အဖမ်းမတစ်အက်ရှင်သရုပ်မှန်

ပြီးခဲ့တဲ့လက ဆူပရင်းမ်ကုတ်က ကောလိပ်ဝင်ခွင့်တွေမှာ လူမျိုး/အသားအရောင်ပေါ် အခြေခံတဲ့ ရွေးချယ်မှုမျိုး ပြုလုပ်အဖမ်းမတစ်အက်ရှင်ကို နိဂုံးချုပ်စေခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ ကောလိပ်တွေ တက္ကသိုလ်တွေဟာ သူတို့လိုချင်တဲ့ပုံစံနဲ့ ဇကာချမြဲချမှာဖြစ်လို့ သိပ်အကြောင်းမထူးပါဘူးလို့ ဆိုသူတွေရှိသလို အာရှသားတွေ အဓိကခံနေရတဲ့ ခွဲခြားမှုမျိုး မခံရတော့ဘူးလို့ မျှော်လင့်ဝမ်းသာနေသူတွေလဲရှိ၊ အခွင့်အရေးတွေ ဆုံးရှုံးပါပြီဆိုပြီး ဒေါသအမျက် အချောင်းလိုက်ထွက်သူတွေလည်း မနည်းကြပါဘူး။ ဘယ်လိုဥပဒေကြီးထားထား ကောလိပ်တွေ လုပ်ငန်းတွေဟာ သူတို့သဘောကျသူတွေကို ရအောင်ခေါ်ကြမှာကတော့ အမှန်တရားပါပဲ။ ဒါပေမယ့် သိပ်မထူးပါဘူးဆိုပြီး မညီမျှတဲ့ ဥပဒေကို အဆုံးမသတ်လို့လည်း မဖြစ်ပြန်ပါဘူး။ မညီမျှတဲ့ဥပဒေတွေ ရှိနေသ၍ ရည်ရွယ်ချက်အတိုင်း အမှန်တကယ် အကျိုးဖြစ်သူထက် အမြတ်ထုတ်သူတွေ အဂတိတရားတွေက ပိုများလာမယ့်အပြင် တရားဝင်ခွဲခြားပိုင်ခွင့်ပေးလိုက်သလို ဖြစ်သွားမှာရော ရည်ရှည်မှာ စိတ်ဓါတ်ရေးရာ ထိခိုက်ကုန်မှာရောကိုပါ ထည့်တွက်ရပါမယ်။ အဲဒီလို ဥပဒေတွေဟာ ဘုရားတည် စုတ်ထိုးတာလိုမျိုးContinue reading “အဖမ်းမတစ်အက်ရှင်သရုပ်မှန်”

78th Birthday Wishes

ပြီးခဲ့တဲ့နှစ်တွေက ဆုမွန်များနဲ့ ၂၀၁၉တုန်းက နေအိမ်မှာ လာကန်တော့သူတွေကို ပြည့်မိခင်ခြွေခဲ့တဲ့ အမှာစကား ကောက်နှုတ်ချက်လေးပါ။ တန်ဖိုးရှိလှတဲ့ အဆုံးအမလေးကို အားလုံး လိုက်နာနိုင်ကြပါစေ။ “တိုင်းပြည်ကျန်းမာဖို့ ပြည်သူတဦးချင်းက မှန်ကန်တဲ့ ကျန်းမာရေးဗဟုသုတရှိဖို့လိုတယ်၊ စိတ်အေးအေးချမ်းထားဖို့လည်း လိုတယ်၊ စိတ်အေးချမ်းဖို့ လောဘ၊ ဒေါသ၊ မောဟ နည်းပါးဖို့ လိုတယ်။ ပတ်ဝန်းကျင်ကိုလည်း စိတ်ချမ်းသာအောင် ထားဖို့လိုပါတယ်။ ဒုက္ခတွေ့နေသူတွေကို ကူညီဖေးမခြင်းဖြင့် ကိုယ့်စိတ်ချမ်းသာမှုလည်း ရလာပါလိမ့်မယ်။ ကိုယ့်တာဝန်ကိုယ် ကျေပြွန်တဲ့အခါမှာလည်း လိပ်ပြာသန့်မယ်၊ လိပ်ပြာသန့်တော့ စိတ်အေးချမ်းပြီး အိပ်ပျော်ပါတယ်။ လူတွေကြားထဲမှာ ကိုယ့်ကို သူများဘယ်လိုမြင်တယ်ဆိုတာကိုလည်း ဂရုသိပ်စိုက်စရာ မလိုသလို ဂရုမစိုက်ဘူးရယ်လို့လည်း လုပ်လို့ မရပါဘူး။ ခြောက်တိုင်းလည်း မကြောက်နဲ့၊ မကြောက်ပဲလည်း မနေနဲ့၊ မြှောက်တိုင်းလည်း မမြောက်နဲ့၊ မမြောက်ပဲလည်း မနေနဲ့ ဆိုတဲ့ အဆုံးအမအတိုင်းContinue reading “78th Birthday Wishes”

Trigger Point for both parties to attack Trump

ထရမ့်ကို နှစ်ပါတီလုံးက နိုင်ငံရေးလုပ်စားသူတွေက ဘာကြောင့် အမဲဖျက်သလို ဖျက်ချင်နေကြသလဲဆိုတဲ့ အကြောင်းရင်းကို တပ်ကာက ရှင်းပြလိုက်ပါတယ်။ (လင့်ခ်ကို ကွန်မန့်မှာ ပေးပါမယ်) သူပြောတာက ၂၀၁၆ ပါတီတွင်းရကပအတွက် ဒီဘိတ်မှာ ထရမ့်က အီရတ်ကို ဝင်တိုက်တာ မှားကြောင်း၊ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်က ဟန်ပြသာဖြစ်ကြောင်း၊ မရှိမှန်းလည်း ဝါရှင်တန်က လူတိုင်း သိကြကြောင်း ပြောလိုက်တာက ဝါရှင်တန်မှာ လုပ်စားနေသူတွေကို အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်သွားလို့ ဆိုပါတယ်။ အဖြစ်နိုင်ဆုံးအချက် ဖြစ်ပါတယ်။ ထရမ့်က ရက်ရောတဲ့ သူဌေးတဦးဖြစ်တဲ့အလျောက် သူ့ဆီကို နှစ်ပါတီလုံးက နိုင်ငံရေးသမားတွေ လာအလှူခံနေကျဖြစ်တော့ အလွတ်သဘောပြောသွားတာတွေ မှတ်မိနေတာ ဖြစ်မှာပါ။ ဘယ်သူကပြောတယ်လို့တော့ မဖော်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ထရမ့်က ပါးစပ်မလုံဘူးဆိုတဲ့စွဲချက် တွင်တွင်ကြားလာရသလို လူလိမ်ကြီးဆိုတဲ့မှိုင်းလည်းContinue reading “Trigger Point for both parties to attack Trump”

ထရမ့်ကိုဘာကြောင့် ခြတွေ အသည်းအသန်တိုက်ခိုက်နေကြသလဲ။

စားဖားတွေ ခြတွေ ပေါက်ဆီအိတ်ကပ်ထဲကဟာတွေ အသေဝိုင်းကိုက်နေတာ ခုမှတော့ မဟုတ်ပါဘူး၊ ၂၀၁၅မှာ နိုင်ငံရေးကစားကွင်းထဲ တရားဝင် စဝင်လာကတည်းကပါ။ အခုလည်း ၂၀၂၄မှာ ဝင်မပြိုင်နိုင်ဖို့ မဟုတ်ကဟုတ်က နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာပါ။ အခုနောက်ဆုံးစွဲလိုက်တဲ့အမှုက ပထမအကြိမ် သမ္မတသက်တမ်းအပြီး အိမ်ဖြူက ထွက်စဥ်မှာ လှို့ဝှက်စာရွက်စာတမ်းတွေကို မာရာလေဂိုကို သယ်ဆောင်သွားပြီး လူတကာဝင်ထွက်နေတဲ့ မာရာလေဂိုမှာ ထားချင်သလိုထားတဲ့အတွက် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ စွပ်စွဲထားပြီး အကုန်ပြန်အပ်ခိုင်းတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာတွေ ထောက်စရာတွေက အများကြီးပါ။ အဆိုးဆုံးက မီဒီယာအများက ညွှန်းနေကြတာက ကလပ်စီဖိုင်းဒေါကျူမန့်စ်တွေကို မလျော်မကန်ကိုင်တွယ်ခြင်းလို့ ပြောကြပေမယ့် တကယ်တမ်းစွဲလိုက်တာက အဲဒီထက် ပြစ်မှုဒီကရီ အဆများစွာပိုကြီးတဲ့ နိုင်ငံတော်ကာကွယ်ရေးသတင်းအချက်အလက်များလို့ သုံးထားတဲ့ အနှစ် ၁၀၀လောက်သက်တမ်းရှိပြီး အကြီးလေးဆုံးပြစ်မှုကြီးဖြစ်တဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖြစ်ပါတယ်။ ၁ ကContinue reading “ထရမ့်ကိုဘာကြောင့် ခြတွေ အသည်းအသန်တိုက်ခိုက်နေကြသလဲ။”

ထရန်စ်အလိမ်သီအိုရီ ဘယ်ကစ

အမေရိကန်နဲ့ ကမ္ဘာမှာ လက်ဝဲစွန်းတွေ တွန်းတင်လာနေတဲ့ ထရန်စ်ဂျန်ဒါ၊ ရာသီဥတု၊ အသားအရောင်၊ လူဖြူလူမျိုးကြီးဝါဒ စတဲ့မှိုင်းတွေဟာ အတုအယောင်စမ်းသပ်ချက်/ ထင်မြင်ချက်တွေ အပေါ် အခြေခံထားတဲ့ အလိမ်အငြာသီအိုရီများပဲ ဖြစ်နေတာ တွေ့လာရပါတယ်။ အရင်တွေ့ရှိချက်တွေကို ဖော်ပြပြီးပါပြီ၊ နောက်ပိုင်းတွေ့ရှိလာတာတွေက အမွှေစိန်ကို ဝေဖန်ရင် ဂျူးဆန့်ကျင်တယ်လို့ အလိုလို ပုဒ်မတပ်ခံရပြီး ဆိုရှယ်မီဒီယာတွေ မီဒီယာတွေမှာ ကန့်သတ်ပုတ်ခတ်ခံရတာပါ။ တကယ်တမ်းမှာ အမွှေစိန်က ဂျူးဆိုပေမယ့် လောက်ဂျူးပါ၊ မိစ္ဆာကောင်လက်ထက် ဂျူးတွေသန်းနဲ့ချီသတ်ဖို့ ဖမ်းတုန်းကြတုန်းက ဂျူးတွေရဲ့ ပိုင်ဆိုင်မှုတွေကို မလှိမ့်တပတ်နဲ့ ဘတ်ယူခဲ့သူ ဖြစ်ပါတယ်။ ခုတင်ပြမှာကတော့ ဝဲစွန်းတွေ မားကက်တင်းမတရားလုပ်နေတဲ့ ထရန်စ်ကိစ္စပဲ ဖြစ်ပါတယ်။ ကျားအဖြစ်မွေးဖွားလာသူတွေကို မဟော်မုန်းပေးခြင်းဖြင့်သော်လည်းကောင်း၊ မအဖြစ်မွေးဖွားလာသူတွေကို ကျားဟော်မုန်း ပေးခြင်းဖြင့်သော်လည်းကောင်း မွေးရာပါ ကျား/မ အင်္ဂါတွေ ဖြတ်တောက်ခွဲစိတ်ခြင်းဖြင့်သော်လည်းကောင်း ကျား/မအဖြစ်က အဝတ်ပြောင်းဝတ်လိုက်သလိုContinue reading “ထရန်စ်အလိမ်သီအိုရီ ဘယ်ကစ”

မေ ၁၆ ၂၀၂၃

မနေ့က ရုရှားကိုလူးရှင်းဆိုတာ ဟုတ်/မဟုတ်ကို စစ်ဆေးတဲ့ ဒူရမ်ရီပို့ ၄နှစ်တာ အချိန်ယူပြီး နောက်မှာ ထွက်ရှိလာပါပြီ။ ထရမ့်အိမ်ဖြူမှာရှိတုန်းထဲက ထွက်ဖို့ကို အဖာအထေး ဇတ်လမ်းတွေ ဆင်နေရလို့ ခုမှ စာမျက်နှာ ၃၀၀ကျော်နဲ့ ထွက်လာတာပါ။ တွေ့ရှိချက်တွေထဲမှာ အက်ဖ်ဘီအိုင်ဟာ လုံလောက်တဲ့ သက်သေခံအထောက်အထား မပြည့်စုံပါပဲနဲ့ ကလင်တန်ကမ်ပိန်းက ငှားထားတဲ့ ဗြိတိန်စုံထောက်ဟောင်း ခရစ်စတိုဖာစတီးလ်ရဲ့ ထရမ့်နိုင်တာ ရုရှားကူလို့ပါဆိုတဲ့ စကားတခွန်းထဲနဲ့ အလျင်စလို ခရော့စ်ဖိုင်းယားဟာရီကိန်း စစ်ဆင်ရေးလုပ်ပြီး သမ္မတထရမ့်အပေါ် စစ်ဆေးရေးစလုပ်ခဲ့ပါတယ်။   စတီးလ်ကို သူ့ရဲ့ ဒေါ်စီရေမှာ ပြောထားတာတွေကို သက်သေပြဖို့ ဒေါ်လာ ၁သန်းတောင် အက်ဖ်ဘီအိုင်က ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ စီအန်အန်က ဖော်ပြခဲ့ဖူးပါတယ်။ စတီးလ်ပြောသွားတာ တွေက အီဂေါ်ဒန်ချန်ကိုးဆီက လာတာတာပါ။ ဒန်ချန်ကိုးကို အက်ဖ်ဘီအိုင်ကို လိမ်လည်မှုနဲ့Continue reading “မေ ၁၆ ၂၀၂၃”

မေ ၁၁ ရက် ၂၀၂၃

မနေ့က နယူးဟမ်ရှိုင်းယားပြည်နယ်မှာ ပြုလုပ်တဲ့ စီအန်အန်တောင်းဟောလ်အစီအစဥ်မှာ ထရမ့် တက်ရောက်ခဲ့ပါတယ်။ စီအန်အန်က ထရမ့်ကို မဖိတ်ပဲနေခဲ့တာ ၂၀၁၆ကတဲကဖြစ်ပြီး အဲဒီကတည်းက အသည်းအသန် တိုက်ခိုက်လာခဲ့တာပါ။ ဘယ်ဒီမိုကရက်ထိပ်ပိုင်းကမှ ကွန်ဆာဗေးတစ်ချန်နယ်တွေက အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သလောက် မလာရဲ အမေးမခံရဲပေမယ့် ရဲရင့်တဲ့ ထရမ့်ကတော့ သူ့ကို ဝိုင်းဖြဲကြမှာ သိလျက်နဲ့ တဖက်ကသူတွေလည်း တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိသင့်တယ်လို့ ပြောပြီး ဖြစ်အောင် သွားခဲ့ပါတယ်။ တောင်းဟောလ်တက်သူတွေနဲ့ ကြည့်ရှုသူတွေ အကြိုက်ဆုံးအဖြေကတော့ ကုန်ဈေးနှုန်းကျအောင် ရေနံထုတ်ခွင့် ချက်ချင်း ပြန်ဖွင့်ပေးမှာဖြစ်ပြီး ယူကရိန်း-ရုရှားစစ်က သူတက်လာပြီး ၂၄နာရီအတွင်း ရပ်အောင် လုပ်ပစ်လို့ ရတယ်လို့ ဆိုတာပါ။ ဘယ်သူနိုင် ဘယ်သူရှုံးဆိုတာထက် အမြန်ဆုံး စေ့စပ်ညှိနှိုင်းပြီး စစ်တိုက်တာ ရပ်ပစ်မှ ပြည်သူတွေ သက်သာမှာဖြစ်လို့ အမြန်ဆုံးသဘောတူညီချက်ရဖို့ကိုပဲ ရှေ့ရှုသွားမယ်လို့Continue reading “မေ ၁၁ ရက် ၂၀၂၃”

ထရမ့်၊ ဒေါ်စုနဲ့ ဦးပေါက်ဆီ ကောက်ချက်

စာဖတ်သူများလည်း ထရမ့်နဲ့ ဒေါ်စု ခေါင်းဆောင် ၂ဦး ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေထဲက တချို့ကို ဖတ်ပြီးတော့ စဥ်းစားမှုတွေ အတော်အတန် လုပ်ပြီးလောက်ပြီထင်ပါတယ်။ ထရမ့်လက်ထက်မှာ အိမ်ဖြူအနေနဲ့ ဒေါ်စုကို အနောက်တံခါးကိစ္စ၊ လူ့အခွင့်အရေးကိစ္စ စတဲ့ ကိစ္စတွေနဲ့ ဖိအားပေးမှု မရှိခဲ့လို့ ဒေါ်စုအနေနဲ့ ပြည်တွင်းကိစ္စတွေအပေါ်မှာ ပိုအာရုံစိုက်လာနိုင် ခဲ့သလို မာန်ထောင်လှတဲ့ တရုတ်ကြီးဖက်က လျော့ရတဲ့အထိ ခပ်တင်းတင်း ဆက်ဆံနိုင်ခဲ့တာ ဟာလည်း အိမ်ဖြူမှာ ထရမ့်ရှိနေတာကြောင့်ပါ။ အဆိုပါကာလမှာ အနောက်တံခါးကိစ္စနဲ့ ပတ်သက်တဲ့ဖိအားက ထရမ့်ဆီကလာတာမဟုတ်ပဲ ဂလိုဘယ်လစ်ဥရောပနဲ့ ဒီမိုကရက် ခေါင်းဆောင်များဆီကသာ ဖြစ်ပါတယ်။ ဘိုင်ဒန်တက်လာပြီး ဒေါ်စုဘာဖြစ်သွားလဲဆိုတာနဲ့ ယှဥ်ကြည့်ရင် ပိုရှင်းပါလိမ့်မယ်။ ဒုတိယသက်တမ်းအတွက် မဲဆွယ်ပွဲကာလမှာ အိုဘားမားက နှစ်နိုင်ငံအကျိုးစီးပွားအပေါ် သက်ရောက်မှု ကြီးကြီးမရှိပဲ ဒေါ်စုကို လာတွေ့ခဲ့တာရယ် အိမ်ဖြူကိုဖိတ်၊ ဓါတ်ပုံဒစ်ပလိုမေစီContinue reading “ထရမ့်၊ ဒေါ်စုနဲ့ ဦးပေါက်ဆီ ကောက်ချက်”

ထရမ့်၊ ဒေါ်စုနဲ့ ကမ္ဘာ့ယောင်းမကြီးများ

ကမ္ဘာ့ယောင်းမကြီး နဲ့ ဂလိုဘယ်လစ်များ၊ အပေါင်းအပါများ အောက်ဆွဲများဟာ အမေရိကန်မှာ သူတို့ကြိုးဆွဲလို့မရတဲ့ ထရမ့်ကြီး နိဂုံးချုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေသလို မြန်မာပြည်မှာလည်း သူတို့ကြိုးဆွဲရာမခံပဲ ပြည်သု့အကျိုးစီးပွါးကိုပဲ ရှေ့ရှုတဲ့ ဒေါ်စုကို ပြန်မတက်စေချင် နိဂုံးချုပ်စေချင်မှာ မလွဲပါဘူး။ ဘယ်အချက်တွေက သိသာထင်ရှားစေသလဲဆိုရင် ဒေါ်စုဟာ ထရမ့်လိုပဲ ဂလိုဘယ်လစ်လမ်းစဉ်ကို သွားဖို့ အနောက်အုပ်စုက အစဉ်အလာနိုင်ငံရေးသမား (လုပ်စား) တွေရဲ့ ဖိအားကို ကြံ့ကြံ့ခံပြီး နိုင်ငံ့အရေးကို ဦးစားပေးခဲ့လို့ပါ။ မရှင်းသေးသူအတွက် ထပ်ရှင်းရရင် ဂလိုဘယ်လစ်တွေက အနောက်တံခါးကိစ္စကို သိသိသာသာတွန်းလာတာဟာ အနည်းဆုံး လွန်ခဲ့တဲ့ အနှစ် ၃၀၊ ၄၀ လောက်ကတည်းက ဖြစ်ပါတယ်။ အပေါ်ယံကိစ္စတွေမှာ ဒီမိုကရေစီရေး လူ့အခွင့်အရေး အားပေးသယောင် အရောင်ပြပြီး မြန်မာပြည်ကို အရှေ့တရုပ်ကဖိ အနောက်အုပ်စုနဲ့ အရှေ့အလယ်ပိုင်းက သူတွေContinue reading “ထရမ့်၊ ဒေါ်စုနဲ့ ကမ္ဘာ့ယောင်းမကြီးများ”

မေ ၃ရက် ၂၀၂၃

ဒီမိုကရက်တွေ နယ်ခြားအပွင့်ထားချင်ရတဲ့ အကြောင်းတွေကတော့ ၁ချက်ခုတ် ၁၀ချက်ပြတ် မကလောက်အောင်ကို အများကြီး ရှိနိုင်ပါတယ်။ အိုင်ဒီမလိုတဲ့ ဥပဒေနဲ့ တွဲလိုက်ရင် မဲတွေ ကလဖန်ထိုးလို့ ရနိုင်တာ၊ ဝင်လာခါစ နားမလည်ပါးမလည်တွေ၊ အချောင်သမားတွေက ဒီမိုကရက်တွေကို သေချာပေါက် ရွေးကြမှာ၊ ဘတ်ဂျက်အကြောင်းပြ ဂွင်ဖန်တာ၊ တရုပ်ကလာတဲ့ ကုန်ကြမ်းတွေနဲ့ထုတ်တဲ့ ဈေးပေါ အန္တရာယ်များတဲ့ မူးယစ်ဆေးတွေ အတွက် ဂျိုးရဲ့သခင်ကြီးအလိုကျ လမ်းကြောင်းတမင်ဖွင့်ပေးတာ၊ ရဇဝတ်မှုတွေ တက်လာပြီး မတည်ငြိမ်တာတွေနဲ့ ပြည်သူတွေ အသားကျလာအောင် လုပ်တာ၊​ စတာတွေအပြင် လူကုန်ကူး လိင်ကုန်ကူး မူးယစ်ရာဇာတွေနဲ့ အာဏာပိုင်တွေအကြား လုပ်စားခွင်တွေ ဖန်တီးထားတာတွေ ပါဝင်နေပါတယ်။ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာနက ဖောက်ချသူတဦးဖြစ်တဲ့ တာရာလီရိုဒါ့စ်က ရီပါဘလစ်ကန်ဦးစီးတဲ့ လွှတ်တော်တရားရေးကော်မီတီရှေ့မှောက် အစစ်ခံချက်မှာ တမင် လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အမေရိကန်အစိုးရဟာContinue reading “မေ ၃ရက် ၂၀၂၃”