ဇွန်လ ၄ ရက် ၂၀၂၅

ခုရက်ပိုင်း သတင်းတွေထဲမှာ ဟော့နေတာက ထရမ့်ရဲ့ Big Beautiful Bill ကို အီလွန်က ကန့်ကွက်တဲ့ အကြောင်းပါ။ ဒီနေရာမှာ ပုဂ္ဂိုလ်ရေးခင်မင်လေးစားမှု၊ မူနဲ့ ပြဿနာကို ဖြေရှင်ဖို့ ချဥ်းကပ်ပုံတို့ကို ခွဲခြားမြင်ဖို့ လိုပါတယ်။ ဒီလိုသဘောထား ကွဲလွဲမှုတွေ ဖြစ်လာလို့ ထရမ့်နဲ့ အီလွန် အခင်အမင် မပျက်သလို သူတို့ထဲက တဦးဦးရဲ့ မူကပိုမှန်တယ်လို့လည်း ပြောဖို့ မလွယ်ပါဘူး။ ရှေ့က ခြအစိုးရများ၊ ခြအမတ်များနဲ့ တရားရေး၊ ဗျူရိုကရက်ခြအဆက်ဆက် ဖြုန်းတီးသွားလို့ ကြွေးလည်ပင်းနစ်နေတဲ့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်စေချင်ကြတာမှာ တူပေမယ့် ချဥ်းကပ်တဲ့နေရာမှာကျတော့ အီလွန်က DoGE ကနေ အလေအလွင့်တွေ တပုံတပင်တွေ့ရှိထားသူပီပီ​ အသုံးစားရိတ်တွေ အများကြီး ထပ်ဖြတ်နိုင်သေးတာလည်း သိနေတော့ ထပ်ဖြတ်ဖို့ တွန်းစေချင်ပါတယ်။ ထရမ့်ကလည်း အလားတူContinue reading “ဇွန်လ ၄ ရက် ၂၀၂၅”

ဇွန်လ ၃ ရက် ၂၀၂၅

Bureau of Economic Analysis ရဲ့နံပါတ်တွေအရ အမေရိကန်တွေရဲ့ ဝင်ငွေဟာ ဧပြီလမှာ ၀.၈% (သို့) ၂၁၀.၁ဘီလီယံ တက်ခဲ့ပြီး ၂၅.၈၅၈ထရီလီယံကို ရောက်သွားခဲ့ပါတယ်။ မတ်လတုန်းက ၀.၇% တက်ခဲ့တာကနေ ထပ်တက်တာပါ။ ဒီနှစ်ဧပြီမှာတက်တဲ့ ၀.၈% က တလထက်တလ တက်တဲ့ထဲမှာ ၂၀၂၁ မေနောက်ပိုင်း အမြင့်ဆုံးဖြစ်သလို အများခန့်မှန်းကြတဲ့ ၀.၃% ထက်လည်း အများကြီး မြင့်နေပါတယ်။ Disposable income ကလည်း ၁၈၉.၄ ဘီလီယံနဲ့ ၀.၈% တက်ခဲ့ပြီး တကိုယ်ရည် စုဆောင်းငွေတွေက ၄.၉%နဲ့ တနှစ်အတွင်း အမြင့်ဆုံးအဖြစ် ရောက်ရှိသွားပါတယ်။ လုပ်ခလစာ ပေးချေမှုတွေ ၀.၅% တက်သွားတဲ့ထဲမှာ ကုန်ထုတ်ကဏ္ဍက လုပ်ခလစာတွေ ၃.၁ ကျဆင်းသွားပေမယ့် ဝန်ဆောင်မှုကဏ္ဍမှာ ၅၃.၁ဘီလီယံ တက်လာပါတယ်။Continue reading “ဇွန်လ ၃ ရက် ၂၀၂၅”

Tesla Full Self Driving/ Robotaxi

တက်စ်လာက ကာလီဖိုးနီးယားမှာ robotaxi service ပေးနိုင်ဖို့ လိုအပ်တဲ့ the transportation charter-party carrier permit ကို နိုဝင်ဘာတုန်းက လျောက်ထားခဲ့တာ California Public Utilities Commission က ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲဒီပါမစ်နဲ့ တက်စ်လာက သူတို့ကားတွေကို Airbnb နဲ့ Uber ပေါင်းထားသလိုမျိုး app ကနေ လူတွေက ခေါ်ယူစီးနင်းနိုင်မှာ ဖြစ်ပါတယ်။ Uber လိုပဲ တချို့ကို Tesla ကပိုင်မှာဖြစ်ပြီး Airbnb လို ကိုယ်ပိုင်ကားတွေကို အငှားချထားနိုင်မယ့်သဘော ဖြစ်ပါတယ်။ တက်စ်လာကားပိုင်ရှင် တွေက  သူတို့အသုံးမပြုတဲ့အချိန်မှာ သူတို့ကားတွေကို အဲဒီ app ကိုသုံးပြီး ငှားရမ်းခြင်းဖြင့် ဝင်ငွေရှာနိုင်သလို ကိုယ်အသုံးလိုတဲ့ အချိန်မှာ သူတို့ရဲ့ teslaContinue reading “Tesla Full Self Driving/ Robotaxi”

မေ ၂၆ ရက် ၂၀၂၅

၂၀၂၄ရကပမှာ ထရမ့်အနိုင်ရပြီးချိန်ကနေ ဇန္နဝါရီ၂၀ ကျမ်းသစ္စာကျိမ်ဆိုပြီး အိမ်ဖြူတက်တဲ့အထိ ၇၆ရက်အတွင်းမှာ ဘိုင်ဒန်အစိုးရက စွမ်းအင်ဝကဌာနရဲ့ ချေးငွေဌာနကနေ ၉၃ဘီလီယံ ထုတ်ချေးထားတာကို DoGE က တွေ့ရှိထားပါတယ်။ အဲဒီပမာဏက လွန်ခဲ့တဲ့ ၁၅နှစ်အတွင်း ထုတ်ချေးခဲ့တဲ့ပမာဏအားလုံးရဲ့ ၂ဆ ဖြစ်နေတဲ့အပြင် ဘာလုပ်ဖို့ချေးတယ်၊ ဘယ်လို ငွေပြန်ဝင်ဖို့ မျှော်မှန်းထားတယ်၊ ဘယ်လို အကြွေးဆပ်မယ်ဆိုတဲ့ ဘာအချက်အလက်မှ တိတိပပ မတွေ့ရဘူးလို့ ဆိုပါတယ်။ တိုင်းပြည်စီးပွားရေး ကောင်းအောင်၊​ ကုန်ဈေးနှုန်းကျအောင်၊ အလုပ်အကိုင် တိုးပွားအောင် မလုပ်တတ်ကြသူတွေက ၇၆ရက်အတွင်း ဒေါ်လာသန်းပေါင်း ၉သောင်း၃ထောင်ကို ခိုးသွားခဲ့တာက သူတို့ရဲ့ အဓိကအရည်အချင်းက ဘာဆိုတာကို ပြနေတာပါပဲ။ ကြည်ညိုသူတွေကလည်း ဇွတ်ကို အကြောင်းရှာ ဖာထေးပြီး ဆက်လက်ကြည်ညိုနေကြဦးမှာပါ။ ဘိုင်ဒန်ကင်ဆာရှိတာကို ဖုံးဖိထားတဲ့သူတွေထဲက ဘိုင်ဒန်ဟာ သတိ ဦးနှောက်ကအစ အကုန်ကောင်းContinue reading “မေ ၂၆ ရက် ၂၀၂၅”

မေ ၂၁ ရက် ၂၀၂၅

ထရမ့်ဒုတိယသက်တမ်းရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဥ်ဟာ အရင်သမ္မတတွေရဲ့ နိုင်ငံခြားခရီးစဥ်တွေနဲ့ ကွဲပြားတာက အမေရိကန်သမ္မတတဦး (နိုင်ငံခြား)ခရီးထွက်ရင် တဖွဲ့လုံးစားရိတ်အပြင် the beast သယ်သွားရတာ၊ သွားလေရာမှာ လုံခြုံရေးအသေးစိတ်လုပ်ရတာဆိုတော့ တရက်ကို ၅သန်းလောက် ကုန်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူပိုက်ဆံ မဖြုန်းချင်တဲ့ အသက် ၇၉ပြည့်ခါနီး သမ္မတကြီးက ရက်တိုတိုအတွင်းမှာ သွားရကျိုးနပ်အောင် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်တွေ အများကြီးရအောင် အပင်ပန်းခံပြီး အကွက်စေ့စေ့ စီမံထားခဲ့တာပါ။ အရင်သမ္မတတွေဆို အေးအေးဆေးဆေး အချိန်ယူ လည်ကြပြီး ကိုယ့်နိုင်ငံအတွက် ဘာမှပြန်မယူလာနိုင်ကြတာ များပါတယ်။ ယှဥ်ကြည့်နိုင်အောင်ပါ။ ကာတာကပေးတဲ့ လေယာဥ်ကိုလည်း လေတပ်က လက်ခံဖို့ သဘောတူလိုက်ပါပြီ။ လုံခြုံရေးအစီအမံ စတာတွေလုပ်ပြီးရင် စီးလို့ရပါပြီ။ FBI ဒါရိုက်တာ ကက်ရှ်ပတဲလ်က FBI ရုံးချုပ်ရှိတဲ့ Hoover အဆောက်အဦဟာ လုံခြုံရေးစိတ်မချရတဲ့ အတွက် ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း၊Continue reading “မေ ၂၁ ရက် ၂၀၂၅”

မေလ ၁၅ ရက် ၂၀၂၅

သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ၃ရက်တာ ခရီးစဥ်က ပြောစမှတ်ပြုရလောက်အောင်ကို အောင်မြင်ခဲ့ပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသားက ထုံးစံကိုဖျက်ပြီး လေယာဥ်အခြေအထိ သူကိုယ်တိုင် လာကြိုခဲ့သလို အပြန်မှာလည်း သမ္မတရဲ့ စီးတော်ယာဥ် The Beast နဲ့ အတူလိုက်ပါပြီး လေယာဥ်ပေါ် တက်တဲ့အထိ ပို့ဆောင်နှုတ်ဆက်ခဲ့တာဟာ အလုပ်သဘောမျိုးထက် ချစ်ခင်လေးစားရတဲ့ ဦးလေး သားချင်းနဲ့ တွေ့နေသလိုပါပဲ။ သွားရောက်ခဲ့တဲ့ ၃နိုင်ငံစလုံးက သူ့ထက်ငါ ခမ်းနားအောင် ကြိုဆိုကြ၊ ရှေ့လူထက်ပိုများအောင် ရင်းနှီးမြှုပ်နှံကြ၊ ထရမ့်ကြိုက်တဲ့သီချင်း၊ ထရမ့်ပြောနေကျ စကားလုံးတွေနဲ့ သူ့ထက်ငါ အလေးထားပြကြတာ အားရစရာပါပဲ။ ဆော်ဒီက တိုက်လေယာဥ် ၅စီး ခြံရံပြီး ကြိုတော့ ကာတာက ၈စီးနဲ့ ကြိုပါတယ်။ UAE က အမြင့်ဆုံးအရပ်သား ဂုဏ်ထူးဆောင်ဆု ပေးပါတယ်။ လာမယ့် ၅-၁၀နှစ်အတွင်း အမေရိကန်မှာContinue reading “မေလ ၁၅ ရက် ၂၀၂၅”

မေ ၁၃ရက် ၂၀၂၅

ဧပြီအတွက် နှစ်စဥ် ငွေဖောင်းပွမှုနှုန်းက ၂.၃% ဖြစ်တဲ့အတွက် ၂၀၂၁ကစလို့ အနိမ့်ဆုံးဖြစ်တဲ့အပြင် ခန့်မှန်းခြေထက်လည်း နည်းတဲ့အတွက် မနေ့က တရုပ်နဲ့ ကုန်သွယ်မှုသဘောတူညီချက်ကြောင့် ဆောင့်တက်ခဲ့တဲ့ စတော့မားကက်က အားရပါးရ ထပ်တက်ပြန်ပါတယ်။ အဲဒါကြောင့် JP Morgan က ၂၀၂၅ မှာ ရီဆက်ရှင်ဖြစ်မယ်ဆိုတဲ့ မှန်းချက်ကို ရုတ်သိမ်းသွားသလို အခြားစီးပွားရေးပညာရှင်များ ကလည်း သူတို့ခန့်မှန်းတာ မှားခဲ့ပါကြောင်း အသီးသီး ဝန်ခံလာကြပါတယ်။ ဓါတ်ဆီ/လောင်စာဈေးနဲ့ အခြေခံစားကုန်ဈေးတွေက တနိုင်ငံလုံးလိုလိုမှာ ကျပေမယ့် စူးရောက်လှတဲ့ ကာလီဖိုးနီးယားဂါဗာနာ နျူဆမ်က ပြည်နယ်ရဲ့ အကြီးဆုံး ရေနံတွင်း ၂ခုကို ပိတ်ပစ်တော့မှာဖြစ်လို့ လောင်စာဈေး ကုန်စည်ဈေးက ထပ်တက်ဖို့ ရှိနေပါတယ်။ ဒီကနေ့ သမ္မတထရမ့် ဒုတိယသက်တမ်းရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဥ်အဖြစ် ဆော်ဒီ၊ ကာတာနဲ့ UAE ခရီးစဥ်ကိုContinue reading “မေ ၁၃ရက် ၂၀၂၅”

မေ ၁၀ ရက် ၂၀၂၅

အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ အရေးပါတဲ့နိုင်ငံတခုဖြစ်တဲ့ UK နဲ့ ဗွေဆော်ဦးသဘောတူညီချက် ရလိုက်တာက နက်ရှိုင်းတဲ့ဆက်ဆံရေးရှိခဲ့တဲ့ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမှာပါ။ အရင်က UK က US အပေါ် မြင်သာတဲ့tariff ဆိုတာထက် အမေရိကန်ပစ္စည်းတွေကို ဝယ်ဖို့ မဖြစ်နိုင်အောင်ရေးထားတဲ့ စည်းမျဥ်းတွေနဲ့ ကြပ်ခဲ့တာပါ။ US က UK မှ သွင်းကုန်အများစုအပေါ် ၁၀% နဲ့ စတီးနဲ့ အလူမီနမ်အပေါ် ၂၅% စည်းကြပ်ထားပါတယ်။ စတီးနဲ့ ကားတွေအပေါ် tariff လျော့ချပေးတာကို တုန့်ပြန်တဲ့အနေနဲ့ ဥဒ​က အမေရိကန် နည်းပညာသွင်းကုန်တွေအပေါ် digital tax ကောက်တာကို လျော့ပေးသွားမှာဖြစ်သလို အီသနော၊ အသားနဲ့ လယ်ယာထွက်ကုန်တွေအပါအဝင် အမေရိကန်ကုန်စည်တွေအတွက် ဈေးကွက် ဖွင့်ပေးဖို့လည်း ပါဝင်ပါတယ်။ အသေးစိတ်သိချင်ရင် အိမ်ဖြူဝက်ဘ်ဆိုက်မှာ သွားကြည့်ပါ။Continue reading “မေ ၁၀ ရက် ၂၀၂၅”

မေ ၅ ရက် ၂၀၂၅

ဒီကနေ့ သမ္မတထရမ့်က ဝဟပိုးလိုမျိုး သဘာဝအတိုင်းဆို လူကိုမကူးနိုင်၊ ကူးရင်လည်း မများ၊ မပြင်း၊ မသေနိုင်တဲ့ ပိုးမျိုးကို လူအချင်းချင်း ကူးလွယ်အောင်၊ သေလောက်တဲ့အထိ ထိချက်ပြင်းအောင်၊ သုတေသနပြု ထုတ်လုပ်တဲ့ တရုပ်၊ အီရန်၊ ယူကရိန်းအပါအဝင် နိုင်ငံတွေမှာရှိတဲ့ Gain of function သုတေသနလုပ်ငန်းတွေကို ဖက်ဒရယ်အစိုးရက ပိုက်ဆံမပေးတော့ဘူးလို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီလုပ်ငန်းတွေကို အိုဘမလက်ထက်ကတည်းက NIH က ဖောက်ချီတို့နဲ့ ဂလိုဘယ်လစ်တွေ၊ အာဏာရှင်တွေပူးပေါင်းကာ ပြည်သူ့ဘဏ္ဍာသန်းပေါင်းများစွာအကုန်ခံပြီး စမ်းသပ်နေခဲ့ကြတာပါ။ ဒီ funding တွေဟာ NIH အောက်က NIAID ကနေ USAID၊ အဲဒီကနေ ဘိုင်ဒန့်သားမက်ရှယ်ယာပါတဲ့ Eco Health Alliance ကတဆင့် biosafety ဥပဒေတွေ မတင်းကျပ်တဲ့ အာဏာရှင်နိုင်ငံ တွေကContinue reading “မေ ၅ ရက် ၂၀၂၅”

မေ ၂ရက် ၂၀၂၅

ဧပြီလမှာ အလုပ်အကိုင်သစ်ပေါင်း ၁၇၇,၀၀၀ ဖန်တီးပေးနိုင်ခဲ့ပြီး အလုပ်လက်မဲ့နှုန်းက ၄.၂% နဲ့ ပြောင်းလဲမှု မရှိပါဘူး။ ဒီနံပါတ်က မတ်လက ၁၈၅,၀၀၀ ထက် အနည်းငယ်လျော့သွားပေမယ့် ခန့်မှန်းနံပါတ်က ၁၃၀,၀၀၀ဖြစ်လို့ ခန့်မှန်းထက် အများကြီးပိုတဲ့အတွက် စတော့ဈေးကွက် အညွှန်းကိန်းတွေ treasury yield တွေ တက်သွားသလို ဒေါ်လာလည်း ပြန်မာလာပါတယ်။ အလုပ်အကိုင်သစ် အများစုက ကျန်းမာရေး ၅၁,၀၀၀၊ transportation and warehousing 29,000, financial activities 14,000 ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမှာ ၁,၀၀၀ လျော့သွားပါတယ်။ နိုင်ငံခြားလုပ်သား ၄၁၀,၀၀၀ လျော့သွားပေမယ့် အလုပ်လက်ရှိ အမေရိကန်ဖွားတွေ ၁သန်းကျော် တိုးလာပါတယ်။ ဒီနှစ် ပထမ ၃လပတ် GDP က ၀.၃% လျော့သွားတယ်လို့Continue reading “မေ ၂ရက် ၂၀၂၅”