Salman Rushdie stabbed in NY

၁၉၈၀ပြည့်လွန်နှစ်တွေတုန်းက စေတန်နစ်ဗာ့စ်စ်စာအုပ်ကြောင့် ဟိုဘာသာကြီးရဲ့ စစ်သွေးကြွတွေက တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းအမိန့်ထုတ်ခံခဲ့ရတဲ့ အိန္ဒိယဖွား စာရေးဆရာကြီး ဆာအာမက်ဆောလ်မွန်ရှပ်ရှ်ဒီးဟာ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးတောင်ဖက်က Chautauqua မြို့လေးမှာ ဟောပြောပွဲတခု ပြုလုပ်နေစဥ် လူတဦးက စင်ပေါ်တက်ပြီး ဓါးနဲ့အကြိမ်ကြိမ်ထိုးခဲ့ပါတယ်။ ဖြစ်စဥ်ဟာ စက္ကန့် ၂၀လောက် ကြာမြင့်ပြီး လူတွေက ရုတ်တရက် ကြောင်သွားကြလို့ ချက်ချင်းမတုန့်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံကို ရဟတ်ယာဥ်နဲ့ ခေါ်ဆောင်သွားစဥ်မှာတော့ ရှပ်ရှ်ဒီးဟာ အသက်ရှင်လျက် ရှိနေပြီး စင်ပေါ်မှာတော့ သွေးတွေ ပြန့်ကြဲနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကနေ့သူဟောပြောမယ့်ခေါင်းစဥ်က ရှောင်ပြေးနေရတဲ့ စာရေးဆရာတွေနဲ့ တခြားအနုပညာသည်တွေအတွက် အမေရိကန်ဟာ လွတ်လွတ်လပ်လပ် ဖန်တီးဖော်ထုတ်ခွင့်ရှိတဲ့ ခိုလှုံရာ ကင်းလွတ်နယ်မြေအဖြစ် ဆွေးနွေးသွားဖို့ စီစဥ်ထားတာပါ။ ရှပ်ရှ်ဒီးကို စေတန်းနစ်ဗာ့စ်စ်စာအုပ်အတွက် အီရန်က ခိုမေနီက သေမိန့်ထုတ်ထားကလို သူ့စာအုပ်ကိုလည်း ဘန်းကြတဲ့နိုင်ငံတွေContinue reading “Salman Rushdie stabbed in NY”

FBI Raid on Trump Home 3

တနင်္လာနေ့က ထရမ့်ရဲ့ မာရာလေဂိုအိမ်ကို အက်ဖ်ဘီအိုင်တွေ ဝင်စီးတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား အုတ်အော်သောင်းနင်းဖြစ်သွားတာကြောင့် ဘိုင်ဒန်နဲ့ ဘဒအစိုးရရဲ့ ရှေ့နေချုပ် မဲရစ်ဂါလန်တို့ကို မေးမြန်းဖို့ လိုက်ရှာခဲ့ကြပါတယ်။ ဘိုင်ဒန်က ဟန်းတားကိုပါခေါ်ပြီး ဗကေးရှင်းထွက်သွားလို့ မေးလို့မရသလို မဲရစ်ဂါလန်ကလည်း ဘယ်ရောက်နေမှန်း စုံစမ်းလို့ မရဘူးဖြစ်နေပါတယ်။ ဘိုင်ဒန်မိသားစုက တောင်ကာရိုလိုင်းနားက ဒီမိုကရက်တွေရဲ့ အမာခံအလှူရှင် မာရီယာအော်လွင်ရဲ့ သန်း၂၀တန် ပင်လယ်ကမ်းခြေက အိမ်ကြီးမှာ အခမဲ့ သွားရောက်ဇိမ်ခံနေပါတယ်။ (ဘိုင်ဒန်အိမ်ဖြူစရောက်ကတည်းက အရင်သမ္မတတွေလို အစိုးရအပန်းဖြေစခန်းတွေကို သွားလေ့မရှိပဲ ဒီလဝဲကမ်းခြေက သူ့အိမ်(သို့) အခုလို လူနိုင်သူဌေးတွေရဲ့ အိမ်တွေမှာပဲ အခမဲ့ လှည့်နားနေတာပါ။ ဟန်းတာက အမြဲပါသွားတာဆိုတော့ ဖြစ်နိုင်တာတခုက လက်ဝါးရိုက်တာတွေ ပွဲစားလုပ်တွေ့ပေးတာတွေကို လူမသိစေချင်လို့ ဖြစ်ပါလိမ့်မယ်။) ဂါလန်ကတော့ လူတွေလိုက်ကြလွန်းလို့ ကနေ့မှ စာထုတ်ပြီး ထရမ့်အိမ်ကိုContinue reading “FBI Raid on Trump Home 3”

FBI raid on Mar-a-Lago 2

မနေ့က ထရမ့်ရဲ့ ဖလော်ရီဒါက မာရာလေဂိုအိမ်ကြီးကို အင်အားသုံး ရှောင်တခင် ဝင်ရှာခဲ့တာဟာ ၉နာရီကျော် ကြာမြင့်ပြီး သမ္မတဟောင်းထရမ့်ရဲ့ သီးသန့်ရုံးခန်းထဲကို ဝင်ရှာခါ မီးခံသေတ္တာကြီးကို ချိုးဖျက်ဖွင့်ဖောက်ပြီး အံဆွဲတွေ အကုန်ဖွင့်ထုတ်ပြီး နာရီပေါင်းများစွာ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထရမ့်တို့ အိပ်ခန်းက မီလာနီယာရဲ့ အဝတ်အစားဘီရိုတွေပါမချန် စစ်စစ်ပေါက်ပေါက် ရှာဖွေခဲ့ပါသေးတယ်။ ရှာဖွေဝရမ်းမှာ ပါတာက သမ္မတဖြစ်စဥ်က မှတ်တမ်းတွေနဲ့ လျို့ဝှက် အချက်အလက်တွေကို အဲဒီစံအိမ်မှာ သိမ်းထားတယ်ဆိုတာကို သက်သေပြချင်လို့ ဖြစ်ပါတယ်။ အဲဒါဆိုရင် သမ္မတကတော်ရဲ့ အဝတ်ဘီရိုတွေကို စစ်စစ်ပေါက်ပေါက်လိုက်ကြည့်တာက သက်သက် စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တာပါပဲ။ မျက်မြင်သက်သေတွေအဆိုအရလည်း အက်ဖ်ဘီအိုင် အေးဂျင့်တွေဟာ မောက်မာကြတယ်လို့ ဆိုပါတယ်။ အက်ဖ်ဘီအိုင်ယူသွားတဲ့ ပုံး၁၅လုံးကို အစိုးရပိုင်အဖြစ် သိမ်းဆည်းလိုက်ပြီဖြစ်ပြီး တခြား ဘာတွေယူသွားသေးလဲဆိုတာကိုတော့Continue reading “FBI raid on Mar-a-Lago 2”

FBI Raid on Trump Home 1

ဒီကနေ့ ၄၅ရဲ့ ဖလော်ရီဒါက အိမ်ကို အက်ဖ်ဘီအိုင်က အင်အားနဲ့ ဝင်စီး ဝင်ရှာပြီး မီးခံသေတ္တာ ဖွင့်ခိုင်းကာ ပုံး၁၅လုံးခန့်ရှိ စာရွက်စာတမ်းတွေကို စစ်ဆေးဖို့ဆိုပြီး သိမ်းသွားပါတယ်။ သမ္မတထရမ့်က အစိုးရဌာနတွေ စစ်ချင် ဆေးချင်တာရှိတိုင်း ငါတို့ ပူးပေါင်းဆောင်ရွက်နေတာပဲ၊ အခုလို မပြောမဆိုနဲ့ ဝင်စီးတာ ဝင်စစ်တာမျိုး လုပ်စရာ မလိုအပ်သလို လုပ်ဖို့လည်း မသင့်တော်ဘူးလို့ ဆိုပါတယ်​။ အခုလို အင်အားသုံးစီးနင်းတာက ထရမ့်က ၂၀၂၄ရွေးကောက်ပွဲကို ဝင်မယ့်သဘောမျိုး အရိပ်အမြွက် နောက်ဆုံးပြောခဲ့ပြီး ၂ရက်အကြာမှာ ဖြစ်ပါတယ်။ သမ္မတထရမ့်က အဆိုပါစီးနင်းမှုအပေါ် “တရားရေးဌာနရဲ့ မလျှော်ကန်တဲ့ အပြုအမူဖြစ်ကြောင်း၊ လက်ဝဲစွန်းတွေက သူ့ကို ၂၀၂၄မှာ ဝင်ပြိုင်လို့ မရအောင် တရားရေးစနစ်ကြီးတခုလုံးကို လက်နက်သဖွယ် အသုံးချနေတာဖြစ်ကြောင်း၊  အမေရိကန်သမိုင်းမှာ ဘယ်သမ္မတမှ မကြုံခဲ့ဖူးဘူးကြောင်း၊ ဒီမိုကရက်တွေကContinue reading “FBI Raid on Trump Home 1”

ဖြစ်လာတော့မယ့် ကမ္ဘာ့ ရိက္ခာအကျပ်အတည်းရဲ့ လက်သည် (အဆက်)

နယ်သာလန်မှာ နိုက်ထရိတ်အသုံးပြုမှုကို ကန့်သတ်လိုက်သလိုမျိုး ကနေဒါအစိုးရကလည်း စတင်ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။ နိုက်ထရိတ်ကန့်သတ်တယ်ဆိုပေမယ့် အဲဒါက ဓါတ်မြေဩဇာ အသုံးပြုတဲ့ သမားရိုးကျ စိုက်ပျိုးမှုအားလုံးကို အကျုံးဝင်စေမှာဖြစ်လို့ ထိခိုက်မှုက အကြီးကြီးဖြစ်မှာပါ။ ကန့်သတ်တဲ့အကြောင်းရင်းကတော့ နယ်သာလန်တုန်းကလိုပဲ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြုလုပ်ခဲ့တဲ့ သဘောတူညီမှု၊​ အဲဒါရဲ့ တွန်းအားက ယူနိုက်တက်နတ်သင်းရဲ့ ၂၀၃၀အာဂျင်ဒါပဲ ဖြစ်ပါတယ်။ အင်မတန်ရိုးသားအေးဆေးတဲ့ နယ်သာလန်က လယ်သမားတွေလိုပဲ ကနေဒါကလယ်သမားတွေလည်း စတင်ဆန္ဒပြကုန်ကြပြီ ဖြစ်ပါတယ်။ ဓါတ်မြေဩဇာကနေ သဘာဝအော်ဂဲနစ်ကို ချက်ချင်းပြောင်းလို့ ရတာမဟုတ်တော့ အများစုက အလုပ်တွေ ရပ်ပစ်ရမယ့် အနေအထား ဖြစ်နေတာပါ။ လယ်သမားတွေ အလုပ်မဖြစ်တော့ရင် ကုန်ကားမောင်းသူတွေပါ ထိမှာဖြစ်လို့ ကုန်ကားသမားတွေပါ ဆန္ဒပြ နေကြပါတယ်။ အခုလို ကမ္ဘာနဲ့ အဝှမ်း ရိက္ခာရှားပါး (သို့) ဈေးတွေ ခေါင်ခိုက်နေချိန်မှာ ဓါတ်မြေဩဇာContinue reading “ဖြစ်လာတော့မယ့် ကမ္ဘာ့ ရိက္ခာအကျပ်အတည်းရဲ့ လက်သည် (အဆက်)”

Congratulations West Virginia!! Way to go!!

အနောက်ဗာဂျီးနီးယားပြည်နယ် ဘဏ္ဍာရေးမှူးရိုင်လီမောရ်က BlackRock (ကမ္ဘာ့အကြီးဆုံးအက်ဆက်မန်နေဂျာ), Wells Fargo, JP Morgan Chase, Morgan Stanley နဲ့ Goldman Sachs တို့ဟာ ရေနံ/ဓါတ်ငွေ့/ကျောက်မီးသွေး စတဲ့ ရုပ်ကြွင်းလောင်စာ ကို သပိတ်မှောက်တဲ့အတွက် သူ့ပြည်နယ်မှာ ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဘာကန်ထရိုက်မှ မရစေရလို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် အဆိုပါ ဘဏ်ကြီးတွေဟာ တနှစ်ဝင်ငွေ ၁၈ဘီလီယံ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဘဏ်ကြီးတွေကတော့ သဘောမတူကြောင်း ပြောခဲ့ကြပါတယ်။ အခုလို ဆုံးဖြတ်ရတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ စွမ်းအင်လိုအပ်ချက်ကို ကျောက်မီးသွေးက ၁၉ရာနှုန်းသာ ဖြည့်စည်ပေးနေတာဖြစ်ပေမယ့် အနောက်ဗာဂျီးနီးယားက လျှပ်စစ်စွမ်းအင်လိုအပ်ချက်ရဲ့ ၈၉ရာနှုန်းကို ကျောက်မီးသွေးကနေ ရတာပါ။ ၂၀၁၈တုန်းက ဒီပြည်နယ်မှာ ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်သူပေါင်း ၁၄,၀၀၀ နီးပါးရှိပြီးContinue reading Congratulations West Virginia!! Way to go!!”

ဇူလိုင် ၂၇ရက် ၂၀၂၂

၂၀၁၇တုန်းက စီစီပီက ဒီစီမှာ သန်း၁၀၀ကုန်ကျမယ့် တရုပ်ပန်းခြံ လှလှလေးတခု ဆောက်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဆိုပါပန်းခြံမှာ လှပခန့်ညားတဲ့ ဗိမ္မာန်တွေ၊ မဏ္ဍပ်တွေအပြင် ပေ၇၀မြင့်တဲ့ စေတီဖြူတဆူ ပါဝင်မှာဖြစ်လို့ ဒီစီအုပ်ချုပ်သူတွေက တိုးရစ်တွေ ထောင်နဲ့ချီတိုးလာမယ့်အရေးကို တွေးပြီး ဝမ်းပမ်းတသာ လက်ခံဖို့ တာစူနေခဲ့ကြပါတယ်။ အက်ဖ်ဘီအိုင်က ပန်းခြံပရောဂျက် အဆိုပြုချက်ကို သေချာကြည့်တော့မှ စေတီတည်မယ့်နေရာက ကာပီတိုနဲ့ နှစ်မိုင်ပဲ ဝေးပြီး ဒီစီရဲ့ အမြင့်ဆုံးနေရာတွေထဲက တခုမှာ ဖြစ်နေတော့ အမေရိကန်တွေရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး စတဲ့ ဆစ်ဂ်နယ်လ်တွေ ထောက်လှမ်းဖမ်းယူနိုင်ဖို့ အကောင်းဆုံးနေရာဖြစ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ တရုပ်အရာရှိတွေက အဲဒီစေတီကို တည်ဆောက်မယ့် ပစ္စည်းတွေကို သံတမန်ကင်းလွတ်ခွင့်နဲ့ အစစ်အဆေးမရှိ ဝင်လာတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ဆောက်လုပ်ချင်တာ တွေ့ရှိခဲ့တဲ့အတွက် အက်ဖ်ဘီအိုင်က ကန့်ကွက်ခဲ့ကြောင်းContinue reading “ဇူလိုင် ၂၇ရက် ၂၀၂၂”

ဇူလိုင် ၂၄ ရက် ၂၀၂၂

အမေရိကန်မှာ ၃လပတ် နှစ်ခုဆက်တိုက် ဂျီဒီပီ ကျဆင်းခဲ့တာဖြစ်လို့ ပုံမှန်အဓိပ္ပါယ် ဖွင့်ဆိုချက်အရ စီးပွားရေးဆုတ်ယုတ်မှု ရီဆက်ရှင်ကာလထဲ ရောက်နေပြီလို့ ပြောလို့ ရပါတယ်။ ငွေဖောင်းပွမှုနှုန်းက ၉.၁ရာနှုန်းဖြစ်ၿပီး ဘိုင်ဒန်အစိုးရက ကုစားဖို့ ဘာမှပြင်ဆင်နေတာ မရှိတဲ့အပြင် ဒီမိုကရက်ဦးစီးတဲ့ လွှတ်တော်က ကန်ဂါးရူးခုံရုံးလိုမျိုးဖွဲ့ပြီး ထရမ့်လူတွေကိုပဲ အပြစ်ကြီးကြီးချဖို့ လုံးပမ်းနေပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်အကြောင်းပြပြီး အစိုးရအသုံးစားရိတ်တွေချည့် လှိမ့်တောင်းနေခဲ့တာကြောင့်  သတင်းကောင်းမြင်ရဖို့က ဝေးနေသေးတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အိမ်ဖြူက ရီဆက်ရှင်နဲ့ပတ်သက်ပြီး လုံးဝ အလုပ်မလုပ်တာတော့ မဟုတ်ပါဘူး။ အိမ်ဖြူဝက်ဘ်စာမျက်နှာမှာ “ ရီဆက်ရှင်ရဲ့ လက်ရှိအဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တရားဝင်လည်းမဟုတ်၊ စီးပွားရေးကြီးတခုလုံးကို တပတ်လည်အောင် ပညာရှင်တွေ သုံးသပ်ထားတာလည်း မဟုတ်တဲ့အတွက် လုပ်အားဈေးကွက်၊ ပြည်သူနဲ့ လုပ်ငန်းတွေရဲ့ အသုံး၊ ကုန်ထုတ်လုပ်မှု၊ ဝင်ငွေ စတာတွေအပေါ်မှာ ခြုံငုံသုံးသပ်ရပါမယ်၊Continue reading “ဇူလိုင် ၂၄ ရက် ၂၀၂၂”

သီရိလင်္ကာပြီးတော့ ဘယ်နိုင်ငံတွေ ဒေဝါလီခံဖို့ နီးပြီလဲ

တရုပ်ရဲ့ ကြီးမား၊ အကုန်အကျများပြီး တွက်ခြေမကိုက်တဲ့ စီမံကိန်းတွေကို လက်ခံခဲ့ကြတဲ့ နိုင်ငံတွေ တဖြည်းဖြည်းနဲ့ မရှုနိုင်မကယ်နိုင် ဖြစ်လာကြပါပြီ။ အရင်က နိုင်ငံခြားကုမ္ပဏီတွေရဲ့ စီမံကိန်းတွေက နှစ် ၃၀ စာချုပ်ကြတာများပြီး တွက်ခြေကိုက်ခဲ့ကြပါတယ်။ တရုပ်က နောက်ပိုင်းမှာ စီမံကိန်း အကြီးကြီးတွေ အဆိုပြုပြီး အနှစ် ၉၉နှစ် စီမံကိန်းတွေ လုပ်လာကြပါတယ်။ အဲဒီလိုစီမံကိန်းတွေ အများစုကလဲ သူတို့ရဲ့ ခါးပတ်လမ်းစီမံကိန်းအတွက် ဆောက်တာပါ။ ခါးပတ်လမ်းကြီး အကောင်အထည်ပေါ်လာရင် ဘယ်လောက်တောင် ပိုက်ဆံရမယ်၊ အလုပ်အကိုင်တွေ ပေါမယ် စတာတွေနဲ့ ဆွဲဆောင်ကြလို့ ကျသွားတာတွေ ရှိသလို စီမံကိန်းကြီးလေ အဆင့်ဆင့်ဝိုက်ပြီး စောရသူဌေး အမြန်ဆုံးဖြစ်နိုင်လို့ လက်ခံပေးကြတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ လာဘ်မစားဘဲ ပြည်သူကို အလေးထားတဲ့ အစိုးရတွေမှာသာ တရုပ်နဲ့ အကျေအလည်ညှိနှိုင်းပြီး တိုင်းပြည်/ပြည်သူContinue reading “သီရိလင်္ကာပြီးတော့ ဘယ်နိုင်ငံတွေ ဒေဝါလီခံဖို့ နီးပြီလဲ”

ဇူလိုင် ၁၈ရက် ၂၀၂၂

အမေရိကန်မှာ ကလေးနို့မှုန့် ရှားပါးပြတ်လပ်မှု ဖြစ်နေခဲ့တာ လအနည်းငယ်ရှိသွားပြီ ဖြစ်ပါတယ်။ ဘိုင်ဒန်အစိုးရက လေယာဥ်တွေနဲ့ ဥရောပနဲ့ ဩစတေးလျက နို့မှုန့်တွေကို သယ်ယူလာပြီး ဖြန့်ဖြူးပေးခဲ့တယ်လို့ ဂုဏ်ဆာခဲ့ကြပေမယ့် အဲဒါက ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းတာ မဟုတ်တော့ နို့မှုန့်ရှားပါးမှုက လျော့မသွားပါဘူး။ ဆိုင်တွေမှာ တင်နေကျ နို့မှုန့်တွေရဲ့ ၂၈.၃ရာနှုန်းက ပစ္စည်းပြတ်နေပြီး မေလနှောင်းပိုင်းမှာ ၂၃.၇ရာနှုန်း ပစ္စည်းပြတ်တာနဲ့စာရင် ပိုဆိုးလာပါတယ်။ သယ်ယူလာတဲ့ နို့မှုန့်တွေကို ပြည်သူတွေ အလကားမရပေမယ့် နယ်စပ်က ခိုးဝင်တွေအတွက်တော့ အလျှံပယ် ပို့ပေးနေတာပါ။ ခိုးဝင်အတွက်ဆိုရင် နို့မှုန့်မပြောနဲ့ ကိုယ်ဝန်ဖျက်ချချင်ရင်တောင် အစိုးရစားရိတ်နဲ့ ဖျက်ချလို့ရတဲ့ ပြည်နယ်ကို ပို့ဆောင်အကုန်ခံပေးဖို့ အိုက်စ်ယာယီဒါရိုက်တာ တေးဂျွန်ဆန်က အိုက်စ်အန်ဖို့စ်မန့်ဌာန ခေါင်းဆောင် ကိုရီပရိုက်စ်ဆီ ပို့တဲ့မီမိုမှာ ဖော်ပြထားပါတယ်။ ဝယ်ယူသူတွေကလဲ အရင်လို တပေါင်ဗူးတွေContinue reading “ဇူလိုင် ၁၈ရက် ၂၀၂၂”