ကနေဒါနိုင်ငံ တိုရွန်တိုမြို့နားက မိခင်တဦးက သူမရဲ့ ၂၃နှစ်အရွယ်သားဟာ စိတ်ကျရောဂါဖြစ်နေတာရော၊ ဆီးချိုပါ ရှိနေတဲ့အပြင် ရည်းစားသနာလည်း မရှိတာနဲ့ပဲ ဆရာဝန်တွေက ဆေးထိုးဆူဆိုက်ခွင့် ပေးလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီကနေ ဒီယုန်မြင်လို့ ဒီခြုံထွင်တယ်ပဲပြောပြော လစ်အဗြဲလွန်နေတဲ့ ကနေဒါမှာ လာမယ့်မတ်လဆိုရင် ကလေးတွေကို မိဘသဘောတူညီချက်ရယူစရာမလိုပဲ အစိုးရဆရာဝန်က ဆေးထိုးအဆုံးစီရင်နိုင်မယ့် ဥပဒေတရပ် ပြဌာန်းဖို့ ကြိုးစားနေပါတယ်။ ဒါဟာလည်း လူတိုင်းအတွက် အခမဲ့ကျန်းမာရေးဆိုတဲ့ လက်ဝဲစနစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတခုပါ။ ဆေးတွေ ဆရာဝန်တွေက ဈေးပိုပိုကြီးလာတဲ့အချိန်မှာ ပိုများများလာတဲ့ လူတွေကို အခမဲ့ကုသပေးနေရတော့ အဆံမရှိတဲ့ စနစ်ကြီးက တောင့်မခံနိုင်တော့တဲ့အခါ အကာအကွယ်အမဲ့ဆုံးသူတွေက အရင်ဆုံးထိုးကျွေးခံကြရတာ ထုံးစံပါပဲ။ အရင်ဆုံး အမိဝမ်းထဲက အသံမထွက်နိုင်သေး၊ မဲလေးမပေးနိုင်သေးတဲ့ ကလေးငယ်တွေကို ဖျက်ဆီးဖို့ ကြိုးစားကြပါတယ်။ နောက်တဆင့်က ဆရာဝန်တွေမှာ ဆေးထိုးသတ်နိုင်ခွင့်Continue reading “အောက်တိုဘာ ၃၁ရက် ၂၀၂၂”
Category Archives: Uncategorized
ပေါလ်ပလိုးစီဇတ်လမ်း
ပလုံစီယောက်ျားအိမ်မှာ တူနဲ့ချကြတဲ့တယောက်ကို ဘိုင်ဒင်တို့ ဟေလာယီတို့အပါအဝင် ဒီမိုကရက်ခေါင်းဆောင်တွေနဲ့ လက်ဝဲမီဒီယာက ထုံးစံအတိုင်း လက်ယာစွန်းလို့ သမုတ်ပြီး ရီပါဘလစ်ကန်တွေကို တိုက်ခိုက်ပါတယ်။ ရကပွဲမှာ သူတို့အခြေမလှနိုင်တာကြောင့် မျက်ရည်ချူစတန့်ထွင်တဲ့ သဘောပါ။ ဟေလာရီရဲ့ တွိနဲ့ ပတ်သက်ပြီး တွဒ်ချုပ်ကြီးက ဒီကိစ္စမှာ တိမ်မြုပ်နေတဲ့ မရှင်းလင်းတဲ့အကြောင်းအရာတွေကို ဆက်လက်ဖော်ထုတ်မယ်လို့ ပြောသွားပါတယ်။ ဖြစ်စဥ်က သိပ်အရိုးရှင်းကြီးမဟုတ်ပါဘူး။ တူကို ၂ယောက်လုံးလက်မှာတွေ့တယ်လို့ ရဲက ပြောသွားတာပါ။ ဆက်လက်ဖော်ထုတ်ချက်တွေအရ အဲဒီလူက ကိုယ်လုံးတီးနေတာကြိုက်တဲ့ ကက်စထရိုနျုဒစ်တယောက်ဖြစ်ပြီး ဆေးစွဲနေသူ အိမ်ယာမဲ့လည်းဖြစ်၊ ဘီအယ်လ်အမ် ထောက်ခံသူလည်း ဖြစ်တာကြောင့် လူမျိုးရေးသပ်လျှိုတာကို မကြိုက်ပဲ ကိုယ့်လုပ်အားကိုယ်ကို ယုံကြည်ကြတဲ့ မာဂါရီပါဘလစ်ကန်ပုံစံနဲ့ ကွဲပြားနေတာပါ။ ပေါလ်နဲ့ အဲဒီလူဒေးဗစ်က သိနေကြတဲ့သူတွေဖြစ်ပုံရပြီး တကယ်ချမယ်ဆိုရင် အသက် ၄၂နှစ်အရွယ် ကြံ့ခိုင်အင်အားကောင်းတဲ့သူက အသက် ၈၂နှစ်အရွယ် ပိန်ပိန်ပါးပါးအဖိုးအိုကိုContinue reading “ပေါလ်ပလိုးစီဇတ်လမ်း”
အောက်တိုဘာ ၂၈ ရက် ၂၀၂၂
တွဒ်ချုပ်ကြီးအီလွန်က အရောင်းအဝယ် အပြီးသတ်နေဆဲမှာပဲ တက်စ်လာကအင်ဂျင်နီယာတွေ မ သွားပြီး တွဒ်တာက အယ်လ်ဂိုရစ်သမ်ကုဒ်တွေကို ပြောင်းပြစ်ခဲ့တဲ့အတွက် တွဒ်တာအင်ဂျင်နီယာတွေဟာ ကုဒ်တွေကို ပြောင်းချင်တိုင်း ပြောင်း၊ ဆင်ဆာလုပ်ချင်တိုင်းလုပ်၊ ပိတ်ချင်တိုင်းပိတ်ဖို့ မလွယ်တော့ဘူးဖြစ်ပါတယ်။ တွဒ်ချုပ်ကြီးဖြုတ်ပစ်လိုက်တဲ့ စီအီးအို၊ စီအက်ဖ်အိုနဲ့ ပေါ်လစီပိုင်းကိုင်တဲ့ ရှေ့နေမနဲ့ အထွေထွေဥပဒေအကြံပေးတို့ကိုပါ ဖြုတ်ပစ်ခဲ့ပြီး သူတို့နေရာမှာ ဘယ်သူတွေခန့်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ တွဒ်တာရုံးချုပ်ကို လွတ်လပ်ပြီး လုပ်ငန်းရှင်တွေအလုပ်လုပ်ရလွယ်ကူတဲ့ အနီပြည်နယ်တွေက ရွှေ့ခဲ့ဖို့ ဖိတ်ခေါ်နေကြပါတယ်။ အီလွန်က တွဒ်တာကို ပြုပြင်ပြောင်းလဲဖို့ စဉ်းစားနေတယ်ဆိုတဲ့ အစီအစဥ်တွေထဲမှာ ပထမတခုက တွဒ်တာကို ဆိုရှယ်မီဒီယာတင်မကပဲ တရုပ်ပြည်က ဝီချက်လိုမျိုး အသံရော ရုပ်+သံနဲ့ရော စာတိုနဲ့ရောချက်နိုင်ပြီး ဘာသာပြန်တွေ ငွေပေးစနစ်ပါ အသုံးပြုနိုင်တဲ့ ဘက်စုံသုံးအက်ပ်တခု ဖြစ်လာအောင် လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါက တွဒ်တာစဝယ်ဖို့ ကြိုးစားနေစဥ်မှာContinue reading “အောက်တိုဘာ ၂၈ ရက် ၂၀၂၂”
အောက်တိုဘာ ၂၇ရက် ၂၀၂၂
အီလွန်က တွဒ်တာကို ဝယ်တဲ့လုပ်ငန်းစဥ်ကို ကနေ့ အပြီးသတ်လိုက်ပြီး တွဒ်တာက လက်ရှိစီအီးအိုအပါအဝင် ထိပ်ပိုင်းတော်တော်များများကို ဖြုတ်ပြစ်လိုက်ပါပြီ။ သူ့ရဲ့ တွဒ်တာအကောင့် ဘိုင်အိုကိုလည်း ချိဖ်တွဒ်(တွဒ်ချုပ်ကြီး)လို့ ပြောင်းထားသလို မနေ့က တွဒ်တာရုံးချုပ်ကို သွားတုန်းကလည်း Let that sink in! ဆိုတာကို သရုပ်ပါအောင် လက်ဆေးခွက်ကြီး သယ်ပြီး ဝင်ချသွားတာပါ။ ဒီမနက်တော့ သူဘာကြောင့် တွဒ်တာကို ဝယ်ရတယ်ဆိုတာကို အောက်ပါအတိုင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ “လူတွေက ငါတွဒ်တာကို ဝယ်ရတဲ့အကြောင်းနဲ့ ကြော်ငြာတွေအပေါ် ငါဘယ်လိုထင်တယ်ဆိုတာကို မှန်းပြောနေကြတာ၊ အများစုက မှားနေပါတယ်။ ငါတွဒ်တာကို ဝယ်ရတာက အနာဂတ်လူ့ဘောင်အတွက် ဘယ်လို ယုံကြည်မှုမျိုးရှိတဲ့သူမဆို လာရောက်ပြီး အကြမ်းဖက်ခြင်းမပြုပဲ ကောင်းကောင်းမွန်မွန် ဆွေးနွေးငြင်းခုံနိုင်တဲ့ ဒစ်ဂျစ်တယ်ရင်ပြင်လိုမျိုး ရှိဖို့ အရေးကြီးလို့ပါပဲ။ အခုအချိန်မှာ ဆိုရှယ်မီဒီယာတွေမှာContinue reading “အောက်တိုဘာ ၂၇ရက် ၂၀၂၂”
အောက်တိုဘာ ၂၆, ၂၀၂၂
ဒီဘိတ်တွေ ကြည့်ရတာလည်း ခန္တီပါရမီ တော်တော်မွေးရပါတယ်။ တချိန်လုံးက ရေနံတူးခွင့် ပိတ်ပင်ဖို့၊ ၃၈ပတ်မိခင်လောင်းကို မွေးဖျက်ဖျက်ဖို့တောင် ဆော်သြနေခဲ့တဲ့ ဒီမိုကရက်တွေက ဒီဘိတ်မှာကျတော့ ရေနံတူးခွင့်ပြုမှာလိုလို၊ ရိုးဗီဝိဒ်စီရင်ထုံးအတိုင်းပဲ ပြန်ဖြစ်စေချင်တာလိုလိုနဲ့ ညာချ ဝါးချပြီး မုသားရွှင်ရွှင်နဲ့ ပြည်သူကို အထင်သေးစော်ကားသွားကြပါတယ်။ ဘိုင်ကြီးလည်း ရကပွဲမတိုင်ခင်က အဲဒီလိုပဲ ရေနံတူးတာနဲ့ အသက်မွေးတဲ့ပြည်နယ်တွေရောက်ရင် ရေနံတူးရမှာပေါ့လို့ ပြောပြီး တခြားပြည်နယ်တွေရောက်ရင် ပေးမတူးဘူးလို့ ဗလောင်းဗလဲ ပြောပြန်ပါတယ်။ ကိုယ်ဝန်ကိစ္စလည်း အဲဒီလိုပါပဲ။ ဟိုလူမေးတမျိုး၊ ဒီလူမေးတမျိုးပါ။ အိမ်ဖြူရောက်မှ လုပ်ချင်တာလုပ်တာပါ။ ဟူစိန်လဲဒီလိုပါပဲ။ ရိုးဗီဝိဒ်စီရင်ထုံးမှာတောင် ပထမ၃လပဲ မိခင်သဘောနဲ့ ဖျက်ခွင့်ပေးတာပါ၊ ဒုတိယ ၃လက မိခင်ကျန်းမာရေးထိခိုက်မှ ဆိုင်ရာပြည်နယ် ဥပဒေနဲ့အညီ ဆုံးဖြတ်ရတာဖြစ်ပြီး တတိယ၃လကိုတော့ ကလေးက အပြင်မှာ ရှင်နိုင်တဲ့အတွက် ဖျက်ခွင့် မပြုထားပါဘူး။ အဲဒါကိုContinue reading “အောက်တိုဘာ ၂၆, ၂၀၂၂”
အောက်တိုဘာ ၂၃ရက် ၂၀၂၂
တရုပ်ပြည်မှာ ပါတီရဲ့ အထွေထွေညီလာခံနောက်ဆုံးရက်မှာပဲ လက်ရှိသမ္မတ ရှီကျင့်ပင်မတိုင်ခင်ကသမ္မတလုပ်ခဲ့တဲ့ ဟူကျင်တောင်ကို အစည်းအဝေးခန်းမထဲကနေ ရှီရဲ့ အစောင့်တွေက ခေါ်ထုတ်သွားခဲ့ပါတယ်။ အဲဒီရက်မှာပဲ ဟူကျင်တောင်က မိန့်ခွန်းပြောဖို့ စီစဥ်ထားတာပါ။ ဆင်ဟွာက ကျန်းမာရေးကြောင့်လို့ သတင်းထုတ်ပေမယ့် အဲဒီလိုမဟုတ်တာ ကမ္ဘာက မြင်သွားပါပြီ။ ကမ္ဘာဆိုပေမယ့် အဲဒီဗီဒီယိုကိုတော့ တရုပ်ပြည်တွင်းမှာ လုံးဝ အစဖျောက်ထားတာပါ။ ပါတီအစည်းအဝေး ကျင်းပခဲ့တဲ့ရက်တွေမှာ ဘေကျင်းမှာ အလုပ်အသစ်တခု ဖန်တီးထားတာ တွေ့ရပါတယ်။ ကုန်းကျော်တံတား စောင့်ကြည့်သူတွေပါ။ အဲဒီလူတွေက ကုန်းကျော်တံတားတွေကနေ ရှီကို ဆန့်ကျင်တဲ့ ဘန်နာတွေ လာမချိတ်အောင် တားဆီးရပါတယ်။ ဒီကြားထဲ တချို့က ချိတ်ဖြစ်အောင် ချိတ်သွားပါသေးတယ်။ ဟူကျင်တောင်ဟာ သူ့မတိုင်ခင် သမ္မတဖြစ်ခဲ့တဲ့ ကျန်ဇီမင်ရဲ့ တပည့်တဦးဖြစ်ပြီး ရှီက ကျန်ကို သစ္စာခံသူတွေကို ခြစားမှုလို့ သမုတ်ပြီးContinue reading “အောက်တိုဘာ ၂၃ရက် ၂၀၂၂”
အောက်တိုဘာ ၂၀ ရက် ၂၀၂၂
ဂျာမဏီနိုင်ငံ ဝုလ်ဖ်ဘာ့ဂ်မြို့က ဈေးကြီးတဲ့ ပေါ့ရှ်ကားအရောင်းပြခန်းမှာ ကလိုင်းမိတ်ဆန္ဒပြသူတွေက သူတို့လက်တွေကို ကားပြခန်းကြမ်းပြင်မှာ ကော်နဲ့ ကပ်ထားကြပြီး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ သူတို့ဖြစ်ချင်တာက ဂျာမဏီရဲ့ ပို့ဆောင်ရေးကဏ္ဍကို ကာဘွန်ထုတ်လွှင့်မှုကင်းအောင်အထိ ဆောင်ရွက်ဖို့အတွက် အစိုးရကို ဖိအားပေးချင်တာလို့ ဆိုပါတယ်။ သူတို့က ကာဗွန်ထုတ်လွှင့်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာပြီး လူသန်းပေါင်းများစွာ သေကုန်မယ်ဆိုတဲ့ စာတွေ ပြခန်းအနှံ့ လိုက်ကပ်ထားကြပါသေးတယ်။ အဆိုပါအမျှော်အမြင်ကြီးမားသူများ မတွေးမိတာက သူတို့လက်တွေကို ကြမ်းပြင်မှာကော်နဲ့ ကပ်ထားရင် အပေါ့အလေး ထသွားဖို့ မဖြစ်နိုင်ဘူးဆိုတာပါ။ ရှိုးရွမ်းကိုပဲ အပေါ့အလေးသွားဖို့ ခွက်စီစဥ်မပေးလို့ အပြစ်တင်ကြပါတယ်။ ပြခန်းတာဝန်ခံတွေကလည်း ညဖက်ပြခန်းပိတ်ချိန်မှာ အပူပေးစနစ်ကို ထုံးစံအတိုင်း ပိတ်လိုက်တဲ့အတွက် သဘာဝမင်းသားများ သဘာဝကျကျ နေရတဲ့အရသာကို မြည်းစမ်းကြည့်ခွင့်တော့ ရကြမှာဖြစ်ပါတယ်။ ကာဗွန်ထုတ်လွှင့်မှုကြောင့် နှစ်ပေါင်း ရာနဲ့ချီကြာမှ ၁ ဒီဂရီလောက်Continue reading “အောက်တိုဘာ ၂၀ ရက် ၂၀၂၂”
အောက်တိုဘာ ၁၉ ရက် ၂၀၂၂
ကြီးသထက် ကြီးမြင့်လာနေတဲ့ ငွေဖောင်းပွမှုကြောင့် ပြည်သူတွေ ကျပ်တည်းလာကြတာကို တုန့်ပြန်ဖို့အတွက် ပြည်တွင်းအခွန်က ၂၀၂၃အတွက် standard deduction ကို တဦးကို ၉၀၀တိုးပြီး နှုတ်ခွင့်ပေးလိုက်ပါတယ်။ အပတ်စဥ်/လစဥ် ရတဲ့ လုပ်ခတွေထဲက ပိုနှုတ်ခွင့်ရသွားတဲ့အတွက် အခွန်နှုတ်ပြီး ကျန်တဲ့ အသားတင်ဝင်ငွေ အနည်းငယ် တိုးသွားမှာဖြစ်ပါတယ်။ အမေရိကန်မှာ နှစ်ပတ်တခါ (သောက်ြာတပတ်ခြား) (သို့) တလနှစ်ကြိမ် (၁၅ရက်နဲ့ လကုန်ရက်) လုပ်ခရှင်းလေ့ရှိကြတဲ့အတွက် တဦးကို တကြိမ်မှာ ၃၂-၃၅ဒေါ်လာလောက် ပိုကျန်မှာဖြစ်ပါတယ်။ တနေ့ကို ၂ဒေါ်လာစွန်းစွန်းလောက်ဆိုပါတော့။ ငွေဖောင်းပွမှုနှုန်းကို လိုက်ပြီး standard deduction ကို ညှိပေးကြရတာဖြစ်တဲ့အတွက် အဲဒီနှုန်းကလည်း ငွေဖောင်းပွမှုလိုပဲ ၁၉၈၅နောက်ပိုင်း အမြင့်ဆုံး ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ရတဲ့ ဝင်ငွေအပေါ်မှာ ကင်းလွတ်ခွင့်ကိုလည်း ၂၀၂၃မှာ တိုးမြှင့်ပေးမယ်လို့ ဆိုပါတယ်။ အခွန်လျော့တာနဲ့အတူContinue reading “အောက်တိုဘာ ၁၉ ရက် ၂၀၂၂”
အောက်တိုဘာ ၁၈ ရက် ၂၀၂၂
မစ်တမ်းရကပွဲတွေ နီးကပ်လာတဲ့အချိန်မှာ တဖက်နဲ့တဖက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာနေပါတယ်။ ဟိုးနှစ်ပေါင်းများစွာတုန်းကတော့ ပြည်သူအများရှေ့မှာ တဖက်နဲ့တဖက် မူတွေချပြပြီး ကိုယ့်မူက သာလွန်ကြောင်း အကျိုးများကြောင်း ဒီဘိတ်လုပ်ကြတာပါ။ တဖက်နဲ့ တဖက် အပြန်အလှန် မေးခွန်းထုတ်တာ ထောက်တာ ငြင်းတာတွေ လုပ်ခဲ့ကြသလို ပြည်သူကပါ ဝင်ပြီး မေးခွန်းထုတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကနေ့ခေတ်ဒီမိုကရက်တွေကတော့ အလွန်ကောင်းမွန်သင့်မြတ်တဲ့ အစဥ်အလာကို စွန့်ပယ်ပြီး မျက်နှာချင်းဆိုင် ဒီဘိတ်လုပ်ကြဖို့ကို တီဆားပက်သလောက် ကြောက်နေကြတာဟာ အဆင့်ဆင့်သော ရွေးကောက်ပွဲတိုင်းလိုလိုမှာ ဖြစ်ပါတယ်။ မလွှဲမရှောင်နိုင်တဲ့ အဆုံးမှာမှ တချို့က တကြိမ်လောက်သာ လုပ်ဖို့သဘောတူကြပြီး အဲဒါကလည်း သူတို့စည်းကမ်းတွေကို လိုက်လျောမှ သဘောတူကြတာဖြစ်ပါတယ်။ အရီဇိုးနားဂါဗာနာပြိုင်ပွဲမှာ ရီပါဘလစ်ကန်ဘက်ကပြိုင်မယ့် ထရမ့်ထောက်ခံပေးထားတဲ့ သတင်းသမား ကယ်ရီလိတ်ခ်က ဒီမိုကရက်ပြိုင်ဖက် ကေတီဟော့ဘ်စ်ကို ဒီဘိတ်လုပ်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့တာမှာ ကေတီကလည်းContinue reading “အောက်တိုဘာ ၁၈ ရက် ၂၀၂၂”
အောက်တိုဘာ ၁၅, ၂၀၂၂
ဥရောပမှာ ဆောင်းဦးကာလရောက်နေပြီး မကြာခင် ဆောင်းဝင်တော့မှာဖြစ်တဲ့အတွက် စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းကလူတွေအတွက် နိုင်ငံတကာအစိုးရတွေက အကူအညီတွေ ပို့ကြဦးမှာ ဖြစ်ပါတယ်။ယူကရိန်းကို ထောက်ခံစာနာကြတဲ့သူတွေ အမေရိကန်မှာရော ကမ္ဘာမှာပါ အများကြီးမှ အများကြီးပါ။ တကယ်တမ်း ကိုယ့်အိတ်ထဲက စိုက်ထုတ်ပြီး ကူညီတာမျိုးကတော့ တော်တော်လေး နည်းပါတယ်။ စစ်ဖြစ်တာကြိုက်သူတွေက နှစ်ပါတီစလုံးမှာ ရှိနေတာဖြစ်ပြီး တကယ်ငြိမ်းချမ်းရေးရဖို့ ဖိဖိစီးစီး ဝင်ဆွေးနွေးပေး၊ စစ်ကို တားမြစ်နိုင်ဖို့ နည်းလမ်းသစ်ရှာတာမျိုး၊ ထိရောက်တဲ့ အကူအညီပေးသူကတော့ နှစ်ပါတီလုံးမှာ နည်းပါတယ်။ စစ်ပွဲသက်ဆိုးရှည်အောင်နဲ့ စားကောင်းဝါးကောင်းအောင်လောက်သာ လုပ်နေကြသလိုပါပဲ။ အဲဒီထဲမှာ အီလွန်က စတားလင့်ခ်ဂြိုလ်တုတွေ ထောက်ပံ့ပေးထားတာဖြစ်ပြီး အဲဒီစားရိတ်က ဒီနှစ်ကုန်ဆို သန်း၁၀၀ကျော်သွားတော့မယ်လို့ ဆိုပါတယ်။ အဲဒီလောက် အကုန်ခံ အပင်ပန်းခံပြီး ကူညီထားတဲ့အီလွန်ကိုတောင် ယူကရိန်းကို ဝေဖန်တာနဲ့ပဲ ပူတင့်လူလို့ သမုတ်နေကြသေးတာပါ။ ဖိုင်နန်ရှယ်တိုင်းမ်စ်ကလည်း စတားလင့်ကContinue reading “အောက်တိုဘာ ၁၅, ၂၀၂၂”