Operation Epic Fury (105)

မနေ့က သမ္မတထရမ့်က ကြေညာချက်တခု ထပ်ထုတ်ပါတယ်။ စာထုတ်တဲ့အချိန်ကစလို့ အီရန်အနေနဲ့ သင်္ဘော/ ကုန်/ ရေနံ စသည်ကို ပျက်စီးအောင်လုပ်ခဲ့သည်ရှိသော် အမေရိကန်က ထိန်းသိမ်းထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ပေးလျော်သွားရမယ်၊ အပျက်အစီးက ကြီးရင်လည်း ကြီးနိုင်တယ်၊ ဒါပေမယ့် အဲဒီလို ပေးလျော်မှ မျှတမယ်လေလို့ ဆိုပါတယ်။ အဲဒီလို ပျက်စီးအောင် လုပ်ရင် လျော်ကြေးယူမယ်ဆိုတဲ့ထဲမှာ Bab-el-Mandab ရေလက်ကျားကို ဖြတ်တဲ့ ဆော်ဒီရေနံတင် သင်္ဘောနှစ်စီးကို ဟူသီတွေက ဒီနေ့ ဒုံးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာ ပါ/မပါ သေချာမသိရသေးပါဘူး။ ဟူသီတွေကို အောက်တိုဘာ ၇ နောက်ပိုင်းမှာကတည်းက ရေကြောင်း သွားလာမှုကို နှောက်ယှဥ်နေခဲ့လို့ အမေရိကန်က အတော်လေးအချိန်ယူဆုံးမထားတာကြောင့် အီရန်စစ်တလျောက်လုံး ငြိမ်နေခဲ့တာပါ။ ခါမေနီအသုဘကျမှ မပစ်ပါနဲ့ဆိုလို့ ခဏရပ်ပေးလိုက်တာမှာ အီရန်ကContinue reading “Operation Epic Fury (105)”

Operation Epic Fury (104)

ဒီနေ့မှာ သမ္မတထရမ့်က အီရန်အပေါ် ရာဇသံပေးလိုက်ပါပြီ။ အခုကစပြီး ဟော်မုဇ်ကို ဖြတ်သွားတဲ့ သင်္ဘောတစီးကို ဒုံး/ဒရုန်း/ဘာလက်နက်နဲ့ပဲဖြစ်ဖြစ် ပစ်ခခတ်ခဲ့ရင်  မြို့တော်တီဟီရန်နားက (သို့) ထဲက တံတားတွေ ပါဝါပလန့်တွေ အပါအဝင် တံတားတစင်း (သို့) ပါဝါပလန့်တခု ဗုံးကြဲ ဖျက်ဆီးခံရမယ် ဆိုတဲ့ ရာဇသံပါ။ ဒီရာဇသံဟာ ရှင်းနေတဲ့အတွက် နားလည်မှုလွဲသယောင်ယောင်နဲ့ ဝါးချ ဘွာခတ်လို့ ရမှာမဟုတ်ပါဘူး။​ အမေရိကန်က စစ်သည်တွေ ဆုံးရှုံးလိုက်ရပြီးတဲ့နောက် သမ္မတထရမ့်က “ငရဲပြည်ပို့မယ့် တံခါးတွေ အကုန်ဖွင့်ပေးလိုက်” လို့ CENTCOM ကို ညွှန်ကြားထားပြီး ဗုံးတွေနဲ့ တနိုင်ငံလုံး သိမ့်သိမ့်တုန်အောင် တိုက်ခိုက်လျက်ရှိပါတယ်။ အီရန်က အရမ်းအရမ်းကို တွေ့ဆုံဆွေးနွေးချင်နေပါပြီတဲ့။ သမ္မတရော မာကိုရောက အီရန်တွေ အရင်လို ရှုံ့ချီနှပ်ချီဆက်လုပ်နေမယ်ဆိုတာ သိတဲ့အတွက် အဓိပ္ပါယ်ရှိရှိ တွေ့ချင်တာမျိုးကလွဲရင်Continue reading “Operation Epic Fury (104)”

Operation Epic Fury (103)

စစ်ပြန်လည်စတင်တဲ့ ၁၀ညမြောက်ညမှာ အမေရိကန်က တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး အီရန်ဘက်ကလည်း ဂျော်ဒန်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့သလို ဘာရိန်းနဲ့ ကူဝိတ်ကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ သမ္မတထရမ့်က အီရန်အနေနဲ့ အမေရိကန်စစ်သည်တဦးကို သတ်တိုင်းသတ်တိုင်း အဆပေါင်းများစွာ ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့ ကျုံးဝါးသွားပြီး စစ်ရေးဝက၊ တပ်ပေါင်းချုပ်ဥက္ကဋ္ဌနဲ့ စစ်ဘက်ခေါင်းဆောင်တွေဆီ ညွှန်ကြားချက် ပေးအပ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အရင်နေ့က ကျဆုံးသွားတဲ့ အမေရိကန်စစ်သည် ၂ဦးမှာ တဦးက တက္ကဆက်စ်က ၁၉နှစ်သမီး Pvt. Isbella Gonzales ဖြစ်ပြီး နောက်တဦးက ဟာဝိုင်အီက အသက် ၂၅နှစ်သား 1st Lt. Tyler James Feehan ဖြစ်ပါတယ်။ ဂျော်ဒန်မှာ အမည်မသိလူရုပ်ကြွင်းတခု တွေ့ရတဲ့အတွက် ပျောက်ဆုံးစစ်သည်ရဲ့ ရုပ်ကြွင်းဖြစ်မလားလို့ စစ်ဆေးနေကြပါတယ်။ အီရတ်မြောက်ပိုင်းက အမေရိကန်စစ်သည် တဦးContinue reading “Operation Epic Fury (103)”

Operation Epic Fury (102)

သောက်ြာနေ့က ဂျော်ဒန်မှာရှိတဲ့ အမေရိကန်စစ်စခန်းကို အီရန်ဘက်က ပဲ့ထိန်းဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နောက်မှာ အမေရိကန်စစ်သည် ၂ဦးကျဆုံးသွားပြီး တဦးပျောက်ဆုံးနေပါတယ်။ စစ်သည် ၄ဦးကို ထိခိုက်ဒဏ်ရာ ရ/မရ ဂျော်ဒန်ဆေးရုံမှာ ခေတ္တစစ်ဆေးပေးခဲ့ရပြီး  ဒဏ်ရာအနည်းငယ် သာရတဲ့ စစ်သည်တွေကတော့ တာဝန်ပြန်လည်ထမ်းဆောင်နေကြပါပြီ။ ကျဆုံးစစ်သည် ၂ဦးအကြောင်း မိသားစုတွေကို အကြောင်းကြားပြီး ၂၄နာရီကြာပြီးမှသာ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြန်မယ်လို့ CENTCOM က တင်ထားပါတယ်။ အရင်နေ့ကလည်း ဂျော်ဒန်က အမေရိကန်လေကြောင်းတိုက်ခိုက်ရေးတပ်တွေ ထားရှိတဲ့ အဆိုပါစစ်စခန်းမှာ အာမီက ၁၀ဦး၊ နေဗီက ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန်သွေး မြေကျပြီ ဆိုတော့ သမ္မတကြီးရဲ့ သည်းခံနိုင်မှုက အဆုံးသတ်ပြီး အဆများစွာ ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လာတော့မှာဖြစ်ပါတယ်။ အခုလို စစ်ရှိန်မြင့်လာတဲ့အချိန်မှာ အမေရိကန် နိုင်ငံခြားရေးဌာနက အမေရိကန်တွေအနေနဲ့Continue reading “Operation Epic Fury (102)”

Operation Epic Fury (101)

အမေရိကန်ဘက်က အီရန်ရဲ့ ဒုံးကျည်သိုလှောင်ရုံတွေ၊ ပစ်ခတ်လွှတ်တင်ရာနေရာတွေကို အရှိန်အဟုန်မြှင့် ဗုံးကြဲနေသလိုပဲ အီရန်ကလည်း အဘရာဟင်လင်ကွန်းလေယာဥ်တင်သင်္ဘောကြီးကို ဒုံကျည် ၁၁၁စင်း ပစ်ခတ်ခဲ့ပါတယ်။ ကွာတာက အီရန်မှာ လေကြောင်းကာကွယ်ရေးစနစ်ရော ကိုယ့်ကိုကိုယ်ခုခံကာကွယ်နိုင်စွမ်းပါ ဖျက်ဆီးခံထားရတော့ အမေရိကန်တွေရဲ့ တိကျတဲ့ ပစ်ခတ်မှုတွေဟာ တလုံးဆိုတလုံး ထိရောက်တာဖြစ်ပါတယ်။ သူတို့မှာ အကာအကွယ်ဆိုလို့ သဘာဝ ကပေးထားတဲ့ ကျောက်တောင်တွေပဲ ရှိတော့တာပါ။ လင်ကွန်းသင်္ဘောကြီးကတော့ သူ့ဆီ ပစ်သမျှ ဒုံး ၁၁၁ စင်းလုံးကို လွယ်လင့်တကူ ဖျက်ချနိုင်ခဲ့ပါတယ်။ အမေရိကန်စစ်သင်္ဘောကို ပစ်တာမအောင်မြင်တဲ့ အီရန်တပ်တွေဟာ ကူဝိတ်၊ ဘာရိန်းနဲ့ ဂျော်ဒန်တို့မှာ ရှိတဲ့ အမေရိကန်စစ်စခန်းတွေကို လှမ်းပစ်ခဲ့ပါတယ်။ အမေရိကန်တိုက်တိုင်း အီရန်က အဲဒီလို အရှက်ပြေ ပြန်ဆော်တာ ထုံးစံပါ။ ဒါပေမယ့် ကျည်ကုန်တာပဲရှိတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒေါသတွေကိုContinue reading “Operation Epic Fury (101)”

ရုတ်တရက် နှလုံးဖောက်တာ မဖြစ်ခင် ပြတတ်တဲ့ လက္ခဏာများ

ရုတ်တရက် နှလုံးဖောက်တာ မဖြစ်ခင် ပြတတ်တဲ့ လက္ခဏာများ နှလုံးသွေးလွှတ်ကြောမကြီးရဲ့ အတွင်းနံရံစုတ်ပြဲရာက ရုတ်တရက် သေဆုံးသွားခဲ့တဲ့ ဆီနိတ်တာ လင်ဒ်ဇီဂရမ်ဟာ သမ္မတထရမ့်နဲ့ ထိတွေ့မှုများသူဖြစ်တာကြောင့် မဆုံးခင်က ဘယ်လိုလက္ခဏာတွေ ပြသလဲဆိုတာကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။ မဆုံးခင် ၁ – ၂နာရီအလိုမှာ ပင်ပန်းနေတယ်လို့ ပြောခဲ့ပြီး အဲဒီမတိုင်ခင်မှာတော့ backpain ရနေတတ်သူလို့ မှတ်မိကြောင်းနဲ့ backpain က သွေးလွှတ်ကြောမကြီးရဲ့ အတွင်းနံရံစုတ်ပြဲလို့ ရုတ်တရက်သေဆုံးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတခုလို့ သိထားကြောင်း ပြောသွားပါတယ်။ လင်ဒ်ဇီလိုမျိုး နှလုံးသွေးလွှတ်ကြောမကြီးရဲ့ အတွင်းနံရံ စုတ်ပြဲခြင်း (Aortic dissection) ဖြစ်လို့ သွေးလွှတ်ကြောအလွှာတွေထဲမှာ သွေးတွေပြည့်လာတဲ့အခါ တခြားအင်္ဂါတွေဆီ သွေးမရောက်နိုင်တော့တာ၊ (သို့) အသက်ပါပါနိုင်တဲ့ ပေါက်/ကွဲမှုမျိုး ဖြစ်နိုင်ပါတယ်။ တခုရှိတာက နှလုံး/နှလုံးသွေးကြောကြောင့် ရုတ်တရက်သေဆုံးမှုတွေထဲမှာContinue reading “ရုတ်တရက် နှလုံးဖောက်တာ မဖြစ်ခင် ပြတတ်တဲ့ လက္ခဏာများ”

Operation Epic Fury (100)

အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေနဲ့ ကမ်းရိုးတန်းတလျောက်ကို မနက်ဖြန် ၁၄ရက်နေ့ 2000 GMT ကစပြီး ပိတ်ဆို့တော့မှာဖြစ်ပါတယ်။ အီရန်ကိုသွားတာ၊ အီရန်ကလာတာမဟုတ်တဲ့ အခြားသင်္ဘောတွေက အခုပိတ်ဆို့မှုနဲ့ မသက်ဆိုင်ပဲ အရင်လို လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်မှာပါ။  လူသားချင်းစာနာမှုနဲ့ ပေးပို့တဲ့ကုန်စည်တွေကတော့ အစစ်ဆေးခံပြီးမှ ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ အီရန်နဲ့ မသက်ဆိုင်တဲ့သင်္ဘောတွေ ဖြတ်သန်းရာမှာ လုံခြုံဖို့အတွက် အမေရိကန်က “Guardian of the Hormuz Strait” အဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပြီး ခုလို အန္တရာယ်များတဲ့နေရာမှာ လုံခြုံရေးအတွက် ကုန်ကျစရိတ်မျှခံတဲ့အနေနဲ့ သင်္ဘောတွေက သယ်ဆောင်လာတဲ့ ကုန်စည်/ရေနံတန်ဖိုးရဲ့ ၂၀% ကို ပေးရမှာဖြစ်ကြောင်းနဲ့ မကြာမီမှာ အသေးစိတ်လုပ်ငန်းစဥ် ထွက်လာမှာဖြစ်ကြောင်း သမ္မတထရမ့်ရဲ့ ထရုသ်ပို့စ်မှာ ဖော်ပြထားပါတယ်။ ဒီတခါဟော်မုဇ်မှာ ပန်တဂွန်က လူမပါတဲ့ Corsair ပင်လယ်ဒရုန်းတွေနဲ့Continue reading “Operation Epic Fury (100)”

Operation Epic Fury (99)

အီရန်က ဟော်မုဇ်မှာ ဖြတ်သန်းနေတဲ့ ဆိုက်ပရပ်စ်အလံတင် ကွန်တိန်နာသင်္ဘောတစီးကို ဒုံးကျည်နဲ့ ကနေ့ ပစ်ခတ်ခဲ့တဲ့အတွက် အမေရိကန်က တတိယအကြိမ်အဖြစ် ပစ်မှတ် ၁၄၀ကို ပစ်ခတ်ပြီးဒဏ်ခတ်လိုက်ပါတယ်။ ပစ်ခတ်ခံရတဲ့ သင်္ဘောက သင်္ဘောသားတဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး သင်္ဘောက မီးလောင်၊ အင်ဂျင်ခန်းပျက်စီးမှုဖြစ်လို့ ရှေ့ဆက်သွားနိုင်တဲ့ အခြေအနေ မရှိပါဘူး။ အီရန်ဘက်ကတော့ ခွင့်မပြုထားတဲ့ လမ်းကြောင်းကနေ သွားပြီး သတိပေးပစ်ဖောက်မှုတွေကို လစ်လျူရှုခဲ့လို့လို့ အကြောင်းပြပါတယ်။ ဒါပေမယ့် ဟော်မုဇ်ဟာ နိုင်ငံတကာ ရေပိုင်နက်ဖြစ်ပြီး ဟိုးတုန်းကတဲက လွတ်လွတ်လပ်လပ် သွားလာနေတဲ့ နိုင်ငံတကာ ရေလမ်းကြောင်းဖြစ်တဲ့အတွက် သူတို့ခွင့်ပြုချက် ယူရမယ်ဆိုတာ နိုင်ငံတကာ​ဥပဒေတွေနဲ့ ကွဲလွဲနေပါတယ်။ အဲဒီနောက်မှာတော့ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီလို့ IRGC က ကြေငြာသွားပါတယ်။ အီရန်တပ်တွေရဲ့ ကြီးကြပ်မှုမပါပဲ ဘယ်သင်္ဘောမှ မဖြတ်ရဘူးလို့ ဆိုလိုတာပါ။ CENTCOMContinue reading “Operation Epic Fury (99)”

Operation Epic Fury (98)

အစ္စရေးက အီရန်တွေဟာ အမေရိကန်သမ္မတထရမ့်ကို လုပ်ကြံမယ့် အစီအစဥ်သစ်ကို ကြိုးပမ်းနေကြောင်း ဖော်ပြလိုက်တဲ့နောက် သမ္မတထရမ့်က အဲဒီသတင်းဟာ အသစ်မဟုတ်ကြောင်း၊ အစ္စရေးက ပြောမှသိရတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ ၂၀၂၀ ကတည်းက ဆိုလေမာနီကို ရှင်းပစ်ခဲ့လို့ အီရန်က လက်စားချေဖို့ ကြိုးစားနေခဲ့တာဖြစ်ကြောင်း၊ အီရန်ရဲ့ စာရင်းမှာ သူက ထိပ်ဆုံးမှာရှိကြောင်း၊ သူလုပ်ကြံခံခဲ့ရသည်ရှိသော် ဘာဆက်လုပ်ရမယ်ဆိုတာ အစိုးရအဖွဲ့ကို သေချာ မှာကြားခဲ့ပြီး ဖြစ်ကြောင်း ပြောခဲ့တာပါ။ သူတိုက သိပ်ချစ်စရာကောင်းတဲ့သူတွေ၊ ငါ့ကို ထိပ်ဆုံးမှာတင်ထားတာ၊ ငါမရှိတော့ရင် သူတို့ငါ့ကို လွမ်းနေတော့မှာပဲလို့လည်း အရွှန်းဖောက်သွားခဲ့ပါတယ်။ နောက်ဆုံးရတဲ့ သတင်းမှာတော့ အမေရိကန်က ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေကို အီရန်ဆီ အဆင့်သင့် ချိန်ရွယ်ထားပြီးဖြစ်ပြီး ငါကို လုပ်ကြံဖို့ ကြိုးစားခဲ့ရင် နောက်ထပ် ထောင်ချီတဲ့ ဒုံးကျည်တွေ ထပ်လွှတ်ပြီး တနှစ်လုံးလုံးContinue reading “Operation Epic Fury (98)”

Operation Epic Fury (97)

အမေရိကန်က အီရန်ကို ဆက်လက်ဗုံးကြဲခဲ့ရာမှာ ဟော်မုဇ်ထဲ ရေကြောင်းသွားလာရေးကို နှောက်ယှက်ဖို့ အီရန်ပြန်ပြန်ဆောက်ထားတဲ့ ရေဒါထားရှိတဲ့နေရာတွေ၊ စောင့်ကြည့်တဲ့နေရာတွေနဲ့ အပစ်ရပ်ကာလမှာ အီရန်ပြန်ဆောက်ထားတဲ့နေရာတွေနဲ့ စပိဘုတ် ၂၈စီး အပါအဝင် ပစ်မှတ် ၈၀ ကို မနေ့ညက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ခါ့ဂ်ကျွန်းကိုပါ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အီရန်က အပစ်ရပ် သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့အတွက် သမ္မတထရမ့်က သူ့အတွက်တော့ အပစ်ရပ်ကာလ ပြီးဆုံးသွားခဲ့ပြီလို့ ဆိုပါတယ်။ အပစ်ရပ်ကာလ ပြီးသွားပေမယ့် မပြီးသေးတာက တိုက်ခိုက်မှုတွေပါ။ လိုအပ်ရင် ဒီညလည်း ထပ်တိုက်ဦးမှာဖြစ်ပြီး ပိတ်ဆို့မှုတွေကိုလည်း ပြန်ချထားဖို့ရှိတယ်လို့ ဆိုပါတယ်။ ခါ့ဂ်ကျွန်းကို သိမ်းကောင်းသိမ်းမယ်လို့ ပြောသွားပြီး တိုက်ခိုက်မှုတွေမှာ ခါ့ဂ်ကျွန်းပေါ်က ရေနံပိုက်လိုင်းတွေကို ရှောင်ပြီးပစ်ကြဖို့ ညွှန်ကြားထားပါတယ်။ အခုလို အမေရိကန်က တိုက်ခိုက်မှုတွေ ပြန်လည်စတင်နေချိန်မှာ အီရန်သမ္မတနဲ့Continue reading “Operation Epic Fury (97)”