ဒုသမ္မတဟောင်း မိုက်ခ်ပန့်စ်ရဲ့ သစ္စာဖောက်မှု

အိမ်ဖြူတော်သတင်းထောက်နဲ့ ဂျာနယ်လစ်တဦးဖြစ်တဲ့ အမ်မရယ်လ် ရော်ဘင်ဆန်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သမ္မတထရမ့်ရဲ့ လူထုဟောပြောပွဲမှာ မိုက်ခ်ပန့်စ်အနေနဲ့ မသမာမှုတွေ များပြားထင်ရှားနေတဲ့ ရွေးကောက်ပွဲရလာဒ်အပေါ် စောဒကမတက်ခဲ့တာနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခဲ့တဲ့အပေါ်မှာ စာတပုဒ်ရေးသားခဲ့ပါတယ်။ အဲဒီလို ဝေဖန်ခဲ့အပြီး နောက်တနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ထရမ့်က အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။ “မသမာမှုနဲ့ ပုံမှန်မဟုတ်တာတွေ အများကြီး ရှိနေတာတောင် ဗီပီမှာ ရွေးကောက်ပွဲရလာဒ်တွေကို ဆီးနိတ်မှာ ပြောင်းလဲဖို့ လုပ်ပိုင်ခွင့် လုံးဝမရှိခဲ့ဘူးဆိုရင် ဘာဖြစ်လို့ ဒီမိုကရက်တွေနဲ့ ဆူစန်ကောလင်းစ်တို့လို အနီကြောင်တွေက ဒု-သမ္မတက ရွေးကောက်ပွဲရလာဒ်တွေကို စောဒကတက်ပြီး ပြောင်းလဲအောင်လုပ်ပိုင်ခွင့်မပြုတော့ဖို့ ဥပဒေကို ထုတ်ချင်နေရတာလဲ။ သူတို့အဲဒီလို ကြိုးစားနေတာကိုယ်၌က ဗီပီမှာ အဲဒီလိုလုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပြနေတာ မဟုတ်ဘူးလား။ အဲဒါကြောင့်လည်း အဲဒီလုပ်ပိုင်ခွင့်ကို ပယ်ရှားဖို့ ကြိုးစားနေတာContinue reading ” ဒုသမ္မတဟောင်း မိုက်ခ်ပန့်စ်ရဲ့ သစ္စာဖောက်မှု”

ဖေဖေါ်ဝါရီ ၂ ရက် ၂၀၂၂

ကျမ ဇန်နဝါရီ ၂၇ရက်နေ့က တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ Rite-Aide ဆိုင်ထဲကနေ အထုပ်၂ထုပ်အပြည့်ခိုးပြီး လုံခြုံရေးအစောင့်ရှေ့က ခပ်တည်တည်ထွက်သွားခဲ့တဲ့ဗီဒီယိုကို ၂၅ရက်နေ့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီလိုရိုက်ခဲ့တဲ့သူက ဒီကနေ့ ထပ်မံသွားရောက်ရာမှာတော့ အဲဒီဆိုင်ထဲမှာ ရှိသမျှ လာခိုးသွားကြတော့ ဘာမှမကျန်သလောက်ဖြစ်နေပြီဖြစ်ပြီး ဆိုင်ကိုလည်း ၁၅ရက်နေ့မှာ ပိတ်တော့မယ်လို့ ကြေငြာထားပါတယ်။ ရပ်ကွက်ထဲကဆိုင်လေးတွေ ပိတ်လဲ အွန်လိုင်းက ဝယ်တာပေါ့တို့၊ ဖွင့်တဲ့ဆိုင်က ဝယ်တာပေါ့လို့ ကိုယ်တင်ထားတဲ့အစိုးရကို စိတ်မပျက်နိုင်ပဲ စိတ်ဖြေရာရှာနေသူများကို ဂယက်က အဲဒီမှာတင် မပြတ်ပါဘူးလို့ ပြောချင်ပါတယ်။​ လောလောဆယ်စဥ်းစားမိသလောက် ဂယက်လေးတွေကတော့    ၁။ ဆိုင်လေးတွေ ပိတ်ကုန်လို့ ခိုးတာနဲ့ အသားကျနေသူတွေက လွယ်လွယ်ခိုးစရာမရှိတော့ရင် ရှိတဲ့လူတွေ အိမ်တွေကနေ ခိုး/လုပါလိမ့်မယ်။ ၂။ တခြားဖွင့်တဲ့ဆိုင်တွေကလည်း အခိုးခံရတဲ့ဟာတွေ၊ နောက်အခိုးမခံရအောင် စီမံရတာတွေကို စားရိတ်ထဲပေါင်းထည့်ရင် အဲဒါတွေကContinue reading “ဖေဖေါ်ဝါရီ ၂ ရက် ၂၀၂၂”

Why Putin Has Not Been Deterred

(By Victor David Hanson) Jan 26, 2022 သမိုင်းနဲ့ ခေတ်ဟောင်း/ခေတ်သစ် စစ်သမိုင်းပညာရှင် ဗစ်တာဒေးဗစ်ဟန်ဆန်က ပူတင်ကို ဘာလို့ မတားခဲ့ကြတာလဲဆိုတဲ့ခေါင်းစဥ်နဲ့ ဆောင်းပါးတခုကို ပြီးခဲ့တဲ့အပတ်ကရေးခဲ့ပါတယ်။ သူ့ရဲ့ဆောင်းပါး ထဲမှာ အမေရိကန်တွေက ယူကရိန်းနိုင်ငံ လွတ်လွတ်လပ်လပ်ဆက်နေဖို့ကို လိုလားကြပါတယ်၊ ရုရှားက ယူကရိန်းရဲ့ အနာဂတ်ကို ဝင်စီမံမှာကိုလဲ ဆန့်ကျင်ကြပါတယ်၊ ဒါပေမဲ့ ကိုယ့်တပ်တွေလွှတ်ပြီး တိုက်ပေးဖို့ကိုတော့ မလိုလားကြဘူးလို့ ဆိုပါတယ်။ အမေရိကန်တွေက နေတိုးအဖွဲ့ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပေမယ့် တိတ်တိတ်လေး စိတ်ပူနေကြတာက နေတိုးဟာ သံတမန်ရေးအရ သုံးစားမရတဲ့အပြင် စစ်ရေးအရလဲ ဟန်ပဲဖြစ်နေတယ်လို့ မြင်နေကြတာကြောင့် ဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်တွေ အားလုံးပေါင်းမှာ လူဦးရေ ၁ဘီလီယံရှိပြီး ရုရှား GDP ရဲ့ ၇ဆကြီးပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးအသုံးစာရိတ်ကိုContinue reading “Why Putin Has Not Been Deterred”

ဇန်နဝါရီ ၁၄ ရက် ၂၀၂၂

အမေရိကန်ပြည်နယ်တချို့က ကျန်းမာရေးဌာနတွေဟာ ၂၀၂၁ အတွင်းမှာ အသက် ၁၈နဲ့ ၄၉ကြား လူတွေမှာ သေဆုံးမှု ထောင်တက်လာနေတာ တွေ့ရတယ်လို့ အတည်ပြုကြပါတယ်။ အဲဒီလို သေဆုံးသူတွေထဲက အများစုက ကပ်ပိုးကြောင့် မဟုတ်ဘူးလို့လည်း သိရပါတယ်။ ၂၀၂၁ အောက်တိုဘာမတိုင်ခင် ၁၂လ အတွင်း ၁၈-၄၉ကြား သေဆုံးသူက ၂၀၁၈-၁၉ခုနှစ်နဲ့စာရင် ၄၀ရာနှုန်းကျော် တက်ခဲ့တာဖြစ်ပါတယ်။ ဒီနံပါတ်တွေကိုတော့ စီဒီစီက သေစာရင်းတွေကနေ ခွဲခြမ်းစိတ်ဖြာထားတာပဲ ဖြစ်ပါတယ်။ ၂၀၂၁ ပြက္ခဒိန်နှစ်ကို ပြဖို့ကျတော့ သေဆုံးဒေတာတွေက ၈ပတ်လောက်အထိ နောက်ကျပြီးမှ ရတာကြောင့် ပြဖို့ ဒေတာ မစုံနေတာဖြစ်ပါတယ်။​ ဒေတာတွေက ပြည်နယ်အလိုက် ကြီးကြီးမားမား ပြောင်းလဲမှုတွေရှိနေပြီး တောင်ပိုင်း၊ အနောက်ပိုင်းကမ်းရိုးတန်းနဲ့ အနောက်အလယ်ပိုင်းတွေမှာ အများဆုံး မြင့်တက်ခဲ့ပြီး အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာတော့ နဲနဲပဲ တက်ခဲ့ပါတယ်။ တက္ကဆက်စ်မှာContinue reading “ဇန်နဝါရီ ၁၄ ရက် ၂၀၂၂”

Dr. Pierre Kory: The War on Hydroxychloroquine, Ivermectin, and Other Cheap Drugs to Treat Covod-19

American Thought Leaders Jan Jekielek ဆေးဝါးလောကမှာက အမြတ်အစွန်းများတာကို ဦးစားပေးကြတာဆိုတော့ ဈေးကွက်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေပြီးသား၊ ဈေးလဲချို၊ လွယ်လွယ်လဲရ၊ ဆိုတဲ့ ဆေးမျိုးတွေကို ပုံမှန်သုံးနေကြရောဂါမျိုးမဟုတ်ပဲ နောက်တမျိုးမှာ ပေးသုံးဖို့ကို ဆေးကုမ္ပဏီကြီးတွေက မလုပ်စေချင်ကြပါဘူး။ အဲဒါကြောင့် အဲဒီလိုဖြစ်မလာအောင် လိုက်လံပိတ်ဆို့နေတာ ဆယ်စုနှစ်ကျော် ကြာခဲ့ပါပြီ။ ၂၀၂၀မှာ ငှက်ဖျားဆေး ဟိုက်ဒရိုဆီကလိုရိုကွင်းကို အသေဝိုင်းပိတ်ကြတာလည်း ဒါကြောင့်ပါပဲ။၊ ၂၀၂၁မှာတော့ ကပ်ပါးပိုးအတွက် သောက်ရတဲ့ အိုင်ဗာမက်တင်ပေါ့။ ငှက်ဖျားဆေးက ကိုဗစ်ကို ကုသနိုင်တယ်ဆိုတာ အစောပိုင်းမှာထဲက အာရှ၊ အာဖရိကက ဆရာဝန်တွေအပြင် အမေရိကန် ဆရာဝန်တွေပါ တွေ့ရှိထားကြတာပါ။ ကိုယ်တိုင်လည်း မကူးခင်ထဲက ကာကွယ်ဆေးလို သောက်ခဲ့ကြသလို လူနာတွေကိုလည်း ပေးခဲ့ကြတာ ဘေးဖြစ်တယ်ဆိုတာ မရှိသလောက်ပါပဲ။ အဲဒီလောက် စိတ်ချရတဲ့ဆေးကို တခြားဆေးအစားထိုးစရာမရှိခင်Continue reading “Dr. Pierre Kory: The War on Hydroxychloroquine, Ivermectin, and Other Cheap Drugs to Treat Covod-19”

ဖေဖေါ်ဝါရီ​ ၁ ရက် ၂၀၂၂

ဇန်နဝါရီ ၂၅ ရက်နေ့က တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က ကန်နိုင်ငံခြားရေးဌာနကနေ အမေရိကန်သံတမန်တဦး တရုပ်ပြည်မှာ ဟိုပိုးရှိမရှိစစ်တာကို ပုံမှန်အတိုင်း နှာခေါင်းထဲတင်မက နောက်ပေါက်ထဲကိုပါ စစ်ခဲ့တယ်ဆိုတဲ့ ၁၁ မျက်နှာရှိတဲ့ မှတ်တမ်းရရှိခဲ့တယ်လို့ ဆိုပါတယ်။​ အဲဒီလိုစစ်တာကို ခံခဲ့ရတာ အနည်းဆုံးတဦးဖြစ်ပြီး သူနေထိုင်တဲ့ ဘေဂျင်းကတိုက်ခန်းမှာ ကြိုတင်အကြောင်းကြားထားခြင်းမရှိပဲ အစစ်ခံခဲ့ရတာပါ။ တရုပ်ဖက်ကတော့ ဒါက မှားပြီး လုပ်မိတာပါ၊ သတ်မှတ်ချက်ထဲမှာ သံတမန်တွေ မပါပါဘူးလို့ ဆိုပါတယ်။ နိုင်ငံရေးသင်ဖူးရင် သိကြမှာက သံတမန်ရေးက အင်မတန်ဆတ်ပါတယ်။ လုံးဝ အတိမ်းအစောင်း အတင် အကြောမခံပါဘူး။ ခုကိစ္စက လူ့ဂုဏ်သိက္ခာနဲ့ဆိုင်တဲ့အပြင် အိမ်တွင်း ပတ်ဝန်းကျင်ကိုပါ စစ်တယ်ဆိုတာ သံဝန်ထမ်းတွေရဲ့အိမ်မှာ မဖြစ်သင့်ပါဘူး။ ထရမ့်လိုခေါင်းဆောင်အောက်မှာ ဖြစ်မှာမဟုတ်သလို ဖြစ်ခဲ့ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူမှာပါ။ ဘိုင်ဒန်အစိုးရကတော့ ဖြစ်ခဲ့တဲ့အဖြစ်အပျက်အတွက် ကွန်ပလိန့်တောင် မတက်ခဲ့ကြပါဘူး။Continue reading “ဖေဖေါ်ဝါရီ​ ၁ ရက် ၂၀၂၂”

Covid Vaccine နဲ့ အမျိုးသမီး မျိုးပွားမှု

https://rumble.com/vtrf1w-dr.-robert-malone-discusses-the-covid-vaccines-effect-on-reproduction.html ကိုဗစ်ဗက်ဆင်းက နှလုံး၊ သွေးခဲခြင်း၊ စတာတွေအပြင် အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါတွေကိုပါ ထိခိုက်မှုရှိနိုင်ကြောင်း ဖိုင်ဇာနဲ့ မော်ဒါးနားတို့သုံးတဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးတွေကို စမ်းသပ်ဖန်တီးခဲ့သူက ပြောတာပါ။

ဇန်နဝါရီ ၃၀ ရက် ၂၀၂၂

ဘိုင်ဒန် Pittsburgh ကို သွားတဲ့နေ့က ကျိုးကျတဲ့တံတားက ပြည်နယ်ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ poor ဆိုတဲ့ rating ရထားတာပါ။ သို့ပေမဲ့ ပြင်ဖို့ ကြိုးစားထားတာမရှိသလို မကြာသေးမီကထွက်တဲ့ infrastructure bill ကရတဲ့ ခွဲတမ်းမှာလည်း အဲဒီတံတား ပြုပြင်ဖို့ မပါဝင်ပါဘူး။ Pennsylvania မှာ ဓါတ်ဆီတဂါလံကို အခွန် ၅၇.၆ပြား ကောက်ပါတယ်။ အဲဒီကနေ ဝင်ငွေ တနှစ်ကို ၂.၃ဘီလီယံ ရပါတယ်။ ရရှိတဲ့ ဓါတ်ဆီခွန်က ပြည်နယ်တွင်းက လမ်း/တံတားတွေ ပျက်ရင် ပြင်ဖို့/အသစ်လဲဖို့ ဖြစ်ပါတယ်။ ပြည်နယ်ရဲ့ ဘတ်ဂျက်နဲ့ လမ်း/တံတား ပြုပြင်/တည်ဆောက်မယ့်စာရင်းထဲမှာ အခုပျက်ကျသွားတဲ့ တံတား မပါဝင်နေပါဘူးလို့ Fox Business က ဆိုပါတယ်။ ဒါပေမဲ့လည်း ဒု-ဂါဗာနာအပြောအရတော့ အဲဒီတံတားက ပြည်နယ်ရဲ့ အဓိကContinue reading “ဇန်နဝါရီ ၃၀ ရက် ၂၀၂၂”

The Worst Ingredient for Your Immune System

By Joseph Mercola January 28, 2022 Story at-a-glance There’s an even worse offender than sugar for your immune system and overall health: industrially processed seed oils, often referred to as “vegetable oils” At the root of the harmful biochemical reactions triggered by seed oils is linoleic acid, the primary fatty acid found in polyunsaturated fatty acids (PUFAs)Continue reading “The Worst Ingredient for Your Immune System”

ဇန်နဝါရီ​ ၂၈ ရက် ၂၀၂၂

မနေ့ကတင်တဲ့ Supreme Court Justice Breyer အနားယူမယ်ဆိုတာ တရားဝင်ကြေငြာသေးတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အနားယူမှာတော့ သေချာတယ်လို့ ဆိုပါတယ်၊ မယူယူအောင်လည်း ဖိအားပေးနေကြပုံ ရပါတယ်။ လောလောဆယ် Supreme Court မှာ အင်အားက ၆-၃ ဖြစ်နေတော့ ဒီမိုကရက်တွေ ဆီးနိတ်မှာ ၅၀ ရနေတုန်း ငယ်ငယ်ရွယ်ရွယ် လက်ဝဲစွန်းတယောက်ယောက်တင်မှ ဖြစ်မယ်လို့ တွက်ကြတာဖြစ်မှာပါ။ ၂၀၂၀တုန်းက ဆုံးသွားတဲ့ Ginsberg ကိုလည်း အနားယူစေချင်လို့ စကားခေါ်နေခဲ့ကြတာပါပဲ။ အိုနေပြီဆိုတော့ ထရမ့်လက်ထက်မှာ လစ်လပ်သွားခဲ့ရင် ကွန်ဆာဗေးတစ်တရားသူကြီး တက်ဖို့က များနေတာကိုး၊ အဲဒီအတိုင်းလည်း ဖြစ်လာခဲ့ပါတယ်။​ ခုတော့ အဲဒီလိုမဖြစ်အောင် ကြိုစီစဥ်ကြတာပါ။​ ပြဿနာက ဒီကိစ္စက ထိပ်ပိုင်းကလူတွေကြား ဆွေးနွေးကြတာဖြစ်ပြီး အခုလို သတင်းပေါက်ကြားတာက တော်တော်ကို ဖြစ်ခဲပါတယ်လို့Continue reading “ဇန်နဝါရီ​ ၂၈ ရက် ၂၀၂၂”