ဇွန်လ ၁၄ရက် ၂၀၂၅

အီရန်နဲ့ အစ္စရေး ဖြစ်နေတဲ့စစ်မှာ ကမလာနဲ့ ဒုသမ္မတလောင်း ဝင်ပြိုင်ခဲ့တဲ့ မင်နီဆိုးတားဂါဗာနာ Tim Walz က နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးရဖို့ ကြားဝင်စေ့စပ်ပေးနိုင်မယ့်သူဟာ ကြားနေမဟုတ်တဲ့၊ ဘယ်တုန်းကမှလဲ မဟုတ်ခဲ့တဲ့ အမေရိကန်မဖြစ်နိုင်ပဲ ဘယ်သူက သမာသမတ်ကျတဲ့ ဩဇာရှိသလဲ၊ တကယ်ဖြစ်လာအောင် လုပ်ပေးနိုင်သလဲဆိုရင် အဲဒါ တရုပ်ပါပဲလို့ သောက်ြာနေ့က ပြုလုပ်တဲ့ Center for American Progress မှာ ဖျင်မသွားပါတယ်။ ကနေ့လုပ်ကြံခံလိုက်ရတဲ့ မင်နီဆိုးတားက ဒီမိုကရက်အမတ် Melissa Hortman နဲ့ ခင်ပွန်းတို့ကို နေအိမ်မှာ ပစ်သတ်သွားပြီး ပြည်နယ်ဆီနိတ်တာ John Hoffman နဲ့ ဇနီးတို့ကို သူတို့ရဲ့ နေအိမ်မှာ သေနတ်ဒဏ်ရာပေါင်းများစွာနဲ့ ဆေးရုံရောက်စေခဲ့မှုတွေကို ရဲအယောင်ဆောင်ပြီး ကျူးလွန်ခဲ့သူလို့ စွပ်စွဲခံနေရတဲ့ အသက် ၅၇နှစ်ရှိContinue reading “ဇွန်လ ၁၄ရက် ၂၀၂၅”

ဇွန် ၁၂ရက် ၂၀၂၅

၁၁ရက်နေ့အထိ ဆန္ဒပြပွဲတွေကနေ ခိုးဝင် ၃၃၀ကို ဖမ်းမိထားပြီး ပြည်နှင်ဒဏ်ပေးမယ်လို့ အိမ်ဖြူက ကြေငြာထားပါတယ်။ အဲဒီထဲက ၁၁၃ဦးက ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချထားခံဖူးသူတွေဖြစ်ပြီး နိုင်ငံသားအပါအဝင် ၁၅၇ဦးက (ရဲဝန်ထမ်းတွေကို အန္တရာယ်ပြုမှု၊ ဝတ္တရားနှောက်ယှက်မှုတို့နဲ့ အဖမ်းခံထားရတာပါ။ ၂ဦးကတော့ မိုလိုတော့ဗ်ကော့တေးလ်ပုလင်းတွေကို ရဲတွေထံ ပစ်ပေါက်မှုနဲ့ ဖမ်းဆီးထားပြီး အဲဒီထဲက ၁ဦးကို လူသတ်ရန်ကြံစည်တယ်လို့ စွပ်စွဲထားပါတယ်။ ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က LA က ဆန္ဒပြပွဲတွေကို နောက်ကွယ်က စနစ်တကျ အကွက်ချပြီး ငွေပေးပြီး စုစည်းထောက်ပံ့ပေးသူတွေ ရှိနေတာကို ထောက်လှမ်းရေးက တွေ့ရှိထားကြောင်း၊ သူတို့ရဲ့ အပြုအမူတွေ၊ အကြမ်းဖက်မှုတွေ စတင်ဖို့ လူကြားထဲ တဦးနဲ့တဦး အချက်ပြကြတာတွေကိုကြည့်ရင် ဒါဟာ စီမံချက်တခုကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်နေတာကို တွေ့ရမှာ ဖြစ်ကြောင်း၊Continue reading “ဇွန် ၁၂ရက် ၂၀၂၅”

ဇွန်လ ၁၀ရက် ၂၀၂၅

LA မှာ ခိုးဝင်တွေကို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာမှာ အဆိုးတကာ့အဆိုးဆုံးဆိုတဲ့ ရာဇဝတ်သား ၁၂ဦး အပါအဝင် ခိုးဝင် ၁၁၈ဦးကို အဓိကရုဏ်းတွေကြားထဲက ဖမ်းမိထားပြီလို့ ဆိုပါတယ်။ အဲဒီ ၁၂ဦးထဲမှာ ၆ဦးက မက္ကဆီကိုနဲ့ ဗီယက်နမ်၊ ဖိလစ်ပီင်း၊ အင်ဒိုနီးရှား ပီရူး၊ ဟွန်ဒူးရပ်စ်၊ အီကွေဒေါတို့က တဦးစီ ဖြစ်ပြီး သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်တတ်တဲ့ လူသတ်ကောင်တွေ၊ မုဒိမ်းကောင်တွေ အပြင် ကြမ်းတမ်း ရာဇဝတ်သား၊ လူဆိုးဂိုဏ်းသားတွေ ပါဝင်ပါတယ်။ တကယ်တော့ ဖက်ဒရယ်ရဲတွေက ခိုးဝင်တွေကိုဖမ်းဖို့ အဓိကသွားခဲ့တာ မဟုတ်ပါဘူး။ မူးယစ်ဂိုဏ်းတွေ ငွေဖြူလျော်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဝရမ်း၃ခုနဲ့ ဝင်စစ်ဖို့ လုပ်တာပါ။ ကုမ္ပဏီတခုက သန်း၈၀ဖိုးလောက် ပစ္စည်းတွေသွင်းလာတာကို ဘာတွေပါလို့ မကြေငြာထားသလို ကျသင့်အခကြေးငွေ ၁၇သန်းကိုလည်း ပေးဆောင်မထားပဲContinue reading “ဇွန်လ ၁၀ရက် ၂၀၂၅”

ဇွန်လ ၄ ရက် ၂၀၂၅

ခုရက်ပိုင်း သတင်းတွေထဲမှာ ဟော့နေတာက ထရမ့်ရဲ့ Big Beautiful Bill ကို အီလွန်က ကန့်ကွက်တဲ့ အကြောင်းပါ။ ဒီနေရာမှာ ပုဂ္ဂိုလ်ရေးခင်မင်လေးစားမှု၊ မူနဲ့ ပြဿနာကို ဖြေရှင်ဖို့ ချဥ်းကပ်ပုံတို့ကို ခွဲခြားမြင်ဖို့ လိုပါတယ်။ ဒီလိုသဘောထား ကွဲလွဲမှုတွေ ဖြစ်လာလို့ ထရမ့်နဲ့ အီလွန် အခင်အမင် မပျက်သလို သူတို့ထဲက တဦးဦးရဲ့ မူကပိုမှန်တယ်လို့လည်း ပြောဖို့ မလွယ်ပါဘူး။ ရှေ့က ခြအစိုးရများ၊ ခြအမတ်များနဲ့ တရားရေး၊ ဗျူရိုကရက်ခြအဆက်ဆက် ဖြုန်းတီးသွားလို့ ကြွေးလည်ပင်းနစ်နေတဲ့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်စေချင်ကြတာမှာ တူပေမယ့် ချဥ်းကပ်တဲ့နေရာမှာကျတော့ အီလွန်က DoGE ကနေ အလေအလွင့်တွေ တပုံတပင်တွေ့ရှိထားသူပီပီ​ အသုံးစားရိတ်တွေ အများကြီး ထပ်ဖြတ်နိုင်သေးတာလည်း သိနေတော့ ထပ်ဖြတ်ဖို့ တွန်းစေချင်ပါတယ်။ ထရမ့်ကလည်း အလားတူContinue reading “ဇွန်လ ၄ ရက် ၂၀၂၅”

ဇွန်လ ၃ ရက် ၂၀၂၅

Bureau of Economic Analysis ရဲ့နံပါတ်တွေအရ အမေရိကန်တွေရဲ့ ဝင်ငွေဟာ ဧပြီလမှာ ၀.၈% (သို့) ၂၁၀.၁ဘီလီယံ တက်ခဲ့ပြီး ၂၅.၈၅၈ထရီလီယံကို ရောက်သွားခဲ့ပါတယ်။ မတ်လတုန်းက ၀.၇% တက်ခဲ့တာကနေ ထပ်တက်တာပါ။ ဒီနှစ်ဧပြီမှာတက်တဲ့ ၀.၈% က တလထက်တလ တက်တဲ့ထဲမှာ ၂၀၂၁ မေနောက်ပိုင်း အမြင့်ဆုံးဖြစ်သလို အများခန့်မှန်းကြတဲ့ ၀.၃% ထက်လည်း အများကြီး မြင့်နေပါတယ်။ Disposable income ကလည်း ၁၈၉.၄ ဘီလီယံနဲ့ ၀.၈% တက်ခဲ့ပြီး တကိုယ်ရည် စုဆောင်းငွေတွေက ၄.၉%နဲ့ တနှစ်အတွင်း အမြင့်ဆုံးအဖြစ် ရောက်ရှိသွားပါတယ်။ လုပ်ခလစာ ပေးချေမှုတွေ ၀.၅% တက်သွားတဲ့ထဲမှာ ကုန်ထုတ်ကဏ္ဍက လုပ်ခလစာတွေ ၃.၁ ကျဆင်းသွားပေမယ့် ဝန်ဆောင်မှုကဏ္ဍမှာ ၅၃.၁ဘီလီယံ တက်လာပါတယ်။Continue reading “ဇွန်လ ၃ ရက် ၂၀၂၅”

Tesla Full Self Driving/ Robotaxi

တက်စ်လာက ကာလီဖိုးနီးယားမှာ robotaxi service ပေးနိုင်ဖို့ လိုအပ်တဲ့ the transportation charter-party carrier permit ကို နိုဝင်ဘာတုန်းက လျောက်ထားခဲ့တာ California Public Utilities Commission က ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲဒီပါမစ်နဲ့ တက်စ်လာက သူတို့ကားတွေကို Airbnb နဲ့ Uber ပေါင်းထားသလိုမျိုး app ကနေ လူတွေက ခေါ်ယူစီးနင်းနိုင်မှာ ဖြစ်ပါတယ်။ Uber လိုပဲ တချို့ကို Tesla ကပိုင်မှာဖြစ်ပြီး Airbnb လို ကိုယ်ပိုင်ကားတွေကို အငှားချထားနိုင်မယ့်သဘော ဖြစ်ပါတယ်။ တက်စ်လာကားပိုင်ရှင် တွေက  သူတို့အသုံးမပြုတဲ့အချိန်မှာ သူတို့ကားတွေကို အဲဒီ app ကိုသုံးပြီး ငှားရမ်းခြင်းဖြင့် ဝင်ငွေရှာနိုင်သလို ကိုယ်အသုံးလိုတဲ့ အချိန်မှာ သူတို့ရဲ့ teslaContinue reading “Tesla Full Self Driving/ Robotaxi”

မေ ၂၆ ရက် ၂၀၂၅

၂၀၂၄ရကပမှာ ထရမ့်အနိုင်ရပြီးချိန်ကနေ ဇန္နဝါရီ၂၀ ကျမ်းသစ္စာကျိမ်ဆိုပြီး အိမ်ဖြူတက်တဲ့အထိ ၇၆ရက်အတွင်းမှာ ဘိုင်ဒန်အစိုးရက စွမ်းအင်ဝကဌာနရဲ့ ချေးငွေဌာနကနေ ၉၃ဘီလီယံ ထုတ်ချေးထားတာကို DoGE က တွေ့ရှိထားပါတယ်။ အဲဒီပမာဏက လွန်ခဲ့တဲ့ ၁၅နှစ်အတွင်း ထုတ်ချေးခဲ့တဲ့ပမာဏအားလုံးရဲ့ ၂ဆ ဖြစ်နေတဲ့အပြင် ဘာလုပ်ဖို့ချေးတယ်၊ ဘယ်လို ငွေပြန်ဝင်ဖို့ မျှော်မှန်းထားတယ်၊ ဘယ်လို အကြွေးဆပ်မယ်ဆိုတဲ့ ဘာအချက်အလက်မှ တိတိပပ မတွေ့ရဘူးလို့ ဆိုပါတယ်။ တိုင်းပြည်စီးပွားရေး ကောင်းအောင်၊​ ကုန်ဈေးနှုန်းကျအောင်၊ အလုပ်အကိုင် တိုးပွားအောင် မလုပ်တတ်ကြသူတွေက ၇၆ရက်အတွင်း ဒေါ်လာသန်းပေါင်း ၉သောင်း၃ထောင်ကို ခိုးသွားခဲ့တာက သူတို့ရဲ့ အဓိကအရည်အချင်းက ဘာဆိုတာကို ပြနေတာပါပဲ။ ကြည်ညိုသူတွေကလည်း ဇွတ်ကို အကြောင်းရှာ ဖာထေးပြီး ဆက်လက်ကြည်ညိုနေကြဦးမှာပါ။ ဘိုင်ဒန်ကင်ဆာရှိတာကို ဖုံးဖိထားတဲ့သူတွေထဲက ဘိုင်ဒန်ဟာ သတိ ဦးနှောက်ကအစ အကုန်ကောင်းContinue reading “မေ ၂၆ ရက် ၂၀၂၅”

မေ ၂၁ ရက် ၂၀၂၅

ထရမ့်ဒုတိယသက်တမ်းရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဥ်ဟာ အရင်သမ္မတတွေရဲ့ နိုင်ငံခြားခရီးစဥ်တွေနဲ့ ကွဲပြားတာက အမေရိကန်သမ္မတတဦး (နိုင်ငံခြား)ခရီးထွက်ရင် တဖွဲ့လုံးစားရိတ်အပြင် the beast သယ်သွားရတာ၊ သွားလေရာမှာ လုံခြုံရေးအသေးစိတ်လုပ်ရတာဆိုတော့ တရက်ကို ၅သန်းလောက် ကုန်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူပိုက်ဆံ မဖြုန်းချင်တဲ့ အသက် ၇၉ပြည့်ခါနီး သမ္မတကြီးက ရက်တိုတိုအတွင်းမှာ သွားရကျိုးနပ်အောင် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်တွေ အများကြီးရအောင် အပင်ပန်းခံပြီး အကွက်စေ့စေ့ စီမံထားခဲ့တာပါ။ အရင်သမ္မတတွေဆို အေးအေးဆေးဆေး အချိန်ယူ လည်ကြပြီး ကိုယ့်နိုင်ငံအတွက် ဘာမှပြန်မယူလာနိုင်ကြတာ များပါတယ်။ ယှဥ်ကြည့်နိုင်အောင်ပါ။ ကာတာကပေးတဲ့ လေယာဥ်ကိုလည်း လေတပ်က လက်ခံဖို့ သဘောတူလိုက်ပါပြီ။ လုံခြုံရေးအစီအမံ စတာတွေလုပ်ပြီးရင် စီးလို့ရပါပြီ။ FBI ဒါရိုက်တာ ကက်ရှ်ပတဲလ်က FBI ရုံးချုပ်ရှိတဲ့ Hoover အဆောက်အဦဟာ လုံခြုံရေးစိတ်မချရတဲ့ အတွက် ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း၊Continue reading “မေ ၂၁ ရက် ၂၀၂၅”

မေလ ၁၅ ရက် ၂၀၂၅

သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ၃ရက်တာ ခရီးစဥ်က ပြောစမှတ်ပြုရလောက်အောင်ကို အောင်မြင်ခဲ့ပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသားက ထုံးစံကိုဖျက်ပြီး လေယာဥ်အခြေအထိ သူကိုယ်တိုင် လာကြိုခဲ့သလို အပြန်မှာလည်း သမ္မတရဲ့ စီးတော်ယာဥ် The Beast နဲ့ အတူလိုက်ပါပြီး လေယာဥ်ပေါ် တက်တဲ့အထိ ပို့ဆောင်နှုတ်ဆက်ခဲ့တာဟာ အလုပ်သဘောမျိုးထက် ချစ်ခင်လေးစားရတဲ့ ဦးလေး သားချင်းနဲ့ တွေ့နေသလိုပါပဲ။ သွားရောက်ခဲ့တဲ့ ၃နိုင်ငံစလုံးက သူ့ထက်ငါ ခမ်းနားအောင် ကြိုဆိုကြ၊ ရှေ့လူထက်ပိုများအောင် ရင်းနှီးမြှုပ်နှံကြ၊ ထရမ့်ကြိုက်တဲ့သီချင်း၊ ထရမ့်ပြောနေကျ စကားလုံးတွေနဲ့ သူ့ထက်ငါ အလေးထားပြကြတာ အားရစရာပါပဲ။ ဆော်ဒီက တိုက်လေယာဥ် ၅စီး ခြံရံပြီး ကြိုတော့ ကာတာက ၈စီးနဲ့ ကြိုပါတယ်။ UAE က အမြင့်ဆုံးအရပ်သား ဂုဏ်ထူးဆောင်ဆု ပေးပါတယ်။ လာမယ့် ၅-၁၀နှစ်အတွင်း အမေရိကန်မှာContinue reading “မေလ ၁၅ ရက် ၂၀၂၅”

မေ ၁၃ရက် ၂၀၂၅

ဧပြီအတွက် နှစ်စဥ် ငွေဖောင်းပွမှုနှုန်းက ၂.၃% ဖြစ်တဲ့အတွက် ၂၀၂၁ကစလို့ အနိမ့်ဆုံးဖြစ်တဲ့အပြင် ခန့်မှန်းခြေထက်လည်း နည်းတဲ့အတွက် မနေ့က တရုပ်နဲ့ ကုန်သွယ်မှုသဘောတူညီချက်ကြောင့် ဆောင့်တက်ခဲ့တဲ့ စတော့မားကက်က အားရပါးရ ထပ်တက်ပြန်ပါတယ်။ အဲဒါကြောင့် JP Morgan က ၂၀၂၅ မှာ ရီဆက်ရှင်ဖြစ်မယ်ဆိုတဲ့ မှန်းချက်ကို ရုတ်သိမ်းသွားသလို အခြားစီးပွားရေးပညာရှင်များ ကလည်း သူတို့ခန့်မှန်းတာ မှားခဲ့ပါကြောင်း အသီးသီး ဝန်ခံလာကြပါတယ်။ ဓါတ်ဆီ/လောင်စာဈေးနဲ့ အခြေခံစားကုန်ဈေးတွေက တနိုင်ငံလုံးလိုလိုမှာ ကျပေမယ့် စူးရောက်လှတဲ့ ကာလီဖိုးနီးယားဂါဗာနာ နျူဆမ်က ပြည်နယ်ရဲ့ အကြီးဆုံး ရေနံတွင်း ၂ခုကို ပိတ်ပစ်တော့မှာဖြစ်လို့ လောင်စာဈေး ကုန်စည်ဈေးက ထပ်တက်ဖို့ ရှိနေပါတယ်။ ဒီကနေ့ သမ္မတထရမ့် ဒုတိယသက်တမ်းရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဥ်အဖြစ် ဆော်ဒီ၊ ကာတာနဲ့ UAE ခရီးစဥ်ကိုContinue reading “မေ ၁၃ရက် ၂၀၂၅”