မနေ့ကရေးတဲ့ တပ်ကာအကြောင်း ဆက်ရရင် တပ်ကာဟာ သူ့ဖခင်လက်ထက်ကတည်းက မီဒီယာလောကမှာ ကျင်လည်ခဲ့တဲ့ မိသားစု ဖြစ်ပါတယ်။ စာဖတ်ရာမှာ စာလုံးတွေကို ပုံမှန်မြင်ဖို့ခက်တဲ့ ကျန်းမာရေးချွတ်ယွင်းချက်ကြောင့် စာတော်သူစာရင်းထဲ မပါပဲ ဆရာ/မတွေ အပေါင်းအသင်းတွေရဲ့ အထင်သေး ပြောင်လှောင်မှုတွေ ခံခဲ့ရပါတယ်။ တပ်ကာဟာ မီဒီယာကြီးတွေမှာပဲ ကျင်လည်ခဲ့သူ ဖြစ်ပြီး ၂၀၀၉ခုနှစ်ကမှ ဖောက်စ်ကို ရောက်ခဲ့တာပါ။ အများထင်နေသလို တပ်ကာဟာ ရဲရဲတောက် ကွန်ဆာဗေးတစ်ကြီးမဟုတ်ပဲ ၂၀၂၀အထိ ဒီမိုကရက်အဖြစ် ခံယူခဲ့ကာ ၂၀၂၀နှောင်းပိုင်းကျမှ ရီပါဘလစ်ကန်အဖြစ် ပြောင်းလဲခံယူခဲ့တာ ဖြစ်ပါတယ်။ အဲဒါကိုကြည့်ရင် ၂၀၁၆တုန်းက ဟေလာရီကို မဲပေးခဲ့သူ ဖြစ်ပုံရပါတယ်။ ကနေ့ထုတ်ပြန်တဲ့ တပ်ကာရဲ့ ကြေငြာချက်မှာ ရုပ်သံချန်နယ်တွေက လုပ်ကြတဲ့ ဒီဘိတ်တွေဟာ ဘာအဓိပ္ပါယ်မှ ရှိမနေပဲ တကယ့်ကို သုံးစားမရတဲ့ အကြောင်းအရာတွေပဲ ဖြစ်နေကာContinue reading “ဧပြီ ၂၆ ရက် ၂၀၂၃”
Category Archives: Uncategorized
တပ်ကာနဲ့ ဖောက်စ်နယူးစ်တို့ လမ်းခွဲကြပြီ။
ဖောက်စ်က အစီအစဥ်တင်ဆက်သူတဦးဖြစ်တဲ့ ဟဲရစ်စ်ဖော်လ်ကနာက နှစ်ဦးသဘောတူလို့ ပြောတာရှိပေမယ့် ဖောက်စ်တည်ထောင်ကတဲက အနှစ် ၃၀လောက် ဆက်တိုက်လုပ်လာတဲ့ ဟန်နတီက သူဘာဆိုဘာမှမသိရတာကြောင့် တုန်လှုပ်ရပါတယ်လို့ ဆိုပါတယ်။ တပ်ကာက ဖလော်ရီဒါမှာ အိမ်တလုံးဝယ်ထားကြောင်း ပြီးခဲ့တဲ့ အပတ်ကမှ သတင်းတက်ထားတာပါ။ ဖောက်နယူးစ်က တပ်ကာကို မထုတ်ခင်ရက်ပိုင်းအလိုမှာ နောက်ထပ် ကွန်ဆာဗေးတစ်တဦးဖြစ်တဲ့ ဒန်ဘွန်ဂျီးနိုကို ဖြုတ်လိုက်ပါသေးတယ်။ တပ်ကာက စနေနေ့ကမှ ဟဲရေတေ့ချ်ဖောင်ဒေးရှင်းကပွဲမှာ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စပေါင်းများစွာထဲမှာ ကောက်ချက်ချနိုင်တာနှစ်ခုပဲ ရှိတယ်၊ တခုက တိုင်းပြည်ဟာ လမ်းမှားကြီးကို တဟုန်ထိုးမြန်တဲ့အရှိန်နဲ့ သွားနေတာဖြစ်ပြီး နောက်တခုက လူတွေဟာ ကိုယ့်ထမင်းအိုးမကွဲဖို့အတွက် ကန်ဆယ်လ် အလုပ်မခံရဖို့နဲ့ အများ(လူစွာများ ဘူလီများ)နဲ့ အသံတူအောင် လိုက်ကြိုးစားနေရတာကို ဝမ်းနည်းဖွယ် တွေ့လာရတာပါပဲ။ ဆက်လက်ပြီး တပ်ကာက တလောကလုံးက အလိမ်တွေနဲ့ ပတ်ချာဝိုင်းနေပြီးContinue reading “တပ်ကာနဲ့ ဖောက်စ်နယူးစ်တို့ လမ်းခွဲကြပြီ။”
ထရန်စ်၊ အဘောရှင်း၊ နယ်ခြားမဲ့၊ အေအိုင်နဲ့ ဒီမိုကရက်
မနေ့က ရီပါဘလစ်ကန် အောက်လွှတ်တော်က အမျိုးသမီးအားကစားအသင်းတချို့မှာ မွေးတုန်းက အမျိုးသားဖြစ်ပေမယ့် အမျိုးသမီးလို့ခံယူထားတယ်ဆိုတဲ့သူတွေကို ပါဝင်ခွင့်မပြုဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အများစုက ပါတီလိုင်းအတိုင်းပဲ မဲပေးကြတာဖြစ်ပြီး ဟိုဖက်ဒီဖက်က အနည်းငယ်ပဲ မဲမပေးခဲ့ကြတာပါ။ ဒီမိုကရက်တွေလက်ထက်မှာ ကျားအင်္ဂါအစုံအလင်နဲ့သူတွေက မိန်းမနာမည်ခံယူလိုက်တာနဲ့ မိန်းမအိမ်သာ၊ ရေချိုးခန်း၊ နားနေခန်း စတာတွေကို တရားဝင်ဝင်ထွက်ခွင့် ရှိနေတာ အမျိုးသမီးတွေအတွက် တရားလား မတရားဘူးလားဆိုတာ လူလိုတွေးနိုင်သူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဘိုင်ကြီးက သူ့စားပွဲပေါ်ရောက်လာရင် ဗီတိုလုပ်ပယ်ချမယ်လို့ ကြုံးဝါးထားပါတယယ်။ ဒါပေါ့လေ၊ သူလည်း အရွယ်ရောက်ပြီး သူ့သမီးနဲ့ ရေတူတူချိုးသူဆိုတော့ သူ့အတွက်တော့ မဆန်းဘူးနေမှာပေါ့။ ကျန်တဲ့ထောက်ခံတဲ့ ဒီမိုကရက်တွေလည်း အဲဒီလိုပဲ လုပ်နေကြလို့များလားဆိုတာ မေးစရာ ရှိလာရော။ တကယ်လို့များ ပါတီလိုင်းကို မပြောပဲနဲ့ ဒီကိစ္စကိုမေးကြည့်ရင် အမေးခံရသူတိုင်းက ဟားကြမယ်ထင်ပါတယ်။ စဥ်းစားနေစရာမှ မလိုတာကိုး။Continue reading “ထရန်စ်၊ အဘောရှင်း၊ နယ်ခြားမဲ့၊ အေအိုင်နဲ့ ဒီမိုကရက်”
ဧပြီ ၁၈ ရက် ၂၀၂၃
တရုပ်က လွှတ်ထားတဲ့ စပိုင်ဘောပျံဟာ သတင်းထွက်လာတဲ့ ၁လုံး ၂လုံးမကပဲ နောက်ထပ် ၄လုံးအထိ ထပ်တွေ့ရှိခဲ့တာကို ဘိုင်ဒန်အစိုးရက ဖုံးကွယ်ထားခဲ့တဲ့အကြောင်း ဒစ်စ်ကော့ဒ်ကနေ တပ်ထဲမှာလုပ်တဲ့ IT သမား လူငယ်တဦးက ဖွင့်ချလိုက်ပါတယ်။ အဲဒီဘောပျံတခုစီကို ရာဇဝင်လူဆိုး နာမည်တွေ ပေးထားပြီး အဆင့်မြင့် ထောက်လှမ်းရေးဆန်ဆာတွေ တပ်ထားတဲ့အတွက် အမေရိကန်ရဲ့ မြေပြင်ပေါ်က အသေးစိတ် အချက်အလက်တွေကိုတောင် အာရုံခံ သိမ်းဆည်းပြီး သတင်းပြန်ပို့နိုင်စွမ်းရှိတဲ့အပြင် တပ်ဆင်ထားတဲ့ ဆိုလာပြားတွေကလည်း သုံးသမျှစွမ်းအင်ကို ပြန်ဖြည့်နိုင်တာထက် အများကြီး ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ ဆန်ဆာတွေဟာ လျှပ်စစ်သံလိုက်လှိုင်းတွေကနေတဆင့် တာလပတ်၊ တိမ်နဲ့ အမှောင်ကိုတောင် ထိုးဖောက်အာရုံခံနိုင်ပြီး အမေရိကန်လက်နက်စနစ်တွေက အချက်ပြမှု ဆက်သွယ်မှုတွေကို ကောင်းကောင်းကြားဖြတ် ဖမ်းယူနိုင်တဲ့အပြင် တရုပ်ပြည်ကိုပါ ချက်ချင်း သတင်းဆက်ပို့နိုင်တယ်လို့ အမည်မဖော်လိုသူ အမေရိကန်အရာရှိများကContinue reading “ဧပြီ ၁၈ ရက် ၂၀၂၃”
ဧပြီ ၁၆ ရက် ၂၀၂၃
ပေါက်ကြားလာတဲ့ သတင်းတွေအရ အမေရိကန်အထူးတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံမှာ ရောက်ရှိကူညီနေတယ်လို့ ဖော်ပြထားပါတယ်။ ဘလင်ကန်က ဟုတ်တော့ ဟုတ်ပါတယ်၊ သံရုံးဝင်းထဲက စစ်သံရုံးထဲမှာပါ၊ စစ်ဝင်တိုက်ပေးနေတာ မဟုတ်ပါဘူး၊ အမေရိကန်တွေ ပို့ထားတဲ့ စစ်လက်နက် ကိရိယာတွေ မှန်မှန်ကန်ကန် သုံးတတ်အောင် ကူညီရုံပါလို့ ဖုံး/ဖာပါတယ်။ တကယ်လို့ သူတို့တွေထဲက တယောက်ယောက်ဟာ ရုရှားတပ်က လက်နက်ကျည်ထိပြီး ကျဆုံးသွားခဲ့ရင် နှစ်နိုင်ငံ စစ်ဖြစ်မှာလားဆိုတာကို ပူပင်ကြတဲ့ မေးခွန်းတွေကို တုန့်ပြန်တာဖြစ်ပါတယ်။ အဲဒီလို ကျဆုံးခဲ့ရင်တောင် အမြှီးလေးကုပ်ပြီး တိတ်တိတ်ပြန်ခေါ်လာမလား၊ အဲဒီအခက်ကို အချက်လုပ်ပြီး စစ်စရိတ်ဘန်းပြ ဂွင်ရှာမလားဆိုတာ ၂ခုလုံးက သူတို့လုပ်ဖို့ မခက်သလို ရှက်မှာလည်း မဟုတ်ပါဘူး။ ၂၀၂၄မှာ အခြေမလှနိုင်ရင် ဘာကိုပဲဖြစ်ဖြစ် ချကျွေး ချနင်းပြီး အာဏာဆက်ကိုင်နိုင်ဖို့ လုပ်ကြဦးမှာပါ။ ဘလင်ကန်ဆိုတာကလည်း သူ့မိဘလက်ထက်ကတဲက ဒိစတိတ်နဲ့Continue reading “ဧပြီ ၁၆ ရက် ၂၀၂၃”
ဧပြီ ၆ ရက် ၂၀၂၃
ထရမ့်အပေါ် အမှုဆင်ပြီး စွဲချက်တင်တဲအဆင့်အထိ ရောက်အောင် တွန်းခဲ့တဲ့ မန်ဟက်တန်က အစိုးရ ဆွဲချရှေ့နေဟောင်း မာ့ခ်ပုမ်ရန့်ဇ်ကို အောက်လွှတ်တော် တရားရေးကော်မီတီဥက္ကဋ္ဌ ဂျင်မ်ဂျော်ဒန်က လွှတ်တော်မှာ လာရောက်အစစ်ခံဖို့ ဆင့်ခေါ်လိုက်ပါတယ်။ ပုမ်ရန့်ဇ်ဟာ အရင်ကလည်း ထရမ့်ရဲ့ ငွေကြေးစာရင်းဇယားတွေကို စစ်ဆေးဖို့ လုပ်ခဲ့သေးပေမယ့် လက်ရှိဒီအေ အယ်လ်ဇင်ဘရက်ဂ်က အဲဒီတုန်းက ရာဇဝတ်မှုအဖြစ် စွဲဖို့ ဆန္ဒမရှိခဲ့တဲ့အတွက် ၂၀၂၂ ၂လပိုင်းမှာ ပုမ်ရန့်ဇ် နှုတ်ထွက်ခဲ့တာပါ။ ၎င်းကို ဂျင်မ်ဂျော်ဒန်က လွှတ်တော်မှာ အစစ်ခံဖို့ မဆင့်ခေါ်ခင် ကိုယ့်သဘောနဲ့ကိုယ် လာရောက် ထွက်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆိုခဲ့တာကြောင့် အမိန့်ထုတ်ပြီး ဆင့်ခေါ်လိုက်ရတာ ဖြစ်ပါတယ်။ ပုမ်ရန့်ဇ်ဟာ People Vs. Donald Trump ခေါင်းစဥ်နဲ့ စာအုပ်ရေးခဲ့သူဖြစ်ပါတယ်။ လွတ်လပ်တဲ့ ပြည်သူတဦးအနေနဲ့ လူတဦးကို ချစ်ပိုင်Continue reading “ဧပြီ ၆ ရက် ၂၀၂၃”
ဧပြီလ ၅ ရက် ၂၀၂၃
ထရမ့်က Truth Social မှာ တရားရုံးမသွားခင် နံနက်က မန်ဟက်တန်က ရီပါဘလစ်ကန်ကို မဲပေးသူ ၁%ပဲရှိတဲ့ ဒေသဖြစ်တဲ့အပြင် မန်ဟက်တန်ဒီအေကိုယ်၌က ထရမ့်ကို ရအောင်ထောင်ချမယ်/ အရေးယူမယ်ဆိုတဲ့ ရကပွဲကတိနဲ့ နိုင်လာတာဖြစ်ပြီး တရားသူကြီးကလည်း ထရမ့်အဖွဲ့အစည်းအပေါ် အလုပ်လုပ်စားလို့မရအောင် အညှိုးနဲ့ ဆုံးဖြတ်ခဲ့တဲ့ရာဇဝင်ရှိခဲ့လို့ ဘယ်လိုမှ တရားမျှတမှာမဟုတ်တဲ့ အတွက် အနားက စတေတန်အိုင်းလန်းကို ရွှေ့ပြီးကြားနာဖို့ကောင်းကြောင်း ရေးသားသွားခဲ့ပါတယ်။ ထရမ့်အပေါ်စွဲထားတဲ့ ၃၄မှုဆိုတာကလည်း အမှုတခုထဲကို ၃၄မျိုးပွားပြီးလှည့်စွဲထားတယ်လို့ပဲ ပြောရမယ်၊ အဲဒါကြောင့်လည်း ဥပဒေပိုင်းအရ အလွန်အားပျော့တယ်လို့ ဥပဒေပါမောက္ခ ဒီမိုကရက် အလန်ဒါရှိုဝဇ်က သုံးသပ်သွားပါတယ်။ အဲဒီအမှုက လက်ရှိဒီအေရော သူ့အရင်လူတွေရောက တရားစွဲဖို့ မလုံလောက်လို့ အကြိမ်ကြိမ် ငြင်းဆိုထားခဲ့ပြီးသားကို အခုမှ ၃၄မျိုးပွားပြီး ပြန်ထုတ်လာတာပါ။ Business felony ဆိုတော့ ထရမ့်မုန်းသူတွေContinue reading “ဧပြီလ ၅ ရက် ၂၀၂၃”
ဧပြီ ၃ ရက် ၂၀၂၃
မနက်ဖြန်မှာ ဆိုရော့စ်ရုပ်သေး မန်ဟက်တန်ဒီအေနဲ့ ဂရန်းဂျူရီရဲ့ စွဲချက်ကို လာရောက်မယ့် အမေရိကန်ရဲ့ ၄၅ဦးမြောက် သမ္မတထရမ့်ဟာ ဒီကနေ့ကထဲက မန်ဟက်တန်က ထရမ့်တာဝါကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ခုံရုံးအစီအစဥ်အရ နံနက် ၁၁နာရီကနေ နေ့လည် ၂နာရီခွဲအထိ တရားရုံးမှာ ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီကနေ ဖလော်ရီဒါက မာရာလာဂိုစံအိမ်ကို တန်းပြန်မှာဖြစ်ပြီး အဲဒီညမှာ ကြေငြာချက်/ မှတ်ချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။ သမ္မတထရမ်အနေနဲ့ တရားရုံးကို မရောက်ခင်မှာပဲ ထောင် ရက် ၃၀ကျနိုင်တဲ့အမှုကို မန်ဟက်တန်ဒီအေက ဆင်ထားလိုက်ပြီဖြစ်ပါတယ်။ အဲဒါကတော့ အမှုအကြောင်း ရုံးချိန်းမတိုင်ခင် ပြည်သူကို ထုတ်မပြောရ ဆိုတာပါ။ Gag order လို့ ခေါ်ကြပါတယ်။ အဲဒါက အခြေခံဥပဒေ ပြင်ဆင်ချက် ၁ကို ချိုးဖောက်ထားတာ ဖြစ်ပါတယ်။ ထရမ့်အမှုမှာContinue reading “ဧပြီ ၃ ရက် ၂၀၂၃”
မတ်လ ၃၁ ရက် ၂၀၂၃
မနေ့ကပဲ ထရမ့်အမှုရှေ့ဆက်/မဆက် ဆုံးဖြတ်ပေးမယ့် မန်ဟက်တန်ဂရန်းဂျူရီက တလနားမယ်လို့ ကြေငြာချက်ထွက်လာပြီး ကနေ့မှာတော့ သမ္မတထရမ့်ကို အပြာမယ်ကို နှုတ်ပိတ်ခ ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ထောင် ၁နှစ်အထိ ချနိုင်တဲ့ ရာဇဝတ်မှုအပါအဝင် စီးပွားရေးနဲ့ ပတ်သက်တဲ့ လိမ်လည်မှုပေါင်း ၃၀ကျော်နဲ့ စွဲချက်တင်လိမ့်မယ်လို့ ကြေငြာလိုက်ပါတယ်။ အခုပြောတဲ့ စွဲချက်တွေက အမှုနဲ့ နီးစပ်သူတွေက သိရတာဖြစ်ပြီး တကယ်စွဲတဲ့ထဲမှာ ဘာတွေပါတယ်ဆိုတာ အတိအကျကိုတော့ ရုံးရောက်ပြီးမှပဲ ပြည်သူကို ချပြမှာပါ။ တဖက်က ဒေါသတွေကို ထိမ်းဖို့ ထရမ့်ကိုတော့ လက်ထိပ်ခတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အခုလို စွဲချက်တင်လိုက်တာက သမ္မတလက်ရှိ(သို့) ဟောင်းတဦးအနေနဲ့ ပထမဆုံးကြုံတွေ့ရတဲ့ ရာဇဝတ်စွဲချက်ဖြစ်ပါတယ်။ အစရှိသွားပြီဖြစ်လို့ ဒါဟာ ပထမဆုံးဖြစ်ပေမယ့် နောက်ဆုံးတော့ ဟုတ်မှာမဟုတ်ဘူးလို့ ဆိုနေကြပါတယ်။ ထရမ့်ရဲ့Continue reading “မတ်လ ၃၁ ရက် ၂၀၂၃”
မတ်လ ၂၆ ရက် ၂၀၂၃
မန်ဟက်တန်ဒီအေဟာ ထရမ့်အမှုကို ရှေ့ဆက်ဖို့ အသည်းအသန်ကြိုးစားနေပေမယ့် အထောက်အထား ဘာမှ မရသေးတာကြောင့် စီစဥ်ထားပြီးသားကြားနာမှု နောက်ဆက်တွဲတခုကိုတောင် ဖျက်သိမ်း လိုက်ရပါတယ်။ ရိုးရိုးလေးဖျက်သိမ်းတာတောင်မဟုတ်ပဲ ထရမ့်ဟာ အဖမ်းခံရတော့မယ် ဆိုတဲ့ ကောလဟလတွေ လျောက်ဖြန့်နေတယ်လို့ ပုတ်ခတ်လိုက်ပါသေးတယ်။ နယူးယောက်ရှေ့နေချုပ် လတီးရှာဂျိမ်းစ်ကလည်း ကမ်ပိန်းကတိအနေနဲ့ ထရမ့်ကို အပြုတ်ဖြုတ်မယ်လို့ ကြွေးကြော်ပြီး ရာထူးရလာတာပါ။ တရားဥပဒေအတိုင်း ဖြစ်ရမယ်လို့ မပါပဲ လူတဦးတယောက်ကို ပစ်မှတ်ထား အမှုဆင်တဲ့ ခြစားတရားရေးမဏ္ဍိုင်ရဲ့ လုပ်ရပ်နဲ့ လားရာဟာ အခြေခံ လူ့အဲသစ်တောင် မရှိနေတာ ဖြစ်ပါတယ်။ ဘာပဲပြောပြော စတော်မီဒန်နီယယ်လ်တို့ကတော့ ထရမ့်အမှုကြောင့် ဒီတပတ်ထဲမှာတင် သူ့ပွန်းကားတွေကို ရှာဖွေကြတဲ့သူပေါင်း အဆ ၂၀၀ကျော် တက်လာလို့ စီးပွားဖြစ်နေပါပြီ။ နာမည်ကြီးချင်လို့ အိပ်ခန်းထဲက ဗီဒီယို လိခ်လုပ်သူတွေလိုပါပဲ။ ကယ်ဗင်မက်ကာသီဦးဆောင်တဲ့ ရီပါဘလစ်ကန်လွှတ်တော်ဟာ TheContinue reading “မတ်လ ၂၆ ရက် ၂၀၂၃”