ဒီဇင်ဘာ ၂၀ ရက် ၂၀၂၂

မြောက်ကာရိုလိုင်းနား ဆူပရင်းမ်ကုတ်က မဲပေးရင် ID လိုတယ်ဆိုတာ လူမည်းတွေ မဲပေးခွင့်မရအောင် ကန့်သတ်ထားတာဖြစ်လို့ မဲပေးရင် ID လိုတယ်ဆိုတာကို ပယ်ချလိုက်ပါတယ်။ အဆိုပါပြည်နယ် ဆူပရင်းမ်ကုတ်မှာ ဒီမိုကရက်တရားသူကြီး ၄ဦးက ID မလိုစေချင်ပဲ ရီပါဘလစ်ကန်တရားသူကြီး ၃ဦးက ID လိုစေချင်တာကြောင့် အများစုမဲနဲ့ ID မလိုတဲ့ဘက်က နိုင်သွားတာဖြစ်ပါတယ်။​ အများညီ ဤ ကို ကျွဲ လို့ဖတ်တဲ့ ခေတ်ရောက်နေပါပြီ။​ တရား/မတရား၊ ခြေဥနဲ့ ညီ/မညီ၊ ထုံးတမ်းစဥ်လာတွေနဲ့ ကိုက်/မကိုက်၊ ယုတ္တိ ရှိ/မရှိ၊ ကောင်းကျိုးဆိုးကျိုး ဘာကိုမှ ထည့်မစဥ်းစားတော့ပဲ ပါတီအာဂျင်ဒါ အတိုင်း တွန်းနေတာဟာ အပျက်ကို ရှေ့ရှုတဲ့ အရွေ့ဖြစ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချသင့်ပါတယ်။ ဒီတိုင်း ရှေ့ဆက်သွားရင် တရုပ်ကွန်ကွန်လို နာနာဂျာဂျာ(ဂျာမဏီ)တို့လို တပါတီစနစ်Continue reading ” ဒီဇင်ဘာ ၂၀ ရက် ၂၀၂၂”

ယူကရိန်း-ရုရှားစစ်နဲ့ မီဒီယာလိမ်ညာမှုများ

Person of the year 2022 အတွက် တိုင်းမ်စ်မဂ္ဂဇင်းက ယူကရိန်းသမ္မတဇယ်လန်းစကီးကို ရွေးချယ်လိုက်ပါတယ်။ ဒီနှစ်ထဲမှာ ကမ္ဘာကြီးကို တကယ်ကိုင်လှုပ်ခဲ့တာက အီလွန်ဖြစ်လေတော့ ဇယ်လင်းစကီးကို ရွေးလိုက်တာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘာတခုမှ မစွမ်းဆောင်နိုင်ခဲ့တဲ့အပြင် အကြမ်းဖက်တွေကို အားဆေးတိုက်ခဲ့တဲ့ အိုဘားမားကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက်သလိုပဲ ဂလိုဘယ်အာဏာရှင်အာဂျင်ဒါကို သွားနေတဲ့ မီဒီယာတွေရဲ့ သရုပ်ကို ထင်ရှားစေတာပါ။  ရုရှားကို ဒီမိုကရက်တွေနဲ့ မီဒီယာတွေက ရန်သူလို့ ပုံဖော်နေကြပါတယ်။ ဒီနေရာမှာ ရန်သူဆိုတာကို အဓိပ္ပါယ်ဖွင့်ရင် ကိုယ့်အကျိုးစီးပွားကို မလိုလားသူ ပျက်စီးအောင် အားထုတ်သူလို့ ပြောလို့ ရမှာပါ။ အဲဒါကို သဘောတူတယ်ဆိုရင် ရုရှားနဲ့ တရုပ် ဘယ်သူက ကိုယ့်အကျိုးစီးပွားပျက်စီးဖို့ တချိန်လုံး အားထုတ်နေသလဲဆိုတာ ကိုကြည့်လိုက်ရင် ဘယ်ဟာက တကယ့်ရန်သူဆိုတာ ရှင်းရှင်းလင်းလင်း မြင်လာမှာပါ။Continue reading “ယူကရိန်း-ရုရှားစစ်နဲ့ မီဒီယာလိမ်ညာမှုများ”

ဒီဇင်ဘာ ၁၄ ရက် ၂၀၂၂

FTX က ဆမ်ဘန့်ခ်မန်ဖရိဒ် (SBF) ဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးတွေနဲ့ အကောင်းစားဇိမ်ခံ အိမ်ကြီးတွေ ဝယ်တာရော တခြားကိုယ်ရေးသုံးတာတွေရော နိုင်ငံရေးသမားတွေကို လှူတာရော စသဖြင့် အလွဲသုံးထားခဲ့တယ်လို့ အစိုးရရဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။ FTX က ငွေကြေးတွေထဲက ၈ဘီလီယံက SBF တည်ထောင်ထားတဲ့ နောက် cryptocurrency exchange တခုဖြစ်တဲ့ Alameda Research ကို ရောက်သွားပြီး အဲဒီထဲက ၁ဘီလီယံနဲ့ ၂ဘီလီယံကြားလောက် ပမာဏရှိတဲ့ ငွေကြေးတွေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အလာမီဒါကိုသွားတဲ့ထဲက သန်း၃၀၀က ဘဟားမားမှာ အိမ်ဝယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကိုယ်သူလည်း ၁.၃၃၈ဘီလီယံ ငွေချေးထားခဲ့ပါသေးတယ်။ သူပဲမြီရှင် သူပဲ မြီစား ဆိုပါတော့။ ငွေချေးတဲ့ စာရွက်စာတမ်းတွေတော့ သေချာမှတ်တမ်းတင်Continue reading “ဒီဇင်ဘာ ၁၄ ရက် ၂၀၂၂”

ဒီဇင်ဘာ ၁၂ ရက် ၂၀၂၂

တွဒ်တာဖိုင် တတိယတွဲမှာ ထရမ့်အကောင့်ကို ဘန်းတာနဲ့ပတ်သက်တဲ့ ဖိုင်တွေပါဝင်ပြီး မနေ့ကတော့ တချို့က မီရှဲလ်အိုဘမနဲ့ အပေါင်းပါများက ထရမ့်ကို ဘန်းဖို့ ဖိအားပေးလိုက်တာလို့ သတင်းတွေ တက်လာပါတယ်။ မီရှဲလ်ဟာ “မင်းတို့အောက်တန်းကျရင် ငါတို့က အထက်တန်းကျကျပြမယ်”ဆိုတဲ့ စကားနဲ့ အကြောင်းမသိသူတွေဆီက လက်ခုပ်သံခြူထားသူပါ။ ခုတော့ သူမလုပ်ရပ်က သူမစကားနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာ သက်သေခံနေသလိုပါပဲ။ မီရှဲမ တင်မကပါဘူး၊​ ဟေလာရီရော လွှတ်တော်ဒီမိုကရက်တွေကပါ ရီပါဘလစ်ကန်တွေရဲ့ အသံတွေ ဘာလို့ထွက်ခွင့်ရနေသေးတာလဲလို့ ပြောခဲ့ကြတာပါ။ ကိုယ်မဟုတ်တာလုပ်မထားရင် သူများပြောမှာ ကြောက်နေစရာ လိုပါ့မလား။ တွဒ်တာဖိုင်က ထွက်လာတဲ့ မှတ်တမ်းတွေထဲမှာ ၂၀၂၀ရကပွဲနဲ့ ပတ်သက်ပြီး တဖက်ဖိ တဖက်ဖော့ပေးခြင်းဖြင့် ဝင်ရှုတ်ခဲ့တာတွေ တွေ့ရပါတယ်။ ထရမ့်ပြောသမျှ အပြစ်လိုက်ရှာပြီး ဆင်ဆာ/ပိတ်တဲ့ထဲမှာ စာတိုက်မဲတွေနဲ့စာရင် လူကိုယ်တိုင်ပေးတာက မှားဖို့အခွင့်ပိုနည်းတယ်၊ ဒါကြောင့် တတ်နိုင်သ၍Continue reading “ဒီဇင်ဘာ ၁၂ ရက် ၂၀၂၂”

ဒီဇင်ဘာ, ၁၀ ရက် ၂၀၂၂

တွဒ်တာဖိုင်တွေကနေ ကနေ့ထွက်ပေါ်လာတာကတော့ အရင်တွဒ်တာရဲ့ Trust & Safety ဒါရိုက်တာ Yoel Roth က အထက်တန်းကျောင်းသူ/သားတွေက သူတို့ဆရာ/မတွေနဲ့ နှစ်ဦးသဘောတူ လိင်ဆက်ဆံလို့မရနိုင်ဘူးလားလို့ တွိထားတဲ့မှတ်တမ်း ထွက်လာပါတယ်။ အဲဒါနဲ့အတူပဲ တွဒ်တာရဲ့ အရင်စီမံခန့်ခွဲသူတွေက ကလေးပွန်းပို့စ်တွေကို သူတို့ရဲ့ ဘယ်စည်းမျဥ်းကိုမှ ချိုးဖောက်နေတာမဟုတ် လို့ အကြောင်းပြပြီး ဖယ်ရှားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ကလေးပွန်းတွေဆိုတာက ကလေးတွေကို ကလေးယောင်ဆောင်ထားတဲ့ လိင်မုဆိုးတွေက ကလေးချင်းလို မြှူဆွယ်ဖျားယောင်းပြီး ချက်တင်ကင်မရာရှေ့မှာ ချွတ်ခိုင်း ဟိုဟာလုပ်ပြခိုင်း ဒီဟာလုပ်ပြခိုင်းလုပ်တာပါ။ တခါလုပ်ပြလိုက်ပြီးရင် အဲဒါနဲ့ မင်းမိဘတွေ သူငယ်ချင်းတွေဆီဖြန့်မယ်၊ မဖြန့်စေချင် ဘာလုပ် ညာလုပ်ဆိုပြီး အတင်းအကျပ်ခိုင်းစေတာပါ။ ခံရတဲ့ကလေးငယ်တချို့က တွဒ်တာကို ဆက်သွယ်ပြီး သူတို့ပုံတွေ ဖျက်ပေးဖို့ တောင်းဆိုတာကို တွဒ်တာက မဖျက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလိုတွေဖြစ်နေခဲ့တဲ့Continue reading “ဒီဇင်ဘာ, ၁၀ ရက် ၂၀၂၂”

ဒီဇင်ဘာ ၉ ရက် ၂၀၂၂

မနေ့က အီလွန်က အက်ဖ်ဘီအိုင်ထွက် ဂျိမ်းစ်ဘေကာကို တွဒ်တာကနေ ဖယ်ရှားလိုက်ပြီးနောက်မှာ မနေ့က တွဒ်တာဖိုင် ဒုတိယပိုင်းထွက်ခဲ့ပြီး ကနေ့တော့ တတိယပိုင်းဆက်ထွက်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ထွက်ခဲ့တာတွေက ကွန်ဆာဗေးတစ်အကောင့်တွေကို မသိမသာ ဘန်းတား ညစ်ထားပုံတွေကို ဖော်ထုတ်တာ ဖြစ်ပါတယ်။ တွဒ်တာ ဆင်ဆာလုပ်တဲ့ထဲမှာ တယောက်နဲ့တယောက် DM တိုက်ရိုက်မက်ဆေ့ချ်နဲ့ ပြောတာတွေကို စောင့်ကြည့်တာတွေပါ ပါနေပါတယ်။ ဖဘမှာလည်း အဲဒီလိုပါပဲ။ အာဏာရှင်ကတောင်းဆိုရင် အလွယ်တကူ လိုက်လျောကြတာပါ။ အဲဒါတွေ ထွက်ပေါ်လာပြီးနောက် အီလွန်က software update လုပ်လိုက်ပြီး ဗားရှင်းအသစ်မှာ ကိုယ့်အကောင့်ကို ဘယ်လို အကြောင်းနဲ့ ဘာလုပ်ထားတယ် ဆိုတာ ကြည့်လို့ရတဲ့ function ထည့်ထားမယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်တာဟာ ပွင့်လင်းမြင်သာမှု ရှိစေတဲ့အတွက် ကွန်ဆာဗေးတစ်တွေတင်မက သုံးစွဲသူ မည်သူကိုမဆို အကျိုးရှိစေမှာContinue reading “ဒီဇင်ဘာ ၉ ရက် ၂၀၂၂”

Iceland ခရီးသွားမှတ်တမ်း

အိုက်စ်လန်ဆိုတဲ့ နာမည်ကို ကြားလိုက်တယ်ဆိုရင်ပဲ ဟာ အရမ်းအေးမှာပေါ့၊ ရေခဲပြင်တွေပဲ ရှိမယ့်နေရာလို့ ထင်တတ်ကြပါတယ်။​ အိုက်စ်လန်ကို ဆောင်းတွင်းမှာ သွားတယ်ဆိုရင်တော့ ပိုအံ့အားသင့်ကြမယ်ထင်ပါတယ်။ တကယ်က အဲဒီလို မြေပုံပေါ်မှာ အဲဒီလို ရေခဲပြင်တွေနဲ့ ဖုံးလွမ်းနေတာက Greenland ဖြစ်ပါတယ်။ နာမည်ပေးတဲ့သူတွေပဲ မှားပေးသလားတော့ မသိပါဘူး၊​ လက်တွေ့မှာ အိုက်စ်လန်က ရေခဲတွေ ဖုံးနေတာမဟုတ်ပဲ စိမ်းလန်းစိုပြေနေပြီး အစိမ်းရောင်မြေ ဂရင်းလန်ကမှ ရေခဲတွေ ဖုံးလွမ်းနေတာပါ။ Iceland အေးတာကတော့ နယူးယောက်လောက်ပါပဲ။ လူဦးရေ ၃သိန်းခွဲလောက်ပဲရှိတဲ့ အိုက်စ်လန်ရဲ့ မြို့တော်က Reykjavik ဖြစ်ပြီး Keflavik နိုင်ငံတကာလေဆိပ်ကနေ ၁နာရီလောက် ကားစီးရပါတယ်။​ ကားငှါးသွားရင် တကြောင်းကို $ 150 လောက် ပေးရမှာပါ။ ဘတ်စ်ကားစီးရင်တော့ အသွားအပြန်ကိုမှ $150 လောက်ကျမှာဖြစ်ပါတယ်။Continue reading “Iceland ခရီးသွားမှတ်တမ်း”

ဒီဇင်ဘာ ၆ ရက် ၂၀၂၂

အီလွန်က လျှပ်စစ်ကား Tesla, တက်စ်လာဆိုလာ၊ တွဒ်တာ၊ ဂြိုလ်တုထုတ်တဲ့ SpaceX နဲ့ အဲဒီအောက်က ဂြိုလ်တုကနေ အင်တာနက်ပေးတဲ့ Starlink၊ အကူးလူးအဆက်ဆံများတဲ့ မြို့တမြို့နဲ့တမြို့ကြား သမားရိုးကျမြန်နှုန်းတွေထက် အများကြီးပိုမြန်မြန်ပို့ဆောင်ပေးနိုင်မယ့် လှိုဏ်ခေါင်းစနစ်တွေ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ Boring Co. တို့အပြင် လေဖြတ်ထားသူတွေလို လှုပ်ရှားနိုင်မှု ကန့်သတ်ချက်ရှိနေသူတွေအတွက် ဦးနှောက်/ကျောရိုးက အာရုံကြောလှုံ့ဆော်မှုတွေကို ကွန်ပြူတာနဲ့ဖတ်ရှုပြီး ဦးနှောက်က လှုပ်ရှားစေချင်သလို ကူညီပေးမယ့် Neuralink တို့ကို ပိုင်ဆိုင်ပါတယ်။   Neuralink က အရင်တပတ်ကမှ စမ်းသပ်မှုတွေ တိုးတက်နေပြီဆိုတဲ့ သတင်း တက်လာခဲ့ပါတယ်။ စမ်းသပ်မှုတွေကို မျောက်တွေနဲ့ ဝက်တွေမှာ စမ်းသပ်တာဖြစ်ပြီး ၂၀၂၁ ဧပြီတုန်းက ပြသတဲ့ထဲမှာ မျောက်က ကွန်ပြူတာပေါ်မှာ “mind pong” ကစားတာကို ပြသွားပါတယ်။Continue reading “ဒီဇင်ဘာ ၆ ရက် ၂၀၂၂”

ဒီဇင်ဘာ ၅ ရက် ၂၀၂၂

တွဒ်တာဖိုင်တွေ ထွက်လာပြီး ဒီမိုကရက်တွေ မဟုတ်တာလုပ်ထားတာတွေ ဗူးပေါ်သလို ပေါ်တော့မှာဖြစ်တဲ့အတွက် အီလွန်ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ကြောင်း ဝိုင်းပြောနေခဲ့ကြတာ တွဒ်တာဖိုင်တွေ ထွက်လာတော့မယ်ဆိုကတဲက ဖြစ်ပါတယ်။ ကနေ့မှာတော့ အီလွန်က မကောင်းတာတခုခု ဖြစ်လာနိုင်ခြေ (သို့) လုပ်ကြံ/ချောင်းပစ်ခံရနိုင်ခြေက မြင့်လွန်းနေတဲ့အတွက် အပြင်မှာ လုံခြုံရေးမပါပဲ ပွဲလုပ်တာမျိုး၊ အော်တိုရေးပေးတာမျိုးတွေကို ရှောင်ရှားတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူက အလုပ်ကိုပဲ အာရုံအပြည့်ထားတတ်သူဖြစ်လို့ သူ့ကို တကယ် လုပ်ကြံချင်တယ်ဆိုရင် မခဲယဥ်းဘူး၊ ဒါပေမယ့် အဲဒီလို မလုပ်ဖူးလို့တော့ မျှော်လင့်ပါတယ်လို့ ပြောသွားပါတယ်။ အဖ်ဘီအိုင်ရော တရားရေးဌာနရောက ဒီမိုကရက်လက်ကိုင်ဒုတ်တွေ ဖြစ်နေလေတော့ လုပ်ပြီး လက်စဖျောက်ဖို့ဆိုတာလည်း ခဲယဥ်းမှာ မဟုတ်ဘူးလေ။ ဟေလာရီအကြောင်း သိသွားတဲ့သူတွေ မကြည်တော့တဲ့သူတွေလည်း မပြန်လမ်းကို ကြွသွားခဲ့ကြလို့ ကေလာရီလို့တောင် ခေါ်ခဲ့ကြတာပဲလေ။ အဖ်ဘီအိုင်အပိုင်ကိုင်ထားတော့Continue reading “ဒီဇင်ဘာ ၅ ရက် ၂၀၂၂”

ဒီဇင်ဘာ ၄ ရက် ၂၀၂၂

တွဒ်တာရဲ့ အကြီးဆုံးကြော်ငြာထည့်သူဖြစ်တဲ့ ပန်းသီးဟာ ဒီနှစ် ပထမ ၃လမှာတင် တွဒ်တာမှာ ကြော်ငြာခ ၄၈သန်းသုံးထားခဲ့ပြီး အီလွန်ဝယ်လိုက်ပြီးနောက် တခြားကော်ပိုရေးရှင်းကြီးတွေလိုပဲ ခိုင်လုံတဲ့ စီးပွားရေးအကြောင်းပြချက်မရှိပဲ ကြော်ငြာထည့်တာကို ကန့်သတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အီလွန်က တွဒ်တာကို အက်ပ်စတိုးကနေ ဖယ်မယ်ဆိုတာနဲ့ ပတ်သက်လို့ ဝေဖန်လိုက်ပြီး နောက်တရက်မှာပဲ ပန်းသီးက တင်မ်ကွတ်ခ်က အီလွန်ကို ဖိတ်ပြီး ဆွေးနွေးခဲ့ရင်း တွဒ်တာကို အက်ပ်စတိုးကနေ ဖယ်ဖို့ အစီအစဥ်မရှိပါဘူးလို့ ပြောခဲ့ပါတယ်။ အခုတော့ ပန်းသီးက တွဒ်တာမှာ ကြော်ငြာတွေ ပုံမှန်ပြန်ထည့်နေပြီဖြစ်ပြီး ကြော်ငြာရှင်တွေ ပြန်လာတာ ကြိုဆိုကြောင်း အီလွန်က တွိသွားပါတယ်။ ဖြောင့်ဖြောင့်သွားနေတဲ့ အီလွန်လို လူတော် လူစွမ်းကို ညစ်လိုက်ရင် ရေရှည်မှာ ခံစားရမယ့်သူက တင်မ်/ ပန်းသီးပဲ ဖြစ်လိမ့်မယ်ဆိုတာ သဘောပေါက်သွားပုံပါပဲ။Continue reading “ဒီဇင်ဘာ ၄ ရက် ၂၀၂၂”