နောက်ဆုံးသတင်းမှာ အီရန်က ဟော်မုဇ်ဖွင့်ပေးပါမယ်၊ သူ့တို့ကို ပိတ်ဆို့ထားတာတွေ ဖယ်ပေးပါတဲ့။ နျူကိစ္စကျတော့ နောက်မှပြောရအောင်တဲ့။ CNN အကြည့်များပြီး ထရမ့်ကို ငပေါကြီးလို့ထင်နေပုံပါ။ နျူကိစ္စက ပထမလေ၊ နျူမပါရင် ဒီစစ်တောင် ဖြစ်ချင်မှ ဖြစ်လာမှာ။ US ကုလသံအမတ် Mike Waltz က အီရန်ကို “ဟော်မုဇ်က မင်းတို့ကျုံးနဲ့ ဆွဲတံတား မဟုတ်၊ toll road လည်း မဟုတ်လို့ အဲဒါနဲ့ အကြပ်ကိုင်ချင်တိုင်း ကိုင်နေလို့မရဘူး၊ အရေးကြီးတဲ့ ရေလမ်းကြောင်းတွေဆိုတာ အရေးကြီးလွန်းလို့ အနှောက်အယှက်မပြုဖို့လိုတယ်၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ ကမ္ဘာ့စီးပွားရေးကို ကာကွယ်ဖို့ အမေရိကန်နဲ့အတူ နိုင်ငံ ၁၀၀ကျော် သဘောတူထားကြပြီလို့ ပြောသွားပါတယ်။ အီရန်နိုင်ငံခြားရေးဝက အာရာ့ချီကတော့ ပြီးခဲ့တဲ့ သောက်ြာတုန်းက အမေရိကန်အဖွဲ့လာမယ့်အချိန်နဲ့ နဲနဲကြိုပြီး ပါကစ္စတန်ကိုသွား၊Continue reading “Operation Epic Fury (62)”
Author Archives: Omma
တတိယမြောက် လုပ်ကြံဖို့ ကြိုးစားမှု (အဆက်)
စနေနေ့က သမ္မတကို လုပ်ကြံဖို့ ကြိုးစားသူဟာ သမ္မတရော အစိုးရအဖွဲ့ဝင်များနိုင်သလောက် များများကို ရှင်းပစ်ချင်တာလို့ ဆိုထားသူပါ။ သူက ကာလီဖိုးနီးယားကနေ ရှီကာဂိုကိုရထားစီး၊ အဲဒီကနေ ဒီစီကို ရထားနဲ့ သူ့လက်နက်တွေနဲ့ လာခဲ့ပြီး ပွဲလုပ်တဲ့ဟိုတယ်မှာပဲ လက်နက်တွေနဲ့အတူ ပွဲမတိုင်ခင် တရက်ကြိုတည်းခဲ့တာပါ။ တည်းပြီး လုံခြုံရေးအနေအထားကို တချက်လျောက်ကြည့်တော့ သူထင်ခဲ့တာက အကွေ့တိုင်းမှာ လုံခြုံရေးကင်မရာတွေရှိမယ်၊ ဟိုတယ်ခန်းတွေကို အန္တရာယ် ရှိ/မရှိ သေချာရှာမယ်၊ ၁၀ပေတိုင်းမှာ လက်နက်ကိုင်လုံခြုံရေးတွေ ရှိမယ်လို့ပါ။ တကယ်တမ်းကျတော့ လျော့တိလျော့လျဲ ဘဝင်လေဟပ်နေပုံရတဲ့ လုံခြုံရေးတွေပဲ ရှိတဲ့အတွက် စက်သေနတ်အပြင်းစား ယူလာရင်တောင် ရနိုင်မယ်လို့ Manifest မှာ ရေးထားပါတယ်။ စနေနေ့က သမ္မတထရမ့်နဲ့အဖွဲ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့သူနဲ့ ပတ်သက်ပြီး အိုဘမက အကြမ်းဖက်မှုက ငါတို့ဒီမိုကရေစီမှာ နေရာမရှိဘူးလို့ ဆိုပေမယ့်Continue reading “တတိယမြောက် လုပ်ကြံဖို့ ကြိုးစားမှု (အဆက်)”
တတိယအကြိမ် လုပ်ကြံဖို့ကြိုးစားမှုနဲ့ ပတ်သက်တဲ့ သတင်းများ
မနေ့က ဖြစ်ပွားခဲ့တဲ့ လုပ်ကြံဖို့ကြိုးစားမှုမှာ ကာလီဖိုးနီးယားတောင်ပိုင်း Torrance မြို့က အသက် ၃၁နှစ်ရှိသူက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ Cole Tomas Allen ဆိုတဲ့ အဲဒီလူက C2 Education ဆိုတဲ့ ပြည်နယ် ၁၃ခုမှာ အခွဲပေါင်းများစွာရှိတဲ့ မြန်မာလို ကျူရှင်လို့ခေါ်ကြတဲ့ အလွတ်သင်ကျောင်းက အချိန်ပိုင်း ဆရာတဦးဖြစ်ပါတယ်။ သူက WHCD ကျင်းပတဲ့ Washington Hilton ကို ဝင်တဲ့အချိန်မှာ သေနတ်ရှည်တလက်၊ အတိုတလက်နဲ့ ဓါးအချို့ ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ Secret Service အရာရှိတဦး အနီးကပ်အပစ်ခံရပေမယ့် ကျည်ကာ vest ကြောင့် ဒဏ်ရာ မပြင်းဘူးလို့ ဆိုပါတယ်။ သူက ပွဲကျင်းပရာနေရာကို မဝင်ခင် စစ်ဆေးတဲ့နေရာကို အမြန်ဖြတ်ပြေးဝင်ခဲ့တာပါ။ အပြေးမြန်လို့ အံ့အားသင့်နေတဲ့ရဲတွေကContinue reading “တတိယအကြိမ် လုပ်ကြံဖို့ကြိုးစားမှုနဲ့ ပတ်သက်တဲ့ သတင်းများ”
Operation Epic Fury (61)
အမေရိကန်အဖွဲ့နဲ့ တွေ့ဖို့လာတာမဟုတ်ဘူးလို့ အာရာ့ချီက ငြင်းဆိုနေတဲ့အတွက် သမ္မတထရမ့်က ပါကစ္စတန်ကို ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေတဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျာရက်ခရုဇ်နာတို့ကို ပြန်ခေါ်ပြီး ခရီးစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေငြာသွားပါတယ်။ အဲဒီလို ဖျက်သိမ်းပြီဆိုတော့မှ ၁၀မိနစ် အတွင်း နောက်ထပ်စာတစောင် ထပ်ရောက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း အမေရိကန်လိုချင်တဲ့အချက်တွေ မပါနေပြန်ပါဘူး၊ အင်္ဂါနေ့ဆိုတာ ကလည်း အဝေးကြီးလိုသေးတယ်လို့ ဆိုပါတယ်။ အာရာ့ချီကတော့ အမေရိကန်တွေ ပိတ်ဆို့ထားတာ မဖယ်ပေးသ၍ ဆွေးနွေးဖို့မရှိဘူးလို့ ပါကစ္စတန်က အပြန် အိုမန်ကိုအသွားမှာ ပြောလိုက်ပါတယ်။ သူတို့က နျူအစီအစဥ်ကို မစွန့်လွှတ်လို့ ခုလို စစ်ဝင်တိုက်ရတာ ပိတ်ဆို့ရတာတွေ ဖြစ်လာရတာကို မသိချင်ယောင်ဆောင်ပြီး အရူးလုပ်တာ အရင်လူတွေပဲရမယ်။ သူတို့ တောင်းဆိုတယ်ဆိုတဲ့ အချက်တွေ ကလည်း အရင်အတိုင်းပါပဲ။ ဒီနေ့ ဖုံးထပ်လာရင်Continue reading “Operation Epic Fury (61)”
Operation Epic Fury (60)
အိမ်ဖြူတော်ပြန်ဝန်ကာရိုလိုင်းလီဗစ်က အီရန်ဘက်က စကားပြောချင်တယ်ဆိုတဲ့အတွက် စတိဗ် ဝစ်ကော့ဖ်နဲ့ ဂျာရက်ခရုဇ်နာတို့က မနက်ဖြန် စနေနေ့မှာ အစ္စလာမ်မာဘတ်ကို ထွက်လာဖို့ရှိတယ်လို့ ပြောသွားပါတယ်။ အီရန်က နိုင်ငံခြားရေးဝန်ကြီး အာရောက်ချီက အစ္စလာမ်မာဘတ်ကို ဒီနေ့ ရောက်ရှိလာပြီး နှစ်နိုင်ငံကိစ္စတွေနဲ့ ဒေသတွင်းတိုးတက်မှုတို့ကို ဆွေးနွေးသုံးသပ်ကြမယ်လို့ ဆိုပါတယ်။ ဒီသတင်းမှန်ရင် ဂါလီဘတ်ဖ်ကို ခေါက်ထားလိုက်တာ ဖြစ်နိုင်ခြေရှိသလို ဖြစ်နေပါတယ်။ အာရောက်ချီက ပါကစ္စတန်နဲ့ပဲ ဆွေးနွေးမှာလို့ ပြောတယ်လို့လည်း သတင်းတချို့က ဆိုပေမယ့် ဝစ်ကော့ဗ်နဲ့ ခရုဇ်နာတို့ သွားမယ်ဆိုတဲ့ရက်နဲ့ တိုက်နေပြန်ပါတယ်။ သမ္မတထရမ့်က အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ်ကာလကို ၃ပတ်တိုးမြှင့်လိုက်တယ်လို့ မနေ့က ကြေငြာသွားပါတယ်။ ဒီကြေငြာချက်က လက်ဘနွန်တောင်ပိုင်းက ဟဇ်ဘိုလာတွေနဲ့ အစ္စရေးကြား ပစ်ခတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ဖြစ်ပါတယ်။ လက်ဘနွန် တောင်ပိုင်းက အစ္စရေးမြောက်ပိုင်းနဲ့Continue reading “Operation Epic Fury (60)”
Operation Epic Fury (59)
သမ္မတထရမ့်က ဟော်မုဇ်ရေလက်ကြားမှာ မိုင်းချနေတဲ့ အီရန်သင်္ဘော (စပိဘုတ်)တွေကို တွေ့လျှင် တွေ့ချင်း ရှင်းပစ်ဖို့ ရေတပ်ကို အမိန့်ပေးထားပါတယ်။ စစ်ဘယ်တော့ပြီးမလဲ၊ deal ရဖို့ ဘယ်လောက် စောင့်မှာလဲ ဆိုပြီး တချိန်လုံးမေးနေတဲ့ သတင်းထောက်တွေကိုတော့ အမေရိကန်နဲ့ မဟာမိတ်တွေ၊ တကယ်တော့ တကမ္ဘာလုံးအတွက်လည်း ကောင်းမယ့် သင့်တော်တဲ့အချိန်မှာမှ deal ယူမယ်၊ ငါ့ကို လာမလောပါနဲ့၊ ငါတို့ ဗီယက်နမ်စစ်ကို ၁၈နှစ်၊ အီရတ်မှာ ၈ နှစ်၊ ကိုရီးယားမှာ ၇နှစ်၊ WWII ၅နှစ် တိုက်လာပြီးပြီလေ၊ ငါတို့တိုက်တာ အခုမှ ၂လတောင် မပြည့်သေးတာလို့ ပြောသွားပါတယ်။ ထရမ့်ဆက်ပြောသွားတဲ့ထဲမှာ အီရန်အစိုးရထဲမှာ ခွေးနဲ့ကြောင် ကိုက်ကြသလိုဖြစ်နေပြီ၊ အခြေအနေက ရှုပ်ထွေးနေတယ်၊ သူတို့ကလည်း ကမ္ဘာကြီးကို ရှုပ်ပွနေအောင် လုပ်ခဲ့တာပဲလေ၊ ငါတို့Continue reading “Operation Epic Fury (59)”
Operation Epic Fury (58)
အမေရိကန်ဘက်က အပစ်ရပ် သက်တမ်းတိုးတယ်လို့ ကြေငြာပြီး နာရီပိုင်းအတွင်းမှာပဲ IRGC က ကြိုတင်သတိပေးမှုမရှိပဲ သင်္ဘော ၃စီးကို ပစ်ခတ်ခဲ့ပြီး အနည်းဆုံး ၂စီးကို သိမ်းဆည်းခဲ့ပါတယ်။ ပထမတစီးက လိုင်ဘေးရီးယား-ဂရိပိုင်သင်္ဘောဖြစ်ပြီး အိုမန်ပင်လယ်ကွေ့ရဲ့ အရှေ့မြောက် ၁၅မိုင် အကွာမှာ အပစ်ခံခဲ့ရတဲ့အတွက် ဦးပိုင်းက ကွန်ထရိုးလုပ်တဲ့အခန်း ပျက်စီးသွားခဲ့ပါတယ်။ နောက် ၃နာရီအကြာမှာ အီရန်ရဲ့ အနောက်ဖက် ၈မိုင်အကွာမှာ ကွန်တိန်နာသင်္ဘော Euphoria ပစ်ခတ် ခံခဲ့ရပါတယ်။ နောက်တစီးက မြေထဲပင်လယ်ရှစ်ပင်းကပိုင်တဲ့ Francesca သင်္ဘောက အိုမန်ပင်လယ်ကွေ့ထဲကို သွားနေစဥ်မှာ အီရန်က သူ့ရေပိုင်နက်ထဲကို မောင်းသွားစေတာ ဖြစ်ပါတယ်။ မနေ့က သမ္မတထရမ့်က အပစ်ရပ်ကို သက်တမ်းတိုးပေးခဲ့တာ ကာလမသတ်မှတ်ထားပေမယ့် အကြာကြီးမဟုတ်ပဲ ၃-၅ရက်လောက်ပဲဖြစ်မယ်လို့ မှန်းကြပါတယ်။ အတိအကျကိုတော့ သမ္မတကပဲ ဆုံးဖြတ်မှာပါ။ ရက်အတိအကျContinue reading “Operation Epic Fury (58)”
Operation Epic Fury (57)
အီရန်အစိုးရထဲမှာ သဘောထားတွေ ကွဲလွဲနေတဲ့အတွက် သူတို့ဘက်က တခုတည်းသော သဘောတူညီချက်ရလာချိန်အထိ တိုက်ခိုက်တာတွေ ဆိုင်းငံ့ပေးဖို့ ပါကစ္စတန်က Field Marshal Asim Munir နဲ့ ဝန်ကြီးချုပ် Shehbaz Sharif တို့ရဲ့ ပြောပြတောင်းဆိုမှုကြောင့် သမ္မတထရမ့်က သူတို့ဘက်က အဆိုပြုချက်တင်ပြလာပြီး ဆွေးနွေးမှုတွေ ပြီးဆုံးတဲ့အထိ အပစ်ရပ်ကာလကို တိုးမြှင့်သွားဖို့ တပ်တွေကို ညွှန်ကြားလိုက်သလို ရေတပ်ရဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်သွားပါတယ်။ အဲဒီမတိုင်ခင်ကသတင်းမှာတော့ အီရန်နဲ့ ဆွေးနွေးပွဲမစခင် အီရန်မှာ ဆန္ဒပြခဲ့လို့ ကြိုးပေးခံရတော့မယ့် အမျိုးသမီး/ငယ် ၈ဦးကို လွှတ်ပေးခြင်းဖြင့် ဆွေးနွေးပွဲကို စိတ်စေတနာကောင်းတွေနဲ့ အကောင်းဆုံး စတင်ကြဖို့ တိုက်တွန်း သွားပါတယ်။ နောက်ပိုင်းမှာ အပစ်ရပ်ကာလ တိုးမြှင့်မယ့် ကြေငြာချက် ထွက်လာတာက ဆွေးနွေးပွဲ မလုပ်ဖြစ်တော့တဲ့Continue reading “Operation Epic Fury (57)”
Operation Epic Fury (54)
အီရန်နိုင်ငံခြားရေးဝန်ကြီးက ဟော်မုဇ်ဖွင့်တယ်လို့ ကြေငြာပြီး နာရီပိုင်းအတွင်းမှာပဲ အိန္ဒိယရေနံတင် သင်္ဘောနှစ်စီးကို အီရန်စပိဘုတ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတက်လာပါတယ်။ အဲဒီမတိုင်ခင် အီရန် လွှတ်တော်ဥက္ကဋ္ဌက သမ္မတထရမ့်ရဲ့ ပို့စ်တွေက မမှန်ကြောင်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်တွေကိုသာ အတည်ယူဖို့ ရေးထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးထက် ဌာနပြောရေးဆိုခွင့်ရှိသူက ပိုအာဏာရှိနေသလိုပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ ဟော်မုဇ်ကို အမေရိကန်ရဲ့ AH-64 Apache ရဟတ်ယာဥ်တွေ ကင်းလှည့် နေတာ တွေ့ရပါတယ်။ အီရန်ရဲ့ သေနတ်တပ် စပိဘုတ်လေးတွေဆိုတာက အမေရိကန်တောင်ဖက် Southern Command ဒေသ မှာ မူးယစ်ဆေး သယ်တဲ့ စပိဘုတ်တွေလိုပဲ Apache က ခလုတ်တချက်နှိပ်တာနဲ့ တစစီဖြစ်သွားမှာပါ။ ကင်းလှည့်ပြီးနောက်ပိုင်း ပစ်ခတ်တဲ့သတင်း ထပ်တက်လာတာ မတွေ့သေးပါဘူး။ အီရန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က XContinue reading “Operation Epic Fury (54) “
Operation Epic Fury (53)
အီရန်က ဟော်မုဇ်ရေလက်ကြားဟာ အပြည့်အဝ ပြန်ပွင့်ပြီဖြစ်ပြီး ဖြတ်သန်းသွားလာမှုတွေအတွက် အဆင်သင့် ဖြစ်နေပါပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ကြေငြာလိုက်ပါတယ်။ သမ္မတထရမ့်ကလည်း ဟော်မုဇ်က ပြန်ပွင့်ပါပြီ၊ သင်္ဘောတွေ ပြန်ဖြတ်လို့ ရပါပြီ၊ ဒါပေမယ့် အမေရိကန်ရေတပ်ရဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့မှုက အီရန်နဲ့ ကိစ္စတွေ ရာနှုန်းပြည့်ပြီးစီးတဲ့အထိ အပြည့်အဝ ဆက်ရှိနေဦးမှာပါ၊ ဒါကလည်း အင်မတန် မြန်မြန်ဆန်ဆန် ပြီးသွားနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ အချက်တော်တော်များများကို ဆွေးနွေးပြီး ဖြစ်လို့ပါပဲလို့ ထရုသ်မှာ ရေးသွားပါတယ်။ အီရန်က ဟော်မုဇ်ကို ဘယ်တော့မှ ပြန်မပိတ်ဖို့နဲ့ နောက်နောင်မှာလည်း ဟော်မုဇ်ကို လက်နက်တခုလို ဘယ်တော့မှ အသုံးမပြုတော့ဖို့ သဘောတူထားပြီလို့ သမ္မတထရမ့်က ဖော်ပြထားပါတယ်။ ဟော်မုဇ် ပြန်ပွင့်ပြီဆိုတာနဲ့ ရေနံစိမ်းဈေးကျပြီး စတော့မားကက် ထောင်တက်သွားပါတယ်။ စတော့မားကက်က စစ်မဖြစ်ခင်ကထက်တောင် မြင့်နေပါသေးတယ်။ အဲဒါကContinue reading “Operation Epic Fury (53)”