Operation Epic Fury (42)

မနက်ဖြန်ရာဇသံနောက်ဆုံးရက်ဆိုပေမယ့် ခုထိ သဘောတူမယ့်အရိပ်အယောင် မရှိသေးပါဘူး။ ဆွေးနွေးသူတွေကို ရှင်းလင်းမယ့်စာရင်းကနေ လွတ်ငြိမ်းခွင့် ခေတ္တပေးထားပါသေးတယ်။ မနက်ဖြန်မှ သဘောတူညီချက်တိတိပပ ထွက်မလာရင် ပါဝါပလန့်တွေ တံတားတွေ အကုန်လုံးကို ဖောက်ခွဲပြီး သူတို့ရေနံတွေကို ယူရပါမယ်လို့ ထရမ့်ကပြောထားပါတယ်။ အီရန်က ဟော်မုဇ်ဖြတ်ခ ကောက်ခံမှာနဲ့ ပတ်သက်လို့ သူတို့အစိုးရ စိစိညက်ညက်ကြေသွားတဲ့နောက် ကောက်တာ/မကောက်တာ ငါတို့ဆုံးဖြတ်ရမှာ ဆိုတဲ့ သဘောမျိုးသတင်းထောက်ရဲ့မေးခွန်းကို ပြန်ဖြေသွားပါတယ်။ မနက်ဖြန် ပြုလုပ်မယ့် စစ်ဝန်နဲ့ တပ်ပေါင်းချုပ်ဥက္ကဋ္ဌတို့ရဲ့ သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းထားပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က WSO ကို ကယ်တင်နေချိန်မှာ အမေရိကန်က B-2 ဗုံးကြဲလေယာဥ်ကြီးတွေနဲ့ တီဟီရန်နားက မြေအောက်အနက်ကြီးမှာ ထားရှိတဲ့ IRGC ဌာနချုပ်ကို ဘန်ကာဘတ်စ်တာဗုံးတွေထဲက ပေါင် ၂၀၀၀နဲ့ ပေါင် ၅၀၀၀အားရှိတဲ့ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။Continue reading “Operation Epic Fury (42)”

Operation Epic Fury (41)

C-17 Globemaster III သယ်ယူပို့ဆောင်ရေးလေယာဥ်အကြီးကြီးတွေ အမေရိကန်အရှေ့ပိုင်းကနေ အတ္တလန်တစ်ကို ဖြတ်ပြီး အရှေ့အလယ်ပိုင်းကို ဦးတည်လာနေပြီလို့ ဖလိုက်ဒေတာတွေကို ကိုးကားပြီး ဖော်ပြနေကြပါတယ်။ အဲဒီဧရာမလေယာဥ်ကြီးတွေဟာ တပ်တွေပြောင်းတာ၊ လက်နက်ကြီးတွေ၊ သံချပ်ကာယာဥ်တွေကို မိုင်ထောင်ချီပြီး အသာလေးပို့ပေးနိုင်တဲ့ လေယာဥ်ကြီးတွေဖြစ်ပါတယ်။ တချို့က အစီး၁၀၀ကျော်တောင် ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် တခုကို ၁သန်းခွဲတန်ပြီး ရန်သူခြေရာမခံနိုင်တဲ့ မိုင် ၆၀၀ကျော် ပစ်လို့ရတဲ့ Stealth ခရုဇ်ဒုံးကျည်တွေကိုပါ ပစိဖိတ်ဒေသကနေ အီရန်အတွက် အမြန်ပို့ပေးနေတယ်လို့ သတင်းထွက်နေပါတယ်။ အီရန်စစ်မှာ Tomahawk ဒုံးကျည်ပေါင်း ရာနဲ့ချီသုံးခဲ့ရပြီး JASSM ဒုံးကျည် ပေါင်း တထောင်ကျော် သုံးခဲ့ပြီးဖြစ်ပါတယ်။ စနေနေ့က တီဟီရန်ကို မီးလုံးကြီးတွေ ထတဲ့အထိ အကြီးအကျယ်တိုက်ခိုက်ခဲ့စဥ်မှာ အီရန်စစ်ဘက်က ထိပ်တန်းခေါင်းဆောင် ၂ဦး သေဆုံးသွားခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့Continue reading “Operation Epic Fury (41)”

Operation Epic Fury (40) Rescue Mission

Operation Epic Fury (40/ Rescue Mission) မနေ့က ကယ်ဆယ်ခဲ့တဲ့ WSO ဟာ ဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပါတယ်။ ရာထူးကို ထည့်ပြောရတာက သူ့ကို ရာထူးကြီးလို့ ရအောင်ကယ်ခဲ့တာကို ပြောချင်တာမဟုတ်ပဲ ဒီရာထူးတွေက အဲကွန်းခန်းထဲကနေ စည်းစိမ်ယစ်မနေပဲ အငယ်တွေနဲ့အတူ အသက်နဲ့ရင်းပြီး စစ်ဆင်းတိုက်နေတာကို မြင်စေချင်တာပါ။ ကယ်ခဲ့တာလည်း ခရစ်ယာန်တွေ သိပ်တန်ဖိုးထားတဲ့ Easter Sunday အစောပိုင်းမှာဖြစ်တော့ အားလုံး အတိုင်းထက်အလွန် ဝမ်းသာနေကြတာဖြစ်ပါတယ်။ သူ့ရဲ့ လေယာဥ်ပျက်ကျတာကနေ ကယ်ဆယ်ပြီးတဲ့အထိ အဖြစ်စုံကို သိထားသလောက်ကို ပုံတွေနဲ့တကွ တင်ပြပေးသွားမှာပါ။ ပုံတွေက မနေ့တနေ့ကပုံတွေ ဟုတ်မဟုတ် မသေချာပေမယ့် မြင်ယောင်ကြည့်နိုင်ဖို့ အထောက်အကူဖြစ်မှာပါ။ WSO က လေယာဥ်ကနေ ခုံနဲ့တကွ ကန်ထွက်သွားပြီး ပြန်ကျလာချိန်မှာ ခြေကျင်းဝတ် ကျိုးသွားခဲ့ ပါတယ်။Continue reading “Operation Epic Fury (40) Rescue Mission”

Operation Epic Fury (39)

မနေ့က F-15E လေယာဥ်ပျက်ကျရာမှာ ပါသွားတဲ့ weapon system officer (WSO) ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပြီလို့  X မှာသတင်းတွေ တက်လာပါပြီ။ သမ္မတထရမ့်လည်း ဒီသတင်းကြားရဖို့ အိမ်ဖြူတော်မှာပဲ အလုပ်လုပ်ရင်း စောင့်ဆိုင်းနေခဲ့တာပါ။ အကောင်းဆုံးသတင်းက ကိုယ့်လူတဦးမှ မကျခဲ့တာပါပဲ။ ကြီးကြီးကျယ်ကျယ်ဒဏ်ရာတောင် မရခဲ့ကြပါဘူး။ WSO က ပေ ၇၀၀၀ မြင့်တဲ့တောင်ရိုးပေါ်ကို အီရန်တပ်တွေလက်ကလွတ်အောင်ပြေးပြီး တက်ရှောင်နေခဲ့တာပါ။ သူက တယောက်တည်းဆိုပေမယ့် တပ်ချုပ်ရော စစ်ဝန်ရော၊ chief of staff ရော အကုန်လုံးက ၂၄နာရီ စောင့်ပေးနေကြတာပါ။ ကယ်ဆယ်ရေးအဖွဲ့မှ Pararescuemen အနည်းဆုံး ၂၄ဦးက လေထီးတွေနဲ့ဆင်းပြီး ဒလကြမ်းပစ်ခတ်နေတဲ့ကြားက ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြတာပါ။ ရှာဖွေခဲ့တဲ့နေရာတဝိုက် ပေါက်ကွဲမှု ပစ်ခတ်မှုတွေ အများကြီး ဆူညံပွက်နေတဲ့ကြားကContinue reading “Operation Epic Fury (39)”

Operation Epic Fury (38)

ဒီနေ့ရဲ့ ရင်တုန်စရာသတင်းကတော့ ခါ့ဂ်ကျွန်းနဲ့ နီးတဲ့ ခူဇက်စတန်ပြည်နယ်မှာ F-15E Strike Eagle လေယာဥ် ပစ်ချခံရပြီး လေယာဥ်မှူး၂ဦးက အီရန်နယ်မြေထဲမှာ ရောက်နေတယ်ဆိုတဲ့ သတင်းပါ။ အီရန်ဘက်က ဓါတ်ပုံတွေ အရင်ဖြန့်တာပါ။ အရင်က ဗီဒီယိုအဟောင်းတွေထဲက လေထီးကျနေတဲ့ပုံ၊ မျက်စေ့ကို ပိတ်စီးထားတဲ့ လိမ္မော်ရောင် ထောင်သားဝတ်စုံနဲ့ ပုံတွေပြပြီး လေယာဥ်မှူးတွေကို သူတို့ပဲမိထားသလိုလိုပြောပါတယ်။ အဲဒါနဲ့ တွဲပါလာတာက တောင်းဆိုချက်တွေပါ၊ နံပါတ် ၁ က အပစ်ရပ်ဖို့၊ ၂က ဆန်ရှင်တွေ ဖယ်ပေးဖို့၊ ၃က frozen asset တွေကို unfreeze လုပ်ပေးဖို့နဲ့ အီရန်ကို တိုက်ခိုက်မှုတွေ ရပ်တန်းကရပ်ဖို့ဖြစ်ပါတယ်။ အမေရိကန်တွေက ဆက်ဗုံးကြဲနေမယ်ဆိုရင် ဒီမိုကရက်တွေ ကလောတုတ်လို့ကောင်းမယ့် ဆန္ဒပြစရာ ဆူဆူဖြိုးဖြိုးအကွက်ကြီးဖြစ်လာမှာပါ။ ၁၉၇၉ ချာတူးကာတာလက်ထက်တုန်းက အမေရိကန်သုံ့ပန်းတွေကိုContinue reading “Operation Epic Fury (38)”

Operation Epic Fury (37)

သမ္မတထရမ့်က Karaj မြို့နားမှာရှိတဲ့ အီရန်မှာအကြီးဆုံး B-1 တံတားကြီးကို ဖျက်ဆီးထားတဲ့ဗီဒီယို တင်ထားပြီး သဘောတူညီချက်မရသေးရင် ကျန်သမျှအကုန်ဖျက်ဖို့ စရတော့မယ်၊ တံတားတွေ လာမယ်၊ ပြီးရင် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေလာမယ်၊ အစိုးရသစ်က ဘာလုပ်ရမယ်ဆိုတာ သိတယ်၊ မြန်မြန်လုပ်ရမယ်ဆိုတာကိုလည်း သိပါတယ်လို့ ရေးသွားပါတယ်။ B-1 တံတားကြီးက အစ္စရေးနဲ့ အမေရိကန်တပ်စခန်းတွေ၊ ကုမ္ပဏီတွေ ပိုင်ဆိုင်မှုတွေကို ပစ်ခတ်ဖို့ နိုင်ငံအနောက်ဖက်ကို ဒုံးကျည်နဲ့ လက်နက်ခဲယမ်းတွေ ထောက်ပို့ပစ္စည်းတွေကို ပို့ဆောင်ပေးနေတဲ့ အဓိက ဆက်သွယ်ရေး အသက်သွေးကြောတခု ဖြစ်ပါတယ်။ ဟော်မုဇ်ပြန်မဖွင့်ပေးမချင်း ပိုကြမ်းလာမယ့်သဘောပါ။ ဒုံးကျည်တွေအများစုရှိတဲ့ Isfahan ကိုလည်း အမေရိကန်နဲ့ အစ္စရေး ပေါင်းပြီး ရက်ဆက်ဆော်နေတာ မီးတွေ ပေါက်ကွဲမှုတွေ အကြီးအကျယ်ဖြစ်နေပါပြီ။ လူနေရပ်ကွက်တွေနဲ့ ဝေးလို့လည်း အဲဒီလိုလုပ်နိုင်တာပါ။ B-1 တံတားကို ဖြိုဖျက်တာကိုContinue reading “Operation Epic Fury (37)”

Operation Epic Fury (36)

ဒီနေ့ည သမ္မတမိန့်ခွန်းမှာ အီရန်ကိစ္စနဲ့ပတ်သက်လို့ လာမယ့် ၂ပတ်-၃ပတ်အတွင်း အီရန်မှာ ကျန်ရှိနေသေးတဲ့ ဒုံးတွေ ဒရုန်းတွေ လက်နက်တိုက်တွေကို အင်တိုက်အားတိုက် ဖျက်ဆီးသွားမှာ ဖြစ်ကြောင်း၊ ဒီကြားထဲမှာ ဆွေးနွေးမှုတွေကိုလည်း ဆက်လက်ပြုလုပ်နေမှာဖြစ်ပြီး သဘာတူညီချက် မရခဲ့ရင် ကျောက်ခေတ်ကို ပြန်ရောက်သွားတဲ့အထိ လုပ်ရလိမ့်မယ်လို့ ထည့်သွင်း ပြောကြားသွားပါတယ်။ ထရမ့်ဒီနေ့တင်တဲ့ ထရုသ်မှာ အီရန်က သမ္မတဟာ အရင်လူတွေထက် အစွန်းရောက်တာ အများကြီးနည်းပြီး ဉာဏ်ပညာလည်း အများကြီးပိုရှိကြောင်း၊ အခုပဲ အမေရိကန်နဲ့ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုသွားကြောင်း၊ ဟော်မုဇ်ရှင်းရှင်းလင်းလင်းပြန်ဖွင့်ပြီဆိုမှ ငါတို့ဘက်က စဥ်းစားပေးမှာ ဖြစ်ကြောင်း၊ အဲဒီလိုမဖြစ်ခင်အထိတော့ ငါတို့က အီရန်ကို ပြန်ဆော်စရာ ဘာလက်နက်မှ မကျန်တော့တဲ့အထိ တိုက်ခိုက်ဖျက်ဆီးသွားရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။ လာမယ့် ၂ပတ်-၃ပတ်အတွင်း တိုးမြှင့်တိုက်ခိုက်မယ်ဆိုတဲ့ သမ္မတရဲ့ စကားအတိုင်း ပင်တဂွန်က A-10Continue reading “Operation Epic Fury (36)”

Operation Epic Fury (35)

၂၉ရက်နေ့က တိုက်ခိုက်မှုတွေမှာ လျှပ်စစ်ဓါတ်အားပေးစနစ်ကို ဖျက်ဆီးခဲ့တဲ့အတွက် တီဟီရန်နဲ့ အနားတဝိုက်က မြို့တွေ အမှောင်ကျခဲ့ပြီး ၃၀ရက်နေ့မှာတော့ မီးမရှိတဲ့ လှိုဏ်ခေါင်းတွေရဲ့ လေဝင်လေထွက်ပေါက်တွေ ရေဝင်ရေထွက်စနစ်တွေကိုပါ ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် အီရန်ဖက်နဲ့ ဆွေးနွေးပွဲ တိုးတက်လာတော့တာပါပဲ။ အီရန်ရဲ့ ခေါင်းဆောင်ပိုင်းရှင်းလင်းဖို့၊ လေတပ်၊ ရေတပ်၊ လေ/ကာစနစ်တွေကို ဖျက်ဆီးဖို့၊ ဒုံးကျည်နဲ့ /ဒရုန်းတွေကို ဖျက်ဆီးဖို့အတွက် ၄-၆ပတ်လို့ မှန်းထားတော့ ကျန်သလောက်ကို ပြီးအောင် တွန်းတော့မယ့်သဘောပါ။ တပ်ကလာတဲ့ IR ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လေမလျော့သေးပါဘူး။ တချို့သတင်းတွေမှာ အီရန် သမ္မတနဲ့ IRGC တပ်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေလို့ IRGC က တချို့နေ့စဥ်ကိစ္စတွေကို ဝင်ထိန်းလိုက်သလို တွေ့မိပါတယ်။ အာဏာကို လက်မလွှတ်ချင်တဲ့ အီရန်က သူ့ဒရုန်းတွေ ဒုံးတွေကို အရပ်ဖက်နေရာတွေကိုContinue reading “Operation Epic Fury (35)”

The Donald J. Trump Presidential Library

အမေရိကန်မှာ သမ္မတတွေ အနားယူသွားပြီးရင် သူတို့နာမည်နဲ့ အမှတ်တရ စာကြည့်တိုက်တွေ သူတို့နေထိုင်ရာဒေသမှာ ဆောက်လေ့ရှိပါတယ်။ စာကြည့်တိုက်လို့ ခေါ်ပေမယ့် စာအုပ်တွေတင် ရှိတာမဟုတ်ပဲ သက်ဆိုင်ရာ သမ္မတ သုံးစွဲခဲ့တာတွေ၊ နိုင်ငံတကာ အကြီးအကဲတွေက ပေးကြတဲ့ လက်ဆောင်တွေ၊ အထင်ကရ မှတ်တမ်းတွေ၊ သမိုင်းဝင် လုပ်ဆောင်ချက်တွေ အစုံပါဝင်တဲ့အတွက် ပြတိုက်လို မော်ကွန်းတိုက်လိုသဘောလည်း ပါပါတယ်။ စာကြည့်တိုက်အပိုင်းကို လူတိုင်း အခမဲ့ ဝင်ကြည့်ခွင့်ရှိပေမယ့် ပြခန်းပိုင်းကိုတော့ ပိုက်ဆံကောက်လေ့ရှိပါတယ်။ အမေရိကန်မှာ Presidential Library ပေါင်း ၁၆ခုရှိပြီး သူတို့ကို National Archives and Records Administration (NARA) လက်အောက်က Office of Presidential Libraries က ထိန်းသိမ်းစီမံပါတယ်။ ပထမဆုံး Presidential LibraryContinue reading “The Donald J. Trump Presidential Library”

Operation Epic Fury (34)

ရေတပ်ရော လေတပ်ပါ မရှိတော့တဲ့ အီရန်က လေရော တိုက်ခိုက်မှုရော မလျော့သေးတာကြောင့် အမေရိကန်နဲ့ အစ္စရေးတိုက်လေယာဥ်တွေက ဓါတ်အားပေးစက်ရုံတွေ ထပ်ဆင့်ဖြန့်ဖြူးတဲ့ နေရာတွေကို ဒီနေ့ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် တီဟီရန်တဝိုက်က အမှောင်အတိနီးပါး ဖြစ်သွားခဲ့ပါတယ်။ အလင်းရောင်ဆိုလို့ ပစ်ခတ်မှုတွေက ထွက်ပေါ်လာတဲ့ လိမ္မော်ရောင် မီးတောက်မီးလျံတွေ၊ အရေးပေါ်မီး မှုံပြပြတွေလောက်ပဲ  လင်းတော့တာဖြစ်ပါတယ်။ သမ္မတထရမ့်က ဟော်မုဇ်ပြန်မဖွင့်ရင် ဓါတ်အားပေးစက်ရုံတွေ ဖျက်ဆီးပစ်မယ်လို့ ပြောထားခဲ့တာပါ။ ဆက်ပြီးခေါင်းမာနေသေးရင်တော့ အကြီးဆုံးကြီးပါ အဖျက်ခံရပါလိမ့်မယ်။ အမေရိကန်က B-52 ဗုံးကြဲလေယာဥ် ၂စီး ယူကေက RAF Fairford ကို ထပ်ပို့ထားတဲ့အတွက် အဲဒီမှာ အကြီးစားဗုံးကြဲလေယာဥ် ၂၃စီး ရှိနေပြီဖြစ်ပါတယ်။ ဒီလေယာဥ်တွေက ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်တဲ့ ပေါင် ၇သောင်းအထိရှိတဲ့ ဗုံးတွေကို သယ်ဆောင်တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ အခုလိုContinue reading “Operation Epic Fury (34)”