မနေ့က တက္ကဆက်စ်ပြည်နယ် မက္ကဆီကိုနယ်စပ်နားက လူဦးရေ ၁၆,၀၀၀ လောက်ပဲရှိတဲ့မြို့ကလေးက မူလတန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်လို့ အနည်းဆုံး ဆရာ/မ ၂ဦးနဲ့ စာသင်ခန်း တခန်းထဲက ၄တန်းကျောင်းသား/သူ ၁၉ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ပစ်ခတ်သူက ၁၈နှစ်အရွယ် လက်တီနိုလူငယ်ဖြစ်ပြီး နောက်တခန်းထဲကို ဝင်မလို့ လုပ်နေတုန်းမှာ ဆရာမက တံခါးသော့ချလိုက်လို့ ဝင်မရခဲ့ပါဘူး။ ပစ်ခတ်သူ ဆယ်လ်ဗေဒို ရာမို့စ်ဟာ ကျောင်းကို မလာခင်ကလည်း သူ့အဖွားကို ပစ်ခတ်သွားပြီးမှ ကျောင်းဖက်ကို မောင်းလာပြီး ကျောင်းထဲ ဝင်ပစ်သွားတာလို့ ဆိုကြပါတယ်။ သူ့ကို သေနတ်သံကြားလို့ အပြေးလာတဲ့ ဘော်ဒါပက်ထရိုလ်ရဲက နောက်လာမယ့် ပစ်ကူမစောင့်တော့ပဲ ပစ်သတ်ခဲ့လိုက်ပါတယ်။ ပစ်ခတ်သူက အေအာ-၁၅နဲ့ သေနတ်တို ပေါင်းနှစ်လက် ယူဆောင်လာတာပါ။ ကနေ့ထပ်မံရရှိတဲ့ သတင်းတွေအရ ပစ်ခတ်သူဟာ လစ်ပ်စ်ဆိုတဲ့ တချို့အသံတွေContinue reading “မေ ၂၅ ရက် ၂၀၂၂”
Category Archives: Uncategorized
မေ ၂၃ ရက် ၂၀၂၂
ဘိုင်ဒန်ရဲ့ အာရှပစိဖိတ်ခရီးစဥ်က တောင်ကိုးရီးယားကို သွားလည်တာ ဘာမှ ရမလာခဲ့ပါဘူး။ တ/ကရယရဲ့ လုံခြုံရေးကို တာဝန်ယူထားရတဲ့နိုင်ငံက ချမ်းသာနေပြီဖြစ်တဲ့ နိုင်ငံဆီက ကျသင့်သလောက်တော့ ပြန်ရသင့်ပါတယ်။ အထူးသဖြင့်တိုင်းပြည်က ကြွေးတွေနစ်ပြီး ပြည်သူတွေ အကြပ်တွေ့နေချိန်မှာ တ/ကအနေနဲ့ မိတ်ဆွေကောင်း မဟာမိတ်ကောင်း ပီသဖို့ လိုပေမယ့် မတောင်းပဲတော့ ဘယ်သူမှ ပေးကြမှာ မဟုတ်ပါဘူး။ ထရမ့်လက်ထက်က အဲဒီလို နိုင်ငံတွေဆီက ရသင့်ရထိုက်တာ ရအောင် တောင်းနိုင်ခဲ့ပေမယ့် ဘောမရှိတဲ့ အိမ်ကျယ်ဘိုင်ဒန်ကတော့ လက်ဗလာနဲ့သာ ပြန်လာရပါတယ်။ ဂျပန်ကလည်း သူတို့ ပြဿနာနဲ့သူတို့၊ ဖိလစ်ပိုင်ကိုလည်း တရုပ်လက်မပါခင် ပြန်မဆွဲနိုင်လို့ စစ်စခန်းတွေပါ မထားတော့ဘူးဆိုရင် အာရှမှာ ချိန်ခွင်လျှာ တော်တော်ပြောင်းသွားနိုင်ပါတယ်။ ရဲရင့်ထက်မြက်တဲ့ ထရမ့်လက်ထဲမှာ နျူခလုတ်ထားရတာကို အီးထွက်မတတ် ကြောက်ပြနေခဲ့ကြတဲ့ ဒီမိုကရက်တွေက အခုလို ကဘောက်တိကပေါက်ချာတွေContinue reading “မေ ၂၃ ရက် ၂၀၂၂”
မေ ၂၂ရက် ၂၀၂၂
ပလိုးစီက အကန့်အသတ်မရှိ ကိုယ်ဝန်ဖျက်ချတာကို ဖက်ဒရယ်အဆင့် ခွင့်ပြုဖို့ ကြိုးစားနေတာကို သူနေတဲ့ ဆန်ဖရန်စ္စကိုမြို့က အာ့ခ်ဘိရှော့က သူမကို ရွေးချယ်ခွင့် နှစ်ခုပေးလိုက်ပါတယ်၊ သူမအနေနဲ့ ကိုယ်ဝန်ဖျက်ချဖို့ အားပေးနေတာကို ရပ်တန့်ဖို့နဲ့ မရပ်တံ့ခဲ့ရင် သူမကိုယ်သူမ ကက်သလစ်ဘာသာဝင်လို့ မပြောဖို့တွေ ဖြစ်ပါတယ်။ အဲဒီလို မရွေးချယ်ခဲ့ရင် သူတို့ဘုရားကျောင်းက ဟိုလီကွန်မြူနီယံကို လာခွင့်မရှိဘူးလို့ ဆိုပါတယ်။ အရင်ကတဲက ကိုယ်ဝန်ဖျက်ချတာကို ဒီမိုကရက်တွေက ထောက်ခံလေ့ရှိပေမယ့် အကန့်အသတ်မရှိ မဟုတ်ခဲ့ကြသလို လူသိရှင်ကြားလည်း ပြောလေ့မရှိကြပါဘူး။ အာ့ခ်ဘိရှော့က အဲဒီလိုပြောလိုက်တဲ့အပေါ်မှာ အက်စ်အက်ဖ်အိတ်ဇမင်းနာ အယ်ဒီတာအဖွဲ့က အဆိုပါ အာ့ခ်ဘိရှော့ကို ဖြုတ်ပစ်ဖို့ ပုပ်ရဟန်းမင်းကြီးကို တောင်းဆိုလိုက်ပါတယ်။ ပလိုးစီနှပ်ပစ်ခံရတာ ဒီတခုထဲတော့ မဟုတ်ပါဘူး။ မြောက်အိုင်ယာလန်ကိစ္စ အငြင်းပွားမှုမှာ အီးယူနဲ့ ယူကေကြား ဝင်ပါခဲ့လို့ ယူကေက ဒီမိုကရက်တစ်ယူနီယံနစ်ပါတီခေါင်းဆောင် ဆာဂျက်ဖရီဒေါ်နယ်လ်ဆန်ကContinue reading “မေ ၂၂ရက် ၂၀၂၂”
မေ ၂၁ ရက် ၂၀၂၂
တသက်လုံးထောက်ခံလာတဲ့ ဒီမိုကရက်တွေကို အခုကစပြီး မဲမပေးတော့ဘူး၊ ရီပါဘလစ်ကန်ကိုပဲ မဲပေးတော့မယ်လို့ ပြောလာတဲ့ အီလွန်မတ်စ်ကို ဒီမိုကရက်ကို မထောက်ခံသူတွေ ကြုံတွေ့ရတဲ့ ထုံးစံအတိုင်း ပုဂ္ဂိုလ်ရေးထိုးနှက်မှုတွေ၊ လိင်ကိစ္စ စွပ်စွဲမှုတွေနဲ့ အောက်လုံးထိုး တိုက်ခိုက်လာကြပါတယ်။ သူ့တက်စ်လာကုမ္ပဏီကိုပါ S&P 500 ESG ကပါ ဖယ်ရှားခံလိုက်ရပြီး နောက်ပိုင်းမှာ အီလွန်မတ်စ်က သူ့ကို တိုက်ရိုက် အစီရင်ခံရမယ့် အမာခံတရားစီရင်ရေးဌာနကို ဖွဲ့စည်းဖို့ စီစဥ်လိုက်ပါတယ်။ ပယ်ရှားလိုက်တဲ့ အကြောင်းပြချက်က အသားအရောင်ခွဲခြားတယ်လို့ စွပ်စွဲထားတဲ့ အမှုဖြစ်ဖူးတာရယ်၊ အော်တိုပိုင်းလော့မှာ ကာတိုက်ဖူးတာရယ်ကြောင့်လို့ ရိုက်တာက ရေးပေမယ့် S&P ESG ကို ဦးဆောင်သူ မာဂရက်ဒွန်းကတော့ တက်စ်လာက သူ့ကားတွေ ကာဗွန်ထုတ်လွှင့်မှုနည်းတဲ့ အကြောင်းတွေကို အသေးစိတ်ရေးသားထုတ်ဝေမထားတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ တခြားကားတွေမှာ ယူစာမန်နျူရယ်စာအုပ်ပါပေမယ့် တက်စ်လာမှာContinue reading “မေ ၂၁ ရက် ၂၀၂၂”
မေ ၂၀ ရက် ၂၀၂၂
တွဒ်တာကို အီလွန်ဝယ်မယ်ဆိုတုန်းက အပြိုင်ကမ်းလှမ်းခဲ့တဲ့ တက်ခ်ကုမ္ပဏီတွေကို လိုက်ဝယ်တဲ့ ပရိုက်ဗိတ်အီကွတီဖမ်းတခုဖြစ်တဲ့ အော်လန်ဒိုဘရာဗိုပိုင်ရှင် သောမတ်စ်ဘရာဗို က စပမ်ဘော့အကောင့်တွေအကြောင်း သတင်းထွက်လာအပြီးမှာ သူ့ကမ်းလှမ်းမှုကို ရုပ်သိမ်းလိုက်တဲ့အတွက် တွဒ်တာရဲ့ မျှော်လင့်ချက်က အီလွန်မတ်စ် တဦးတည်းသာ ကျန်ပါတော့တယ်။ စပမ်ဘော့အကောင့်တွေက ၅ ရာနှုန်းအောက်သာရှိတယ်လို့ စီအီးအိုက ပြောထားပေမယ့် တကယ်တမ်းအနည်းဆုံး ၂၀-၂၅ရာနှုန်း ရှိနိုင်ပြီး ၅၀ရာနှုန်းထက်တောင် ပိုသွားနိုင်တယ်လို့ မတ်စ်က ဆိုပါတယ်။ ဘိုင်ဒန်ပိုးတပ်စ်အကောင့်က ဖောလိုဝါတွေထဲမှာ စပမ်ဘော့က ၅၀ရာနှုန်းနီးပါးပါနေတာ တွေ့ရှိထားတာရယ် အရင်က မတ်စ်တွဒ်တာကို ဝယ်ချင်အောင် လှော်ပေးနေခဲ့တဲ့ ဒေါ်စေက အခု နှာစေးနေတယ်ဆိုတာရယ် ပေါင်းလိုက်ရင် ဒေါ်စေက တွဒ်တာကို နမရွံ့ပိတ်များ ရေားင်းဖို့ကြိုးစားခဲ့သလားလို့ ထင်ရပါတယ်။ ဒေါ်စေနဲ့ ထရမ့် အိမ်ဖြူမှာ ဆွေးနွေးကြတုန်းက ထရမ့်က သူ့ဖော်လိုဝါတွေ နေ့ချင်းညချင်းContinue reading “မေ ၂၀ ရက် ၂၀၂၂”
မေ ၁၉ ရက် ၂၀၂၂
ရုရှားရဲ့ ကျူးကျော်ဒဏ်ခံနေရတဲ့ ယူကရိန်းကို ရုရှားနဲ့ ထိပ်တိုက်တွေ့မှာကို ရှောင်ရှားဖို့ နေတိုးအဖွဲ့ဝင်အဖြစ် မပေးနိုင်ပေမယ့် ဥရောပသမဂ္ဂကိုတော့ အလျှင်အမြန်ဝင်ခွင့်ပေးဖို့ မျှော်လင့်ထားကြတာပါ။ အခုတော့ အဲဒီလိုဝင်ခွင့်ပေးဖို့ကို ပြင်သစ်နဲ့ ဂျာမဏီတို့က ကန့်ကွက်ဟန့်တားခဲ့လို့ အီးယူကိုလည်း ဝင်ခွင့်ရဖို့ မသေချာတော့ပါဘူး။ ဂျာမန်ဝန်ကြီးချုပ်က အီးယူကိုဝင်ဖို့ ဖြတ်လမ်းမရှိဘူး၊ ဝင်ခွင့်ပြုဖို့ ဖြတ်သန်းရမယ့် လုပ်ငန်းစဥ်က လအနည်းငယ်ဖြစ်မလား၊ နှစ်အတန်ကြာဖြစ်မလားဆိုတာထက် ယူကရိန်းကို ဖြတ်လမ်းနည်းနဲ့ ဝင်ခွင့်ပေးလိုက်ရင် အရင်လျောက်ထားတဲ့နိုင်ငံတွေအတွက် မတရားရာကျမယ်လို့ အကြောင်းပြပါတယ်။ ပြင်သစ်သမ္မတကလည်း ဂျာမန်ဝန်ကြီးချုပ်ပြောတာကို သဘောတူပြီး ယူကရိန်းက အီးယူကို ဝင်မယ်ဆိုရင် ဆယ်စုနှစ်များစွာအထိ ကြာနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ ဒါပေမဲ့ မက်ခရွန်ရဲ့ မဲဆွယ်ပွဲမှာ ပြောခဲ့သလို ယူကရိန်းက စင်ပြိုင်ဥရောပလူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခု ဖြစ်နေမှာပါလို့ ဆိုပါတယ်။ ဂျာမဏီနဲ့ ပြင်သစ်တို့ဟာ လက်ဝဲယိမ်းအစိုးရတွေContinue reading “မေ ၁၉ ရက် ၂၀၂၂”
မေ ၁၈ ရက် ၂၀၂၂
အီလွန်က ဖရီးစပိချ်ကို ကာကွယ်ဖို့ တွဒ်တာကို ဝယ်ယူရန်ကမ်းလှမ်းခဲ့တဲ့အပေါ်မှာ ဘယ်အစွန်းများက တက်စ်လာဘက်ထရီထုတ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို တရုပ်ပြည်က တင်သွင်းနေရတဲ့အတွက် တရုပ်ကြိုးဆွဲရာ ကမယ့်သူလို သမုတ် ပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ မတ်စ်က တရုပ်ရဲ့ ကြီးထွားလာတဲ့ စီးပွားရေးအင်အားအကြောင်း သတိပေးလိုက်ပြီး အမေရိကန်က ဘယ်လိုလုပ်ရင် ကောင်းကောင်းပြိုင်နိုင်တဲ့ အခြေအနေဖြစ်လာမယ်ဆိုတာကို အော်လ်အင် ဆိုတဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောကြားသွားပါတယ်။ မတ်စ်က “အခုသက်ရှိထင်ရှားရှိနေကြသူအားလုံး ပထမဦးဆုံးအကြိမ် ကြုံတွေ့ရမှာက တရုပ်စီးပွားရေးက အမေရိကန် စီးပွားရေးအင်အားရဲ့ ၂ဆ၊ ၃ဆလောက် ရှိလာနိုင်တဲ့အတွက် အဲဒီလို အခြေအနေမျိုး ရောက်လာရင် ကမ္ဘာကြီးက အတော်ဂွကျနေလိမ့်မယ်၊ အဲဒါကြောင့် (အဲဒီလို ဖြစ်မလာခင်) အမေရိကန်တွေ အချင်းချင်း ရန်ဖြစ်မနေပဲ ကိုယ့်မျက်ခွက်ကို ကိုယ်ဆွဲထိုးနေတာမျိုးတွေကို ရပ်တံ့ဖို့လိုတယ်၊ အခုဖြစ်နေတာကContinue reading “မေ ၁၈ ရက် ၂၀၂၂”
မေ ၁၇ ရက် ၂၀၂၂
ဒီကနေ့ကျင်းပတဲ့ မြောက်ကာရိုလိုင်းနားကိုယ်စားပြု ဆီးနိတ်တနေရာအတွက် ရီပါဘလစ်ကန်ပါတီရဲ့ ကိုယ်စားလှယ်အဖြစ် ထရမ့်ထောက်ခံမှုပေးထားတဲ့ လက်ရှိအောက်လွှတ်တော်အမတ် တက်ဒ်ဘတ်ဒ်က ပြိုင်ဖက် ၁၃ဦးကို ဖြတ်ကျော်အနိုင်ရသွားပါတယ်။ ဒီနေ့ဟာ ပြည်နယ် ၅ခုအတွက် ပဏာမရွေးကောက်ပွဲနေ့ဖြစ်ပြီး စိတ်ဝင်စားစရာအကောင်းဆုံး ပြိုင်ပွဲကတော့ ပင်ဆယ်လ်ဗေးနီးယားကိုယ်စားပြု ဆီးနိတ်တနေရာအတွက် ဖြစ်ပါတယ်။ ထရမ့်ထောက်ခံတဲ့ နှလုံးခွဲစိတ်ကုဆရာဝန် ဒေါက်တာအော့ဇ်နဲ့ တခြား ထင်ရှားတဲ့ရီပါဘလစ်ကန်တွေ ထောက်ခံကြတဲ့ စီးပွားရေးသမား ဒေးဗစ်မက်ကောမစ်နဲ့ နိုင်ငံရေးသတင်းဝေဖန်သူ ကေသီဘာနက်တို့ ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒေါက်တာအော့ဇ်က အပြာရင့် အော်ပရာဝင်းဖရေးနဲ့ အင်မတန်ခင်မင်သူအဖြစ် ထင်ရှားတာကြောင့် လူတချို့က စိတ်မချကြပေမယ့် သူပြောတဲ့စကားတွေကို နားထောင်ရသလောက်တော့ ယုတ္တိရှိရှိတွေးတတ်သူ၊ တိုင်းပြည်ကို ကောင်းစေချင်သူ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ထရမ့်ကတော့ အစ္စလာမ်ဘာသာဝင် ဒေါက်တာအော့ဇ်ကို လူချင်းခင်မင်တာ၊ အတွေးအခေါ်သဘောကျတာ၊ အစွမ်းအစရှိတာတွေအပြင် နိုဝင်ဘာရွေးကောက်ပွဲမှာ ဒီမိုကရက်ကိုယ်စားလှယ်ကို နိုင်နိုင်ခြေရှိတာအပေါ်Continue reading “မေ ၁၇ ရက် ၂၀၂၂”
ဂျပန်ပြည်စီးပွားရေး/ လူဦးရေပြဿနာတွေကပေးတဲ့ သင်ခန်းစာ
ဂျပန်နိုင်ငံအကြောင်း ပြောပြီဆိုရင် စည်းကမ်းရှိတာ၊ ညီညွတ်တာ၊ စက်မှုတိုးတက်တာအပြင် လူအိုဦးရေများတာရယ်၊ လူငယ်တွေ အိမ်ထောင်ပြုနှုန်း အရမ်းနည်းသွားတာရယ်၊ အသက်ကြီးတဲ့အထိ အလုပ်လုပ်နေကြတာတွေရယ်၊ အလုပ်ထဲ ကျောင်းထဲတွေမှာ စိတ်ဖိစီးမှုကြီးလောက်အောင် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေရယ်ကို သတိပြုမိကြမှာပါ။ ဂျပန်ယန်းငွေဟာ အနှစ် ၂၀ အတွင်း အနိမ့်ဆုံးကို ရောက်နေပါပြီ။ ဂျပန်ငွေတန်ဖိုးကျတာဟာ အမေရိကန် စီးပွားရေးကိုလည်း သွယ်ဝိုက်ပြီး ရိုက်ခတ်နိုင်တဲ့အတွက် သတိထားစရာဖြစ်ပါတယ်။ အမေရိကန်အစိုးရတွေ မဆင်မခြင် ဘတ်ဂျက်တွေချ၊ အသုံးစရိတ်တွေ ပြကြတာ အခွန်အတုတ်တင်မက ကိုယ့်တိုင်းပြည်တကယ်ထုတ်နိုင်တဲ့ GDP ထက်တောင် အများကြီးပို သုံးစွဲကြတဲ့အတွက် လိုတဲ့ငွေကို အခွန်တွေ ခေါင်းစဥ်မျိုးစုံနဲ့ တိုးကောက်တာ၊ ငွေစက္ကူတွေ ထပ်မံရိုက်နှိပ်တာ၊ ငွေချေးစာချုပ်များ ရောင်းချတာတို့နဲ့ ဖြည့်စည်းကြရပါတယ်။ အမေရိကန်ဟာ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးကို တာဝန်ယူထားပေးသူဖြစ်တဲ့အတွက် အမေရိကန်တွေ ငွေလိုလာတဲ့အခါContinue reading “ဂျပန်ပြည်စီးပွားရေး/ လူဦးရေပြဿနာတွေကပေးတဲ့ သင်ခန်းစာ”
မေ ၁၃ ရက် ၂၀၂၂
အီလွန်က တွဒ်တာကို ဝယ်ယူမယ့်အစီအစဥ်ကို ခေတ္တရပ်တံ့ထားလိုက်ပါတယ်။ အကောင့်တုတွေ ဘယ်လောက်တောင် ရှိနေတယ်ဆိုတာ အတိအကျ သိရတဲ့အထိ ရပ်နားထားဖို့ ဖြစ်နိုင်သလို အကောင့်တုသိပ်များနေရင် ဈေးပြန်ညှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆိုရှယ်မီဒီယာရဲ့သဘောက သုံးစွဲသူများတဲ့ အပေါ်မှာ စီးပွားရှာရတာဆိုတော့ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ အကောင့်တုတွေ များနေရင် ဝင်ငွေရနိုင်မယ့်လမ်းက ထင်သလောက် မများနိုင်တော့ပါဘူး။ အီလွန်နားလည်ထားတာက အကောင့်တုတွေက ၅ရာနှုန်းအောက်မှာပဲ ရှိလိမ့်မယ်လို့ပါ။ တွဒ်တာရဲ့ ပါ့ဘလစ်ဖိုင်းလင်းမှာလည်း အဲဒီလိုပဲ ပြောထားတယ်လို့ ဆိုပါတယ်။ အခုလို သတင်းထွက်လာတော့ တွဒ်တာရှယ်ယာဈေးက ၁၀ရာနှုန်းနီးပါး ပြုတ်ကျသွားပါတယ်။ မနေ့ကလည်း လက်ရှိစီအီးအိုက ထိပ်တန်းဝန်ထမ်းနှစ်ဦးကို အလုပ်ထုတ်ပစ်ခဲ့ပြီး ကုန်ကျစရိတ် ထိမ်းချုပ်တဲ့အနေနဲ ဝန်ထမ်းအသစ် ထပ်မံငှားရမ်းတာတွေ အကုန်လုံးကို ရပ်ထားမယ်လို့ ကြေငြာပါတယ်။ ကနေ့ညနေမှာတော့ အီလွန်က သူ့အဖွဲ့တွေဟာ တွဒ်တာဖော်လိုဝါ ၁၀၀ကိုContinue reading “မေ ၁၃ ရက် ၂၀၂၂”