ဖေဖေါ်ဝါရီ ၁၁ ရက် ၂၀၂၆

ထွက်လာတဲ့ အက်ပ်စတိန်းဖိုင်တွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးက စတိဘန်နွန်က အက်ပ်စတိန်းကို အင်တာဗျူးထားတာပဲဖြစ်ပါတယ်။ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ သိပ္ပံနဲ့ ယုံကြည်မှုတွေ အကြောင်း မေးမြန်းခဲ့ပြီး ဘဏ်တွေအကြပ်အတည်းကြီးတွေဖြစ်တာ၊ စတော့မားကက် ပြိုလဲတာ စတာတွေနဲ့ ပတ်သက်လို့ အက်ပ်စတိန်းက subprime mortgage/ loan တွေစတာက ကလင်တန် လက်ထက်က စတာဖြစ်ကြောင်း၊ ကလင်တန်က မဲလိုချင်တော့ ဘဏ်လုပ်ငန်းရှင်တွေကိုခေါ်ပြီး ချေးငွေရဖို့ အရည်အချင်းမမှီသူတွေ အိမ်ဝယ်လို့ရအောင် လုပ်ပေးဖို့ ဆွေးနွေးကြောင်း၊ ဘဏ်တွေက ဆုံးရှုံးနိုင်ခြေ များလို့ မလုပ်ချင်ကြောင်းပြောတဲ့အခါ ဆုံးရှုံးမှုများလို့ ဘဏ်တွေအခက်တွေ့တဲ့အခါ မပြိုလဲရအောင် အစိုးရက အဲဒီချေးငွေတွေကို ပြန်ဝယ်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း ဖြေသွားပါတယ်။ လူတွေက အိမ်ပိုင်ချင်ကြပေမယ့် စုငွေလည်းမလုံလောက်၊ ခရက်ဒစ် သမိုင်း ကလည်းမကောင်းတော့ အိမ်မဝယ်နိုင်သူ များလာတာမှာ subprime loanContinue reading “ဖေဖေါ်ဝါရီ ၁၁ ရက် ၂၀၂၆”

ဖေဖေါ်ဝါရီ ၆ ရက် ၂၀၂၆

၂၀၂၅ စတုတ္ထ သုံးလပတ်အတွက် အမေရိကန်ရဲ့ GDP က ၅.၃% တက်လာခဲ့ပြီး တရုတ်က ၄.၅% ဖြစ်ပါတယ်။ ထရမ့် ဒုတိယသမ္မတသက်တမ်းရဲ့ နောက်ဆုံးနှစ်မှာ Dow Jones Industrial Average ကို ၅၀,၀၀၀အထိ တက်လာမယ်လို့ ခန့်မှန်းခဲ့ပေမယ့် တနှစ်နဲ့ ရက်ပိုင်းအတွင်းမှာပဲ ၅၀,၀၀၀ ကျော်သွားခဲ့ပါပြီ။ ဒါတောင် စတော့ဈေးကွက်မှာ တရုတ်က ramp and dump လုပ်ပြီး ဝင်ရှုပ်နေတာ တွေ့ရတယ်လို့ SEC ဥက္ကဋ္ဌက သတိပေးထားပါတယ်။ အဲဒါကြောင့် ဈေးကွက်တခုလုံး မငြိမ်မသက် ဖြစ်နေခဲ့တာ ဖြစ်နိုင်ပါတယ်။ ramp and dump ဆိုတာ ကမ္ဘာတလွှားက exchange တွေမှာ တရုတ်တွေက စတော့တခု/တချို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ အတင်းလိုက်ဝယ်၊ တဖက်ကလည်းContinue reading “ဖေဖေါ်ဝါရီ ၆ ရက် ၂၀၂၆”

ဖေဖေါ်ဝါရီ ၅ ရက် ၂၀၂၆

ဒီကနေ့ သမ္မတထရမ့်က ပြည်သူတွေ ဈေးကြီးပေးဝယ်သောက်နေရတဲ့ ဆေးတွေကို အနိမ့်ဆုံးဈေးနဲ့ ဝယ်လို့ရအောင် လုပ်ပေးထားကြောင်း ကြေငြာသွားပါတယ်။ trumprx.gov ကိုသွားကြည့်ရင် ရနိုင်တဲ့ ဆေးတွေကို ဈေးနဲ့တကွ တွေ့ပါလိမ့်မယ်။ ဘယ်လိုဆေးဆိုင်တွေမှာ ရနိုင်တယ်ဆိုတာလည်း ကြည့်လို့ရပါတယ်။ ခရက်ဒစ်ကဒ်အတိုးကိုလည်း ၁၀% ထက် ပိုမယူဖို့ အမိန့်ထုတ်ထားတဲ့အတွက် ခရက်ဒစ်ကဒ်ကြွေးထူကြတဲ့ အမေရိကန်အများစု အသက်ရှူချောင်သွားမှာပါ။ အခွန်ပိုင်းမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ထားတဲ့အတွက် ဒီနှစ်ပြည်သူတွေ အခွန်ဆောင်တဲ့အခါ ဝမ်းသာစရာတွေ တွေ့ကြရမှာပါ။ တခုရှိတာက အဲဒီပြောင်းလဲမှုတွေဟာ လွှတ်တော်က အမြဲတမ်းအဖြစ် အတည်မပြုသ၍ ထရမ့်သက်တမ်းအတွင်းမှာပဲ အကျုံးဝင်မှာဖြစ်ပါတယ်။ ယူကရိန်းက အချမ်းသာဆုံး မိသားစု ၁၂ခုကို ဟန်းတားဘိုင်ဒန်က အမေရိကန်က Burisma ကို ဝယ်မှာဖြစ်လို့ ဒီကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားရင် သူဌေးဖြစ်လိမ့်မယ်လို့ အယုံသွင်းခဲ့တဲ့အတွက် သူတို့မှာ ရှိတာတွေContinue reading “ဖေဖေါ်ဝါရီ ၅ ရက် ၂၀၂၆”

ဖေဖေါ်ဝါရီ ၃ ရက် ၂၀၂၆

အက်ပ်စတိန်းအမှုနဲ့ ပတ်သက်တဲ့ စာမျက်နှာပေါင်း ၃သန်းလောက် ထွက်လာခဲ့ပေမယ့် အဲဒီထဲမှာ ဒီမိုခရက်တွေ အမျှော်လင့်ကြီးမျှော်လင့်ထားတဲ့ ထရမ့်နဲ့ အက်ပ်စတိန်းပတ်သက်နေတာ မပါပေမယ့် ပါသယောင်ယောင် ပုံအတုတွေ ထင်ယောင်ထင်မှားခေါင်းစဥ်တွေနဲ့ ဒီမိုလေတပ်သားအုပ်စုက ဖြန့်ကြပါတယ်။ ပါတဲ့တခုတည်းသောအကြောင်းက ထရမ့်က မာရာလေဂိုနဲ့နီးတဲ့ ဖလော်ရီဒါ Palm Beach က အက်ပ်စတိန်းအိမ်ကို ရောက်ဖူးခဲ့ပေမယ့် ကြာကြာမနေခဲ့သလို အနှိပ်ခံတာမျိုး မရှိခဲ့ဘူး ဆိုတာပါပဲ။ ထရမ့်ရော အက်ပ်စတိန်းရောက မန်ဟက်တန်နဲ့ Palm Beach မှာ အိမ်တွေ ရှိကြလို့ အကြောင်းမသိခင်က လေယာဥ်ကြုံ စီးဖူးတာ ၁-၂ကြိမ်ရှိခဲ့ပေမယ့် အက်ပ်စတိန်းကျွန်းကို မသွားခဲ့သလို အကြောင်းသိကတည်းက မာရာလေဂိုကို အလာမခံတော့တာပါ။ ထွက်လာတဲ့ ဖိုင်တွေထဲမှာပါတဲ့ ထရမ့်နာမည်က သူ့ရဲ့ပေါ်လစီနဲ့ နိုင်ငံရေးအကြောင်းတွေဖြစ်ပါတယ်။ တကယ်လို့ ထရမ့်က အက်ပ်စတိန်းရဲ့ ပီဒိုဖောက်သည်ဖြစ်ခဲ့ရင်Continue reading “ဖေဖေါ်ဝါရီ ၃ ရက် ၂၀၂၆”

ဇန်နဝါရီ ၂၈ရက် ၂၀၂၆

LA ကောင်တီမှာ အမေရိကန်ရဲ့ အကြီးဆုံး ကျန်းမာရေးဝန်ဆောင်မှုအလိမ်အညာတွေ ရှိနေတယ်လို့ မက်ဒီကိတ်/ကဲအကြီးအကဲ ဒေါက်တာမာမက်အော့ဇ်က ဆိုပါတယ်။ Van Nuys အရပ်က ဘလောက် ၄ခု ပတ်ဝန်းကျင်လေးမှာ သေခါနီးလူနာတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ Hospice  ၄၂ခုတောင် ရှိနေတာပါ။ တချို့ Hospice က ဓါတ်လှေကားတောင် ရှိပုံမရတဲ့ ဆိုင်ခန်းလို အဖြစ် အဆောက်အဦ သေးသေးလေးရဲ့ အပေါ်ထပ်မှာ ရှိနေတာပါ။ ကျန်တာတွေကလည်း ဆံပင်ညှပ်ဆိုင်အသေးလောက်ပဲ ကျယ်တာဖြစ်ပါတယ်။ အဲဒီလောက် Hospice တွေများနေတာက လူတွေ အသေများနေလို့လား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ သေသူမရှိတဲ့ Hospice တွေပါ။ ဒါတွေဖြစ်နေတာကို မြို့/ပြည်နယ် အစိုးရက သိပေမယ့် ပိုက်ဆံတွေက ဖက်ဒရယ်ကလာတာ ဖြစ်တာရယ် လူဆိုးတွေကိုမှချစ်တဲ့ အစိုးရ ဖြစ်တာရယ် ကိုယ်တိုင်ခြစားနေတာရယ်ကြောင့်Continue reading “ဇန်နဝါရီ ၂၈ရက် ၂၀၂၆”

ဇန်နဝါရီ ၂၆ ရက် ၂၀၂၆

မင်နီဆိုးတားမှာ ရေခဲတွေကို လိုက်လံနှောက်ယှက်တိုက်ခိုက်ကြတဲ့ အဖွဲ့တွေကို ဘယ်သူတွေက စုစည်းပေး၊ ငွေထောက်ပံ့ပေးနေတာလဲလို့ FBI က လိုက်နေတာမှာ ပေါ်လာတဲ့အဖွဲ့က Skye Whispers လို့ခေါ်တဲ့ Signal က အုပ်စုဖြစ်ပြီး စုစည်းသူခေါင်းဆောင်က ဒု-ဂါဗာနာ ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့အဖွဲ့လို့ ပေါ်သွားတဲ့နောက် အဖွဲ့ဝင်တွေက ဘယ်ကိုပြေးရမလဲ တိုင်ပင်နေကြပါတယ်။ အဲဒါကြောင့်ထင်ပါရဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်အော်နေတဲ့ ဂါဗနာတမ်ပွန်တင်မ်ရော မင်နီယားပုလိစ်မြို့ဝန်ပါ သမ္မတထရမ့် ဖုံးဆက်တာကို ဒီည တွမ်ဟိုမန်လွှတ်လိုက်မယ်ဆိုတာကို လက်ခံပါ့မယ် ဖြစ်သွားတော့တာပါပဲ။ ဒီအန်တီအိုက်စ်အဓိကရုဏ်းတွေက ဆိုမာလီလိမ်လည်မှုတွေ ပေါ်သွားပြီးမှ ပြင်းထန်လာခဲ့တာ သတိထားမိကြမှာပါ။ အခုလက်ဝဲတွေ အာဇာနည်လို ပုံဖော်နေတဲ့ အဲလက်စ်ပရက်တီကို ဟိုးတုန်းက လူရိုသေ ရှင်ရိုသေ သူနာပြုပုံနဲ့ ဖွကြဖြန့်ကြပေမယ့် တကယ်တမ်းမှာ အလုပ်ထွက်ထားတာ လအတန်ကြာ ပြီဖြစ်ပြီးContinue reading “ဇန်နဝါရီ ၂၆ ရက် ၂၀၂၆”

ဆရာမကြီးZoom 1/18/26

ဒီနေ့ ဆရာမဒေါက်တာဒေါ်ခင်နွယ်ဝင်းရဲ့ Zoom session မှာ ကြက်ဥအနှစ်မှာပါတဲ့ choline အကြောင်းရယ်၊ ဆားနဲ့ သွေးတိုးအကြောင်း ပြောသွားတာကို အကျဥ်းချုပ်ပြန်တင်ပေးပါမယ်။ ဆရာမရဲ့ To A Better Health page က မနာလိုသူ အဖျက်သမားတွေလက်ချက်နဲ့ ကျသွားပါပြီ။ Zoom ကတော့ အရင်အတိုင်း ဆက်ရှိနေဆဲပါ။ တနင်္ဂနွေမှာ ကျန်းမာရေး၊ ကြာသပတေးနေ့မှာ ဘာသာရေးအကြောင်း သိသင့်သိထိုက်တာလေးတွေကို ရှင်းပြပေးပါတယ်။ အချိန်က အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နံနက် 8:30 မြန်မာစံတော်ချိန် ည၈နာရီ ဖြစ်ပါတယ်။ Zoom ID နဲ့ Passcode က အရင်အတိုင်းပါပဲ။ ကြက်ဥနဲ့ပတ်သက်တဲ့ အယူလွဲ အမှတ်လွဲတွေကတော့ အများကြီးပါ။ သက်သတ်လွတ်သလားတို့၊ အနှစ်စားရင် ကိုလက်စထရောတက်လိမ့်မယ်တို့၊ နှလုံးသွေးကြောပိတ်လိမ့်မယ်တို့ အစုံပါပဲ။Continue reading “ဆရာမကြီးZoom 1/18/26”

ဇန်နဝါရီ​၁၆ ရက် ၂၀၂၆

လူဦးရေအားလုံးပေါင်းမှ ၄.၂၇သန်းပဲရှိတဲ့ အော်ရီဂွန်ပြည်နယ်မှာ မဲပေးဖို့မှတ်ပုံတင်ထားတဲ့ စာရင်းထဲက နာမည်ပေါင်း ၈သိန်းဟာ မရှိသင့်တဲ့အမှား/ အထပ်/ အသေတွေ ဖြစ်နေလို့ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က တရားစွဲဆိုခဲ့ရာ အနိုင်ရသွားတဲ့အတွက် အော်ရီဂွန် ပြည်နယ်ဝန်ကြီးက အဲဒီနာမည် ၈သိန်းကို မဲမှတ်ပုံတင်စာရင်းကနေ ပယ်ရှားပေးပါမယ်လို့ ကြေငြာသွားရပါပြီ။ ၂၀၂၄ သမ္မတရကပတုန်းက ကမလာက မဲ၃သိန်းသာသာနဲ့ နိုင်သွားတာဖြစ်လို့ အဲဒီနာမည် ၈သိန်းသာ ဖယ်လိုက်ရင် အော်ရီဂွန်လို အပြာရင့်ပြည်နယ်မှာလည်း သမ္မတထရမ့် နိုင်တယ်လို့ ပြောနိုင်ပါတယ်။ အော်ရီဂွန်ရဲ့ ၃၅ကောင်တီလုံးမှာ မဲပေးဖို့ မှတ်ပုံတင်သူဟာ မဲပေးပိုင်ခွင့် ရှိသူအရေအတွက်ထက်ကို ကျော်လွန်နေတာပါ။ အလိမ်အညာတွေနဲ့ နာမည်ကြီးတဲ့ မင်နီဆိုးတားမှာ ကောင်တီ ၈၇ခုအနက် ၇၈ခုမှာ ထရမ့်နိုင်ခဲ့တာပါ။ အဲဒီကောင်တီတွေမှာ မဲပေးနှုန်းက ပုံမှန်ဖြစ်တဲ့ ၅၅% ဝန်းကျင်ပါပဲ။ မင်နီယားပုလိစ်နဲ့ မြို့ကြီးတချို့ကျမှContinue reading “ဇန်နဝါရီ​၁၆ ရက် ၂၀၂၆”

ဇန်နဝါရီ ၁၄ရက် ၂၀၂၆

မဒူရိုကျပြီး ကျူးဘားကို ရေနံနဲ့ ငွေအဝင် လုံးဝမရှိအောင် ပိတ်ဆို့ထားတဲ့အတွက် မဟာမိတ်ကြီး ရုရှားရော ကိုယ့်ပြည်သူကိုယ် ဖိနှိပလို့ ပိတ်ဆို့ခံထားရတဲ့နိုင်ငံတွေကို ဂုတ်သွေးစုတ်အမြတ်ထုတ်ပြီး ကျားကန်ပေးနေတဲ့ တရုတ်ရော ဝင်မကူဝံ့ကြတဲ့အတွက် စီးပွားရေးပြိုလဲဖို့ နီးသထက် နီးလာပါပြီ။  အီရန်အာဏာရှင်တွေကလည်း ထိုင်ခုံလှုပ်နေတဲ့အပြင် ဆီးရီးယား၊ နိပေါ၊ ဘင်္ဂလာဒေ့ရှ်က သူတို့နဲ့ အလွမ်းသင့်တဲ့သူတွေပါ အာဏာလက်မဲ့ဖြစ်ကုန်တဲ့အတွက် တရုတ်တို့ရဲ့ လက်တံက ကျုံ့သထက်ကျုံ့ လာနေပါတယ်။ အမေရိကန်ကတော့ ဗင်နီဇွဲလားက ရေနံပထမဆုံးအသုတ်ကို သန်း၅၀၀နဲ့ ရောင်းထွက်သွားပါပြီ။ လာမယ့်ရက်တွေ ရက်သတ္တပတ်တွေမှာ ထပ်လာဦးမယ်လို့ ဆိုပါတယ်။ သမ္မတထရမ့်က အစောပိုင်းက အီရန်ရဲ့ ဖြစ်လာနိုင်တဲ့ အသွင်ကူးပြောင်းရေးကာလအတွက် အမေရိကန်မှာ နေထိုင်တဲ့ နန်းကျရှားဘုရင်ရဲ့သားကြီး မင်းသားရီဇာပါလာဗီကို ချက်ချင်း လက်ခံမတွေ့သေးပဲ ပြည်သူကြားထဲ ခေါင်းဆောင် ဘယ်သူတွေ ထွက်လာဦးမလဲဆိုတာ စောင့်ကြည့်ဦးမယ်လို့Continue reading “ဇန်နဝါရီ ၁၄ရက် ၂၀၂၆”

ဇန်နဝါရီ ၁၁ ရက် ၂၀၂၆

အီရန်နိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲတွေ ပိုမိုကျယ်ပြန့်လာနေပါတယ်။ တချို့နေရာတွေမှာ ရဲ/လုံထိန်းတွေဟာ တာဝန်ကို စွန့်ပြီး ထွက်သွားတာတွေ၊ ဘာမှမလုပ်ပဲ ရပ်ကြည့်နေတာတွေ ရှိတယ်လို့ သတင်းတွေလည်း တက်နေပါတယ်။ နောက်ဆုံးသတင်းတွေအရ မီး၊ အင်တာနက်ဖြတ်ပြီး နှိမ်နှင်းမှုတွေ ပြုလုပ်လာတာ အလောင်းတွေ ထရပ်ကားတွေနဲ့ တင်ရတဲ့အထိပါပဲ။ ပြီးခဲ့တဲ့ ၃ရက်အတွင်းမှာတင် အသတ်ခံရသူ ၃၀၀၀ ကျော်သွားပြီလို့ သိရပြီး အမေရိကန်ဘက်ကလည်း ဒရုန်းတွေ တပ်တွေ ပြင်ဆင်နေပြီလို့ သတင်းထွက်လာပါတယ်။ ခါမေနီအစိုးရက ဆန္ဒပြသူတွေကို အမေရိကန်က အကာအကွယ်ပေးရင် အစ္စရေးနဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပြီး တဖက်မှာလည်း သမ္မတထရမ့်ကို ဆက်သွယ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာပါတယ်။ သမ္မတထရမ့်က ဆွေးနွေးဖို့ သဘောတူလိုက်ပေမယ့် မတွေ့ဆုံရသေးခင်မှာ ဖြစ်ပျက်မှုတွေပေါ် မူတည်ပြီး တိုက်ခိုက်မှု ပြုလုပ်သွားနိုင်သေးကြောင်း ကြေငြာထားပါတယ်။ မင်းသားရီဇာပါလာဗီကContinue reading “ဇန်နဝါရီ ၁၁ ရက် ၂၀၂၆”