ဆိုရော့စ်ပံ့ပိုးပေးထားတဲ့ လူဆိုးချစ် အမှောင်ကြိုက်ဒီအေတွေထဲက တဦးဖြစ်တဲ့ မန်ဟက်တန်ဒီအေ အယ်လ်ဗင်ရစ်ဂ်က ဥပဒေကို ဘောင်မဝင့်ဝင်အောင် လိုသလိုကွေးပြီး ထရမ့်ကို ဖမ်းနိုင်ဖို့ အကွက်ဆင်ပါတယ်။ အမှုက အရင်က တရားရုံးက ပိတ်ထားပြီးသား အပြာမယ်နဲ့ အမှုဖြစ်ပါတယ်။ ပိတ်ပြီးသားအမှုကို အတည့်အတိုင်း ပြန်ဖွင့်တာမဟုတ်ပေမယ့် အခုတခါ ကွန့်လာတာက အပြစ်မကြီးကြီးအောင် ကမ်ပိန်းမန်းနီးနဲ့ အပြာမယ် စတော်မီဒန်နီယယ်ကို နှုတ်ပိတ်ဖို့ ၁၃၀,၀၀၀ ပေးခဲ့တယ်ဆိုတဲ့ စွဲချက်ဖြစ်ပါတယ်။ သက်သေအဖြစ် အရင်က ထရမ့်ရှေ့နေခဏဖြစ်ခဲ့တဲ့ ဂျိမ်းစ်ကိုမေက ထွက်ဆိုမယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီ၁၃၀,၀၀၀ ဆိုတာက ဂျိမ်းစ်ကိုမေကို legal fees အနေနဲ့ ထရမ့်ကိုယ်ပိုင်ပိုက်ဆံထဲက ပေးခဲ့တာပါ။ တကယ်တမ်းဆို အမှုလုပ်လောက်အောင် ဥပဒေနဲ့ ငြိနေတဲ့ ခိုင်မာတဲ့ အကြောင်းချင်းရာ မရှိပါဘူး။ ဂျိမ်းစ်ကိုမေဆိုတာကလည်း အရင်ကContinue reading “မန်ဟက်တန်ဒီအေစွဲတဲ့ ထရမ့်အမှုအကြောင်း”
Category Archives: Uncategorized
မတ်လ ၁၆ ရက် ၂၀၂၃
SVB ရဲ့ ဂယက်က သူ့ဆီမှာ အဓိက ငွေအပ်တဲ့ လုပ်ငန်းရှင်အငယ်လေးတွေကို ရိုက်ခတ်လာတဲ့အပြင် ကမ္ဘာ့ဘဏ်ကြီးတွေကိုပါ လှုပ်ခါနေပါပြီ။ ပြီးခဲ့တဲ့သောက်ကြာက US က SVB ပြိုလဲပြီးနောက် SVB လန်ဒန်လည်း လှုပ်လာပါတယ်။ သူတို့ဆီမှာလည်း သုညသာသာအတိုးနှုန်းနဲ့ နေခဲ့တာကနေ အတိုးနှုန်းတွေ တက်လိုက်တဲ့အကျိုးဆက်တွေကို ခံစားနေရတာပါ။ စနေနေ့မှာတော့ SVB လန်ဒန်မှာ ငွေအပ်ထားတဲ့ ကုမ္ပဏီ ၂၀၀ကျော်က UK Treasury ကို စာရေးအကူအညီတောင်းခံခဲ့ပြီးနောက် တနင်္လာနေ့မှာ HSBC က တရှယ်ယာကို စတာလင် ၁ပေါင်နဲ့ ဝယ်ယူခဲ့ပါတယ်။ မှတ်တမ်းတင်လောက်အောင် မြန်ဆန်တဲ့ ဝယ်ယူမှုကြောင့် အပ်နှံငွေ ၆.၇ ဘီလီယံပေါင်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီလိုမြန်ဆန်လို့ အကုန်လုံးအဆင်ပြေပြီး ပြည်သူကို မထိတာတော့ မဟုတ်ပါဘူး၊ HSBC တို့လိုContinue reading “မတ်လ ၁၆ ရက် ၂၀၂၃”
SVB ပြဿနာနဲ့ အစိုးရရဲ့ ဒီဖက်တိုဘေးလ်အောက်
SVB နဲ့ Signature ဘဏ်တွေ ပြိုလဲရတဲ့ အစကတော့ ပန်ဒဲမစ်ကာလက စတာပါ။ စီးပွားရေးတော်တော် ကျုံ့သွားတဲ့နောက် ပြန်ကျယ်ပြန့်လာအောင် တွန်းအားပေးဖို့ FR က အတိုးနှုန်းတွေကို သုညနီးနီး ရောက်အောင် နှိမ့်ပစ်ခဲ့ပါတယ်။ အကျိုးအမြတ်အဖြစ်ဆုံးကတော့ tech sector ပဲ ဖြစ်မှာပါ၊ တက်ခ်ကုမ္ပဏီတွေဟာ အတိုးနဲနဲနဲ့ ချေးငွေတွေ အမြောက်အများရလာတဲ့အတွက် ငွေတွေ မတရားပေါပြီး ကုမ္ပဏီရဲ့ တန်ဖိုးကိုလည်း အမြင့်ကြီးတန်ဖိုးဖြတ်လာကြပါတယ်။ SVB က အဲဒီဖြစ်ရပ်တွေမှာ အရင်ဆုံး အမြတ်ထွက်ခဲ့သူပါ။ ၂၀၂၁မှာ venture capital က ကျောထောက် နောက်ခံပေးထားတဲ့ startup တွေဟာ ၃၃၀ ဘီလီယံအထိ raise လုပ်နိုင်ခဲ့ပါတယ်။ အဲဒီ ပမာဏဟာ ၂၀၂၀ရဲ့ ၂ဆဖြစ်ပါတယ်လို့ Ariel ZiberContinue reading “SVB ပြဿနာနဲ့ အစိုးရရဲ့ ဒီဖက်တိုဘေးလ်အောက်”
မတ်လ ၁၁ ရက် ၂၀၂၃
ဆီလီကွန်ဗယ်လီဘဏ် SVB ရဲ့ ပြိုလဲမှုဟာ ၁၉၃၀ အထွေထွေစီးပွားပျက်ကပ်ကြီးနောက်ပိုင်း အကြီးဆုံးနဲ့ သမိုင်းမှာ အကြီးမားဆုံး ဘဏ်ပြိုလဲမှုအဖြစ် သမိုင်းဝင်ခဲ့ပါပြီ။ အမေရိကန်မှာ ၁၆ ခုမြောက် အကြီးဆုံးဖြစ်တဲ့ SVB ဟာ FDIC က အာမခံထားတဲ့ ဘဏ်တခုဖြစ်ပြီး ၂၀၂၂ နှစ်ကုန်မှာ asset စုစုပေါင်း ၂၀၉ ဘီလီယံရှိပြီး ဘဏ်အပ်ငွေပေါင်း ၁၇၅.၄ဘီလီယံ ရှိခဲ့ပါတယ်။ ဒီတပတ်အစောပိုင်းမှာ ဘွန်းတွေကို အဆမတန်လျော့ဈေးနဲ့ ၂၁ဘီလီယံဖိုး ရောင်းချခဲ့အပြီး ၁.၈ဘီလီယံ အရှုံးပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆လက တရှယ်ယာကို ၄၀၀ကျော်ဈေးရှိနေတဲ့ဘဏ်ဟာ ကြာသပတေးနေ့က ၁၀၀အောက် ရောက်သွားအပြီး သောက်ြာနေ့မှာ trading ရပ်ထားလိုက်ရပါတယ်။ Goldman Sachs က တရှယ်ယာကို ၉၅နဲ့ ဝယ်ဖို့ လုပ်ပေမယ့်Continue reading “မတ်လ ၁၁ ရက် ၂၀၂၃”
Uric Acid: ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးချို၊ နှလုံး၊ ဒီမန်းရှာစတဲ့ ရောဂါတွေရဲ့ အဓိကအကြောင်းရင်း
ယူရစ်အက်ဆစ်ကို ဟိုးတုန်းက စားကောင်းသောက်ကောင်းတွေ ထင်သလို စားနိုင်တဲ့ ဘုရင်တွေဖြစ်တဲ့ ရောဂါလို့ တင်စားခဲ့ကြပါတယ်။ အခုအခါမှာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀နဲ့စာရင်တောင် လူလတ်ပိုင်းတွေ ထဲမှာ အဖြစ်များလာတာ တွေ့ရမှာပါ။ ယူရစ်အက်ဆစ်နဲ့ ပတ်သက်လို့ ကြားဖူးသမျှထဲမှာ Dr. David Perlmutter ပြောသွားတာက တကယ်ကို အသိသစ် အမြင်သစ် ရစေပါတယ်။ သူ့ခေတ်မှာတောင် ဆေးကျောင်းမှာ ဂေါက်ဖြစ်ရင် allopurinol ပေးတာနဲ့ purine များတာတွေ ရှောင်ခိုင်းဖို့ပဲ သင်ခဲ့ရတာပါလို့ ဆိုပါတယ်။ ကိုယ်တိုင်သိချင်လို့ နားလည်အောင် ကြိုးစားထားတာလေးကို သိချင်သူများအတွက် မျှဝေပေးလိုက်ပါတယ်။ ဒီဆရာကြီးက ယူရစ်အက်ဆစ်ဟာ insulin resistance၊ သွေးတိုး၊ နှလုံး၊ အဆီလုပ်/သိုလှောင်ခြင်၊ စတဲ့ ခုခေတ်အဖြစ်များတဲ့ ရောဂါတွေအပြင် အာရုံကြောရောဂါတွေဖြစ်တဲ့ ဒီမန်းရှာ၊ ADHDContinue reading “Uric Acid: ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးချို၊ နှလုံး၊ ဒီမန်းရှာစတဲ့ ရောဂါတွေရဲ့ အဓိကအကြောင်းရင်း”
မတ်လ ၃ ရက် ၂၀၂၃
ဂျိုးဘိုင်ဒန်ဟာ ရင်ဘတ်မှာ ဘေစယ်ဆဲလ်ကာစီနိုမာဆိုတဲ့ အဖြစ်များတဲ့ အရေပြားကင်ဆာဆဲလ်တွေ တွေ့ရတဲ့အတွက် ဆရာဝန်များက ဖယ်ရှားပေးလိုက်ပြီဖြစ်ပါတယ်။ မကြာသေးမီက ဆေးစစ်ချစ်မှာ အသက် ၈၀အရွယ် အယ်လ်ဇိုင်းမားအဖိုးအိုကို သူ့ရဲ့ဆရာဝန်အဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တဲ့ ဒေါက်တာ ကယ်ဗင်အိုကော်နာက healthy, vigorous, and fit ဖြစ်လို့ အိမ်ဖြူတာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ တရားဝင်ကြေငြာတယ်ဆိုတိုင်း ပညာတတ် ရာထူးကြီးဆိုတိုင်း မျက်စိမှိတ်မယုံသင့်တဲ့ သာဓကတခုပါ။ မကြာသေးမီကမှ ဆီနိတ်တာအရွေးခံထားရတဲ့ ဦးနှောက်လေဖြတ်ထားသူ ဖက်တာမန်းဟာလည်း ဆေးရုံတင်ထားရပါတယ်။ မကျန်းမာတဲ့သူက ကုသမှုခံယူဖို့ အရေးကြီးတာကို အရင်မလုပ်ပဲ ကိုယ့်အနေအထားနဲ့ မထော်မနန်းတွေလုပ်တော့ တိုင်းပြည်ဘယ်လောက်အကျိုးရှိ/ယုတ်သွားလဲဆိုတာ အစွဲကင်းကင်းနဲ့ စဥ်းစားနိုင်ဖို့ လိုပါတယ်။ ကယ်လီဖိုးနီးယားက အသက် ၈၉နှစ်ရှိပြီဖြစ်တဲ့ ဆီနိတ်တာ ဒိုင်ယန်းဖန်းစတိုင်းလည်း ဆန်ဆရန်မှာ ဆေးရုံတင်ထားရပြီဆိုတော့ မကျန်းမာနေစဥ်အတွင်းContinue reading “မတ်လ ၃ ရက် ၂၀၂၃”
Dr. Robert Lustig ရဲ့ ဟောပြောချက်တွေထဲမှ ကောက်နှုတ်ချက်အချို့
Dr. Robert Lustigဟာ လွန်ခဲ့တဲ့ နှစ်၅၀လောက်က လူတွေမှာ ကာဘိုဟိုက်ဒရိတ်တွေ အဆီတွေ စားနေပါလျက်နဲ့ ဘာလို့မဝပဲ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်ကြောက်အောင် လုပ်ထားတဲ့ခုခေတ်ကျမှ လူတွေအဝလွန် ရောဂါထူနေကြတာကို ယှဥ်ကြည့်ပြီး ဘာတွေမှားနေလဲဆိုတာကို သိချင်စိတ်နဲ့ အဖြေရှာနေခဲ့ပါတယ်။ ကျမမှာ ဆေးပညာနောက်ခံမရှိပေမယ့် ဆရာကြီးပြောထားတဲ့ ဗီဒီယိုတွေထဲက သိသင့်တာတချို့ကို သိချင်သူများအတွက် နားလည်သလို အကျဥ်းချုပ် ပြန်ရေးပေးလိုက်ပါတယ်။ ဆရာကြီးတွေ့ရှိလာတာကတော့ ၁၉၈၀ဝန်းကျင်ခုနှစ်တွေမှာ ထောပတ်တို့ တိရိစ္ဆာန်အဆီတို့ကို ကျန်းမာရေးအတွက် အန္တရာယ်ရှိသလို၊ နှလုံးရောဂါဖြစ်နိုင်သလို အင်တိုက်အားတိုက် ကြော်ငြာခဲ့ သတိပေးဝမ်နင်တွေ ထုတ်ခဲ့ကြတဲ့နောက်ပိုင်းမှာ လူတွေ ပိုဝလာ နာတာရှည်ရောဂါတွေ ပိုဖြစ်လာ ကျန်းမာရေး ပိုဆိုးလာကြတာ တွေ့ခဲ့ရပါတယ်။ အဖြစ်များလာတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး စတဲ့ chronic metabolic disease နာတာရှည်ရောဂါတွေအတွက်Continue reading “Dr. Robert Lustig ရဲ့ ဟောပြောချက်တွေထဲမှ ကောက်နှုတ်ချက်အချို့”
ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၃
ဖေဖေော်ဝါရီ ၃ရက်နေ့က ရထားမှောက်ပြီး ပါလာတဲ့ ဓါတုပစ္စည်းတွေ မီးရှို့ပြစ်ခဲ့လို့ တိရိစ္ဆာန်တွေ အစုလိုက်အပြုံလိုက် အဆိပ်သင့်သေဆုံးကြသလို လူတွေလည်း ဓါတုအဆိပ်သင့်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မကြာခင် ခံစားလာရနိုင်တဲ့ အန္တရာယ်ရှိနေပေမယ့် ဘိုင်ဒန်တို့လက်အောက်က အရေးပေါ်စီမံခန့်ခွဲရေး ဖီးမားက ၂ပတ်ကြာပြီးတဲ့အထိ လာမယ့်အရိပ်အယောင် မပြခဲ့ပါဘူး။ ဒီတပတ်ထဲ ထရမ့်က သူအရှေ့ပါလက်စတိုင်းကို သွားပြီး သောကပွေနေတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံမယ့်လို့ ကြေငြာလိုက်ပြီးတော့မှ ဖီးမားက သူတို့ အကူအညီပို့ပေးပါမယ်လို့ ကောက်ခါငင်ခါ ကြေငြာပါတယ်။ ထရမ့်က အာဏာလက်ရှိမဟုတ်ပေမယ့် သူသွားရင် မီဒီယာတွေပါမှာရယ်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ တခြားပြည်သူတွေဆီကနေ အကူအညီတွေ ရလာနိုင်တာပါ။ စီအန်အန်က ဖီးမားနဲ့ အခြားအစိုးရအဖွဲ့တွေက ဒေသခံတွေ လုံခြုံဘေးကင်းဖို့ အကူအညီမပေးတာနဲ့ ပတ်သက်ပြီး ရထားမှောက်တဲ့ အိုဟိုင်းအိုးပြည်နယ်က အရှေ့ပါလက်စတိုင်းမြို့လေးဟာ ထရမ့်ရဲ့Continue reading “ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၃”
ဖေဖော်ဝါရီ ၁၅ ရက် ၂၀၂၃
စီဒီစီရဲ့ ဆာဗေးမှာ ပါဝင်ကြတဲ့ သူတွေထဲက ကဗကကဆထိုးချိန်မှာ ကိုယ်ဝန်ရှိကြတဲ့သူတွေကို စုစည်းထားတဲ့ စာရင်းဖြစ်တဲ့ V-safe pregnancy registry မှာ ပါဝင်သူပေါင်း ၃၉၅၈အနက်မှ ၈၂၇ဟာ ကိုယ်ဝန်ကို နေ့စေ့လစေ့ လွယ်နိုင်ခဲ့ပြီး အဲဒီထဲကမှ ၁၁၅ဦးဟာ ကိုယ်ဝန်အဖတ်မတင်ပဲ ၇၁၂ဦးကသာ အရှင်မွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရာနှုန်းအားဖြင့်ဆိုရင် အဖတ်မတင်တာ ၁၃.၉% ဖြစ်နေတာပါ။ ဖလော်ရီဒါက ဆာဂျင်ဂျန်နရယ်(ပြည်သူ့ကျန်းမာရေးအကြီးအကဲ)က ထုတ်ပြန်တဲ့ ဒေတာတွေထဲမှာ ၁၈-၃၉နှစ်ကြားအမျိုးသားတွေဟာ ဆေးထိုးပြီး ၂၈ရက်အတွင်း နှလုံးဖောက်ပြီး သေဆုံးနှုန်း ၈၄% တက်လာကြောင်း တွေ့ရှိထားပါတယ်။ အဲဒီလို ပြဿနာတွေ ရှိနေလို့ ဥရောပမှာ ၄၀အောက်တွေကို ကဗကကဆထိုးဖို့ မတိုက်တွန်းသလို ၁၈နှစ်အောက်တွေကို ဆေးမထိုးဖို့လည်း တားမြစ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ ၂၀၂၂နှောင်းပိုင်းက ရာထူးက နှုတ်ထွက်သွားတဲ့Continue reading “ဖေဖော်ဝါရီ ၁၅ ရက် ၂၀၂၃”
ဖေဖော်ဝါရီ ၁၄ ရက် ၂၀၂၃
အမေရိကန်ဒေသတော်တော်များများမှာ ကြက်ဥရှားပါးတဲ့ ပြဿနာ ဖြစ်နေတာ လအနည်းငယ် ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ အကြီးအကျယ်မွေးတဲ့ ကြက်မွေးမြူရေးခြံတချို့ ဘာအကြောင်းမှ မပြနိုင်ပဲ မီးထထလောင်တာတွေ၊ ကြက်တုပ်ကွေးကူးတယ်ဆိုပြီး ကောင်ရေသိန်းသန်းချီတဲ့ ခြံတွေ အကုန်ရှင်းပစ်ရတာတွေ ရှိနေခဲ့ပါတယ်။ မသင်္ကာစရာလို့ အဲဒီထဲက ပြောနေကြတာပါ။ ၂၀၂၂နှောင်းပိုင်းကျတော့ ကြက်တွေ ဥမဥကြတော့တဲ့ ပြဿနာ စ လာပါပြီ။ ဒါတွေက လုပ်ငန်းရှင်လေးတွေ တနိုင်တပိုင် ကြက်ခြံလုပ်သူလေးတွေက ပြောကြတာပါ။ လုပ်ငန်းရှင်ကြီးတွေတော့ ဘယ်လိုဖြစ်ကြလဲ မသိပါ။ စဖြစ်ဖြစ်ချင်း ဘာကြောင့်မှန်း မသိကြတော့ အအေးပိုတဲ့နှစ်မှာ အေးတာနဲ့ အလင်းရောင်လုံလုံလောက်လောက် မရတာကြောင့်များလားလို့ တွေးကြပြီး တချို့က အပူပေး မီးထွန်းတွေ လုပ်ပေမယ့် ထူးမလာပါဘူး။ တချို့ကတော့ ကြွေးနေကျအစာကို ရပ်ထားလိုက်ပြီး ဒေသထဲက တိရိစ္ဆာန်စာ ထုတ်လုပ်သူတွေဆီကအစာ၊ တချို့ကContinue reading “ဖေဖော်ဝါရီ ၁၄ ရက် ၂၀၂၃”