အမေရိကန်မှာ ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ အထွေထွေကုန်စျေးနှုန်းကြီးမြင့်မှုတို့ဟာ သာမာန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို ပြင်းထန်စွာ ရိုက်ခတ်နေပါတယ်။ ဒါပေမယ့် ဆီဈေးကြီးမြင့်မှု၊ ဆပ်ပလိုင်းချိန်းပြဿနာတွေနဲ့ ငွေဖောင်းပွမှုတို့ကို ကုစားဖို့ ဘာမှ ကုစားမနေတဲ့ ဘိုင်ဒန်အစိုးရဟာ ရုရှားကျူးကျော်စစ်မစခင် မနှစ်တုန်းက ဖြစ်သမျှပြဿနာတွေကို ပန်ဒဲမစ်အပေါ် အပြစ်ပုံချခဲ့ပြီး အခုတော့ အားလုံးဟာ ပူတင့်အပြစ်လို့ လွယ်လွယ်ပဲ ပုံချလိုက်ပါတယ်။ နောက်ဆုံးပေါ်ပုံချခံရဖို့ ထီပေါက်သွားတာကတော့ ရီပါဘလစ်ကန်ဆီနိတ်တာတွေပါပဲ။ ဘိုင်ဒန်က ဖက်ဒရယ်ရီဆာ့ဖ်မှာ ခန့်ဖို့ အမည်စာရင်းတင်သွင်းထားသူတွေက ကလိုင်းမိတ်ချိန့်အက်တီဗစ်တွေဖြစ်ကြပြီး ရေနံဓါတ်ငွေ့ ကျောက်မီးသွေးစတဲ့ ကိုယ့်တိုင်းပြည်မှာပေါပေါများများရှိနေတဲ့ လောင်စာထုတ်လုပ်ရေးလုပ်ငန်းတွေကို အကြီးအကျယ်ချေမှုန်းဖို့ မောင်းတင်ထားကြသူတွေပါ။ ဘိုင်ဒန်တက်လာလာချင်း လက်မှတ်လေးလွယ်လွယ်ထိုးပြီး နယ်စပ်တွေဖွင့်ပေး၊ ကုန်ကျစရိတ်တွေပေးပြီးသား ပြည်တွင်း ရေနံပိုက်လိုင်းဆောက်တာတွေကို ရပ်ပစ်ခဲ့တဲ့အပြင် လက်ရှိတူးဖော်နေတဲ့ တွင်းလေးတွေကို လုပ်ရကိုင်ရခက်အောင် ကလိုင်းမိတ်ချိန့်အကြောင်းပြပြီး ဥပဒေတွေအများကြီးနဲ့ ချည်နှောင်ထားလိုက်လို့ ဓါတ်ဆီစျေးတွေ မာရသွန်တက်နေတာဖြစ်ပါတယ်။Continue reading “Blame Game”
Author Archives: Omma
မတ်လ ၁၅ ရက် ၂၀၂၂
အမေရိကန်တွေ နှစ်စဥ် တနှစ်ကို နှစ်ကြိမ် တစ်နာရီရှေ့တိုးလိုက် တစ်နာရီနောက်ဆုတ်လိုက်နဲ့ နေ့တာရှည်တဲ့နွေရဲ့ အလင်းရောင်ကို အကောင်းဆုံးအသုံးချဖို့ ကြိုးစားနေခဲ့ကြတာတွေကို ၂၀၂၃ ဆောင်းဦးရာသီကစပြီး ပြောင်းစရာမလိုတော့အောင် Daylight Saving Time ကို အမြဲထားရှိသွားဖို့ အထက်လွှတ်တော်က ဒီကနေ့မဲခွဲအတည်ပြုခဲ့ပါတယ်။ အခုခေတ်မှာတော့ လူတိုင်းလက်ကိုင်ဖုံးသုံးနိုင်နေပြီဖြစ်လို့ မသိသာပေမယ့် အရင်ကတော့တနှစ်ကိုနှစ်ကြိမ် ကမောက်ကမတွေဖြစ်တယ်လို့ ပြောလို့ရပါတယ်။ လောလောဆယ်မှာတော့ မတ်လတခါ နိုဝင်ဘာတခါ ပြောင်းနေရတာပါ။ အမေရိကန်မှာ ဓါတ်ဆီဈေးတွေ မြင့်တက်လာတာနဲ့အမျှ ဆီခိုးမယ့်အလားအလာတွေ တိုးလာနေတာကြောင့် အပြင်မှာညအိပ်တဲ့ ကားတွေကို ဆီတိုင်ကီကို အတွင်းက သော့ရှိသည့်တိုင် အပြင်ကနေ သော့ကောင်းကောင်းထပ်တပ်ဖို့၊ ဖြစ်နိုင်ရင် ဂိုထောင်ထဲမှာ ထားကြဖို့၊ အပြင်မှာထားမယ်ဆိုရင်လည်း မီးကောင်းကောင်းရှိတဲ့နေရာတွေမှာ ဆီတိုင်ကီပေါက်ကို လမ်းက လှမ်းမြင်နိုင်အောင် ရပ်ဖို့၊ ရက်ရှည် ရပ်မထားဖို့၊ မသင်္ကာစရာတွေ့ပါက ရဲခေါ်ဖို့Continue reading “မတ်လ ၁၅ ရက် ၂၀၂၂”
Children and Covid Vaccine
တြုပ်ပြည်က ကပ်ပိုးကာ/ဆေးထိုးထားတဲ့ ၃နှစ်က ၁၁နှစ်ကြား ကလေးငယ်တွေမှာ လူကီးမီးယားဖြစ်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ ပုံမှန်ကျန်းမာတဲ့ ၄နှစ်သမီးလေးတဦးက ပထမအလုံးထိုးအပြီးမှာ ဖျားနာချောင်းဆိုးဖြစ်ခဲ့ပြီး ဆေးရုံတင်ဆေးသွင်းလိုက်တော့မှ သက်သာသွားတာပါ။ ဒုတိယအလုံးထိုးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ မျက်စိတဝိုက် ယောင်ယမ်းလာပြီး ခြေထောက်တွေနာကျင်လာကာ အညိုအမဲကွက်တွေ ထွက်ပေါ်လာပါတယ်။ စစ်ဆေးကြည့်လိုက်တော့မှ အကျူလင်ဖိုဘလပ်စတစ်လူကီးမီးယားဖြစ်နေတယ်လို့ တွေ့တာပါ။ အဲပွတ်ခ်တိုင်းမ်စ်က စုံစမ်းရသလောက် အဲဒီကလေးလိုပဲ တခြားကလေး ၈ဦးကလည်း အလားတူပြဿနာမျိုး ခံစားနေရတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာကစလို့ လအနည်းငယ်အတွင်းမှာ အဲဒီလိုငယ်ရွယ်တဲ့အုပ်စုက လူကီးမီးယားဖြစ်တာတွေ ခုန်တက်သွားတယ်လို့ ဆိုပါတယ်။ အခုသူမတက်နေတဲ့ ဆေးရုံမှာ ၃-၈နှစ်အတွင်း သူမလို ခံစားနေရသူပေါင်း အနည်းဆုံး ၂၀လောက် တက်ရောက်ကုသမှု ခံယူနေရပါတယ်။ ဆီနိုဖမ်နဲ့ဆီနိုဗက်ဆေးတွေ စထွက်လာခါစက မိဘတွေက ကလေးငယ်တွေထိုးဖို့ တွန့်ဆုတ်ခဲ့ကြပေမယ့် အာဏာရှင်စနစ်အောက်မှာ အမိန့်ကို ငြင်းဆန်ဖို့Continue reading “Children and Covid Vaccine”
Trump at NATO
မီဒီယာကြီးတွေမှာ မတွေ့ရမယ့်အပိုင်းတွေပါ။ ဂျူလီယာနီက နေတိုးဆမ်းမစ်မှာ ထရမ့်က တော်တော်လေးနောက်ကျပြီးမှ ရောက်လာပါတယ်။ ဘောရစ်ဂျွန်ဆင်အပါအဝင် ကျန်ခေါင်းဆောင်များက ဘာမှ သိပ်မပြောကြပေမယ့် အန်ဂလာမာကဲလ်ကတော့ ရှင်နောက်ကျတယ်လို့ ပြောလိုက်ပါတယ်။ ထရမ့်က ဘာပြန်ပြောသလဲဆိုတော့ ဒီစရိတ်တွေ ငါပေးထားတာလေလို့ ပြန်ပြောပါတယ်။ မာကဲလ်က ရှင်တို့က သူဌေးနိုင်ငံပဲလို့ပြောတော့ ထရမ့်က ဂျာမဏီလည်း ချမ်းသာတဲ့နိုင်ငံပဲ၊ ဒါပေမဲ့ နေတိုးစရိတ်ရဲ့ ၁%တောင် ထည့်နေလို့လားလို့ ပြန်မေးလိုက်ပါတယ်။ ကြည့်ရတာ ထရမ်ုက သူပေးထားရတယ်ဆိုတာကို လေးနက်စေချင်လို့ တမင်နောက်ကျပြီးမှ လာတယ်လို့ ယူဆရပါတယ်။ ဘယ်လောက်ပဲလူစုံစုံ သူမပါပဲ အစည်းအဝေး စလို့မရဘူးလေ။ သူရောက်လာတော့လည်း သမားရိုးကျနိုင်ငံရေးသမားတွေက သူ့ကို ဘေးဖယ်ထားချင်သလို ပညာပြကြပေမယ့် ထရမ့်ကတော့ နေတိုးအဖွဲ့ကြီးကို တလက်တည်းခေါင်းဆောင်ကာကွယ်နေတဲ့နိုင်ငံရဲ့ ခေါင်းဆောင်ပီပီ အလယ် အရှေ့မှာပဲ ရအောင်နေရာယူခဲ့ပါတယ်။ ပူတင်နဲ့တွေ့တော့လည်း ပူတင်ကိုContinue reading “Trump at NATO”
မတ်လ ၁၃ ရက် ၂၀၂၂
ယူကရိန်းမှာ အမေရိကန်ဂျာနယ်လစ်တဦးဖြစ်တဲ့ ဘရန့်ရေနော့ဒ်ဟာ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် မြို့တော်ကိဗ်ရဲ့ ဆင်ခြေဖုံးမြို့တခုဖြစ်တဲ့ အာပင်မြို့မှာ သေဆုံးခဲ့ပြီး နောက်အနည်းဆုံးနှစ်ဦး ဒဏ်ရာ ရရှိသွားပါတယ်။ ယူကရိန်းရဲချုပ်အဆိုအရ ရုရှားတပ်တွေက ဂျာနယ်လစ်တွေတင်လာတဲ့ ကားကို ပစ်ခတ်လိုက်တာမှာ ရေနော့ဒ်က လည်ပင်းကိုထိပြီး သေဆုံးသွားတာဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့ နောက်အမေရိကန်ဂျာနယ်လစ်တဦးကိုတော့ ယူကရိန်းတွေက ဆေးရုံပို့ပေးခဲ့ကြပါတယ်။ ရုရှားတပ်တွေက ဘုရားကျောင်း၊ ဆေးရုံ၊ လူနေအိမ်၊ ဂျာနယ်လစ် ဘာမှကို မရှောင်ပဲ ပစ်နေတယ်လို့လည်း သိရပါတယ်။ ရေနော့ဒ်က နယူးယောက်တိုင်းမ်စ် တံဆိပ်တပ်ထားပေမဲ့ နယူးယောက်တိုင်းမ်စ်ကတော့ ရေနော့ဒ်က အရင်က သူတို့ဆီမှာလုပ်ခဲ့ဖူးပေမယ့် လောလောဆယ်မှာ ယူကရိန်းကသတင်းယူဖို့ တာဝန်ကျနေတာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ အိမ်ဖြူက အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ရေနော့ဒ်ရဲ့ သေဆုံးရမှုဟာ ထိတ်လန့်ဖွယ်ရာ ဆိုးရွားလှတယ်လို့ ပြောပြီး သူ့ကိုသတ်ခဲ့လို့ ရုရှားအပေါ်Continue reading “မတ်လ ၁၃ ရက် ၂၀၂၂”
မတ်လ ၁၂ ရက် ၂၀၂၂
မတ်လ ၁၃ရက်နေ့ အစောပိုင်းမှာ အီရတ်နိုင်ငံထဲက အာဘေလ်မြို့ အမေရိကန်ကောင်စစ်ရုံး ဆောက်နေတဲ့နေရာအနားကို တာဝေးဒုံးကျည် ၁၂စီးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အီရတ်နယူးစ်အေဂျင်စီက ဆိုပါတယ်။ လူထိခိုက်သေကျေမှုတော့ မရှိခဲ့ပါဘူး။ ပစ်ခတ်ခဲ့တာ အီရတ်နိုင်ငံအတွင်းက မဟုတ်တော့ အီရန်ထောက်ခံမှုပေးထားတဲ့ အဖွဲ့တွေက ပြုလုပ်ခဲ့တာလို့ ခန့်မှန်းကြပါတယ်။ အဆိုပါတိုက်ခိုက်မှုကို အပြင်းအထန်ဝေဖန်နေကြပြီး ရန်လိုတဲ့အီရန်ကို နျူလက်နက်ပိုင်ဆိုင်မှု ရှိမလာအောင်နဲ့ အီရန်ဆီက ရေနံမဝယ်ကြဖို့ ရီပါဘလစ်ကန်အမတ် လီဆာမက်ကလိန်းက တိုက်တွန်းလိုက်ပါတယ်။ အခုလို ရန်လိုတဲ့နိုင်ငံဆီက လောင်စာဝယ်ဖို့ ခယမယ်ဆိုရင်တော့ ဒါက တော်ရုံအမှားထက်တော့ အများကြီးပိုမှာပါ။ ဖေဖေါ်ဝါရီလအတွက် ငွေဖောင်းပွမှုက ၇.၉% ရှိခဲ့တဲ့အတွက် အနှစ် ၄၀အတွင်း နောက်ထပ်စံချိန်တင်မြင့်တက်မှု ဖြစ်ပါတယ်။ ဘိုင်ဒန်ကတော့ ပူတင်က ယူကရိန်းနယ်စပ်မှာ တပ်သား တစ်သိန်းခွဲသွားထားခဲ့တဲ့ ဇန်နဝါရီလထဲက ဓါတ်ဆီဈေး တစ်ဂါလံကို ၇၅ဆင့်Continue reading “မတ်လ ၁၂ ရက် ၂၀၂၂”
မတ်လ ၁၁ ရက် ၂၀၂၂
ယူကရိန်းကို တိုက်လေယာဥ်တွေ ပို့ပေးဖို့ နှစ်ပါတီအမတ်များက အဆိုတင်ကြတာကို ဘိုင်ဒန်က ဗီတိုနဲ့ ပယ်ချလိုက်ပါတယ်။ သူ့အကြောင်းပြချက်ကတော့ အဲဒီတိုက်ခိုက်ရာမှာသုံးတဲ့ လေယာဥ်တွေကို အမေရိကန်လေယာဥ်မှုးတွေ၊ အမေရိကန်ဝန်ထမ်းတွေက မောင်းနှင်သွားရင် အဲဒါ တတိယကမ္ဘာစစ် ဖြစ်ပြီပေါ့၊ အဲဒါကို နားလည်ပါ၊ ကိုယ့်ကိုယ်ကို မလှည့်စားပါနဲ့လို့ ဆိုပါတယ်။ ပူတင်စိတ်ဆိုးမှာကြောက်လို့ပဲဖြစ်ဖြစ် ယူကရိန်းရှုံးစေချင်လို့ပဲဖြစ်ဖြစ် တကယ့်အကြောင်းရင်းကို ကာယကံရှင်တွေပဲ သိမှာဖြစ်ပေမယ့် ပြောလို့ရတာတခုက တကယ်ဖြစ်အောင်လုပ်ချင်ရင် နည်းလမ်းရှာပြီး လက်တလုံးခြားလုပ်လို့ရတာတွေ အများကြီးရှိနိုင်တာကိုပါ။ နိုင်ငံရေးနယ်မှာ ရာစုဝက်လောက်လုပ်လာသူက ဘာမှမသိစရာ မရှိပါဘူး။ သူမသိရင်တောင် တပ်ထဲက တိုက်ရည်ခိုက်ရည်ပြည့်ဝသူတွေနဲ့တိုင်ပင်လဲရမှာဖြစ်ပြီး နေတိုးအဖွဲ့ဝင်ပေါင်းအများကြီးမှာ ခေါင်းတွေအများကြီး ရှိကြတာဆိုတော့ လွယ်လွယ်လေးဗီတိုလုပ်လိုက်တာက မေးခွန်းထုတ်စရာဖြစ်နေတာပါ။ ရုရှားပြည်တွင်းမှာလည်း မြို့တွေမှာ ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲဖြစ်နေလို့ အဖမ်းခံရသူ ထောင်ကျော်နေပါပြီ။ စစ်ပွဲမှာသေတဲ့ ရုရှားတွေက အဲဒီထက်အများကြီး ပိုမှာပါ။ ပြည်တွင်းမှာContinue reading “မတ်လ ၁၁ ရက် ၂၀၂၂”
Bio Research Labs in Ukraine
ဆီနိတ်တာမာကိုရူဘီယိုက ဘိုင်ဒန်ရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနူလန်ကို ယူကရိန်းမှာ ဓါတု/ဇီဝလက်နက်တွေရှိလားလို့ လွှတ််တော်မှာ မေးတော့ လ/ထနိုင်/ဝန်က အဲ…. ဇီဝဓါတ်ခွဲခန်း/စမ်းသပ်ခန်းတွေတော့ရှိတယ်၊ အဲဒါကြောင့် ရုရှားတပ်တွေ အဲဒါတွေရသွားမှာ ငါတို့ အရမ်းစိုးရိမ်နေလို့ ယူကရိန်းအရာရှိတွေနဲ့ ပူးပေါင်းအဖြေရှာနေပါတယ်လို့ ဖြေပါတယ်။ တပ်ကာက ငါသာဆို အစထဲက ရုရှားစစ်ပြင်နေမှန်းသိလျက်နဲ့ ဘာကြောင့် လုံခြုံအောင် မလုပ်ခဲ့တာလဲဆိုတဲ့အကြောင်းကို ဆက်မေးမှာလို့ ဆိုပါတယ်။ မာကိုက ယူကရိန်းမှာ ဓါတု/ဇီဝလက်နက်သုံးထားတဲ့ အရိပ်အငွေ့များတွေ့လား၊ တွေ့ရင် အဲဒါတွေက ရုရှားလက်ချက်လို့ ၁၀၀% သေသေချာချာ ပြောနိုင်မလားလို့ မေးရာမှာတော့ နူလန်က ရုရှားပဲပေါ့၊ သူတို့ပဲသူတို့လုပ်မယ့်ဟာတွေကို သူများလို့ လက်ညှိုးထိုးတာလို့ ဖြေသွားပါတယ်။ သူမအဖြေက တွေ့ရှိချက်ပေါ်မှာ အခြေခံထားတာမဟုတ်ပဲ ခံစားချက်၊ လူပြောသူပြောနဲ့ စွပ်စွဲနေတော့ နင်မဟုတ် နင့်အဖေပဲလို့ ပြောနေသလို ဖြစ်နေတာပါ။ ပူတင်ကိုContinue reading “Bio Research Labs in Ukraine”
Florida’s Parental Rights Bill
ဒီရက်ထဲ လစ်ဗျဲတွေဘက်မှာ ဂေးလို့ ရေးထား တင်ထားကြတာတွေ အများကြီးတွေ့ရမှာပါ။ အဲဒါမီဒီညာတွေ လုပ်နေကျ အမှားကြီးကို မီဒီယာအားနဲ့ဖိပြီး အမှန်လိုလုပ်ပစ်ချင်တဲ့ မုသားမှိုင်းတခုသာဖြစ်တယ်ဆိုတာ လက်တွေ့ကြည့်ကြပါ။ ဖလော်ရီဒါဂါဗာနာ ဒီဆန်းတစ်စ်က လွှတ်တော်နှစ်ရပ်လုံးမှာ အတည်ပြုပြီးတဲ့ မိဘအခွင့်အရေးဘေလ်ကို လက်မှတ်ထိုးတော့မှာပါ။ အဲဒီဘေလ်အရ ကျောင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက သူငယ်တန်းက ၃တန်းအထိ ကလေးတွေကို ကျားနဲ့မ ဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ကိုယ်ယူတဲ့အတိုင်း ဖြစ်တာအပါအဝင် အသက်အရွယ်နဲ့ မသင့်တော်တဲ့ လိင်နဲ့ပတ်သက်တဲ့ ကိစ္စများကို သင်မယ်ဆိုရင် မိဘတွေကို အကြောင်းကြား အသိပေးရမယ်ဆိုတဲ့ ပြဌာန်းချက် ပါဝင်ပါတယ်။ အဲဒါကို မီဒီညာတွေက ဒီဆန်းတစ်စ်ဟာ လိင်တူချစ်သူတွေကို ကြည့်မရတဲ့ ဂေးဆန့်ကျင်သူအဖြစ် အင်တိုက်အားတိုက် ပုံဖော်ကြပြီး သူ့ဘေလ်ကိုလည်း “ဒုန့်ဆေးဂေး” ဘေလ်လို့ လီဆယ်ခေါ်ဆိုနေကြပါတယ်။ အဲဒီဘေလ်ကို ဖတ်မကြည်ပဲ သံယောင်လိုက်ကြသူများကလည်း ဆရာဆရာမတွေကိုContinue reading “Florida’s Parental Rights Bill”
မတ်လ ၉ ရက် ၂၀၂၂
အမေရိကန်နဲ့တခြားနိုင်ငံတချို့ကတော့ ရုရှားဆီက ဆီအဝယ်ရပ်မယ်/လျော့ချသွားမယ်လို့ ဆုံးဖြတ်လိုက်ကြပြီးတဲ့နောက် ပိုက်လိုင်းနဲ့သွားတာတွေက ဆက်ရှိနေသေးပေမယ့် သင်္ဘောနဲ့သွားတာတွေက မထွက်နေတော့ဘူးလို့ ဆိုပါတယ်။ ရုရှားဆီက ရေနံ ၆၆% လောက်က ဝယ်မယ့်သူ မရှိတော့ဘူးလို့ ဆိုပါတယ်။ အဲဒါဆို ပျော်ရတော့မှာလားလို့ မေးရင်တော့ နိုးပါလို့ ဖြေရမှာပါပဲ။ သေချာစီစဥ်ပြီးမှ မပြောမဆို ကောက်လုပ်ချလိုက်တာမျိုးက ပိုထိရောက်ပါတယ်။ လေနဲ့အကြိမ်ကြိမ် ဘီလူးကြိမ်းကြိမ်းထားပေမယ့် ရုရှားဖက်ကလျော့သွားမယ့် စွမ်းအင်အတွက် ချက်ချင်းမစီစဥ်နိုင်ရင် ကမ္ဘာကြီးက ရုပ်ရှင်လို pause လုပ်ထားလို့မှ မရတာ။ (ကိုဗစ်တုန်းကတော့ လုပ်ခဲ့ကြတာပါပဲ။ အဲဒါကြောင့်လည်း ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြစ်ကုန်တာပေါ့။) အခုရုရှားဆီက မဝယ်ကြဘူးဆိုရင် အမေရိကန်ကတော့ နောက်အာဏာရှင်နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားက ဝယ်ဖို့ စီစဥ်နေပါတယ်။ အိုပက်အဖွဲ့ဝင် ဗင်နီဇွဲလားက ကမ္ဘာမှာ နံပါတ် ၂၆၊ မလေးရှားလောက်တောင် ရေနံမထွက်ပါဘူး။ ကမ္ဘာ့ရေနံအထွက်ဆုံးထဲမှာContinue reading “မတ်လ ၉ ရက် ၂၀၂၂”