ယူကရိန်းကိစ္စကတော့ ညာသံပေးထားတဲ့အတိုင်းပါပဲ၊ ဘယ်သူတွေ ဘာကြီးပဲပြောနေနေ အိုဘားမားလက်ထက်ကလည်း ခရိုင်းမီးယားကို ဘာပြဿနာမှသိပ်မရှိလိုက်ပဲ သိမ်းခဲ့တဲ့အစဥ်အလာရှိနေတော့ အခုလည်း အကြောင်းတခုခုပြပြီး လုပ်ဦးမှာပဲဆိုတာ အကြီးဆုံး ဖြစ်နိုင်ချေတခုပါ။ ဘိုင်ဒန်ကတောင် မစောင့်နိုင်တော့သလို ခုဝင်တော့မှာ၊ တော်ကြာဝင်တော့မှာနဲ့ ပြောနေတာလည်း တွေ့ကြမှာပါ။ ပြောစရာရှိတာက သိနေရင်လည်း ဘာလို့ ကြိုတင်စီစဥ်တာတွေမလုပ်တာလဲ ဆိုတာပါပဲ။ ဘိုင်ဒန်တက်ပြီး တနှစ်ကျော်ကြာမှ အခုလောက်ဆိုးလာတာ၊ ပြင်ဆင်မယ်ဆို အများကြီးအချိန်ရတယ်။ မသိလို့၊ အ လို့ မစီစဥ်တတ်ဘူးလို့လည်း ပြောလို့မရပါဘူး။ မလုပ်တတ်ရင်လည်း ထရမ့်လမ်းစဥ်တွေ ဘာမှမပြင်ပဲနဲ့ အဲဒီအရှိန်အတိုင်းပဲ ဆက်သွားပေါ့။ တကယ်လည်း အလုပ်ဖြစ်နေတာပဲဥစ္စာ။ ဂျာမဏီကလည်း ခုမှ ပိုက်လိုင်းအကြောင်း ထည့်ပြောနေတယ်။ ပူတင်က အိုလံပစ်ပွဲသွားတုန်းက ရှီဆီ ဓါတ်ငွေ့ရောင်းထားနှင့်ပြီ။ အခုလူကြားကောင်းအောင် ပိတ်ဖို့အော်နေလည်း ခဏနေ အော်တာတွေ အရှိန်သေသွားရင် တိတ်တိတ်လေးContinue reading “ဖေဖေါ်ဝါရီ ၂၂ ရက် ၂၀၂၂”
Author Archives: Omma
ဖေဖေါ်ဝါရီ ၂၀ရက် ၂၀၂၂
ကနေဒါနိုင်ငံအနှံ့မှ ထိပ်တန်း သိပ္ပံပညာရှင်တွေနဲ့ ဆရာဝန်တွေ၊ မူဝါဒချမှတ်သူတွေပါဝင်တဲ့ သိပ္ပံနဲ့ ပေါ်လစီကော်မီတီက နိုင်ငံတဝှမ်းမှာချမှတ်ထားတဲ့ ကပ်ပိုးနဲ့ပတ်သက်တဲ့ Manဒိတ်တွေနဲ့ ထိုးပြီးသက်သေကဒ်တွေအပါအဝင် ကန့်သတ်ချက်တွေအားလုံးကို ချက်ချင်း ပယ်ဖျက်သင့်ပြီလို့ တောင်းဆိုလိုက်ပါတယ်။ အခုအချိန်ဟာ ပန်-မစ်အချိန်ကို ကျော်လွန်လာပြီး အန်ဒဲမစ်ဖြစ်လာပြီဖြစ်လို့ လက်ရှိအနေအထားနဲ့ ကိုက်ညီတဲ့ အထွေထွေခုခံအားနဲ့ပဲ ဆက်သွားကြဖို့ ၂/၁၈ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းသွားတာပါ။ ကနေဒါမှာ ပန်-မစ်ပြီးသွားကြောင်း တရားဝင် ကြေငြာခဲ့တာက ၂/၁၆ထဲကပါ။ ဒါပေမယ့်လည်း အာဏာရှင်ထရူဒိုအစိုးရကတော့ မန်ဒိတ်တွေရပ်ဖို့ တောင်းဆိုနေတဲ့ ထရပ်ကာတွေကို အကြီးအကျယ်နှိမ်နှင်းနေဆဲပါ။ ထရပ်ကာတွေဘက်က အားဖြည့်တဲ့အနေနဲ့ အော့တဝါမှာ ပြည်သူထောင်ချီပြီး လမ်းတွေပေါ် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်မှာလည်း ကွန်ဗွိုင်မစခင် မန်ဒိတ်တွေ ဖယ်ပေးလိုက်ရင် ပေါ့ပေါ့ပါးပါး ပြီးသွားနိုင်ပါတယ်။ အပြာရင့်မြို့တွေဖြစ်တဲ့ ဘော်စတွန်နဲ့ ဒီစီတို့တောင် လုပ်ငန်းတွေအပေါ်ထားတဲ့ မန်ဒိတ်တွေContinue reading “ဖေဖေါ်ဝါရီ ၂၀ရက် ၂၀၂၂”
ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၂၂
ကနေဒါမှာတော့ အော့တဝါရဲတွေက ပွဲကြမ်းကုန်ပါပြီ။ မြင်းစီးရဲတွေ ရာဘာကျည်ထည့်ထားတယ်လို့ ယူဆရတဲ့ လက်နက်တွေနဲ့ နှိမ်နှင်းကြပြီး ထရပ်ကာတဦးရဲ့ ကားပြူတင်းပေါက်မှန်တွေကို ရိုက်ခွဲပြီး ကားထဲက ဆွဲထုတ်သွားတယ်လို့ ဆိုပါတယ်။ ဖမ်းမယ့်နေရာကို အပြင်လူဝင်လို့မရအောင် ပိတ်ထားလိုက်ပြီး ချက်ပွိုင့်ပေါင်း ၁၀၀ လောက် ချထားတယ်လို့ အော့တဝါရဲချုပ်က ဆိုပါတယ်။ အပိတ်အဆို့ အဖမ်းအဆီးတွေ အရမ်းကြမ်းနေတာရော ဒေသခံတွေအဆင်ပြေဖို့အတွက်ပါ ထရပ်ကားသမားတွေကို ရှောင်ထွက်သွားကြဖို့ စီစဥ်သူက ဆော်ဩထားပါတယ်။ ကနေဒါကို အားကျပြီး ကနေဒီယန်ထရပ်ကာတွေကိုလည်း အားဖြည့်ရင်း၊ ပြည်တွင်းချုပ်ချယ်မှုတွဗကလည်း လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေကြတဲ့ထဲမှာ နယူးဇီလန်က လွတ်လပ်မှု မြတ်နိုးသူတွေနဲ့ အစ္စရေးက ကွန်ဗွိုင်တို့လည်း ပါဝင်ပါတယ်။ နှစ်ခုလုံးစတာ ရက်အတော်ရလာပါပြီ။ အမေရိကန်ကတော့ ရှေ့တပတ်ထဲမှ စမှာပါ။ နယူးဇီလန်က ဆန္ဒပြသူတွေက ပါလီမန်ကို ထရပ်၊ ဗန်၊ ဆိုင်ကယ်Continue reading “ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၂၂”
Biden’s Inflation Is Only The Beginning. The Real Problem Is Far, Far Worse.
By Ben Shapiro (Daily Wire) ဘိုင်ဒန်က သမ္မတတယောက်အနေနဲ့ နိုင်ငံရေးနယ်ပယ်မှာ နေရာတိုင်းမှာ ကျရှုံးနေတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံခြားရေးမှာဆိုရင် အာဖဂန်ကို လူရိုင်းမျိုးစုတွေလက် အကျခံလိုက်တာ၊ ယူကရိန်းကို ကျူးကျော်ဖို့ ရုရှားကို လှုံ့ဆော်ပေးနေတာ၊ အဲဒီလိုလုပ်ခြင်းအားဖြင့် တရုပ်လည်း တိုင်ဝမ်ကို ကျူးကျော်ဖို့ လမ်းဖွင့်ပေးနေတာ၊ တချိန်ထဲမှာပဲ အကြမ်းဖက်တွေကို စပွန်ဆာလုပ်ပေးနေတဲ့ အီရန်ကို စာချုပ်ချုပ်ဖို့ သွားမြှူတာမှာ ဟိုက အဖက်ကို မလုပ်ခဲ့တာ။ ပြည်တွင်းရေးမှာဆိုရင်လည်း ကလေးတွေအပေါ် အဓိပ္ပါယ်မရှိတဲ့ ကန့်သတ်ချက်တွေ အတင်းလုပ်တာ၊ တရားမဝင်မဝင် ရူးနှမ်းတဲ့ ဆေးမန်ဒိတ်နဲ့ ပြည်သူတွေကြား သွေးခွဲတာ၊ အတိုက်အခံတွေကို ဂျင်မ်ခရိုးရေ့စစ်တွေလို့ ပုတ်ခတ်စော်ကားတာ၊ လိင်အတွေးအခေါ်ကစလို့ ဘာသာရေးဖိနှိပ်တဲ့ ဥပဒေတွေအထိပါဝင်တဲ့ လက်ဝဲစွန်းအာဂျင်ဒါတွေကို သွပ်သွင်းလာတာ၊ စသဖြင့်ပေါ့။ စီးပွားရေးနယ်ပယ်မှာတော့ ဘိုင်ဒန်အမှန်တကယ်ကို အကြီးအကျယ်Continue reading “Biden’s Inflation Is Only The Beginning. The Real Problem Is Far, Far Worse.“
ဖေဖေါ်ဝါရီ ၁၆ ရက် ၂၀၂၂
ဘိုင်ဒန်အစိုးရက Federal Reserve အဖွဲ့မှာ ခန့်ထားဖို့ အဆိုပြုထားတဲ့ Sarah Bloom Raskin ဟာ လက်ဝဲစွန်းတဦးဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး တိုက်ပွဲဝင်သူတဦးဖြစ်တဲ့အတွက် ရေနံနဲ့ ဓါတ်ငွေ့ကုမ္ပဏီတွေကို ခရက်ဒစ်မပေးဘူးလို့ ကြွေးကြော်ထားသူဖြစ်ပါတယ်။ သူမရာထူးက ပတ်ဝန်းကျင်ထိန်းသိမ်းတာနဲ့ ဆိုင်ရင်တော့ တမျိုးစဥ်းစားရမှာဖြစ်ပေမယ့် အခုဟာက နိုင်ငံစီးပွားရေးအတွက် အချက်အချာကျတဲ့ နေရာဖြစ်လေတော့ သူမကို ခန့်အပ်ဖို့ ဆွေးနွေးကြမယ့် Senate Banking Committee အစည်းအဝေးကို ရီပါဘလစ်ကန်တွေက သပိတ်မှောက်မယ်လို့ ကော်မီတီဝင် အမတ် ပက်တူမီက ပြောသွားပါတယ်။ အဲဒီလို သပိတ်မှောက်လိုက်ရင် ၅၀-၅၀ ကော်မီတီမှာ မဲခွဲဖို့ အထမမြောက်တော့ဘူးဖြစ်မှာပါ။ အမေရိကန်မှာ အခုလို ကုန်ဈေးနှုန်း၊ မီတာခ၊ အစရှိသဖြင့် အထွေထွစရိတ်တွေ တက်ပြီး ပြည်သူတွေ အကျပ်အတည်း ဖြစ်နေရတာလည်း ပတ်ဝန်းကျင်ကိုContinue reading “ဖေဖေါ်ဝါရီ ၁၆ ရက် ၂၀၂၂”
ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၂၂
တရုပ်ပြည်မှာ လက်ရှိကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်နဲ့ ပတ်သက်ပြီး မေးစရာမေးခွန်းတွေ အများကြီး ရှိနေပါတယ်။ ပွဲကျင်းပတဲ့ ဘေဂျင်းမှာ စနိုးမရှိတဲ့အတွက် စဖွင့်တဲ့နေ့မှာ စနိုးအတုလုပ်ဖို့ လိုအပ်တဲ့ ရေကတင် အိုလံပစ်ရေကူးကန်ပေါင်း ၄၀၀ လောက်နဲ့ ညီတဲ့ ပမာဏဖြစ်တဲ့ ရေဂါလံ သန်း၂၅၀ကျော်ဖြစ်ပြီး အဲဒါကို စနိုးဖြစ်အောင်လုပ်ဖို့ ပါဝါကလည်း မနဲမနော လိုဦးမှာပါ။ ပြီးရင် အရည်ပျော်တဲ့စနိုးတွေကို အချိန်နဲ့အမျှ ထပ်လုပ် ထပ်ဖြည့်နေရမှာက အိုလံပစ်ပွဲစဥ် တလျောက်လုံးဆိုတော့ အမေရိကန်မှာသာ ရီပါဘလစ်ကန်အစိုးရကသာ အဲဒီလိုလုပ်ရင် အိမ်ကျယ်တွေ ဝိုင်းအော်ကြတာနဲ့ ပွဲတော်တော်ဆူမယ့်သဘော ရှိပါတယ်။ နှင်းလျောစီးတဲ့နေရာကလည်း သဘာဝတောင်ကုန်းမှာမဟုတ်ပဲ အနောက်မှာ နြူဓါတ်ပေါင်းဖိုလိုဟာကြီးတွေ တွေ့နေရတော့ လူတွေက သို့လောသို့လောတွေ ဖြစ်ကုန်ပါတယ်။ ဖက်ချက်ကတော့ သိတဲ့အတိုင်းပဲ စတီးစက်ရုံဟောင်းပါလို့ ဖာပါတယ်။ အဲဒီနေရာက Industrial wastelandContinue reading “ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၂၂”
Woke Education
လက်ဝဲတွေရဲ့ တပြည်လုံးကျွန်ဖြစ်ရေး နုံအ ညံ့ဖျင်းရေးစီမံချက်မှာ ကလေးတွေက အဓိကပစ်မှတ်ဖြစ်နေပါတယ်။ အမေရိကန်ကျောင်းတွေမှာ အရေး၊ အဖတ်၊ အတွက်၊ သမိုင်း၊ နိုင်ငံချစ်စိတ် စတာတွေက တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ယှဥ်ရင် အများကြီးယုတ်လျော့လာအောင် လုပ်လာနေကြတာ တော်တော်ကြာနေပါပြီ။ စဥ်းစားတတ်ဖို့ကိုလည်း အားမပေးတော့ပဲ ဥပမာ ဖခင်နာမည် ဦးဘမဟုတ်ဘူးလို့ ပြောရင်ကို နင်ကဘာမို့လဲ ဘာသိလို့လဲစသဖြင့် ရန်ထောင်ပြဿနာရှာနေတဲ့အဆင့် ဖြစ်နေတာပါ။ အဆိုးဆုံးကတော့ မူလတန်းအရွယ်လေးတွေကစပြီး လိင်ကိစ္စတွေနဲ့ ရင်းနှီးအောင် လုပ်လာတာပါ။ ဖတ်ခိုင်းတဲ့စာအုပ်တွေ၊ ကျောင်းကိုဖိတ်ခေါ်ပြီး ဟောပြောခိုင်းသူတွေက မိန်းမလို မပေါ့တပေါ်ရော ပေါ်ပေါ်တင်တင်ပါဝတ်ထားတဲ့ ကွီးယားကြီးတွေဖြစ်နေပါတယ်။ အခုလဲ ကွန်နက်တီကတ်မှာ ၁၃နှစ်အရွယ် ၈တန်းကလေးတွေကို ပီဇာအတွက် ထည့်မယ့်ပစ္စည်းတွေ ရွေးခိုင်းရာမှာ topping တွေကို သူတို့ဖြစ်ချင်တဲ့ လိင်ဆက်ဆံမှုပုံစံနာမည် ပေးထားပြီး အဲဒီအတိုင်း ရွေးခိုင်းပါတယ်တဲ့။ အဲဒီကျောင်းက အပြာရင့်ရောင်ဒေသမှာတောင်မဟုတ်ပဲContinue reading “Woke Education”
တရုပ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေး = စီစီပီအစိုးရရဲ့ လူတွေကို ထိန်းချုပ်မယ့် နဖားကြိုး
Erik Bethel (Interviewed by Jan Jekielek in American Thought Leaders) အမေရိကန်ရဲ့ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကမ္ဘာ့ငွေကြေးပညာရှင် Erik Bethel က တရုပ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးအသစ်ဟာ ငွေပေးချေမှု ပုံစံအသစ်အနေနဲ့ ဝင်လာတဲ့ ပဥ္စမံတပ်သားသာဖြစ်တယ်လို့ ဆိုပါတယ်။ တရုပ်အစိုးရဟာ အဲဒီဒစ်ဂျစ်တယ်ငွေကြေးကို အသုံးချပြီး လူတွေကို နောက်ယောင်ခံလိုက်နိုင်မယ်၊ သူတို့ရဲ့ social credit score နဲ့တွဲထားလိုက်ရင် အာဏာရှင်စီစီပီအနေနဲ့ ကမ္ဘာတည်သ၍ အာဏာမြဲနေတော့မယ့်သဘောရှိပါတယ်။ တရုပ်စီစီပီက သူ့ရဲ့ ဒစ်ဂျစ်တယ်ယွမ်ကို စလုပ်ပြီဆိုတာနဲ့ အဲဒါက တခြားနိုင်ငံတွေကိုပါ လိုက်အသုံးပြုအောင် တွန်းတော့မှာဖြစ်ပါတယ်။ (အဓိကက သူ့အကြွေးအများကြီး တင်နေတဲ့ နိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေ ဖြစ်မှာပါ။) အဲဒီလို နိုင်ငံတွေ အသုံးများလာတာနဲ့အမျှ ကမ္ဘာ့အရံငွေကြေးအဖြစ်Continue reading “တရုပ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေး = စီစီပီအစိုးရရဲ့ လူတွေကို ထိန်းချုပ်မယ့် နဖားကြိုး”
NM Election Law on Absentee Votes
နယူးမက္ကဆီကို ပြည်နယ်ဆီးနိတ်အတွက် ဝင်ပြိုင်ခဲ့ဖူးတဲ့လူက ဒီမိုကရက်တွေကြီးစိုးတဲ့ သူ့ပြည်နယ်မှာ ရွေးကောက်ပွဲနီးမှ ကပ်ပိုးအကြောင်းပြပြီး ပျက်ကွက်မဲတွေနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်ခဲ့ကြကြောင်း၊ အရင်က ပျက်ကွက်မဲပေးသူဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရဲ့လားဆိုတာကို ဒီမိုကရက်တဦး၊ ရီပါဘလစ်ကန်တဦးနဲ့ လစ်ဘတေးနီးယန်းလိုမျိုး တခြားပါတီက တဦး ပေါင်း judge ၃ဦးပါဝင်တဲ့အဖွဲ့က စစ်ဆေးပြီး အရည်အချင်းပြည့်မှီတဲ့မဲကိုသာ ထည့်သွင်းရေတွက်ကြတာဖြစ်ကြောင်း၊ ၂၀၂၀နှောင်းပိုင်းမှ ပြုလုပ်လိုက်တဲ့ ဥပဒေအရ ကောင်တီစာရေးကသာ စစ်ဆေးခွင့်ရှိပြီး ပျက်ကွက်မဲ ရေတဲ့နေရာတွေမှာပါ ရီပါဘလစ်ကန် judge တွေကို ပေးမဝင်တော့တဲ့အပြင် ဘေးကရပ်ကြည့်ပြီး မတော်တာတွေ့ရင် ပြောနိုင်တဲ့ challenger တွေကိုပါ ဝင်ခွင့်မပြုကြတော့ကြောင်း၊ အဲဒါကြောင့် မျှတမှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဒီမိုကရက်ရော ရီပါဘလစ်ကန်တွေအပါအဝင် ပြည်သူအားလုံးက ကောင်တီစည်းဝေးပွဲတွေကို တက်ရောက်ကြပြီး ကိုယ့်မြို့ ကိုယ့်ပြည်နယ်မှာ ဘာတွေလုပ်နေကြသလဲဆိုတာကို သိအောင်လုပ်ကြဖို့ အရေးကြီးကြောင်း၊Continue reading “NM Election Law on Absentee Votes”
Covid-19 and Authoritarian Apps
ခုခေတ်မှာ လူတိုင်းလဲ ဖုံးကိုင်နေပြီ၊ နည်းပညာတွေလည်း တိုးတက်နေပြီ၊ အဲဒီတော့ ကပ်ပိုးကို နည်းပညာနဲ့ ခုခံကြမယ်ဆိုပြီး နည်းပညာကို လူတွေအကျိုးပြုတဲ့ဖက်မှာပဲ သုံးလိမ့်မယ်လို့ ပုံပြီး ယုံလို့ လုံးဝ မဖြစ်ပါဘူး။ အထူးသဖြင့် အာဏာရှင်အစိုးရတွေ၊ အာဏာရှင်ဖြစ်ချင်နေတဲ့ အစိုးရတွေ၊ အာဏာရှင်တွေနဲ့ ပေါင်းစားနေတဲ့ နည်းပညာသမားတွေကို အလျင်စလို ယုံလိုက်တာမျိုး လုံးဝ မလုပ်သင့်ပါ။ တရုပ်ပြည်မှာ သိကြတဲ့အတိုင်း ဇီးရိုးကိုဗစ် ပေါ်လစီလုပ်ထားတာပါ။ အဲဒီအတွက် ပြည်သူတွေကို ဖုံးထဲမှာ QR ကုဒ်နဲ့ အရောင်ခွဲပေးထားပါတယ်။ အစိမ်းရောင်ဆိုရင် ခရီးသွားခွင့်အပါအဝင် အကန့်အသတ်မရှိ သွားခွင့်ရှိပါတယ်။ အဝါဆိုရင် ကန့်သတ်ချက်တွေ စလာပါပြီ၊ ဥပမာ စားသောက်ဆိုင်ထဲမဝင်ရ၊ ဘတ်စ်မစီးရ စသဖြင့်ပေါ့။ လိမ္မော်ရောင်ဆိုရင်တော့ ပိုဆိုးပါတယ်၊ ဥပမာ ကိုယ့်ရပ်ကွက်မှာ တွေ့တယ်ဆိုရင် ကိုယ့်တိုက်/ကိုယ့်လမ်းအပြင် ကျော်ပြီးContinue reading “Covid-19 and Authoritarian Apps”