အီရန်မှာ ဆန္ဒပြပွဲတွေလုပ်လာတာ ဒီဇင်ဘာ ၂၈ကထဲကဖြစ်ပြီး တနေ့ထက်တနေ့ ပိုကြီးထွား လာနေပါတယ်။ တချို့မြို့တွေမှာ ရဲတပ်ဖွဲ့က ပြည်သူကို မနှိမ်နှင်းတော့ပဲ လွှတ်ထားလိုက်တာ၊ ၊ အမျိုးသမီးတွေက ပါးရှန်းယဥ်ကျေးမှုမဟုတ်ပဲ အာရပ်ထုံးစံကလာတဲ့ ခေါင်းနဲ့ မျက်နှာကို ဖုံးတာတွေကို မီးရှို့ကြ၊ ဆန္ဒပြလူအုပ်ကြီးတွေက ပလီတွေထဲဝင်ပြီး အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ်ပလီဆရာတွေကို အော်ဟစ်ကြ၊ အစုအဝေးနဲ့ ခရစ်ယာန်ဘာသာကို ကူးပြောင်းကြ စသဖြင့် သတင်းမျိုးစုံ ကြားနေရပါတယ်။ အာဏာရှင်တပ်တွေ ပစ်ခတ်နှိမ်နှင်းရာမှာ သေဆုံးသွားခဲ့တဲ့ ဆန္ဒပြလူငယ်လေးတွေရဲ့ ပုံတွေကိုလည်း ဂုဏ်ပြုဖြန့်ဝေနေကြပါတယ်။ သေဆုံးသူခန့်မှန်းခြေ ၃၆-၆၄ဆိုပေမယ့် ဆေးရုံရပ်ဝန်းကတော့ သေဆုံးသူ ၂၀၀ကျော်ပြီလို့ ဆိုပါတယ်။ အစ္စရေးဝကခ နေတန်ယာဟူက ပါးရှန်းပြည်သူတွေကို မင်းဆိုးမင်းညစ်ကို ဆန့်ကျင်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်းနေခဲ့တာပါ၊ နောက်ဆုံးတကြိမ်က ရေရှားပါးမှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဩဂုတ်လကမှပါ။ အစ္စရေးရဲ့Continue reading “ဇန်နဝါရီ ၉ရက် ၂၀၂၆”
Category Archives: Uncategorized
Congressional Accord 1963
CURRENT COMMUNIST GOALS (1-45) FBIဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ Willard Cleon Skousen က ထောက်လှမ်းရေးလုပ်ခဲ့တဲ့ အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး အမေရိကန်ကို ကွန်မြူနစ်တွေ ထိုးဖောက်လွှမ်းမိုးဖို့ ကြိုးစားနေတဲ့အကြာင်းကို ပြည်သူတွေ သိရှိနိုင်ဖို့ ၁၉၅၈မှာ The Nacked Communist အမည်နဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူရေးခဲ့တဲ့ ကွန်မြူနစ်ရည်မှန်းချက် ၄၅ ချက်ကို ကွန်ဂရက်စ်မှာ အဲဒီတုန်းက ဖလော်ရီဒါမှ ဒီမိုကရက်အမတ် Mr. Albert Sydney Herlong Jr. က ဖတ်ကြားသွားခဲ့ပါတယ်။ 1. U.S. acceptance of coexistence as the only alternative to atomic war. နျူကလီးယားစစ်ပွဲတွေကို ရှောင်ရှားဖို့အတွက် အတူယှဉ်တွဲနေထိုင်ရေးဆိုတာကိုContinue reading “Congressional Accord 1963”
ဇန်နဝါရီ ၄ရက် ၂၀၂၅
ပထမထရမ့်အစိုးရက ၂၀၂၀အစောပိုင်းမှာ ဗင်နီဇွဲလားက မဒူရိုကို ဖမ်းလာပေးရင် ဆုကြေး ၁၅သန်း ကနေ ဘိုင်ဒန်တို့က ၂၀၂၅အစောပိုင်းမှာ သန်း ၂၅ကို တိုးမြှင့်ခဲ့ပြီး ဩဂုတ်လထဲမှာ ထရမ့်ဒုတိယအစိုးရကသန်း၅၀အထိ တိုးမြှင့် ကြေငြာချက်ထုတ်ခဲ့ပေမယ့် အမေရိကန်ရေတပ်က လက်ရဖမ်းဆီးမိခဲ့လို့ ဆုကြေး ပေးစရာ မလိုတော့ပါဘူး။ တကယ်သွားဖမ်းရတဲ့ ကုန်ကျစားရိတ်ကတော့ ဆုကြေးထက် အများကြီး ပိုနိုင်ပါတယ်။ တကယ်လို့များ မအောင်မြင်ခဲ့ရင် တပ်သားအသက်၊ စစ်ယာဥ်/လက်နက်တင်မက အမေရိကန် ဂုဏ်သိက္ခာပါ ကျဆင်းသွားနိုင်လို့ အင်မတန် အလျော်အစားကြီးတဲ့ စစ်ဆင်ရေးတခု ဖြစ်ပါတယ်။ မာဒူရိုကို သွားဖမ်းရာမှာ ကုန်ကျတဲ့ စားရိတ်တွေကို ရေနံကနေ ပြန်ယူမှာဖြစ်ပြီး ဆိုရှယ်လစ် အာဏာရှင်စနစ်အောက်မှာ အဖက်ဖက်က ယိုယွင်းနေတဲ့ တိုင်းပြည်ရဲ့ infrastructure ကို ပြန်လည် တည်ဆောက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ပိုတာကတော့Continue reading “ဇန်နဝါရီ ၄ရက် ၂၀၂၅”
ဒီဇင်ဘာ ၂၇ ရက် ၂၀၂၅
Survivor 10th season ရိုက်ကူးခဲ့တဲ့ ဖိလစ်ပိင်းအရှေ့ဖက် ပစိဖိတ်သမုဒ္ဒရာထဲက လူဦးရေ ၁၈၀၀၀ခန့်ပဲ ရှိတဲ့ Palau ကျွန်းနိုင်ငံလေးဟာ ထရမ့်အစိုးရက ပြန်ပို့ပေမယ့် မိခင်နိုင်ငံတွေက လက်မခံတဲ့ ရာဇဝတ်ပြစ်မှု မရှိတဲ့ လူ ၇၅ဦးကို တဦး တသိန်းကျနဲ့ ၇.၅သန်းယူပြီး လက်ခံပြီး နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ပေးဖို့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ အဲဒီနိုင်ငံကလည်း သူတို့ရဲ့ လုပ်အားလိုနေတဲ့ ကဏ္ဍတွေမှာ ဖြည့်တင်းနိုင်ဖို့ မျှော်လင့်နေတာပါ။ အင်္ဂလိပ်စကားက ပူးတွဲရုံးသုံးဘာသာလည်းဖြစ်၊ အမေရိကန်စာပို့စနစ်နဲ့ အမေရိကန်ဒေါ်လာသုံးပြီး အမေရိကန်စစ်တပ်ရဲ့ အကာအကွယ်အောက်မှာရှိတဲ့၊ အမေရိကန်ကို လွတ်လွတ်လပ်လပ် သွားလာလည်ပတ် အလုပ်လုပ်ခွင့်ရှိတဲ့ အမေရိကန်ပိုင်ခဲ့ဖူးတဲ့ Palau ဟာ အရမ်းကို သာယာလှပတဲ့ နိုင်ငံလေးတခု ဖြစ်တော့ ပြည်နှင် ခံရသူတွေကို ပို့တဲ့Continue reading “ဒီဇင်ဘာ ၂၇ ရက် ၂၀၂၅”
ဇန်နဝါရီ ၂၃ရက် ၂၀၂၆
ခုရက်တွေအတွင်း အင်တာနက်မှာ ပွဲဆူနေတာက ဂရင်းလန်အကြောင်းပါ။ အခု ထရမ့်လက်ထက်ကျမှ ပွဲဆူနေပေမယ့် အမေရိကန်က ဂရင်းလန်ကို ရဖို့ ကြိုးစားခဲ့တာ ၁၉၄၆ကတည်းကပါ။ အဲဒီတုန်းကလည်း ဒိန်းမတ်က ကန့်ကွက်ခဲ့တာပါပဲ။ အဲဒီမတိုင်ခင် ၁၈၆၇, ၁၉၁၀တွေမှာ ဂရင်းလန်ကို ဝယ်ဖို့ အမေရိကန်အစိုးရအတွင်း ဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။ ၂၀၁၉ တုန်းကလည်း ထရမ့်ကိုယ်တိုင် ဝယ်ဖို့ဆန္ဒရှိကြောင်း ထုတ်ပြောခဲ့တာကို ဒိန်းမတ်က လိုလားဟန်မပြခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမဏီက ဒိန်းမတ်ကို သိမ်းယူအပြီး အမေရိကန်က ဂျာမန်တွေ ဂရင်းလန်ထဲ ဝင်မလာအောင် မွန်ရိုးမူနဲ့ ဂရင်းလန်ကို ဝင်ပြီး တပ်တွေချထားခဲ့လို့ ခုအချိန်မှာ ဂျာမဏီပိုင် ဖြစ်မနေတာပါ။ ကမ္ဘာစစ်ပြီးတော့ အမေရိကန်တွေ မခွာတော့ပဲ နောက်တော့ နှစ်နိုင်ငံလုံး နေတိုးအဖွဲ့ဝင်တွေ ဖြစ်လာကြပါတယ်။ သမ္မတထရမ့် ဂရင်းလန်ကို ရချင်ရတဲ့Continue reading “ဇန်နဝါရီ ၂၃ရက် ၂၀၂၆”
ဒီဇင်ဘာ ၂၂ ရက် ၂၀၂၅
ထရမ့်အစိုးရက နိုင်ငံတွင်းမှာ တရားမဝင်နေထိုင်သူတွေ နှစ်မကုန်ခင် ကိုယ့်ဖာသာကိုယ် ပြန်မယ်ဆိုရင် သူတို့ကို စာရင်းပေးပါ၊ ထောက်ပံ့ငွေ ၃၀၀၀ အပြင် အခမဲ့ လေယာဥ် စီစဥ်ပေးမယ်၊ သူတို့ဖမ်းမိလို့ ပြန်ပို့ခံရရင်တော့ နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပြည်တွင်းလုံခြုံရေးဝကဌာနက ကြေငြာသွားပါတယ်။ အကျုံးဝင်တဲ့လူတွေထဲမှာ ရာဇဝတ်ပြစ်မှု ကင်းရှင်းသူဖြစ်ရမှာဖြစ်ပြီး အခုလို ပြန်မယ်ဆိုရင် နောက်တခါ တရားဝင်ပြန်လာဖို့ ဖြစ်နိုင်မယ်၊ သူတို့ဖမ်းမိလို့ ပြန်ပို့ရရင်တော့ နောက်တခါ ပြန်လာဖို့ မဖြစ်နိုင်တော့ပါဘူးလို့ ဆိုပါတယ်။ အရင်က $၁၀၀၀ ပေးတုန်းက ၁သန်းကျော် ပြန်ကြတာကနေ ၃ဆတိုးပေးတာ ဖြစ်ပါတယ်။ အရင်က ကိုယ့်ဖာသာကိုယ် ပြန်မယ်လို့ အကြောင်းကြားပြီးရင် ပြင်ဆင်ချိန်ပေးပေမယ့် ခုတကြိမ်မှာ အဲဒီလို ပြောထားတာ မတွေ့တဲ့အတွက် နှစ်မကုန်ခင် ပြန်ရဖို့ များပါတယ်။ စိတ်ဝင်စားကြသူများContinue reading “ဒီဇင်ဘာ ၂၂ ရက် ၂၀၂၅”
ဒီဇင်ဘာ ၂၀ ရက် ၂၀၂၅
ဆိုမာလီလိမ်/ခိုးမှုတွေနဲ့ နာမည်ဆိုးထွက်နေတဲ့ မင်နီဆိုးတားမှာ သံသယရှိသူ နောက်ထပ်၆ဦးကို တာဝန်ရှိသူတွေက စွဲချက်တင်လိုက်ပါတယ်။ ဒီတခါခိုးတဲ့ပုံစံက ၄ခုမြောက်လိမ်နည်းဖြစ်ပြီး မက်ဒီကိတ် တခုထဲမှာတင် ၉ဘီလီယံကျော်အထိ ဆုံးရှုံးနိုင်တယ်လို့ အစိုးရရှေ့နေ Joe Thompson က ဆိုပါတယ်။ ၁၈ဘီလီယံဖိုးရှိတဲ့ မက်ဒီကိတ် claim တွေကို ၂၀၁၈ကစပြီး ပြန်စစ်ဆေးနေကြောင်း၊ အဲဒီထဲက တဝက်(သို့)တဝက်အထက်က အလိမ်တွေဖြစ်နိုင်ကြောင်း၊ စစ်ဆေးမှုတွေက မက်ဒီကိတ်ထဲက လိမ်လို့ကောင်းတဲ့ ဝန်ဆောင်မှုခေါင်းစဥ် ၁၄ခုကိုပဲ စစ်တာဖြစ်ကြောင်း၊ နောက်ထပ် ၅ဦးကိုလည်း Housing Stabilization Services အစီအစဥ်ကို အလွဲသုံးမှုနဲ့ စွဲချက်တင်ထားကြောင်း၊ အဲဒီထဲက ၂ဦးက မင်နီဆိုးတာကမဟုတ်ပဲ အဆိုပါအစီအစဥ်ကနေ ငွေရလွယ်လို့ လာတာဖြစ်ကြောင်း၊ “fraud tourism” ဆိုတဲ့ လိမ်စားချင်တဲ့သူတွေ လိမ်လို့လွယ်တဲ့နေရာတွေဆီ သွားကြတာတွေက တခြားမှာလည်း ရှိပေမယ့်Continue reading “ဒီဇင်ဘာ ၂၀ ရက် ၂၀၂၅”
ဒီဇင်ဘာ ၁၀ ရက် ၂၀၂၅
မင်နီဆိုးတားပြည်နယ်မှာ ဝင်ငွေနည်းတွေကို ပံ့ပိုးပေးရမယ့် အစိုးရအစီအစဥ်ကနေ ဘီလီယံနဲ့ချီပြီး ခိုးကြ၊ လိမ်ကြ၊ ကိုယ့်နိုင်ငံကို ရန်သူလို သဘောထားတဲ့ အကြမ်းဖက်တွေဆီ ပို့ကြတာပေါ်ပြီးနောက် နာမည်လှတဲ့ Affordable Care Act (အိုဘားမားကဲ)ကို အသုံးချပြီး လိမ်ညာစားနေကြတဲ့ သတင်းတွေ ထွက်လာပါတယ်။ Government Accountability Office က စုံစမ်းစစ်ဆေးမှုတွေအရ အိုဘားမားကဲမှာ SS နံပါတ် ထပ်နေတာတွေ၊ သေပြီးသူတွေရဲ့ SS နံပါတ်တွေ၊ ဘယ်သူဘယ်ဝါမှန်း ပြည့်ပြည့်စုံစုံ ဖော်ပြမထားတာတွေ စတဲ့ သောင်းနဲ့ချီတဲ့ အငြင်းပွားဖွယ် အကောင့်တွေကို ထောက်ပံ့ကြေးတွေ ပေးနေပြီး တချို့အကောင့်တွေဆို တလကို ၁သောင်းအထက်တန်ဖိုးရှိတဲ့ အထောက်အပံ့တွေ ရနေကြကြောင်းနဲ့ စုံစမ်းတဲ့လူတွေက ၂၀၂၄အတွင်း SS နံပါတ်အတု၊ လုပ်ကြံနံပါတ်တွေ သုံးပြီး လျှောက်သမျှ အားလုံးContinue reading “ဒီဇင်ဘာ ၁၀ ရက် ၂၀၂၅”
ဒီဇင်ဘာ ၈ရက် ၂၀၂၅
AI ခေတ်ကို ဦးဆောင်ဖို့ တရုတ်နဲ့ အမေရိကန် ယှဥ်ပြိုင်နေတာမှာ ဘယ်သူနိုင်မယ်ဆိုတာ စွမ်းအင်၊ chips, infrastructure စတဲ့ အချက် ၃ချက်ပေါ် မူတည်တယ်လို့ Nvidia က ဂျေဆင်ဟွမ်းက ဆိုပါတယ်။ Chips အပိုင်းမှာ အမေရိကန်က အထူးသဖြင့် Nvidia က generation တခုစာမက အဆင်မြင့်နေပါတယ်။ စွမ်းအင်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အမေရိကန်လောက် မကြီးပေမယ့် လျှပ်စစ်စွမ်းအင်က အမေရိကန်ရဲ့ ၂ဆလောက် ထုတ်လုပ်နိုင်နေတာပါ။ (သူတို့ စွမ်းအင်က ကျောက်မီးသွေးကနေ အများဆုံးရတာဖြစ်ပြီး လူဦးရေက ၃ဆကျော်ပါ။) Infrastructure ပိုင်းမှာလည်း ဘာဆောက်ဆောက် အမြန်ဆုံးပြီးအောင် ဆောက်နိုင်တဲ့သူပြပါဆိုရင် တရုတ်ကိုပဲ ပြရမှာပါပဲ။ (ကောင်း/မကောင်းက တပိုင်းပေါ့။) AI factory တွေဖြစ်တဲ့ စွမ်းအင်မတရားသုံးတဲ့Continue reading “ဒီဇင်ဘာ ၈ရက် ၂၀၂၅”
နိုဝင်ဘာ ၂၈ရက် ၂၀၂၅
၂၆ရက်နေ့က အိမ်ဖြူတော်အနီးမှာ National Guard နှစ်ဦးကို သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့သူဟာ ဘိုင်ဒန်လက်ထက် အာဖဂန်ကတပ်ရုပ်သိမ်းအပြီးမှာ အာဖဂန်ကနေ ခိုလှုံခွင့်ခံယူထားသူဖြစ်ကြောင်း တွေ့ရှိပြီးတဲ့နောက် အာဖဂန်နိုင်ငံသားအားလုံးရဲ့ နေထိုင်ခွင့်လျောက်လွှာအားလုံးကို ရပ်တံ့ပစ်မယ့် အကြောင်း ကြေငြာခဲ့ပါတယ်။ ဒီနေ့မှာတော့ အမေရိကန်အစိုးရက အမေရိကန်တွေရဲ့ လုံခြုံရေးဟာ အစိုးရရဲ့ ပထမဦးစားပေးဖြစ်တာကြောင့် ခိုလှုံခွင့်လျောက်ထားသူများ အားလုံးကို လုံခြုံရေးအတွက် အမြင့်ဆုံး စစ်ဆေးမှုတွေ ပြုလုပ်နိုင်တာ သေချာတဲ့အထိ ခေတ္တရပ်တံ့သွားမယ်လို့ ကြေငြာပါတယ်။ ပစ်ခတ်မှုအပြီးမှာ အမေရိကန်လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ ၁၉နိုင်ငံက အမြဲတမ်းနေထိုင်ခွင့်ကဒ် ကိုင်ဆောင်ထားသူတွေကိုပါ ပြန်လည်စီစစ်သွားမယ်လို့ ကြေငြာခဲ့ပြီး ပစ်ခတ်ခံရတဲ့ထဲက အမျိုးသမီး စစ်သည် သေဆုံးအပြီးမှာ ခိုလှုံခွင့်လျောက်လွှာတွေကိုပါ ခေတ္တရပ်တံ့ဖို့ ဖြစ်လာတာပါ။ ဘိုင်ဒန်လက်ထက် အာဖဂန်တပ်ရုပ်စဥ်က အမေရိကန်တပ်တွေအားထားရတဲ့ မိတ်ဆွေအာဖဂန်တွေကို ထားပစ်ခဲ့ပေမယ့် ပိုက်ဆံပေးရင် အကြမ်းဖက်သော၊ မုဒိမ်းကောင်Continue reading “နိုဝင်ဘာ ၂၈ရက် ၂၀၂၅”