ဇန်နဝါရီ ၈ ရက် ၂၀၂၂

အမေရိကန်နိုင်ငံဟာ သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ ရှေ့ဆောင်နိုင်ငံတခု ဖြစ်နေဆဲပါ။ ဒါပေမယ့် မကြာသေးမီနှစ်တွေမှာ ပြောင်းလဲချမှတ်ထားတဲ့ ဦးစားပေးပုံစံသစ်တွေကြောင့် သိပ္ပံနဲ့ နည်းပညာမေဂျာတွေမှာ အခက်အခဲတွေ တွေ့နေရတယ်လို့ သိရပါတယ်။ အစဥ်အလာအရ အမေရိကန်မှာ လူငယ်တွေက ကိုယ်ဝါသနာပါတာကို ကိုယ်ရွေးချယ်သင်ကြားကြပြီး ကိုယ်စိတ်ဝင်တစားလေ့လာထားသလောက် (သို့)ကိုယ့်ပင်ကိုယ်အရည်အချင်းပေါ်မှာ မူတည်ပြီး နာမည်ကြီးကောလိပ်တွေက အကောင်းဆုံးဆိုတာတွေကို ရွေးခေါ်ကြပါတယ်။ နောက်ပိုင်းမှာ ဒီမိုကရက်တွေက အရည်အချင်း/ပင်ကိုယ်စွမ်းရည်ထက် အသားအရောင်၊ လိင်ကို ဦးစားပေး ရွေးချယ်စေကြတာကြောင့် နာမည်ကြီးကောလိပ်တွေက သိပ္ပံနဲ့ နည်းပညာဆရာကြီးတွေက သူတို့နဲ့တွဲပြီး အတွေးကောင်းကောင်းနဲ့ တီထွင်ဖန်တီးမှုကောင်းကောင်းလုပ်နိုင်မယ့် ကျောင်းသားတွေ ရှားလာတာနဲ့ ကြုံနေရပါတယ်။ The College Fix ဆိုတဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြနေတဲ့ website က အဲဒီအခြေအနေက အကောင်းဆုံးသိပ္ပံပညာတွေကို ဖန်တီးဖို့ အခြေအနေကိုContinue reading “ဇန်နဝါရီ ၈ ရက် ၂၀၂၂”

CalCare အတွက် တိုးမယ့်အခွန်

ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်က ဒီလ ၅ရက်နေ့မှာ ပြည်နယ်အဆမ်ဘလီအခြေခံဥပဒေ ပြင်ဆင်ချက် ၁၁ ကို ပြည်နယ်အမတ် Ash Kalra နဲ့ Alex Lee တို့က တင်သွင်းလိုက်ပါတယ်။​ ပူးတွဲတင်သွင်းသူတွေမှာ ပြည်နယ်အောက်လွှတ်တော်အမတ် ၅ဦးနဲ့ ပြည်နယ်ဆီနိတ်တာ ၅ဦး ပါဝင်ပါတယ်။​ ထုံးစံအတိုင်းပါပဲ၊ ကယ်လီဖိုးနီးယားမှာ ဘာဥပဒေထုတ်ထုတ် ထုတ်သမျှက အခွန်တိုးဖို့(သို့) အခွန်တိုးတာကို ဖြစ်စေမယ့် ပဏာမ အခင်းအကျင်း (သို့) အချောင်သမားတွေကို အခွင့်အရေးပိုပေးဖို့ တခုခုပဲ ဖြစ်မှာပါ။ အခုကိစ္စကတော့ ပြည်နယ်တွင်းက လူတိုင်းကို ကျန်းမာရေးအာမခံချက်ပေးဖို့အကြောင်းပြပြီး အိုဘားမားကဲလိုဟာမျိုး ပြည်နယ်မှာ လုပ်မှာဖြစ်ပါတယ်။ ACA 11 မှာ အခုတက်ဖို့တာစူနေတဲ့အခွန်က ပုံစံ ၃မျိုးနဲ့ လာမှာဖြစ်ပါတယ်။ ၁။ လက်ရှိတဦးချင်းတနှစ်ဝင်ငွေအပေါ် စည်းကြပ်နေတဲ့အခွန်တွေကို အောက်ပါအတိုင်း တိုးကောက်မှာဖြစ်ပါတယ်။ $149,509Continue reading “CalCare အတွက် တိုးမယ့်အခွန်”

ကိုဗစ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ

SELF-HELP without a Doctor ဆရာဝန်ဆေးစာမလိုပဲ ဝယ်လို့ရတဲ့ ဖြည့်စွက်စာတွေနဲ့ ပိုးတွေ့တွေ့ခြင်း ကုတဲ့နည်းပါ။ Zinc 50 mg daily (can take half twice daily if upset stomach) Quercetin 500 mg twice a day three times a day if sick (switch to HCQ/IVM if available) Vitamin D 40,000-50,000 for five days Melatonin 5 mg – 20 mg nightly for 14 days) Pepcid 40-80mg daily 14 days –Continue reading “ကိုဗစ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ”

ဇန်နဝါရီ ၇ ရက် ၂၀၂၂

ခုတလော အမေရိကန်မှာ အပြောများနေတဲ့ သတင်းတွေက ဒီမိုကရက်အုပ်ချုပ်တဲ့ မြို့ကြီးတွေမှာ ပိုးကူးများလာတာကို အကြောင်းပြပြီး ဆရာ/မများသမဂ္ဂတွေက ကျောင်းတွေကို ပိတ်ပစ်ဖို့ ကြိုးစားနေကြတာပါ။ ဒီပိုးစဖြစ်လာတဲ့ ၂နှစ်ကျော်ကာလအတွင်းမှာ စီစီပီပိုးကြောင့် ဒုက္ခရောက်တဲ့ ကလေးထက် ကျောင်းတွေပိတ်ပစ်တာနဲ့ပတ်သက်ဆက်နွယ်တဲ့ ဒုက္ခတွေ ရောက်ကြရတဲ့ ကလေးက အများကြီး များတာဖြစ်ပါတယ်။​ မိဘတွေကလည်း သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်လာပြီဖြစ်လို့ ကျောင်းထပ်ပိတ်မယ့် မြို့ဝန်တွေကို ဖြုတ်ချတော့မှာပါ။ အဲဒီတော့ ရှီကာဂိုလို နယူးယောက်လို အပြာရင့်မြို့ကြီးတွေက မြို့ဝန်တွေက ကျောင်းဆက်ဖွင့်ဖို့ ဆရာများသမဂ္ဂတွေနဲ့ အခြေအတင် ဖြစ်နေရပါပြီ။ အပြာပြည်နယ်တွေက ကောလိပ်တွေတော်တော်များများကတော့ အွန်လိုင်းကနေပဲ သင်ပါတော့မယ်။​ ရှီကာဂိုမြို့ဝန်လို လက်ဝဲစွန်းမြို့ဝန်က ပြည်သူတွေအတွက် စဥ်းစားလို့ ကျောင်းတွေမပိတ်ဖို့ တွန်းအားပေးနေတာလားလို့ မေးရင်တော့ နိုးပါ။ ပြည်သူ့မဲနဲ့ ရပ်တည်ရတဲ့သူတွေက ဗာဂျီးနီးယားရွေးကောက်ပွဲကိုကြည့်ပြီး အဲဒီလိုမဖြစ်အောင်Continue reading “ဇန်နဝါရီ ၇ ရက် ၂၀၂၂”

ဇန်နဝါရီ ၆ ရက် ၂၀၂၂

နာမည်ကြီးဟောလီဝုဒ်မင်းသားမင်းသမီးတွေနေတဲ့ Beverly Hills မှာ မကြာသေးခင်က ဖောက်ထွင်းလုယက်မှုတွေ ဗြောင်ကျကျ ပြုလုပ်လာကြတာကြောင့် ရာဇဝတ်သားတွေကို အားပေးတဲ့ LA ကောင်တီရဲ့ လက်ဝဲစွန်း ပရိူဂရက်ဆစ်ဖ် District Attorney ကို မြို့ကောင်စီအဖွဲ့က တညီတညွတ်တည်း မဲပေးပြီး ဖြုတ်ချဖို့ စတင်လှုပ်ရှားလိုက်ကြပါပြီ။ ပြီးခဲ့တဲ့ ၁၂လစလုံးမှာ  LA ကောင်တီတခုလုံးလိုလိုမှာ အိမ်ဖောက်ထွင်းမှုတွေ၊ ဆိုင်တွေက မှန်ပုံးတွေကို ရိုက်ခွဲလုယူတာတွေ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာမှာ ဟောလီဝုဒ်က ဂျက်ကလင်း အဗန့်ဒ်ပါ အသက်ဆုံးရှုံးခဲ့ရတာပါ။​ သူမအိမ်ကို ကျူးကျော်ဝင်ရောက်ပြီး သတ်ခဲ့တဲ့လူက ရာဇဝတ်မှုသမိုင်းကြောင်းအရှည်ကြီးနဲ့ အပြင်မှာ ခံဝန်နဲ့ ရောက်နေတာဖြစ်ပြီး တကယ်ဆို ထောင်ထဲမှာပဲ​ ရှိနေသင့်တဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ လက်ဝဲစွန်းတွေရဲ့ လုပ်ရိုးလုပ်စဥ်အတိုင်း ထောင်ထဲကလူတွေ မဲပေးလို့ မရတဲ့အတွက် ရာဇဝတ်သားအများစုကို မဟုတ်တဟုတ်ခံဝန်နဲ့ ထုတ်ထားကြတာပါ။​Continue reading “ဇန်နဝါရီ ၆ ရက် ၂၀၂၂”

ကိုဗစ်နဲ့ ရိုးသားမှု

ကိုဗစ်ကာကွယ်ဆေးကြောင့် ဖြစ်ရတဲ့ ထိခိုက်မှုတွေက တသန်းကျော်သွားပြီလို့ စီဒီစီ ဝက်ဘ်ဆိုက် က ဒေတာတွေက ဆိုပါတယ်။ The Vaccine Adverse Events Reporting System (VAERS) ရဲ့ အစီရင်ခံစာအရ ဒီဇင်ဘာ ၂၄ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သေဆုံးမှု ၂၁,၀၀၂မှု၊ ဆေးရုံတင်ရမှု ၁၁၀,၆၀၉မှု အပါအဝင် ၁,၀၀၀,၂၂၇ ဦးဟာ ကာကွယ်ဆေးကြောင့် ဆိုးကျိုးရခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေနဲ့ ဆရာဝန်တွေက တကယ့်နံပါတ်က အဲဒီထက် အများကြီး ပိုနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးထိုးထားတဲ့လူတိုင်းကို follow up မလုပ်တာကြောင့် ဖြစ်မယ်ထင်ပါတယ်။ အရင်တုန်းက ကာကွယ်ဆေးတွေဆိုတာက အခြေအနေတခုမှာ လိုချင်သူတွေကို ထိုးပေးပြီး ဘယ်လိုတုန့်ပြန်တယ်ဆိုတာကို သေချာ မှတ်တမ်းတင်ကြတာပါ။ ClinicalContinue reading “ကိုဗစ်နဲ့ ရိုးသားမှု”

ဇန်နဝါရီ ၄ ရက် ၂၀၂၂

ဟေလာရီက အင်တာဗျူးတွေပေးတာ စိတ်လာတဲ့အပြင် ခုဖြစ်နေတဲ့ ငွေဖောင်းပွမှုနဲ့ စီးပွားရေးပြဿနာတွေကို ပါတီတွင်းက အေအိုစီတို့လို လက်ဝဲစွန်းတွေပေါ် ပုံချလိုက်တာနဲ့ ပတ်သက်ပြီး ကလင်တန်ရဲ့ အကြံပေးအဖြစ် နှစ်ပေါင်းများစွာလုပ်ခဲ့ပြီး ထရမ့်ကိုပါ အကြံပေးအဖြစ် ကူညီခဲ့တဲ့ ဒစ်ခ်မောရစ်စ်ကို နယူးမက်စ်တီဗီက ဆက်သွယ်မေးမြန်းထားပါတယ်။ မောရစ်စ်က ဟေလာရီနဲ့ပတ်သက်ပြီး ပြောစရာရှိတာက သူသမ္မတပြိုင်မလားလို့ သိချင်ရင် သူနှလုံးခုံနေသေးလား ကြည့်လိုက်၊ အသက်ရှုနေသေး(သို့) နှလုံးခုံနေသေးတယ်ဆိုရင် ပြိုင်ဖို့များတယ်လို့ ဆိုပါတယ်။ ၂၀၂၁ နိုဝင်ဘာရွေးကောက်ပွဲရလာဒ်တွေအရ ဒီမိုကရက်တွေ အခြေအနေမကောင်းနိုင်တာရော နောက်နှစ်ခါကြားဖြတ်ရွေးကောက်ပွဲပြီးရင် ထပ်မပြိုင်တော့ပဲ အနားယူကြမယ့် အမတ်တွေ များလာတာရောအပေါ်မှာ ဟေလာရီက လက်ဝဲစွန်းတွေကို အပြစ်ပုံချခြင်းဖြင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က ဘိုင်ဒန်ကို ပုံဖော်ခဲ့သလိုပဲ အလယ်အလတ်သမားဆိုပြီး အထင်ရောက်စေချင်တာ ဖြစ်နိုင်ပါတယ်။ အမှန်က ခြစားတဲ့သူမှာ ဘာမူမှ မရှိဘူးဆိုတာကို မမေ့ကြဖို့Continue reading “ဇန်နဝါရီ ၄ ရက် ၂၀၂၂”

ကိုဗစ်နဲ့ ပရိယာယ်

မြေပုံပေါ်မှာ အစိမ်းရောင်နဲ့က ငှက်ဖျားဆေးကို ကိုဗစ်ကုသရာမှာ သုံးတဲ့နိုင်ငံတွေပါ။ အောင်လည်း အောင်မြင်ပါတယ်။ ဖြစ်စမှာပေးမိဖို့ပဲ လိုတာပါ။ အမေရိကန်ကတော့ ငှက်ဖျားဆေးကို ဆေးရုံမှာပဲ သုံးရမယ်လို့ ကန့်သတ်ထားပါတယ်။ ဆေးရုံရောက်လာတဲ့အဆင့်က မရှူနိုင်မကယ်နိုင်မှ ရောက်လာကြတာများတော့ ယောင်ကိုင်းခြင်းမုန်တိုင်းတွေ ပြင်းထန်နေမှာဖြစ်လို့ ငှက်ဖျားဆေးနဲ့ နိုင်အောင်ကုဖို့ မလွယ်ပါဘူး။ အမေရိကန်မှာ ငှက်ဖျားဆေးပေးတဲ့ဆရာန်တွေက အရေးယူ/ခြိမ်းခြောက်/အလုပ်ဖြုတ်ခံကြရပါတယ်။ ဒီမှာက လူများစုမှာ လစဥ် အိမ်ဖိုး ကားဖိုး ရေဖိုး မီးဖိုး စတာတွေ မဖြစ်မနေ ပေးနေရတဲ့အပြင် ကိုယ့်မိသားစုအသက်လည်း မဟုတ်ကြတော့ ကဏ္ဍကောစမလုပ်ပဲ သည်းခံလိုက်ကြတာ များပါတယ်။ အမေရိကန်ကို လိုက်အတုခိုးတဲ့နိုင်ငံတွေမှာ ကနေဒါ၊ ယူကေ၊ ဩစတျေးလျတို့ ပါဝင်ပါတယ်။ ငှက်ဖျားဆေးက တကမ္ဘာလုံးမှာ များသောအားဖြင့် ဆရာဝန်လက်မှတ်မလိုပဲ လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ဆေးပါ။ ပြဿနာက အဲဒီလို ပေါများချိုသာတဲ့ဆေးတွေနဲ့Continue reading “ကိုဗစ်နဲ့ ပရိယာယ်”

ဇန်နဝါရီ ၃ ရက် ၂၀၂၂

တရုပ်ကပ်ပိုးလူနာတွေကို လူအိုရုံတွေပို့ဖို့ အမိန့်ချခဲ့လို့ လူအိုတွေ သောင်းကျော် သေဆုံးခဲ့ရတဲ့အပေါ် မန်ဟက်တန်ခရိုင်ရှေ့နေက ဂါဗာနာဟောင်း ကိုမိုကို အမှုပိတ်ပြီး လွှတ်ပေးလိုက်ပါတယ်။ သေချာစစ်ဆေးပြီးတဲ့နောက် ဘာဥပဒေချိုးဖောက်ထားတာကိုမှ မတွေ့ဘူးလို့ ဆိုပါတယ်။ ဒီလိုသာဆိုရင် ကိုယ်ခံအားနည်း ကူးရင်လည်း ခံနိုင်ရည်မရှိမှာ သေချာသလောက်ဖြစ်နေတဲ့ လူအိုတွေကြားထဲကို ကပ်ပိုးလူနာတွေ သွားထည့်တဲ့ အမိန့်ကိုယ်တိုင်က အခြေခံလူသားကျင့်ဝတ်နဲ့ မညီသလို အကြံဆိုးနဲ့မဟုတ်ပါဘူးဆိုရင်တောင် ရက်စက်လွန်းရာ ကျနေတာပါ။ အပြာမြို့ကြီးတွေက ဒီအေတွေက ပုံမှန်အားဖြင့် ဆိုရော့စ်တို့ တင်ပေးထားတဲ့လူတွေ ကမ္ဘာ့ရွာကို သွားချင်ကြတဲ့ လက်ဝဲစွန်းတွေ ဖြစ်တော့ ဘက်ချင်းတူတဲ့ ကိုမိုကို ချစ်သောမျက်စေ့နဲ့သာကြည့်ပြီး အပြစ်မမြင်မှာကတော့ သေချာနေပါတယ်။ ဒီနိုင်ငံမှာ လူအိုရုံထားတာ အကုန်အကျများတာတော့ တတ်နိုင်ဖို့ လိုအပ်တာအပြင် ယဥ်ကျေးမှုအရလည်း လူဖြူအဖိုးအဖွားတွေ များကြတာကြောင့် နိုင်ငံရေးမပါဘူးလို့တော့ ပြောဖို့ ခက်နေတာပါ။ သေတဲ့နံပါတ်များလေContinue reading “ဇန်နဝါရီ ၃ ရက် ၂၀၂၂”

ဥမ္မာခင်နဲ့ ပညာရှင်များ အမြင်

အကျယ်အဝန်းအားဖြင့် ရှမ်းပြည်ထက်ငယ်ပြီး မြန်မာတပြည်လုံးလူဦးရေထက် ၃ဆကျော် များတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံဟာ လူဦးရေ သိပ်သည်းလွန်းပေမယ့် ကိုဗစ်ဒဏ်ကို ဆိုးဆိုးဝါးဝါး မခံခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလားအစိုးရက ပြည်သူတွေကို 1% Povidone-Iodine နဲ့ နှာခေါင်းဖြန်း၊ ၁၅စက္ကန့်ကြာ အာလုပ်ကျင်းခိုင်းတာကြောင့် ဝင်လာတဲ့ ပိုးတွေက သေကုန်ပြီး ကိုယ်ထဲကို မရောက်တော့ဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဒယ်လ်တာမျိုးကွဲဒဏ်ကို မခံလိုက်ရပါဘူး။ 1% အိုင်အိုဒိုင်းက hyper thyroid ဖြစ်နေတဲ့လူနည်းစုကလွဲရင် ကျန်လူတွေမှာ စိတ်ချလက်ချ သုံးလို့ရတယ်လို့ သိရပါတယ်။ အဲဒီဆားရည်က anti-septic ဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တာ ဖြစ်ပါတယ်။ အာလုပ်ကျင်း နှာခေါင်းဆေးတာကို နေ့တိုင်းလို လုပ်နိုင်ပြီး အထူးသဖြင့် လူအများနဲ့ ထိတွေ့ထားရင် ပိုလုပ်သင့်ပါတယ်လို့ ပြည်သူ့ကျန်းမာရေးဆရာဝန်လည်းဖြစ် ကူးစက်နဲ့Continue reading “ဥမ္မာခင်နဲ့ ပညာရှင်များ အမြင်”