆင်းမ်ကဒ်ပေါင်း တသိန်းကျော်အား နယူးယောက် ယူအန်ရုံးအနီးက အတိအကျ မဖော်ပြထားတဲ့ နေရာတခုမှာ ရှာဖွေသိမ်းဆီးရမိတယ်လို့ သိရပါတယ်။ အဲဒီပမာဏက တမိနစ်ကို မက်ဆေ့ချ်ပေါင်း သန်း၃၀နှုန်းနဲ့ ကယ်ရီယာပေါင်းစုံက ဖုံးခေါ်ဆိုမှုတွေ၊ စာတိုပို့မှုတွေကို ဂျမ်းဖြစ်သွားနိုင်သလို 911 ခေါ်ဆိုမှုတွေပါ မရတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ယူအန်ညီလာခံအပေါ်ကိုတော့ လုံခြုံရေးအရ တိုက်ရိုက်သက်ရောက်မှု မရှိဘူးဆိုပေမယ့် ဝင်နှောက်နိုင်တဲ့ အတိုင်းအတာက ကြီးမားနေတာ စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲဒီဆင်းမ်ကဒ်တွေဟာ encrypted လုပ်ထားပြီး နိုင်ငံခြားကလူတွေနဲ့ ဆက်သွယ်ကာ ပူးပေါင်းလုပ်ဆောင်တဲ့ ရာဇဝတ်မှုတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ အကြမ်းဖက်အဖွဲ့တွေက အသုံးပြုနိုင်တာဖြစ်လို့ အဲဒီဖုံးတွေရဲ့Continue reading “စက်တင်ဘာ ၂၇ ရက် ၂၀၂၅”
Jan 6
မနေ့ကထွက်လာတဲ့ သတင်းတွေအရ အက်ဖ်ဘီအိုင်က ဂျေ-၆မှာ ထရမ့် ထောက်ခံတဲ့လူအုပ်ထဲကို အရပ်ဝတ်အေးဂျင့် ၂၇၄ဦး ထည့်ထားခဲ့ပြီး အဲဒီလူတွေကပဲ ဆန္ဒပြသူတွေကို လွှတ်တော်ထဲ ဝင်ဖို့ “ကျောင်း” သွားခဲ့ကြတာပါ။ ပလိုးစီရဲ့ ကာပီတယ်ပူးလိစ်အပေါက်စောင့်တွေကလည်း အဲဒီလူတွေ ဝင်လာလို့ လွယ်အောင် အပေါက်မှာ မစောင့်ပဲ ရှောင်ပေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေထဲက မသိတဲ့လူတချို့က အလံရှူးတွေဝင်ပြတဲ့နောက် ဝင်လို့ရတယ် အမှတ်နဲ့ လိုက်ဝင်လာ ကြပေမယ့် ဘာဆူပူမှုတခုမှ မလုပ်ခဲ့ကြတဲ့အတွက် မဆူ့ဆူအောင် ဘာအန္တရာယ်မှပြုမနေတဲ့ လေတပ်ထွက် အက်ရှ်လေဘက်ဘစ်ကို အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ ဒါလည်း ဆူပူမလာခဲ့ပါဘူး။ ဒါပေမယ့် မီဒီညာမှာတော့ ထရမ့်က ဆူပူစေတယ်ဆိုပြီး ဝါဒဖြန့်မှိုင်းတိုက်ခဲ့လို့ TDS သမားများအားလုံးက အတုံးလိုက် အတစ်လိုက် ယုံပစ်လိုက်ကြတာပါပဲ။ ထရမ့်က တက်ရောက်လာမယ့် လူဦးရေနဲ့ လျော်ညီတဲ့ လုံခြုံရေးအင်အားတောင်းပေမယ့်Continue reading “Jan 6”
Charlie Kirk အပိုင်း ၂
မနေ့က အရီဇိုးနားက ဖီးနစ်မြို့မှာ ချာလီရဲ့ ကျန်ရစ်သူဇနီးအဲရစ်ကာက ချာလီဆုံးပြီး ပထမဆုံးအကြိမ် ဝမ်းနည်းပူဆွေးနေသူများကို စကားပြောခဲ့ပါတယ်။ အဲရစ်ကာက ချာလီဟာ နေ့စဥ်နေ့တိုင်း ပိုကောင်းတဲ့ခင်ပွန်း၊ ပိုတော်တဲ့ဖခင်ဖြစ်ဖို့ အမြဲ ကြိုးစားနေသူဖြစ်ကြောင်း၊ သူနဲ့ ကလေးတွေကိုလည်း အင်မတန် ချစ်မြတ်နိုးပြီး ချစ်ကြောင်းကိုလည်း သေသေချာချာ ပြတတ်ပါကြောင်း၊ အခုလို ဆုံးရှုံးသွားရတဲ့အပေါ် ဝမ်းနည်းမှုကတော့ ဖော်ပြဖို့ စကားလုံးတောင် ရှာမရပါကြောင်း၊ ဒီမုဆိုးမရဲ့ ငိုကြွေးသံက တိုက်ပွဲခေါ်သံလို တကမ္ဘာလုံးကို ပဲ့တင်ရိုက်ခတ်စေမှာဖြစ်ပြီး ချာလီ လျောက်ခဲ့တဲ့လမ်း၊ ထူထောင်ခဲ့တဲ့ TP USA ကို အရှိန်မကျတဲ့အပြင် ပိုအားကောင်းအောင် လုပ်ဆောင်သွားမှာ ဖြစ်သလို ကောလိပ်တွေမှာ စကားပြောတာတွေလည်း ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ချာလီ သိပ်နှစ်သက်တဲ့ Charlie Kirk Show ကိုလည်း ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ပြောကြားသွားပါတယ်။Continue reading “Charlie Kirk အပိုင်း ၂”
စက်တင်ဘာ ၁၁ရက် ၂၀၂၅
ဒီနေ့တော့ မနေ့က လုပ်ကြံခံရတဲ့ နိုင်ငံရေးတက်ကြွလုပ်ရှားသူ ချာလီကာ့ခ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့အကြောင်းနဲ့ ပတ်သက်တာတွေပဲ ရေးပါမယ်။ TP USA ရဲ့ Executive Director ဖြစ်သလို TP Action ရဲ့ CEO လည်းဖြစ်ပြီး Council for National Policy ရဲ့ အဖွဲဝင်တဦးလည်း ဖြစ်တဲ့ ချာလီကာ့ခ်ကို ၁၉၉၃ အောက်တိုဘာ ၁၄ရက်နေ့မှာ ရှီကာဂိုကို ဝန်းရံတဲ့ မြို့လေးတမြို့ဖြစ်တဲ့ အာလင်တန်ဟိုက်မှာ မွေးဖွားခဲ့ပြီး အထက်တန်းကျောင်းမှာကတဲက နိုင်ငံရေး စတင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ အထက်တန်း ကျောင်းပြီးတော့ ဟာပါကောလိပ်ကို ခေတ္တပဲ တက်ရောက်ခဲ့ကာ သူ့ဖာသာသူ စာအုပ်ပေါင်းများစွာ ဘာသာရပ်ပေါင်းများစွာကို လေ့လာခဲ့ပါတယ်။ အဲဒီလို လေ့လာခဲ့တဲ့အကျိုးကြောင့် ချက်ကျလက်ကျ ရှင်းရှင်းလင်းလင်း ပြောတတ်တဲ့သူ့ကို နိုင်အောင်Continue reading “စက်တင်ဘာ ၁၁ရက် ၂၀၂၅”
စက်တင်ဘာ ၉ ရက် ၂၀၂၅
ဘိုင်ဒန်လက်ထက် ကာကွယ်ရေးဌာနဟာ တရုပ်စစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ တရုပ်တက္ကသိုလ်တွေ၊ အင်စတီကျုတွေနဲ့ ပေါင်းပြီး သုတေသနပရောဂျက် ၇၀၀ကျော် လုပ်နေခဲ့တာဖြစ်ပြီး အဲဒီ တရုပ်အဖွဲ့အစည်းတွေထဲက တချို့ဟာ အမည်မည်းစာရင်း သွင်းထားခံရတာ ဖြစ်ပါတယ်။ အဆိုပါ သုတေသနတွေအတွက် ပန်တဂွန်က ၂.၅ဘီလီယံကုန်ကျခံရတာပါ။ အဲဒီအကြောင်းတွေကို အောက်လွှတ်တော် ရွေးချယ်ကော်မီတီက ရီပါဘလစ်ကန်တွေက စာမျက်နှာ ၈၀ပါ ရီပို့ထဲမှာ ထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ဇွန်လကနေ ၂၀၂၅ ဇွန်လအတွင်း ပြုစုခဲ့တဲ့ သုတေသနစာတမ်း ၁၄၀၀ခန့် ထဲမှာ စန်းစန်းတင့်ဖြစ်တဲ့ အေအိုင်တို့၊ ဟိုက်ပါဆိုးနစ်တို့ ကွမ်တမ်နဲ့ အာရုံခံတာတို့၊ ဆီမီးကွန်ဒပ်တာတို့ အဆင့်မြင့်ကန်အားစနစ်တို့ စတာတွေပါဝင်တဲ့ စစ်ရေးမှာ အသုံးပြုမယ့် သုတေသနတွေ ဖြစ်ပါတယ်။ ပြည်သူ့အခွန်တွေနဲ့ တိုင်းပြည်အတွက်ထက် ရန်လိုတဲ့ပြိုင်ဖက်ကို အကျိုးရှိစေမှာမျိုးက တိုင်းပြည်ကို မချစ်တဲ့ ခြအစိုးရတွေပဲContinue reading “စက်တင်ဘာ ၉ ရက် ၂၀၂၅”
စက်တင်ဘာ ၇ ရက် ၂၀၂၅
အမေရိကန်က အိမ်ဈေးတွေ မိုးပျံနေတာကို ကိုင်တွယ်ဖို့အတွက် လာမယ့် ဆောင်းဦးရာသီထဲမှာ သမ္မတထရမ့်က National Housing Emergency ကြေငြာကောင်း ကြေငြာလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောသွားပါတယ်။ အဲဒီလို ကြေငြာလိုက်ရင် အိမ်သစ် ဆောက်တာတွေနဲ့ ပတ်သက်တဲ့ တင်းကြပ်တဲ့ ဥပဒေတွေကိုလျော့ချ၊ building code တွေကို တနိုင်ငံလုံးအတွက် standardize လုပ်ပြီး အိမ်ဆောက်ရာမှာ လိုအပ်တဲ့ သစ်၊ စတီး စတာတွေကို မြန်မြန် လွယ်လွယ် ရအောင် ပြုလုပ်ပေးခြင်းဖြင့် ဈေးချိုချိုနဲ့ အိမ်များများ ဆောက်နိုင်ဖို့အပါအဝင် တခြားလိုအပ်တာတွေပါ လုပ်ဆောင်သွားနိုင်စေဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ၉/၃နေ့က တရုပ်နိုင်ငံသား ၂၂ဦးနဲ့ အမေရိကန် ၃ဦးကို အမေရိကန်ကို ဦးတည်တဲ့ နိုင်ငံတကာ မူးယစ် မှောင်ခိုမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။Continue reading “စက်တင်ဘာ ၇ ရက် ၂၀၂၅”
စက်တင်ဘာ ၅ရက် ၂၀၂၅
ဒီကနေ့ သမ္မတထရမ့်က အရင်ကြိုပြောထားတဲ့အတိုင်း ၁၉၄၉ တုန်းက ပြောင်းလဲခေါ်ဝေါ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို မူလနာမည်ဖြစ်တဲ့ စစ်ရေးဝန်ကြီးဌာနလို့ ပြန်ပြောင်းခဲ့ပါတယ်။ ကာကွယ်တာက ခံစစ်သဘောဖြစ်တော့ အားပျော့ပြီး အနိုင်တိုက်မယ့်ထိုးစစ်သဘောကို ဆောင်ဖို့ စစ်ရေးဝန်ကြီးဌာနလို့ ပြောင်းလိုက်တာ ဖြစ်ပါတယ်။ သေနတ်ကိုင်ဆောင်/ပိုင်ဆိုင်မှု အတင်းကျပ်ဆုံးမြို့ကြီးတခုဖြစ်တဲ့ ရှီကာဂိုမြို့မှာ ပြီးခဲ့တဲ့ လေဘာဒေး ပိတ်ရက် ၃ရက်အတွင်း သေနတ်ပစ်မှုကြောင့် လူ၉ဦး သေဆုံးပြီး လူ၅၀ ဒဏ်ရာရရှိခဲ့ပါတယ်။ သမ္မတထရမ့်က သွေးထွက်သံယိုတွေလျော့နည်းဖို့ ကူညီပေးမယ်လို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် အီလီနွိုင်းဂါဗာနာ ပရစ်ဇ်ကာက ငါတို့လည်း ရာဇဝတ်မှုတွေ ဟန့်တားဖို့ ကြိုးစားနေတာမှာ အောင်မြင်နေပါတယ်၊ ဘာမှအရေးပေါ်အခြေအနေမရှိပါဘူး၊ မြို့ကြီးတွေမှာ ရာဇဝတ်မှုတွေကတော့ များမှာပဲလေ၊ အဲဒါကို ထရမ့်က အကြပ်အတည်းလုပ်ပစ်ချင်နေတာလို့ တုန့်ပြန်ပါတယ်။ မြို့ကောင်စီဝင်တွေနဲ့ မြို့နေလူထုက သမ္မတရဲ့ အကူအညီကို လိုချင်ကြလို့Continue reading “စက်တင်ဘာ ၅ရက် ၂၀၂၅”
စက်တင်ဘာ ၂ရက် ၂၀၂၅
ဒီကနေ့ သမ္မတထရမ့်က နေ့လည် ၂နာရီမှာ အိမ်ဖြူတော် ဘဲဥပုံသမ္မတရုံးခန်းကနေ ကြေငြာချက် ထုတ်မယ်ဆိုတာ ညနက်တော့မှ ကြေငြာထားတဲ့အတွက် မီဒီညာက သို့လော သို့လောတွေ တွက်ဆ နေကြပါတယ်။ ပြီးခဲ့တဲ့ လေဘာဒေးပိက်ရက်တွေမှာ ထရမ့်ကို ကင်မရာတွေရှေ့ မတွေ့နေရလို့ ကြွသွားပြီဆိုတဲ့ ကောလဟလတွေ လွှင့်သူကလွှင့်၊ ထရမ့်မရှိရင် သတင်းမရှိလို့ လုပ်စားမရတဲ့အတွက် လွမ်းဖျားလွမ်းနာကျသူကကျပေါ့လေ။ ကောလဟလတွေ ပြန့်လာလို့ မြေးမလေး ခိုင်နဲ့ ဂေါက်ရိုက်က ပြန်လာတဲ့ ဗီဒီယိုအတိုလေးတောင် တင်ရတဲ့အထိပါပဲ။ ကနေ့လုပ်တဲ့ကြေငြာချက်က ကာကွယ်ရေး (စစ်ရေး)ဝန်ကြီးဌာနနဲ့ ပတ်သက်တာပါ။ ပထမသက်တမ်းတုန်းက ထရမ့်ညွှန်ကြားချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ အာကာသတပ် (စပေ့စ်ဖို့စ်) ကို ဘိုင်ဒန်လက်ထက်က ကိုလိုရာဒိုမှာ ဌာနချုပ်ဖွင့်ခဲ့ပါတယ်။ ကိုလိုရာဒိုက စာတိုက်မဲကို ၁၀၀% အဓမ္မလုပ်ထားတဲ့ ပြည်နယ်ဖြစ်တော့ တက်လာသမျှလူတွေကလည်း ခြတွေပဲContinue reading “စက်တင်ဘာ ၂ရက် ၂၀၂၅”
ဩဂုတ် ၃၁ရက် ၂၀၂၅
၂၀၂၁ကစလို့ အမေရိကန်က အပြာပြည်နယ်တွေမှာ နိုင်ငံသားမဟုတ်တဲ့ တရားမဝင်နေထိုင်သူတွေ၊ အထောက်အထား မရှိသူ ၂.၅သန်းကနေ ၃သန်းအထိ ယာဥ်မောင်းလိုင်စင် ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ ကားကြီးမောင်း လိုင်စင်ကို ထုတ်ပေးထားတဲ့ထဲမှာလည်း တရားမဝင်နေထိုင်သူ ၁သိန်း – ၁သိန်းခွဲလောက်ရှိပါတယ်။ မကြာသေးခင်ကမှ ဖလော်ရီဒါမှာ ဖြစ်ခဲ့တဲ့ လူ၃ဦးသေဆုံးခဲ့တဲ့ ယာဥ်တိုက်မှုမှာ မောင်းတဲ့ တရားမဝင် နေထိုင်သူအိန္ဒိယသားဟာ Florida turnpike လို လမ်းမကြီးမှာ တရားမဝင် ဂငယ်ကွေ့ကွေ့ခဲ့ရာက ဖြစ်သွားတာပါ။ သူဝင်တိုက်ခဲ့တဲ့သူတွေကို ကားပေါ်က ဆင်းကြည့်ခဲ့တာ၊ ၉၁၁ ခေါ်ပေးတာတွေ မရှိခဲ့ပဲ ယာဥ်တိုက်မှုပြီးနောက်တရက်မှာ အဲဒီလူက သူတို့လိုလူတွေကို ဖျင်မထားတဲ့ ကာလီဖိုးနီးယားကို ပြန်ပြေးသွားလို့ ဖလော်ရီဒါရဲတွေက ကာလီဖိုးနီးယားအထိ သွားဖမ်းခဲ့ရပါတယ်။။ မီဒီညာက အဲဒီလူ အင်္ဂလိပ်စကားတတ်ကြောင်း ဖာပေမယ့် စစ်ဆေးကြည့်တဲ့အခါမှာ အင်္ဂလိပ်စာContinue reading “ဩဂုတ် ၃၁ရက် ၂၀၂၅”